တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း နစက ကြေညာ

 854

သုတကျော် (NP News) - ဇူလိုင် ၂၃
တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (ဇူလိုင်လ ၂၃ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။
သပိတ်ကျင်းမြို့သည် မန္တလေးမြို့ နှင့် ရေကြောင်း အားဖြင့် ၇၇ မိုင်ခန့်သာဝေးကွာပြီး မန္တလေး၊ ဗန်းမော်၊ မြစ်ကြီးနား အစုန် - အဆန် သွားလာနေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့မှ သင်္ဘောကြီးများနှင့် မန္တလေးနှင့် သပိတ်ကျင်း အစုန် - အဆန် သွားလာနေသည့် ကူးတို့သင်္ဘောငယ်များ လည်းရှိသဖြင့် ရေကြောင်းသွားလာရေးနှင့် ကုန်သွယ်မှုကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ကာ ကုန်းလမ်းကြောင်းအနေဖြင့် မိုးကုတ်မြို့ နှင့် မိုင် ၄၀ ခန့်၊ မန္တလေးမြို့နှင့် မိုင် ၆၀ ခန့်ဝေးပြီး ယင်းမှ တစ်ဆင့် မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့် ကချင်ပြည်နယ်ဘက်သို့လည်းကောင်း၊ ကျောက်မဲ ၊ သီပေါစသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဆက်သွယ်သွားလာနိုင်သည့်အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အချက်အချာကျသည့် သပိတ်ကျင်းမြို့အား မိုးမိတ်၊ မိုးကုတ်မြို့နယ်မှတဆင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှစ၍ သပိတ်ကျင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းများ၊ တပ်ရင်း/တပ်ဖွဲ့နှင့် မြို့/ရွာများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်း များအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သဖြင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ တိုက်တာ အိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် သပိတ်ကျင်းမြို့အား အကြမ်းဖက်သောင်းကျန်းသူများ၏ လက်တွင်း သို့ မကျဆုံးစေရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုများ များပြားလာခြင်းနှင့် ရန်သူမှ အင်အားအဆမတန် များပြားလာခြင်းကြောင့် ကြားခံစစ် အဆင့်ဆင့်ဖြင့် ဆုတ်ခွာခဲ့ပြီး ၇ မိုင်ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းဌာနချုပ်၌ မဆုတ်တန်းခံစစ် အဖြစ် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ခံစစ်ဆင်နွဲ၍ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်အရှိန်ကို ရပ်တန့်စေခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်ရေး လိုအပ်သည့် စစ်ရေးပြင်ဆင်မှုဆိုင်ရာ ကိစ္စရပ်များကို လေကြောင်းထောက်ပံ့ပို့ဆောင် ရေးစနစ်ဖြင့် အချိန်ယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းပစ်ကူအချို့နှင့် ရေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ပူးပေါင်းကာ မြေပြင်/ဝေဟင်/ရေပြင် ဟန်ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်း ဖော်ထုတ်၍ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ဖြင့် တပ်ရင်းဌာနချုပ် ပတ်ဝန်းကျင်၌ စတင်၍ နယ်မြေရှင်းလင်းခဲ့ပြီး တန်ပြန် တိုက်စစ်များ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူ တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၆ မိုင်ကျေးရွာအား လည်းကောင်း၊ ဇူလိုင်လ ၅ ရက်နေ့တွင် ၅ မိုင်ကျေးရွာအား လည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၄ မိုင် ကျေးရွာနှင့်အဆိုပါကျေးရွာအနီး တာဝါတိုင်ကုန်းအားလည်းကောင်း အသီးသီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်တွင် သပိတ်ကျင်းမြို့အား တပ်မတော်က အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ် ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၁၁ လအတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၅၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၁၂ လက်နှင့် ဆက်စပ်ပစ္စည်း များ သိမ်းပိုက်ရရှိခဲ့ကြောင်း ရေးသားထားသည်။

TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် သပိတ်ကျင်းမြို့ နှင့် ၎င်းဒေသအား ယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ် မြို့/ရွာများအတွင်းရှိဘာသာရေး ဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ယာယီနေရပ်စွန့်ခွာနေရ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ယူကာ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ သည့်အပြင် ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီး ပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူ ဆောင်ခြင်း၊ အများပြည်သူ သွားလာလျက်ရှိသည့် လမ်းများအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့်အဖျက်အမှောင့်လုပ်ငန်းများကို လုပ်​ဆေင်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်းမြို့အတွင်းသို့ ယာယီနေရပ် စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေး မြို့တွင်းမိုင်းရှင်းလင်းခြင်းလုပ်ငန်းများ စတင်ရှင်းလင်းခြင်း နှင့် မိမိတို့၏ အိုးအိမ်နေရာများသို့ ပြန်လည်နေထိုင်လိုပြီး ရိုးသားစွာ မိမိတို့၏ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်လိုသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များထံ စနစ်တကျသတင်းပို့၍ နေထိုင်နိုင်ရေး သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဌာနဆိုင်ရာဝန်ထမ်းများဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

တပ္မေတာ္စစ္ေၾကာင္းမ်ားက သပိတ္က်င္းၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္ေၾကာင္း နစက ေၾကညာ
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၃
တပ္မေတာ္စစ္ေၾကာင္းမ်ားက သပိတ္က်င္းၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ယေန႔ (ဇူလိုင္လ ၂၃ ရက္) ညပိုင္းတြင္ ထုတ္ျပန္ေၾကညာသည္။
သပိတ္က်င္းၿမိဳ႕သည္ မႏၲေလးၿမိဳ႕ ႏွင့္ ေရေၾကာင္း အားျဖင့္ ၇၇ မိုင္ခန႔္သာေဝးကြာၿပီး မႏၲေလး၊ ဗန္းေမာ္၊ ျမစ္ႀကီးနား အစုန္ - အဆန္ သြားလာေနသည့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕မွ သေဘၤာႀကီးမ်ားႏွင့္ မႏၲေလးႏွင့္ သပိတ္က်င္း အစုန္ - အဆန္ သြားလာေနသည့္ ကူးတို႔သေဘၤာငယ္မ်ား လည္းရွိသျဖင့္ ေရေၾကာင္းသြားလာေရးႏွင့္ ကုန္သြယ္မႈေကာင္းမြန္သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ ကုန္းလမ္းေၾကာင္းအေနျဖင့္ မိုးကုတ္ၿမိဳ႕ ႏွင့္ မိုင္ ၄၀ ခန႔္၊ မႏၲေလးၿမိဳ႕ႏွင့္ မိုင္ ၆၀ ခန႔္ေဝးၿပီး ယင္းမွ တစ္ဆင့္ မိုးမိတ္၊ ဗန္းေမာ္၊ ျမစ္ႀကီးနား စသည့္ ကခ်င္ျပည္နယ္ဘက္သို႔လည္းေကာင္း၊ ေက်ာက္မဲ ၊ သီေပါစသည့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)သို႔ လည္းေကာင္း၊ မႏၲေလးၿမိဳ႕သို႔လည္းေကာင္း၊ ဆက္သြယ္သြားလာႏိုင္သည့္အခ်က္အခ်ာက်သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ အခ်က္အခ်ာက်သည့္ သပိတ္က်င္းၿမိဳ႕အား မိုးမိတ္၊ မိုးကုတ္ၿမိဳ႕နယ္မွတဆင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ TNLA အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူ ပူးေပါင္းအဖြဲ႕မ်ားသည္ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္မွစ၍ သပိတ္က်င္းၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္စခန္းမ်ား၊ တပ္ရင္း/တပ္ဖြဲ႕ႏွင့္ ၿမိဳ႕/႐ြာမ်ားအား အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း၊ ျပည္သူမ်ားပိုင္ဆိုင္သည့္ ပစၥည္း မ်ားအား အတင္းအဓမၼလုယက္ယူေဆာင္ျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္ခဲ့သျဖင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ မိမိတို႔၏ တိုက္တာ အိုးအိမ္အေဆာက္အအုံမ်ား၊ ဥစၥာပစၥည္းမ်ားကို စြန႔္ခြာ၍ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထိုသို႔ သာလြန္အင္အားျဖင့္ အလစ္အငိုက္ လာေရာက္တိုက္ခိုက္မႈေၾကာင့္ သပိတ္က်င္းၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားသည္ သပိတ္က်င္းၿမိဳ႕အား အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ လက္တြင္း သို႔ မက်ဆုံးေစေရးအတြက္ မိမိတို႔၏ အသက္ကို ပဓာနမထားဘဲ ရဲဝံ့စြန႔္စားစြာျဖင့္ အျပင္းအထန္ခုခံခဲ့ေသာ္လည္း ထိခိုက္က်ဆုံးဒဏ္ရာရရွိမႈမ်ား မ်ားျပားလာျခင္းႏွင့္ ရန္သူမွ အင္အားအဆမတန္ မ်ားျပားလာျခင္းေၾကာင့္ ၾကားခံစစ္ အဆင့္ဆင့္ျဖင့္ ဆုတ္ခြာခဲ့ၿပီး ၇ မိုင္ေက်း႐ြာအနီးရွိ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္၌ မဆုတ္တန္းခံစစ္ အျဖစ္ အၾကမ္းဖက္အဖြဲ႕မ်ား၏ တိုက္ခိုက္မႈမ်ားကို ခံစစ္ဆင္ႏြဲ၍ အၾကမ္းဖက္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ထိုးစစ္အရွိန္ကို ရပ္တန႔္ေစခဲ့ၿပီး တန္ျပန္တိုက္ခိုက္ႏိုင္ေရး လိုအပ္သည့္ စစ္ေရးျပင္ဆင္မႈဆိုင္ရာ ကိစၥရပ္မ်ားကို ေလေၾကာင္းေထာက္ပံ့ပို႔ေဆာင္ ေရးစနစ္ျဖင့္ အခ်ိန္ယူေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ လိုအပ္သည့္ အုပ္ခ်ဳပ္ေထာက္ပံ့မႈမ်ားအား ျဖည့္တင္းေဆာင္႐ြက္ခဲ့ၿပီး ေလေၾကာင္းပစ္ကူအခ်ိဳ႕ႏွင့္ ေရေၾကာင္းပစ္ကူ၊ လက္နက္ႀကီး ပစ္ကူမ်ား ပူးေပါင္းကာ ေျမျပင္/ေဝဟင္/ေရျပင္ ဟန္ခ်က္ညီေပါင္းစပ္ၿပီး ေျမျပင္သတင္း ေဖာ္ထုတ္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားက အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိန္းခ်ဳပ္ထားသည့္ သပိတ္က်င္းၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး (Counter-Terrorism Operation)ျဖင့္ တပ္ရင္းဌာနခ်ဳပ္ ပတ္ဝန္းက်င္၌ စတင္၍ နယ္ေျမရွင္းလင္းခဲ့ၿပီး တန္ျပန္ တိုက္စစ္မ်ား တစ္ဆင့္ၿပီးတစ္ဆင့္ ေျခကုပ္ယူ တိုက္ခိုက္ခဲ့ရာ ၂၀၂၅ ခုႏွစ္၊ ဇြန္လ ၃၀ ရက္ေန႔တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိန္းခ်ဳပ္ထားသည့္ သပိတ္က်င္းၿမိဳ႕နယ္အတြင္းရွိ ၆ မိုင္ေက်း႐ြာအား လည္းေကာင္း၊ ဇူလိုင္လ ၅ ရက္ေန႔တြင္ ၅ မိုင္ေက်း႐ြာအား လည္းေကာင္း၊ ဇူလိုင္လ ၁၇ ရက္ေန႔တြင္ ၄ မိုင္ ေက်း႐ြာႏွင့္အဆိုပါေက်း႐ြာအနီး တာဝါတိုင္ကုန္းအားလည္းေကာင္း အသီးသီး ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ဇူလိုင္လ ၂၃ ရက္တြင္ သပိတ္က်င္းၿမိဳ႕အား တပ္မေတာ္က အလုံးစုံ ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားက သပိတ္က်င္းၿမိဳ႕ႏွင့္ အဆိုပါေဒသတစ္ဝိုက္အား ျပန္လည္သိမ္းပိုက္ရရွိေရး မိမိတို႔၏ အသက္ကိုပဓာနမထားဘဲ ရင္ကိုေျမကတုတ္လုပ္ ကာ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ခိုက္ေခ်မႈန္းခဲ့ရာ စစ္ဆင္ေရးကာလ ၁၁ လအတြင္း အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး ၁၇ ႀကိမ္၊ ထိေတြ႕မႈေပါင္း ၄၅ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ရန္သူ႔ထံမွ အေလာင္း ၅၁ ေလာင္းႏွင့္ လက္နက္မ်ိဳးစုံ ၁၁၂ လက္ႏွင့္ ဆက္စပ္ပစၥည္း မ်ား သိမ္းပိုက္ရရွိခဲ့ေၾကာင္း ေရးသားထားသည္။

TNLA အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ သပိတ္က်င္းၿမိဳ႕ ႏွင့္ ၎ေဒသအား ယာယီသိမ္းပိုက္ထိန္းခ်ဳပ္ထားစဥ္ ၿမိဳ႕/႐ြာမ်ားအတြင္းရွိဘာသာေရး ဆိုင္ရာ အေဆာက္အအုံမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဌာနဆိုင္ရာ အေဆာက္အအုံမ်ား၊ ေဆး႐ုံမ်ားႏွင့္ လူေနအိမ္မ်ားတြင္ ဘန္ကာမ်ားေဆာက္လုပ္ၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားအား ပစ္ခတ္တိုက္ခိုက္ျခင္း၊ ယာယီေနရပ္စြန႔္ခြာေနရ ေဒသခံျပည္သူမ်ား၏ အိုးအိမ္မ်ားကို ခံစစ္တံတိုင္းအျဖစ္ အကာအကြယ္ယူကာ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ သည့္အျပင္ ေဒသခံျပည္သူမ်ား ေနအိမ္မ်ားႏွင့္ ေဈးဆိုင္ခန္းမ်ားအား ေဖာက္ထြင္း၍ တန္ဖိုးႀကီး ပစၥည္းမ်ား၊ စားေသာက္ကုန္ႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို အဓမၼယူ ေဆာင္ျခင္း၊ အမ်ားျပည္သူ သြားလာလ်က္ရွိသည့္ လမ္းမ်ားအား မိုင္းေထာင္ ေဖာက္ခြဲ ဖ်က္ဆီးျခင္း စသည့္အဖ်က္အေမွာင့္လုပ္ငန္းမ်ားကို လုပ္​ေဆင္ခဲ့ေၾကာင္း ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ သပိတ္က်င္းၿမိဳ႕အတြင္းသို႔ ယာယီေနရပ္ စြန႔္ခြာေနၾကရသည့္ ေဒသခံျပည္သူမ်ားအား အႏၲရာယ္ကင္းရွင္းစြာ ျပန္လည္ဝင္ေရာက္ ေနထိုင္ႏိုင္ေရး ၿမိဳ႕တြင္းမိုင္းရွင္းလင္းျခင္းလုပ္ငန္းမ်ား စတင္ရွင္းလင္းျခင္း ႏွင့္ မိမိတို႔၏ အိုးအိမ္ေနရာမ်ားသို႔ ျပန္လည္ေနထိုင္လိုၿပီး ႐ိုးသားစြာ မိမိတို႔၏ လူမႈစီးပြားဘဝ လုပ္ကိုင္စားေသာက္လိုသည့္ ယာယီေနရပ္စြန႔္ခြာျပည္သူမ်ားအေနျဖင့္လည္း သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕မ်ားထံ စနစ္တက်သတင္းပို႔၍ ေနထိုင္ႏိုင္ေရး သက္ဆိုင္ရာမွ ႏႈိးေဆာ္ထားေၾကာင္း၊ သက္ဆိုင္ရာတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွလည္း ဌာနဆိုင္ရာဝန္ထမ္းမ်ားျဖင့္ အစိုးရအုပ္ခ်ဳပ္မႈယႏၲရားမ်ား၊ စာသင္ေက်ာင္းမ်ား၊ ေဆး႐ုံမ်ား အျမန္ဆုံးလည္ပတ္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.