အမေရိကန်မှာ ခရီးသည်တင်လေယာဉ်တစ်စင်းက B-52ဗုံးကြဲလေယာဉ်တစ်စင်းနဲ့ တိုက်မိမှုဖြစ်ပွားမှာကို ရှောင်ရှားနိုင်ခဲ့

 7019

Pika (NP News) - ဇူလိုင် ၂၄

အမေရိကန်ခရီးသည်တင်လေယာဉ်တစ်စင်းဟာ မြောက်ဒါကိုတာပြည်နယ်မှာ B-52 ဗုံးကြဲလေယာဉ်တစ်စင်းနဲ့ လေထဲမှာတိုက်မိမှုဖြစ်ပွားမှာကို အောင်မြင်စွာရှောင်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ SkyWest လေကြောင်း လိုင်းက လည်ပတ်တဲ့ Delta လေကြောင်းလိုင်းပျံသန်းမှုဟာ မင်နီဆိုတာပြည်နယ် Minneapolis မြို့ကနေ မြောက်ဒါကိုတာပြည်နယ် Minot မြို့ကို ချဉ်းကပ်လာစဉ်အချိန်အတွင်း အနီးအနားရှိ လေတပ်အခြေစိုက်စခန်း တစ်ခုက B-52 ဗုံးကြဲလေယာဉ်တစ်စင်းဟာ သတိပေးတာမျိုးမရှိဘဲ ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ခရီးသည်တင်လေယာဉ်မှူးက “လေထဲမှာတိုက်မိမှုဖြစ်ပွားမှာကို ရှောင်ရှားဖို့အတွက် ပြင်းထန်တဲ့လုပ်ရပ်တွေ လုပ်မိခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်ပါတယ်” လို့ ပြောခဲ့ပါတယ်။ Minot လေဆိပ်ထိန်းချုပ်ရေးမျှော်စင်ဟာ ရေဒါမပါဘဲ အမြင်အာရုံနဲ့ပဲ လမ်းညွှန်မှုတွေ လုပ်ဆောင်ပေးနေချိန်မှာ ခရီးသည်တင်လေယာဉ်ရဲ့ ညာဘက်ခြမ်း ကနေ လေယာဉ်တစ်စင်းလာနေတာကိုတွေ့ခဲ့ရတယ်လို့ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။
လေယာဉ်မှူးက “ကျွန်တော်တို့ရဲ့ညာဖက်ခြမ်းကနေ လေယာဉ်တစ်စင်းလာနေတာကို တွေ့ခဲ့ရပါတယ်။ လာနေတဲ့ အမြန်နှုန်းအရဆိုရင် အဲဒါက စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မလို့ လေထဲမှာ တိုက်မိမှုမဖြစ်ပွားအောင် နောက်ကိုပြန်လှည့်လိုက်တာက ဘေးအကင်းဆုံးအရာလို့ ကျွန်တော်ခံစားမိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္မွာ ခရီးသည္တင္ေလယာဥ္တစ္စင္းက B-52ဗုံးႀကဲေလယာဥ္တစ္စင္းနဲ႔ တိုက္မိမႈျဖစ္ပြားမွာကို ေရွာင္ရွားႏိုင္ခဲ့
Pika (NP News) - ဇူလိုင္ ၂၄
အေမရိကန္ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ ေျမာက္ဒါကိုတာျပည္နယ္မွာ B-52 ဗုံးႀကဲေလယာဥ္တစ္စင္းနဲ႔ ေလထဲမွာတိုက္မိမႈျဖစ္ပြားမွာကို ေအာင္ျမင္စြာေရွာင္ရွားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ SkyWest ေလေၾကာင္း လိုင္းက လည္ပတ္တဲ့ Delta ေလေၾကာင္းလိုင္းပ်ံသန္းမႈဟာ မင္နီဆိုတာျပည္နယ္ Minneapolis ၿမိဳ႕ကေန ေျမာက္ဒါကိုတာျပည္နယ္ Minot ၿမိဳ႕ကို ခ်ဥ္းကပ္လာစဥ္အခ်ိန္အတြင္း အနီးအနားရွိ ေလတပ္အေျခစိုက္စခန္း တစ္ခုက B-52 ဗုံးႀကဲေလယာဥ္တစ္စင္းဟာ သတိေပးတာမ်ိဳးမရွိဘဲ ေပၚထြက္လာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ခရီးသည္တင္ေလယာဥ္မႉးက “ေလထဲမွာတိုက္မိမႈျဖစ္ပြားမွာကို ေရွာင္ရွားဖို႔အတြက္ ျပင္းထန္တဲ့လုပ္ရပ္ေတြ လုပ္မိခဲ့တာနဲ႔ပတ္သက္ၿပီး ေတာင္းပန္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ Minot ေလဆိပ္ထိန္းခ်ဳပ္ေရးေမွ်ာ္စင္ဟာ ေရဒါမပါဘဲ အျမင္အာ႐ုံနဲ႔ပဲ လမ္းၫႊန္မႈေတြ လုပ္ေဆာင္ေပးေနခ်ိန္မွာ ခရီးသည္တင္ေလယာဥ္ရဲ႕ ညာဘက္ျခမ္း ကေန ေလယာဥ္တစ္စင္းလာေနတာကိုေတြ႕ခဲ့ရတယ္လို႔ ေလယာဥ္မႉးက ေျပာၾကားခဲ့ပါတယ္။
ေလယာဥ္မႉးက “ကြၽန္ေတာ္တို႔ရဲ႕ညာဖက္ျခမ္းကေန ေလယာဥ္တစ္စင္းလာေနတာကို ေတြ႕ခဲ့ရပါတယ္။ လာေနတဲ့ အျမန္ႏႈန္းအရဆိုရင္ အဲဒါက စစ္ဘက္ဆိုင္ရာေလယာဥ္တစ္စင္းျဖစ္ႏိုင္ပါတယ္။ အဲဒါေၾကာင့္မလို႔ ေလထဲမွာ တိုက္မိမႈမျဖစ္ပြားေအာင္ ေနာက္ကိုျပန္လွည့္လိုက္တာက ေဘးအကင္းဆုံးအရာလို႔ ကြၽန္ေတာ္ခံစားမိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.