နောင်ချိုရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ကျော် ကျောင်းအပ် လက်ခံထား

 2050

Pearl (NP News) - ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ကျော် ကျောင်းအပ်လက်ခံထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက် အလက်များ အရ သိရသည်။
တပ်မတော်က အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၄၂၆ ဦးတို့ကို ဆက်လက်ကျောင်းအပ်လက်ခံပေးထားကြောင်း သိရသည်။
ထို့ပြင် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အင်တိုက်အား တိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ယာယီနေရပ်စွန့်ခွာနေရာမှ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူ ၁၅၅ ဦးတို့အား တပ်မတော် သားဆရာဝန်များနှင့် နယ်မြေခံဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက နောင်ချိုမြို့၊ မြနန်းတော်ဝင် မင်္ဂလခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ အဖျားရောဂါ၊ ပိုလီယိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳရွိ အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္း၌ ေက်ာင္းသား၊ ေက်ာင္းသူ (၄၀၀) ေက်ာ္ ေက်ာင္းအပ္ လက္ခံထား
Pearl (NP News) - ဇူလိုင္ ၂၄
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ရွိ အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္း၌ ေက်ာင္းသား၊ ေက်ာင္းသူ (၄၀၀) ေက်ာ္ ေက်ာင္းအပ္လက္ခံထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္ အလက္မ်ား အရ သိရသည္။
တပ္မေတာ္က အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး ေဆာင္႐ြက္ကာ ျပန္လည္ထိန္းခ်ဳပ္ထားသည့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕၌ ကေလးသူငယ္မ်ား ပညာသင္ၾကားႏိုင္ေရးအတြက္ စာသင္ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ေပးႏိုင္ေရးအတြက္ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ေပးလ်က္ရွိရာ ယေန႔တြင္လည္း အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္း၌ ေက်ာင္းသား၊ ေက်ာင္းသူ ၄၂၆ ဦးတို႔ကို ဆက္လက္ေက်ာင္းအပ္လက္ခံေပးထားေၾကာင္း သိရသည္။
ထို႔ျပင္ အစိုးရ၏ အုပ္ခ်ဳပ္မႈယႏၲရားမ်ားျဖစ္သည့္ ႐ုံးမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး၊ ျပည္သူလူထု၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ ေဆး႐ုံမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးစသည့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္း မ်ားကို အင္တိုက္အား တိုက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ ယာယီေနရပ္စြန႔္ခြာေနရာမွ ျပန္လည္ဝင္ေရာက္လာသည့္ ေဒသခံျပည္သူ ၁၅၅ ဦးတို႔အား တပ္မေတာ္ သားဆရာဝန္မ်ားႏွင့္ နယ္ေျမခံေဆး႐ုံမွ က်န္းမာေရးဝန္ထမ္းမ်ားက ေနာင္ခ်ိဳၿမိဳ႕၊ ျမနန္းေတာ္ဝင္ မဂၤလခန္းမ၌ ယာယီေဆး႐ုံဖြင့္လွစ္၍ အဖ်ားေရာဂါ၊ ပိုလီယိုေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.