ဗိုလ်တထောင်ကမ်းနားတွင် လေပြင်းတိုက်ခက်မှုကြောင့် သမ္ဗာန်တိမ်းမှောက်ကာ (၃) ဦးပျောက်ဆုံးနေ

 2871

သန့်ဇင် (NP News) - ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ကမ်းနားတွင် လေပြင်းတိုက်ခက်မှုကြောင့် သမ္ဗာန်တိမ်းမှောက်ကာ (၃) ဦး ပျောက်ဆုံးနေကြောင်း သိရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၄ ရက်)၊ နံနက် ၇ နာရီ ၁ဝ မိနစ်အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိမ်းမှောက်ခဲ့သည့် သမ္မာန်မှာ ဒလမြို့၊ သမ္မတကမ်းခြေရပ်ကွက်ရှိ သမ္မာန်ဆိပ်မှ ခရီးသည်(၁၀)ဦးတင်ဆောင်လာသော သမ္မာန်ယာဉ်ဖြစ်ပြီး ဗိုလ်တစ်ထောင်ဘက်သို့ မောင်းနှင်ထွက်ခွာလာစဉ် လေပြင်းတိုက်ခတ်မှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျောက်ဆုံးနေတာကို ကနဦးသိရတာက (၃)ယောက်ပါ ။ သမ္ဗာန်သမားရယ် ခရီးသည် (၂)ယောက်ရယ်ပါ” ဟု သိရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ခရီးသည်(၈)ဦး ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ (၃) ဦးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဗိုလ်တထောင်မြို့နယ်တွင် လေပြင်းတိုက်ခက်မှုကြောင့် သစ်ပင်များလဲခြင်း နှင့် ကမ်းကပ်ထားသော သမ္ဗာန်များ တိမ်းမှောက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
“ညက လေပြင်းတိုက်လို့ သစ်ပင်တွေလဲတာတွေ။ ကမ်းကပ်ထားတဲ့ သမ္ဗာန်တွေ ယိုင်းထိုးပြီးမှောက်တာတွေရှိတယ်။ အဲဒီမှာတော့ လူအသေအပျောက်မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သန်လျက်စွန်းလမ်းရှိ ရေနံလိုင်း၊ မြနန္ဒာရိပ်သာအိမ်ရာနှင့် မီးပြဝန်းများတွင်း တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ ခေါင်မိုးများလွင့်စင်ခြင်း နှင့် နေအိမ်အချို့ ပျက်စီးထိခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရဲရိပ်သာရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်းရှိ ကုန်သေတ္တာဝင်း(ICD-2) အတွင်းရှိ ကုန်သေတ္တာ (အခွန်)များ ပြုတ်ကျခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နှင့် ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တစ်ထောင်ကမ်းနားရှိ Vintage Luxury Hotel အဝင် ဘောတံလျှောက်လမ်းရှိ လေကာမှန်များ ကွဲကျခြင်း၊ အမိုးများလန်ကျခြင်း၊ The Love Boat စားသောက်ဆိုင်သင်္ဘောသည် ကြိုးပြတ်၍ မျောပါကာ Vintage Luxury Hotel သင်္ဘောအား တိုက်မိမှုမရှိကြောင်း၊ အလားတူ Vintage Luxury Hotel ရှေ့ရှိ V Hangout Restaurant စားသောက်ဆိုင် အမိုးများ လန်ကျပြိုလဲခဲ့ခြင်း စသည်တို့ ဖြစ်ပွာခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဗိုလ္တေထာင္ကမ္းနားတြင္ ေလျပင္းတိုက္ခက္မႈေၾကာင့္ သမၺာန္တိမ္းေမွာက္ကာ (၃) ဦးေပ်ာက္ဆုံးေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၄
ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဗိုလ္တစ္ေထာင္ကမ္းနားတြင္ ေလျပင္းတိုက္ခက္မႈေၾကာင့္ သမၺာန္တိမ္းေမွာက္ကာ (၃) ဦး ေပ်ာက္ဆုံးေနေၾကာင္း သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၂၄ ရက္)၊ နံနက္ ၇ နာရီ ၁ဝ မိနစ္အခ်ိန္ခန႔္က ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဗိုလ္တေထာင္ဆိပ္ကမ္းအနီး ရန္ကုန္ျမစ္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တိမ္းေမွာက္ခဲ့သည့္ သမၼာန္မွာ ဒလၿမိဳ႕၊ သမၼတကမ္းေျခရပ္ကြက္ရွိ သမၼာန္ဆိပ္မွ ခရီးသည္(၁၀)ဦးတင္ေဆာင္လာေသာ သမၼာန္ယာဥ္ျဖစ္ၿပီး ဗိုလ္တစ္ေထာင္ဘက္သို႔ ေမာင္းႏွင္ထြက္ခြာလာစဥ္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေပ်ာက္ဆုံးေနတာကို ကနဦးသိရတာက (၃)ေယာက္ပါ ။ သမၺာန္သမားရယ္ ခရီးသည္ (၂)ေယာက္ရယ္ပါ” ဟု သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ခရီးသည္(၈)ဦး ျပန္လည္ဆယ္ယူႏိုင္ခဲ့ၿပီး ေပ်ာက္ဆုံးေနသူ (၃) ဦးအား ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခက္မႈေၾကာင့္ သစ္ပင္မ်ားလဲျခင္း ႏွင့္ ကမ္းကပ္ထားေသာ သမၺာန္မ်ား တိမ္းေမွာက္ျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္းလည္း ေဒသခံတစ္ဦးက ဆိုသည္။
“ညက ေလျပင္းတိုက္လို႔ သစ္ပင္ေတြလဲတာေတြ။ ကမ္းကပ္ထားတဲ့ သမၺာန္ေတြ ယိုင္းထိုးၿပီးေမွာက္တာေတြရွိတယ္။ အဲဒီမွာေတာ့ လူအေသအေပ်ာက္မရွိပါဘူး” ဟု ေဒသခံတစ္ဦးက ဆိုသည္။
အလားတူ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ အမွတ္ (၁) ရပ္ကြက္၊ သန္လ်က္စြန္းလမ္းရွိ ေရနံလိုင္း၊ ျမနႏၵာရိပ္သာအိမ္ရာႏွင့္ မီးျပဝန္းမ်ားတြင္း တြင္လည္း ေလျပင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္မ်ားၿပိဳလဲျခင္း၊ ေခါင္မိုးမ်ားလြင့္စင္ျခင္း ႏွင့္ ေနအိမ္အခ်ိဳ႕ ပ်က္စီးထိခိုက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ရဲရိပ္သာရပ္ကြက္၊ ကမ္းနားကြန္ကရစ္လမ္းရွိ ကုန္ေသတၱာဝင္း(ICD-2) အတြင္းရွိ ကုန္ေသတၱာ (အခြန္)မ်ား ျပဳတ္က်ခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း ႏွင့္ ရဲရိပ္သာရပ္ကြက္၊ ဗိုလ္တစ္ေထာင္ကမ္းနားရွိ Vintage Luxury Hotel အဝင္ ေဘာတံေလွ်ာက္လမ္းရွိ ေလကာမွန္မ်ား ကြဲက်ျခင္း၊ အမိုးမ်ားလန္က်ျခင္း၊ The Love Boat စားေသာက္ဆိုင္သေဘၤာသည္ ႀကိဳးျပတ္၍ ေမ်ာပါကာ Vintage Luxury Hotel သေဘၤာအား တိုက္မိမႈမရွိေၾကာင္း၊ အလားတူ Vintage Luxury Hotel ေရွ႕ရွိ V Hangout Restaurant စားေသာက္ဆိုင္ အမိုးမ်ား လန္က်ၿပိဳလဲခဲ့ျခင္း စသည္တို႔ ျဖစ္ပြာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.