တိုးပွားလာသောအောက်ဆိုက်ကားပြေးဆွဲမှုများကိုရေးစနစ်တကျကြပ်မတ်ကိုင်တွယ်ရန်လိုအပ်နေ

 716

သက်ပိုင်(NP News)-ဇူလိုင် ၂၄
ရန်ကုန်မြို့တွင် တိုးပွားလာသော အောက်ဆိုက်ကားပြေးဆွဲမှုများကို စနစ်တကျ ကြပ်မတ် ကိုင်တွယ်ရန် လိုအပ်နေဒေသခံများက ထောက်ပြပြောဆိုကြသည်။
ယခင်က အောက်ဆိုက်ကားများမှာ YBS ယာဉ်လိုင်းများ မပြေးဆွဲတော့သည့် ညနက်ပိုင်း အချိန်မှသာ ပြေးဆွဲခဲ့ကြသော်လည်း လက်ရှိတွင် YBS ယာဉ်လိုင်းများပြေးဆွဲနေဆဲဖြစ်သည့် ညနေပိုင်း အချိန်များ တွင်ပါ ပြေးဆွဲလာနေကြောင်း ဒေသခံများကဆိုသည်။
“အောက်ဆိုက်ကားတွေက အရင် YBS မပေါ်ခင်ကတုန်းကတော့ တစ်ခေါက်ခေတ်စားခဲ့သေးတယ်။YBS တွေပေါ်ပြီးတဲ့နောက် နည်းသွားတယ်။ ဒါပေမယ့် အခုနောက်ပိုင်း တော်တော်များလာတယ်။ ဆူးလေ ဘက်မှာဆိုရင် ညနေသုံးနာရီလောက်ဆိုရင် တွေ့နေရပြီ။ ပြည်သူတွေအတွက် လိုအပ်ချက်အရ ရှိလာတယ် ဆိုပေမယ့် သူတို့က မဆင်မခြင်မောင်းကြတာတော့ ကြာရင် စီးတဲ့သူတွေ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ရတဲ့အတွက် စနစ်တကျ ကိုင်တွယ်သင့်တယ်လို့တော့ မြင်ပါတယ် ” ဟု ရန်ကုန်မြို့ ဒေသခံတစ်ဦးကပြောသည်။
အောက်ဆိုက်ကားများသည် YBS ကားများနှင့် နှိုင်းယှဉ်ပါက အာမခံချက်တစ်စုံတစ်ရာ မရှိကြောင်းနှင့် အောက်ဆိုက်ကားများ စီးနင်းစဉ် မတော်တဆမှုဖြစ်ပွားခဲ့ပါက စီးနင်းသူသာ အဓိက နစ်နာရမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ(YUPT) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“YBS ကားတွေကြောင့် တစ်ခုခုထိခိုက်မိသွားမယ်ဆိုရင် မြန်မာ့အာမခံနဲ့ ဘက်စ်ကား အလုံးစုံ အာမခံကနေပြီးတော့ အာမခံကြေးတွေကရှိ ရနိုင်သေးတယ်။အောက်ဆိုက်ကားကြောင့် တစ်ခုခုဖြစ်ရင် ဘာမှရမှာမဟုတ်ဘူး။ နောက်ပြီး YBS တွေမှာက တရားဝင်လိုင်စင်ရှိတဲ့ ယာဉ်မောင်းတွေပဲ မောင်းတာ။ အောက်ဆိုက်ကားတွေက တွေ့တဲ့လူတက်မောင်းနေတာ။ ဒီတော့ ပြည်သူတွေက အောက်ဆိုက်ကား စီးကြတာဟာ ကံကိုယုံပြီး ဆူးပုံနင်းနေကြသလိုမျိုး ဖြစ်နေတယ် ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင် ည (၈) နာရီခန့်ဆိုလျှင် YBS ကားများ ပြေးဆွဲခြင်းမရှိတော့ဘဲ အောက်ဆိုက်ကားများသာ ပြေးဆွဲမှုများရှိနေကြောင်းနှင့် ပြည်သူများအနေဖြင့် ယာဉ်စီးခကို ပုံမှန်ထက် သုံးဆခန့်ပေးကာ စီနေကြရကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သော ဇူလိုင်လ (၁၆) ရက် ည (၈) နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်တွင် YBS (77) ကားနှင့် အောက်ဆိုက်ကားတို့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခရီးသည် (၁၆) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
တိုးပြားလာေသာေအာက္ဆိုက္ကားေျပးဆြဲမႈမ်ားကိုေရးစနစ္တက်ၾကပ္မတ္ကိုင္တြယ္ရန္လိုအပ္ေန
သက္ပိုင္(NP News)-ဇူလိုင္ ၂၄
ရန္ကုန္ၿမိဳ႕တြင္ တိုးပြားလာေသာ ေအာက္ဆိုက္ကားေျပးဆြဲမႈမ်ားကို စနစ္တက် ၾကပ္မတ္ ကိုင္တြယ္ရန္ လိုအပ္ေနေဒသခံမ်ားက ေထာက္ျပေျပာဆိုၾကသည္။
ယခင္က ေအာက္ဆိုက္ကားမ်ားမွာ YBS ယာဥ္လိုင္းမ်ား မေျပးဆြဲေတာ့သည့္ ညနက္ပိုင္း အခ်ိန္မွသာ ေျပးဆြဲခဲ့ၾကေသာ္လည္း လက္ရွိတြင္ YBS ယာဥ္လိုင္းမ်ားေျပးဆြဲေနဆဲျဖစ္သည့္ ညေနပိုင္း အခ်ိန္မ်ား တြင္ပါ ေျပးဆြဲလာေနေၾကာင္း ေဒသခံမ်ားကဆိုသည္။
“ေအာက္ဆိုက္ကားေတြက အရင္ YBS မေပၚခင္ကတုန္းကေတာ့ တစ္ေခါက္ေခတ္စားခဲ့ေသးတယ္။YBS ေတြေပၚၿပီးတဲ့ေနာက္ နည္းသြားတယ္။ ဒါေပမယ့္ အခုေနာက္ပိုင္း ေတာ္ေတာ္မ်ားလာတယ္။ ဆူးေလ ဘက္မွာဆိုရင္ ညေနသုံးနာရီေလာက္ဆိုရင္ ေတြ႕ေနရၿပီ။ ျပည္သူေတြအတြက္ လိုအပ္ခ်က္အရ ရွိလာတယ္ ဆိုေပမယ့္ သူတို႔က မဆင္မျခင္ေမာင္းၾကတာေတာ့ ၾကာရင္ စီးတဲ့သူေတြ အႏၲရာယ္ျဖစ္မွာကို စိုးရိမ္ရတဲ့အတြက္ စနစ္တက် ကိုင္တြယ္သင့္တယ္လို႔ေတာ့ ျမင္ပါတယ္ ” ဟု ရန္ကုန္ၿမိဳ႕ ေဒသခံတစ္ဦးကေျပာသည္။
ေအာက္ဆိုက္ကားမ်ားသည္ YBS ကားမ်ားႏွင့္ ႏႈိင္းယွဥ္ပါက အာမခံခ်က္တစ္စုံတစ္ရာ မရွိေၾကာင္းႏွင့္ ေအာက္ဆိုက္ကားမ်ား စီးနင္းစဥ္ မေတာ္တဆမႈျဖစ္ပြားခဲ့ပါက စီးနင္းသူသာ အဓိက နစ္နာရမည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ျပအမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီ(YUPT) မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“YBS ကားေတြေၾကာင့္ တစ္ခုခုထိခိုက္မိသြားမယ္ဆိုရင္ ျမန္မာ့အာမခံနဲ႔ ဘက္စ္ကား အလုံးစုံ အာမခံကေနၿပီးေတာ့ အာမခံေၾကးေတြကရွိ ရႏိုင္ေသးတယ္။ေအာက္ဆိုက္ကားေၾကာင့္ တစ္ခုခုျဖစ္ရင္ ဘာမွရမွာမဟုတ္ဘူး။ ေနာက္ၿပီး YBS ေတြမွာက တရားဝင္လိုင္စင္ရွိတဲ့ ယာဥ္ေမာင္းေတြပဲ ေမာင္းတာ။ ေအာက္ဆိုက္ကားေတြက ေတြ႕တဲ့လူတက္ေမာင္းေနတာ။ ဒီေတာ့ ျပည္သူေတြက ေအာက္ဆိုက္ကား စီးၾကတာဟာ ကံကိုယုံၿပီး ဆူးပုံနင္းေနၾကသလိုမ်ိဳး ျဖစ္ေနတယ္ ”ဟု ၎ကဆိုသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕တြင္ ည (၈) နာရီခန႔္ဆိုလွ်င္ YBS ကားမ်ား ေျပးဆြဲျခင္းမရွိေတာ့ဘဲ ေအာက္ဆိုက္ကားမ်ားသာ ေျပးဆြဲမႈမ်ားရွိေနေၾကာင္းႏွင့္ ျပည္သူမ်ားအေနျဖင့္ ယာဥ္စီးခကို ပုံမွန္ထက္ သုံးဆခန႔္ေပးကာ စီေနၾကရေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ၿပီးခဲ့ေသာ ဇူလိုင္လ (၁၆) ရက္ ည (၈) နာရီခန႔္က ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္၊ ေအာက္မဂၤလာဒုံလမ္းမေပၚတြင္ YBS (77) ကားႏွင့္ ေအာက္ဆိုက္ကားတို႔ တိုက္မိမႈ ျဖစ္ပြားခဲ့ၿပီး ခရီးသည္ (၁၆) ဦးထိခိုက္ဒဏ္ရာရွိခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.