မန္တလေးရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရ

1450

Pearl (NP News) - ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ် ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံခဲ့ရကြောင်း မဏိစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News သို့ ပြောသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မဟာအောင်မြေမြို့နယ် ၃၉ လမ်း၊ ၈၅ လမ်း ၈၆ လမ်း ကြားရှိ ရွှေနန်းသုခရွှေဆိုင်ကို လက်နက်ကိုင်ဆောင်ထားသော သေနတ်သမားများက ဝင်ရောက် ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကာ ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့က လူနာကောက်ပြီးတော့ ဆေးရုံကိုပို့ပေးလိုက်တာ။ ဒဏ်ရာရတဲ့လူက ဘယ်သူတွေဆိုတာ သေချာမသိရသေးဘူး။ ပစ်ခတ်မှုဖြစ်တယ်လို့ ပတ်ဝန်းကျင်က လူတွေက ဖုန်းဆက်လို့ သွားခေါ်တာပါ။ တစ်ယောက်က ပေါင်ကိုထိတယ်၊ တစ်ယောက်က လက်ကိုထိတယ်။ စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး။ ဘယ်လောက်ပါသွားလဲ ဓားပြတိုက်တဲ့လူကို ဖမ်းမိလားမဖမ်းမိလားဆိုတာ အသေးစိတ်မသိရသေးဘူး။ အဲဒီနားမှာ လောလောဆယ် ဝင်လို့မရဘူး ပိတ်ထားတယ်” ဟု မဏိစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News သို့ ပြောသည်။
အဆိုပါပစ်ခတ်မှု ဖြစ်စဉ်အတွင်း အမျိုးသား( ၂ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့ကို မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးရွိ ေ႐ႊနန္းသုခေ႐ႊဆိုင္ ဓားျပတိုက္ခံရ
Pearl (NP News) - ဇူလိုင္ ၂၄
မႏၲေလးတိုင္းေဒသႀကီး ၊ မဟာေအာင္ေျမၿမိဳ႕နယ္ ရွိ ေ႐ႊနန္းသုခေ႐ႊဆိုင္ ဓားျပတိုက္ခံခဲ့ရေၾကာင္း မဏိစလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News သို႔ ေျပာသည္။
ယေန႔ ဇူလိုင္လ ၂၄ ရက္ေန႔ ညေန ၄ နာရီခြဲခန႔္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္ ၃၉ လမ္း၊ ၈၅ လမ္း ၈၆ လမ္း ၾကားရွိ ေ႐ႊနန္းသုခေ႐ႊဆိုင္ကို လက္နက္ကိုင္ေဆာင္ထားေသာ ေသနတ္သမားမ်ားက ဝင္ေရာက္ ဓါးျပတိုက္ခဲ့ျခင္းျဖစ္ကာ ပစ္ခတ္မႈ အနည္းငယ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ ကြၽန္ေတာ္တို႔က လူနာေကာက္ၿပီးေတာ့ ေဆး႐ုံကိုပို႔ေပးလိုက္တာ။ ဒဏ္ရာရတဲ့လူက ဘယ္သူေတြဆိုတာ ေသခ်ာမသိရေသးဘူး။ ပစ္ခတ္မႈျဖစ္တယ္လို႔ ပတ္ဝန္းက်င္က လူေတြက ဖုန္းဆက္လို႔ သြားေခၚတာပါ။ တစ္ေယာက္က ေပါင္ကိုထိတယ္၊ တစ္ေယာက္က လက္ကိုထိတယ္။ စိုးရိမ္ရတဲ့အေျခအေနေတာ့မဟုတ္ပါဘူး။ ဘယ္ေလာက္ပါသြားလဲ ဓားျပတိုက္တဲ့လူကို ဖမ္းမိလားမဖမ္းမိလားဆိုတာ အေသးစိတ္မသိရေသးဘူး။ အဲဒီနားမွာ ေလာေလာဆယ္ ဝင္လို႔မရဘူး ပိတ္ထားတယ္” ဟု မဏိစလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါပစ္ခတ္မႈ ျဖစ္စဥ္အတြင္း အမ်ိဳးသား( ၂ )ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လက္ရွိတြင္ ၎တို႔ကို မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။