ထိုင်းနှင့် ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲရှိပါ က မြန်မာသံရုံး များသို့ ဆက်သွယ် အကူအညီတောင်းနိုင်

8399

သုတကျော် (NP News) - ဇူလိုင် ၂၄
ထိုင်းနှင့် ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲရှိပါ က မြန်မာသံရုံး များသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
လက်ရှိတွင် ထိုင်း နိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ အကြား စစ်ရေးတင်းမာမှုများ ဖြစ်နေပြီး နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများလည်း ရှိနေသည်။
“ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ ဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ နိုင်ငံများ ဖြစ်ပါတယ်။ အာဆီယံ မိသားစုဝင်များလည်း ဖြစ်ပါတယ်။ ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ပဋိပက္ခကို ငြိမ်းချမ်းသော နည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မြန်မာနိုင်ငံ အနေနဲ့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အဆိုပါ နိုင်ငံနှစ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့်လည်း လုံခြုံရေးကို ဂရုပြုကြရန် ၎င်းက ပြောသည်။
“အခက်အခဲ ရှိရင် ထိုင်းနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာသံရုံး၊ စစ်သံရုံးများ နဲ့ ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။