နစက ဥက္ကဋ္ဌက သမ္မတထရမ့်အား ချီးကျူးပြီးနောက် နစကနှင့်နီးစပ်သူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန် ရုတ်သိမ်း

 1303

Htay Oung (NP News) - ဇူလိုင် ၂၅

နစက အစိုးရနဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီအချို့အပေါ် ပိတ်ဆို့အရေးယူထားမှုများကို ကြာ သပတေးနေ့မှာ အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပါတယ်။ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုပြီး ပိတ်ဆို့မှုများ လျှော့ချပေးရန် တောင်းဆိုပြီးနောက် ရက်သတ္တနှစ်ပတ်အကြာမှာ အိမ်ဖြူတော်ရဲ့ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ Reuters က ဇူလိုင်လ ၂၅ ရက်မှာ ရေးသားပါတယ်။

Human Rights Watch (HRW) ခေါ် လူ့အခွင့်အရေးအဖွဲ့ကြီးကတော့ ယခုလုပ်ရပ်ဟာ "စိုးရိမ်ဖွယ် ရာ အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တယ်” လို့ ဝေဖန်ရှုတ်ချလိုက်ပြီး အမေရိကန်ဟာ မြန်မာစစ်တပ်နဲ့ ပတ်သက်ပြီး မူဝါဒပြောင်းလဲမှုကြီးတစ်ခု ပြုလုပ်နေကြောင်း ယခုကိစ္စဟာ အများကြီး အဓိပ္ပါယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ KT Services & Logistics ကုမ္ပဏီနဲ့ တည် ထောင်သူ “ဂျိုနသန် မျိုးကျော်သောင်း” ၊ MCM Group နဲ့ ပိုင်ရှင်ဖြစ်သူ အောင်လှိုင်ဦး Suntac Technologies နဲ့ ပိုင်ရှင် “စစ်တိုင်းအောင်”၊ နစက အစိုးရနဲ့ နီးစပ်တဲ့ “တင်လတ်မင်း” တို့ကို အရေး ယူမှုစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရှိရပါတယ်။

KT Services & Logistics ကုမ္ပဏီနဲ့ ဂျိုနသန် မျိုးကျော်သောင်းတို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဘိုင်ဒန်အစိုးရက မြန်မာနိုင်ငံအာဏာအပြောင်းအလဲဖြစ်ပြီး တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အရေးယူ စာရင်းသွင်းခဲ့ခြင်းဖြစ်ပါတယ်။ စစ်တိုင်းအောင်နဲ့ အောင်လှိုင်ဦးတို့ကိုတော့ မြန်မာ့ကာကွယ်ရေးကဏ္ဍမှာ ပူးပေါင်းလုပ်ကိုင်နေသူများအဖြစ် စွပ်စွဲပြီး ၂၀၂၂ ခုနှစ်မှာ ပိတ်ဆို့ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် တင်လတ်မင်းကို စာရင်းသွင်းခဲ့ပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ ဖော်ပြခြင်းမရှိဘဲ၊ အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို လောလောဆယ် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

မြန်မာက အမေရိကန်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းထား ၄၀% အထိ တိုးမြှင့်သတ်မှတ်မယ်ဆိုခြင်းကို လျှော့ချပေးရန်၊ လိုအပ်မယ်ဆိုလျှင် ဝါရှင်တန်ကို ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ရန် အဆင်သင့်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ဖော်ပြခဲ့ပါတယ်။ အဆိုပါ စာမှာ " သမ္မတ ထရမ့်ရဲ့ မိမိနိုင်ငံအပေါ် စစ်မှန်ပြင်းထန်တဲ့ စိတ်ဓါတ်နဲ့ဦးဆောင်မှုကို ဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြုပြီး အမေရိကန်နိုင်ငံအား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်စေခဲ့တယ်လို့ ချီးကျူးထားကြောင်း” မြန်မာ့အစိုးရထုတ် သတင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။

ဩဂုတ်လ(၁)ရက်မှာ စတင်အသက်ဝင်မယ့် အကောက်ခွန်နှုန်းထားသစ်နဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ သတိပေးစာကို တုံ့ပြန်ရာမှာ တပ်မတော်ခေါင်းဆောင်က ၁၀% မှ ၂၀% အထိ လျှော့ချသင့်ကြောင်း အဆိုပြုခဲ့ပြီး၊ မြန်မာဘက်ကလည်း အမေရိကန်ကုန်သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းကို ဝ% မှ ၁၀% အထိ လျှော့ချပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ သမ္မတထရမ့်အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်ပြီး လျှော့ချပေးရန် ဗိုလ်ချုပ်မှူးကြီးက တောင်းဆိုခဲ့ပါတယ်၊ အဲ့ဒီ ပိတ်ဆို့မှုတွေဟာ "နှစ်နိုင်ငံနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နည်းပညာမြင့် ကာကွယ်ရေးပစ္စည်းများနဲ့ လူသုံးများတဲ့ အီလက်ထရောနစ်ပစ္စည်းများ အတွက် အလွန်အရေးပါတဲ့ မြေရှားသတ္တုများ (rare earth minerals) အဓိက ထုတ်လုပ်နေတဲ့ တိုင်း ပြည်တစ်ခုဖြစ်ပါတယ်။ အဲဒီ သတ္တုများရဲ့ထောက်ပံ့ရေးလိုင်းကြောင်းများနဲ့ပတ်သက်ပြီး အာမခံချက်အခိုင်အမာရှိရေးဟာ ထရမ့်အစိုးရအတွက် တရုတ်နဲ့မဟာဗျူဟာမြောက်ပြိုင်ဆိုင်ရာမှာ အဓိက အချက်ဖြစ်ပါတယ်။ မြန် မာ့မြေရှား သတ္တုတွင်းအများစုဟာ နစကကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကချင်လွတ်မြောက်ရေး တပ် (KIA) စိုးမိုးထားရာ ဒေသများမှာ တည်ရှိပါတယ်။ အဲဒီကတဆင့် တရုတ်နိုင်ငံမှာ ပြုပြင်မွန်းမံမှုများပြုလုပ်ပြီး တင်ပို့နေခြင်း ဖြစ်ပါတယ်။

zawgyi version
နစက ဥကၠ႒က သမၼတထရမ့္အား ခ်ီးက်ဴးၿပီးေနာက္ နစကႏွင့္နီးစပ္သူမ်ားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈကို အေမရိကန္ ႐ုတ္သိမ္း
Htay Oung (NP News) - ဇူလိုင္ ၂၅

နစက အစိုးရနဲ႔ နီးစပ္တဲ့ လူပုဂၢိဳလ္နဲ႔ ကုမၸဏီအခ်ိဳ႕အေပၚ ပိတ္ဆို႔အေရးယူထားမႈမ်ားကို ၾကာ သပေတးေန႔မွာ အေမရိကန္အစိုးရက ႐ုပ္သိမ္းလိုက္ပါတယ္။ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သမၼတေဒၚနယ္ထရမ့္ကို ခ်ီးက်ဴးဂုဏ္ျပဳၿပီး ပိတ္ဆို႔မႈမ်ား ေလွ်ာ့ခ်ေပးရန္ ေတာင္းဆိုၿပီးေနာက္ ရက္သတၱႏွစ္ပတ္အၾကာမွာ အိမ္ျဖဴေတာ္ရဲ႕ ယခုဆုံးျဖတ္ခ်က္ ထြက္ေပၚလာျခင္းျဖစ္တယ္လို႔ Reuters က ဇူလိုင္လ ၂၅ ရက္မွာ ေရးသားပါတယ္။

Human Rights Watch (HRW) ေခၚ လူ႔အခြင့္အေရးအဖြဲ႕ႀကီးကေတာ့ ယခုလုပ္ရပ္ဟာ "စိုးရိမ္ဖြယ္ ရာ အလြန္ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္တယ္” လို႔ ေဝဖန္ရႈတ္ခ်လိုက္ၿပီး အေမရိကန္ဟာ ျမန္မာစစ္တပ္နဲ႔ ပတ္သက္ၿပီး မူဝါဒေျပာင္းလဲမႈႀကီးတစ္ခု ျပဳလုပ္ေနေၾကာင္း ယခုကိစၥဟာ အမ်ားႀကီး အဓိပၸါယ္ရွိတယ္လို႔ သုံးသပ္ပါတယ္။

အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ KT Services & Logistics ကုမၸဏီနဲ႔ တည္ ေထာင္သူ “ဂ်ိဳနသန္ မ်ိဳးေက်ာ္ေသာင္း” ၊ MCM Group နဲ႔ ပိုင္ရွင္ျဖစ္သူ ေအာင္လႈိင္ဦး Suntac Technologies နဲ႔ ပိုင္ရွင္ “စစ္တိုင္းေအာင္”၊ နစက အစိုးရနဲ႔ နီးစပ္တဲ့ “တင္လတ္မင္း” တို႔ကို အေရး ယူမႈစာရင္းမွ ပယ္ဖ်က္လိုက္ေၾကာင္း သိရွိရပါတယ္။

KT Services & Logistics ကုမၸဏီနဲ႔ ဂ်ိဳနသန္ မ်ိဳးေက်ာ္ေသာင္းတို႔ကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ဘိုင္ဒန္အစိုးရက ျမန္မာႏိုင္ငံအာဏာအေျပာင္းအလဲျဖစ္ၿပီး တစ္ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ အေရးယူ စာရင္းသြင္းခဲ့ျခင္းျဖစ္ပါတယ္။ စစ္တိုင္းေအာင္နဲ႔ ေအာင္လႈိင္ဦးတို႔ကိုေတာ့ ျမန္မာ့ကာကြယ္ေရးက႑မွာ ပူးေပါင္းလုပ္ကိုင္ေနသူမ်ားအျဖစ္ စြပ္စြဲၿပီး ၂၀၂၂ ခုႏွစ္မွာ ပိတ္ဆို႔ခဲ့ပါတယ္။ ၂၀၂၄ ခုႏွစ္ တင္လတ္မင္းကို စာရင္းသြင္းခဲ့ပါတယ္။ ယခုကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနအေနနဲ႔ ဆုံးျဖတ္ရတဲ့ အေၾကာင္းရင္းကို ရွင္းလင္းစြာ ေဖာ္ျပျခင္းမရွိဘဲ၊ အိမ္ျဖဴေတာ္ကလည္း မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို ေလာေလာဆယ္ ျပန္လည္ေျဖၾကားျခင္း မရွိေသးပါဘူး။

ျမန္မာက အေမရိကန္ကို တင္ပို႔ေနတဲ့ ကုန္ပစၥည္းမ်ားအေပၚ အေကာက္ခြန္ႏႈန္းထား ၄၀% အထိ တိုးျမႇင့္သတ္မွတ္မယ္ဆိုျခင္းကို ေလွ်ာ့ခ်ေပးရန္၊ လိုအပ္မယ္ဆိုလွ်င္ ဝါရွင္တန္ကို ညႇိႏႈိင္းေရးအဖြဲ႕ ေစလႊတ္ရန္ အဆင္သင့္ရွိေၾကာင္းလည္း နစက ဥကၠ႒က ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ စာမွာ " သမၼတ ထရမ့္ရဲ႕ မိမိႏိုင္ငံအေပၚ စစ္မွန္ျပင္းထန္တဲ့ စိတ္ဓါတ္နဲ႔ဦးေဆာင္မႈကို ဗိုလ္ခ်ဳပ္မႉးႀကီးက အသိအမွတ္ျပဳၿပီး အေမရိကန္ႏိုင္ငံအား စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဆီသို႔ ဦးတည္ေစခဲ့တယ္လို႔ ခ်ီးက်ဴးထားေၾကာင္း” ျမန္မာ့အစိုးရထုတ္ သတင္းမီဒီယာက ေဖာ္ျပခဲ့ပါတယ္။

ဩဂုတ္လ(၁)ရက္မွာ စတင္အသက္ဝင္မယ့္ အေကာက္ခြန္ႏႈန္းထားသစ္နဲ႔ပတ္သက္ၿပီး သမၼတထရမ့္ရဲ႕ သတိေပးစာကို တုံ႔ျပန္ရာမွာ တပ္မေတာ္ေခါင္းေဆာင္က ၁၀% မွ ၂၀% အထိ ေလွ်ာ့ခ်သင့္ေၾကာင္း အဆိုျပဳခဲ့ၿပီး၊ ျမန္မာဘက္ကလည္း အေမရိကန္ကုန္သြင္းကုန္မ်ားအေပၚ အေကာက္ခြန္ႏႈန္းကို ဝ% မွ ၁၀% အထိ ေလွ်ာ့ခ်ေပးမယ္လို႔ ကမ္းလွမ္းထားပါတယ္။ သမၼတထရမ့္အေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ စီးပြားေရးပိတ္ဆို႔မႈမ်ားကို ျပန္လည္သုံးသပ္ၿပီး ေလွ်ာ့ခ်ေပးရန္ ဗိုလ္ခ်ဳပ္မႉးႀကီးက ေတာင္းဆိုခဲ့ပါတယ္၊ အဲ့ဒီ ပိတ္ဆို႔မႈေတြဟာ "ႏွစ္ႏိုင္ငံနဲ႔ ျပည္သူမ်ားရဲ႕ အက်ိဳးစီးပြားနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဟန႔္တားေနတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ နည္းပညာျမင့္ ကာကြယ္ေရးပစၥည္းမ်ားနဲ႔ လူသုံးမ်ားတဲ့ အီလက္ထေရာနစ္ပစၥည္းမ်ား အတြက္ အလြန္အေရးပါတဲ့ ေျမရွားသတၱဳမ်ား (rare earth minerals) အဓိက ထုတ္လုပ္ေနတဲ့ တိုင္း ျပည္တစ္ခုျဖစ္ပါတယ္။ အဲဒီ သတၱဳမ်ားရဲ႕ေထာက္ပံ့ေရးလိုင္းေၾကာင္းမ်ားနဲ႔ပတ္သက္ၿပီး အာမခံခ်က္အခိုင္အမာရွိေရးဟာ ထရမ့္အစိုးရအတြက္ တ႐ုတ္နဲ႔မဟာဗ်ဴဟာေျမာက္ၿပိဳင္ဆိုင္ရာမွာ အဓိက အခ်က္ျဖစ္ပါတယ္။ ျမန္ မာ့ေျမရွား သတၱဳတြင္းအမ်ားစုဟာ နစကကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ ကခ်င္လြတ္ေျမာက္ေရး တပ္ (KIA) စိုးမိုးထားရာ ေဒသမ်ားမွာ တည္ရွိပါတယ္။ အဲဒီကတဆင့္ တ႐ုတ္ႏိုင္ငံမွာ ျပဳျပင္မြန္းမံမႈမ်ားျပဳလုပ္ၿပီး တင္ပို႔ေနျခင္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.