မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄)ခုတွင် နေရာကွက်၍ မိုးကြီးနိုင်

525

စော(NP News)- ဇူလိုင် ၂၅
မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄)ခုတွင် ဇူလိုင် ၂၈ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၅ရက်)၊ မွန်းလွဲ (၂)နာရီတွင် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ မွန်းလွဲ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ယင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကို ဖြတ်ကျော် ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့်လည်းကောင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းတို့ကြောင့် ယနေ့ (ဇူလိုင် ၂၅ရက်)၊ မွန်းလွဲမှ (၂၈)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှ ဖော်ပြထားသည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် အသိပေးထားသည်။
ထို့ပြင် မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန်၊ ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား နိုင်ရန်လည်း မိုးဇလမှ အသိပေးထားသည်။

Zawgyi Version:
မုန္တိုင္းငယ္အရွိန္ေၾကာင့္ ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၁၄)ခုတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္
ေစာ(NP News)- ဇူလိုင္ ၂၅
မုန္တိုင္းငယ္အရွိန္ေၾကာင့္ ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၁၄)ခုတြင္ ဇူလိုင္ ၂၈ရက္ေန႔အထိ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဇူလိုင္ ၂၅ရက္)၊ မြန္းလြဲ (၂)နာရီတြင္ အသိေပးထုတ္ျပန္ထားသည္။
မိုးဇလ၏ မြန္းလြဲ (၁၂)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလား ျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကမ္းေျခတို႔တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး ယင္းျပည္နယ္ႏွင့္ ဆက္စပ္လ်က္ရွိေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကမ္းေျခတို႔ကို ျဖတ္ေက်ာ္ ခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ မုန္တိုင္းငယ္သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ ေ႐ြ႕လ်ားႏိုင္ၿပီး၊ ေနာက္ ၂၄ နာရီအတြင္း အေနာက္ဘဂၤလားျပည္နယ္ႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ ဩရိႆျပည္နယ္ေျမာက္ပိုင္းႏွင့္ ဂ်က္ခမ္းျပည္နယ္တို႔ကို ျဖတ္ေက်ာ္ႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
ယင္းမုန္တိုင္းငယ္၏ အရွိန္ေၾကာင့္လည္းေကာင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားအလြန္ေကာင္းေနျခင္းတို႔ေၾကာင့္ ယေန႔ (ဇူလိုင္ ၂၅ရက္)၊ မြန္းလြဲမွ (၂၈)ရက္အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔ အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလမွ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္း စသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ အဆိုပါေဒသမ်ားရွိ ကုန္းျမင့္ ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ရန္ အသိေပးထားသည္။
ထို႔ျပင္ ျမစ္ငယ္၊ ေခ်ာင္းငယ္ မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳ ေရွာင္ရွားႏိုင္ရန္၊ ျပည္တြင္းေရေၾကာင္းသြားလာေရး၊ ေလေၾကာင္းပ်ံသန္းေရးႏွင့္ ဆည္ေျမာင္းတာတမံမ်ားအေနျဖင့္ လိုအပ္သည္မ်ား ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထား ႏိုင္ရန္လည္း မိုးဇလမွ အသိေပးထားသည္။