ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေသော နှစ်နိုင်ငံ နယ်စပ်ဒေသကို ခရီးသွားလာခြင်း မပြုလုပ်ရန် မြန်မာသံရုံးအသိပေး

460

စော(NP News)- ဇူလိုင် ၂၅
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေသော ထိုင်းနှင့် ကမ္ဘောဒီယားနယ်စပ်ဒေသကို ခရီးသွားလာခြင်း မပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဇူလိုင် ၂၅ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ဒေသတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ် လျက်ရှိပြီး နယ်စပ်ဒေသတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးလျက်ရှိသည်ကို သတင်းများအရ သိရှိရကြောင်း မြန်မာသံရုံးကဆိုသည်။
အဆိုပါနှစ်နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ရပ်တည်ထားကြောင်း ဖော်ပြထားချက်အရ သိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်းကို ရှောင်ရှားကြပါရန်နှင့် နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန်အတွက် မိမိတို့၏ လုံခြုံရေးကို သတိပြုကြရန် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ထိုင်းနှင့် ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲရှိပါ က မြန်မာသံရုံး များသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (ဇူလိုင် ၂၄ရက်)တွင် ပြောဆိုခဲ့သည်။

Zawgyi Version:
ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားကို အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားေနေသာ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသကို ခရီးသြားလာျခင္း မျပဳလုပ္ရန္ ျမန္မာသံ႐ုံးအသိေပး
ေစာ(NP News)- ဇူလိုင္ ၂၅
ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားကို အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားေနေသာ ထိုင္းႏွင့္ ကေမာၻဒီယားနယ္စပ္ေဒသကို ခရီးသြားလာျခင္း မျပဳလုပ္ရန္ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ဇူလိုင္ ၂၅ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ထိုင္းႏွင့္ ကေမာၻဒီးယား ႏွစ္ႏိုင္ငံနယ္စပ္ေဒသတြင္ အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ေပၚ လ်က္ရွိၿပီး နယ္စပ္ေဒသတြင္ ေနထိုင္လ်က္ရွိသည့္ ျပည္သူမ်ားအား အႏၲရာယ္ကင္းရာသို႔ ေ႐ြ႕ေျပာင္းရန္ သတိေပးလ်က္ရွိသည္ကို သတင္းမ်ားအရ သိရွိရေၾကာင္း ျမန္မာသံ႐ုံးကဆိုသည္။
အဆိုပါႏွစ္ႏိုင္ငံတို႔သည္ ျမန္မာႏိုင္ငံႏွင့္ ခ်စ္ၾကည္ရင္းႏွီးသည့္ ႏိုင္ငံမ်ားျဖစ္ၾကၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားလည္း ျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္ႏိုင္ငံၾကား လက္ရွိျဖစ္ေပၚလ်က္ရွိသည့္ ျပႆနာမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္မည္ဟု ယုံၾကည္ရပ္တည္ထားေၾကာင္း ေဖာ္ျပထားခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ထိုင္းႏွင့္ ကေမာၻဒီးယား နယ္စပ္ေဒသသို႔ ခရီးသြားလာျခင္းကို ေရွာင္ရွားၾကပါရန္ႏွင့္ ႏွစ္ႏိုင္ငံအၾကား ျဖစ္ေပၚေနသည့္ ပဋိပကၡမ်ားအၾကား မလိုလားအပ္သည့္ ျဖစ္ရပ္မ်ားျဖစ္ေပၚျခင္း မရွိေစရန္အတြက္ မိမိတို႔၏ လုံၿခဳံေရးကို သတိျပဳၾကရန္ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။
အဆိုပါ ထိုင္းႏွင့္ ကေမာၻဒီးယားေရာက္ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ အခက္အခဲရွိပါ က ျမန္မာသံ႐ုံး မ်ားသို႔ ဆက္သြယ္ အကူအညီေတာင္းခံႏိုင္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔ (ဇူလိုင္ ၂၄ရက္)တြင္ ေျပာဆိုခဲ့သည္။