ငပလီကမ်းခြေဒေသတွင် ပင်လယ်မှ ဝင်ပေါက်အချို့ကို AA က သံဆူးကာရံ ပိတ်ဆို့ထား

1884

သက်ပိုင် (NP News) - ဇူလိုင် ၂၆
မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သော ငပလီကမ်းခြေဒေသတွင် ပင်လယ်ထွက်ပေါက် အချို့ကို AA အဖွဲ့က သံဆူးကြိုးများဖြင့် ကာရံပိတ် ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ကမ်းခြေ တစ်လျှောက်ရှိ ခြောက်မိုင်ခန့်ကို (၈) ပေခန့် အမြင့် ရှိသော သံဆူးကြိုးများဖြင့် ကာရံထားခြင်းဖြစ်ပြီး ဝင်ပေါက်ထွက်ပေါက်တစ်ခုသာ ထားရှိကြောင်း ဒေသခံများကဆိုသည်။
“သံဆူးကြိုးတွေက ရှစ်ပေလောက်မြင့်တယ်။ တစ်ချောင်းနဲ့တစ်ချောင်းက ခြောက်လက်မ လောက်ပဲ ခြားတယ်။ သံဆူးကြိုးတွေကို မဒေးတောင် ကနေ လင်းသာကမ်းခြေအထိ တစ်ဖြတ်ခတ်ထား တယ်။ ဂေါက်ကလပ် အနားကျတော့ ကျောက်ဆောင် တွေနဲ့ဆိုတော့ ခတ်မရလို့ မခတ်ဘဲနဲ့ ဂေါက်ကလပ် အကျော် ရေသူမရုပ်တုရှိတဲ့ အဏ္ဏဝါ ရိပ်သာကနေ လေယာဉ်ကွင်းအထိ ခတ်ထားတာ။ စုစုပေါင်း ခြောက်မိုင်လောက်ရှိမယ်” ဟု မျက်မြင်ဒေသခံတစ်ဦး ကပြောသည်။
ပြည်သူများအနေဖြင့် ကမ်းခြေသို့ ငါးရှာ ထွက်လိုပါက AA အဖွဲ့ နေရာယူထားသည့် သမ္မန် ချိုင်ဟိုတယ်သို့ သွားရောက်ကာ ခွင့်တောင်းရပြီး ကမ်းပေါ်ပြန်တက်လိုပါကလည်း အဆိုပါဟိုတယ် ဝင်းမှတစ်ဆင့် ပြန်ဝင်ရကြောင်းနှင့် ယင်းနေရာတွင် AA အဖွဲ့မှ လက်နက်များဖြင့် နေထိုင်လျက်ရှိကြောင်း ဒေသခံများကဆိုသည်။ “လက်ရှိမှာ သူတို့က သမ္မန် ချိုင်ဟိုတယ်မှာ နေရာယူပြီး ကမ်းခြေဆင်းခွင့်ကို ချုပ် ကိုင်ထားတယ်။ ငါးရှာသွားတာကလွဲပြီးတော့ တော်ရုံ လူ မဆင်းရဘူး။ နောက်ပြီး ကမ်းခြေအနားက အချို့ ရပ်ကွက်တွေဆိုရင် အခုအထိ လူတွေ မနေခိုင်းသေး ဘူး။ ဂျိတ်တော၊ မြပြင်၊ လင်းသာ ဘက်တွေဆိုရင် နေဖို့သာသာ ရပ်ကွက်ထဲတောင် အဝင်မခံဘူး ” ဟု ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် ငပလီကမ်းခြေတစ်လျှောက်ရှိ ဟိုတယ်နှင့် လူနေအိမ်များမှ ပစ္စည်းများကို AA အဖွဲ့၏ လက်ပါးစေများက ခိုးယူရောင်းချနေကြပြီး လက်ရှိတွင် နေအိမ်နှင့် ဟိုတယ်များရှိ ပစ္စည်းအများစုမှာ မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။ AA အနေဖြင့် သံတွဲမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်း ငပလီကမ်းခြေ၏ အထင်ကရပြယုဂ်တစ်ခုဖြစ်သော ရေ သူမ ရုပ်တုကို ဖျက်ဆီးခဲ့ပြီးနောက် ယခုကဲ့သို့ ငပလီ ကမ်းခြေကို သံဆူးကြိုးခတ်ခြင်းကိုပါ ပြုလုပ်လာခြင်း လည်းဖြစ် သည်။

Zawgyi Version:
ငပလီကမ္းေျခေဒသတြင္ ပင္လယ္မွ ဝင္ေပါက္အခ်ိဳ႕ကို AA က သံဆူးကာရံ ပိတ္ဆို႔ထား
သက္ပိုင္ (NP News) - ဇူလိုင္ ၂၆
ျမန္မာႏိုင္ငံ၏ အထင္ကရ ေနရာတစ္ခုျဖစ္ေသာ ငပလီကမ္းေျခေဒသတြင္ ပင္လယ္ထြက္ေပါက္ အခ်ိဳ႕ကို AA အဖြဲ႕က သံဆူးႀကိဳးမ်ားျဖင့္ ကာရံပိတ္ ဆို႔ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဧၿပီလမွစတင္ကာ ကမ္းေျခ တစ္ေလွ်ာက္ရွိ ေျခာက္မိုင္ခန႔္ကို (၈) ေပခန႔္ အျမင့္ ရွိေသာ သံဆူးႀကိဳးမ်ားျဖင့္ ကာရံထားျခင္းျဖစ္ၿပီး ဝင္ေပါက္ထြက္ေပါက္တစ္ခုသာ ထားရွိေၾကာင္း ေဒသခံမ်ားကဆိုသည္။
“သံဆူးႀကိဳးေတြက ရွစ္ေပေလာက္ျမင့္တယ္။ တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္းက ေျခာက္လက္မ ေလာက္ပဲ ျခားတယ္။ သံဆူးႀကိဳးေတြကို မေဒးေတာင္ ကေန လင္းသာကမ္းေျခအထိ တစ္ျဖတ္ခတ္ထား တယ္။ ေဂါက္ကလပ္ အနားက်ေတာ့ ေက်ာက္ေဆာင္ ေတြနဲ႔ဆိုေတာ့ ခတ္မရလို႔ မခတ္ဘဲနဲ႔ ေဂါက္ကလပ္ အေက်ာ္ ေရသူမ႐ုပ္တုရွိတဲ့ အဏၰဝါ ရိပ္သာကေန ေလယာဥ္ကြင္းအထိ ခတ္ထားတာ။ စုစုေပါင္း ေျခာက္မိုင္ေလာက္ရွိမယ္” ဟု မ်က္ျမင္ေဒသခံတစ္ဦး ကေျပာသည္။
ျပည္သူမ်ားအေနျဖင့္ ကမ္းေျခသို႔ ငါးရွာ ထြက္လိုပါက AA အဖြဲ႕ ေနရာယူထားသည့္ သမၼန္ ခ်ိဳင္ဟိုတယ္သို႔ သြားေရာက္ကာ ခြင့္ေတာင္းရၿပီး ကမ္းေပၚျပန္တက္လိုပါကလည္း အဆိုပါဟိုတယ္ ဝင္းမွတစ္ဆင့္ ျပန္ဝင္ရေၾကာင္းႏွင့္ ယင္းေနရာတြင္ AA အဖြဲ႕မွ လက္နက္မ်ားျဖင့္ ေနထိုင္လ်က္ရွိေၾကာင္း ေဒသခံမ်ားကဆိုသည္။ “လက္ရွိမွာ သူတို႔က သမၼန္ ခ်ိဳင္ဟိုတယ္မွာ ေနရာယူၿပီး ကမ္းေျခဆင္းခြင့္ကို ခ်ဳပ္ ကိုင္ထားတယ္။ ငါးရွာသြားတာကလြဲၿပီးေတာ့ ေတာ္႐ုံ လူ မဆင္းရဘူး။ ေနာက္ၿပီး ကမ္းေျခအနားက အခ်ိဳ႕ ရပ္ကြက္ေတြဆိုရင္ အခုအထိ လူေတြ မေနခိုင္းေသး ဘူး။ ဂ်ိတ္ေတာ၊ ျမျပင္၊ လင္းသာ ဘက္ေတြဆိုရင္ ေနဖို႔သာသာ ရပ္ကြက္ထဲေတာင္ အဝင္မခံဘူး ” ဟု ေဒသခံတစ္ဦးကေျပာသည္။
ထို႔ျပင္ ငပလီကမ္းေျခတစ္ေလွ်ာက္ရွိ ဟိုတယ္ႏွင့္ လူေနအိမ္မ်ားမွ ပစၥည္းမ်ားကို AA အဖြဲ႕၏ လက္ပါးေစမ်ားက ခိုးယူေရာင္းခ်ေနၾကၿပီး လက္ရွိတြင္ ေနအိမ္ႏွင့္ ဟိုတယ္မ်ားရွိ ပစၥည္းအမ်ားစုမွာ မရွိေတာ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ AA အေနျဖင့္ သံတြဲၿမိဳ႕ကို ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္း ငပလီကမ္းေျခ၏ အထင္ကရျပယုဂ္တစ္ခုျဖစ္ေသာ ေရ သူမ ႐ုပ္တုကို ဖ်က္ဆီးခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ငပလီ ကမ္းေျခကို သံဆူးႀကိဳးခတ္ျခင္းကိုပါ ျပဳလုပ္လာျခင္း လည္းျဖစ္ သည္။