ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်နိုင်ပြီးနောက် မြဝတီအထိ လမ်းပြန်ပွင့်ဖွယ်ရှိ

 849

သုတကျော် (NP News) - ဇူလိုင် ၂၇

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ပြီးနောက် မြဝတီအထိ လမ်းတစ်လျှောက် လမ်းကြောင်း ပြန်ပွင့်ဖွယ်ရှိကြောင်း NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
အာရှလမ်းမကြီးပေါ်ရှိ အဓိက အချက်အချာကျသည့် ကော့ကရိတ်မြို့နှင့် ဘားအံ-ကော့က ရိတ်-မြဝတီ အာရှ လမ်းမကြီးကို ထိန်းချုပ်ရန်၊ နယ်စပ်ကုန်စည်စီးဆင်းမှုနှင့် အစိုးရအုပ်ချုပ်မှု ယန္တရားများ ရပ်တန့်စေရန် ရည်ရွယ်၍ KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များကို အပြီးအပိုင် သိမ်းပိုက်ရန်အတွက် (၂၀၂၄) ခုနှစ် ဧပြီလဆန်းပိုင်းမှစကာ သာလွန်အင်အားများဖြင့် ကော့ကရိတ်-သင်္ဃန်းညီ နောင်လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်း ကျေးရွာတို့မှ လည်းကောင်း၊ မြို့တောင်ဘက် လမ်းဖာ-အစွန်း- တမိုင်ကုန်းမှ လည်းကောင်း၊ စစ်ကြောင်း နှစ်ကြောင်း ဖြင့် ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အပြင် အဝေးမှနေ၍ လက်နက် ကြီးများဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ ကြောင့် ပျက်စီးမှုများဖြစ်ခဲ့ရကာ ပြည်သူများစွာ တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။
ယင်းနောက် တပ်မတော်စစ်ကြောင်းများအနေဖြင့် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်များ ရန်သူ့ လက်သို့ ကျရောက်ခြင်းမရှိစေရေးအတွက် မြို့တွင်း ခုခံစစ်မှ တန်ပြန်တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့ရာ ဧပြီလ (၁၉) ရက်မှ (၂၂) ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်း သူများသည် အထိအခိုက် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန် ချက်အရ သိရ သည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို ပြန်လည် အကောင်အထည် ဖော်ရန်အတွက် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ-ကျုံဒိုး-ကော့ကရိတ်- မြဝတီ အာရှလမ်းမ ကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ကို အပြီးအပိုင် သိမ်းပိုက်နိုင်ရေးအတွက် (၂၀၂၅) ခုနှစ် ဧပြီလ (၁၃) ရက်မှစ၍ သာလွန်အင်အားများဖြင့် လမ်းကြောင်း (၅) ကြောင်းဖြစ်သည့် အောက်ဘိုတဲ- ရန်ကုတ်- ကော့ကရိတ် လမ်းကြောင်း၊ အောက်ဘိုတဲ- မြပတိုင်- အုန်းတပင်- အင်းကြီး- ကျုံဒိုး လမ်းကြောင်း၊ ဓိကလုံ-နောင်တမံ-တာဝါလဲ- နွားခြံကုန်း-ကျုံဒိုးလမ်းကြောင်း၊ တောင်ကြာအင်း-မြောက်ကြာအင်း ကိုးတိုင်- ငါးတိုင် လေးတိုင် လမ်း ကြောင်း၊ စက္ကဝက်-အောင်လှိုင်- တမိုင်ကုန်း- ကော့ကရိတ် လမ်းကြောင်းများဖြင့် ထပ်မံဝင်ရောက်လာပြီး ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ကိုပိတ်ဆို့ပြီး ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ တို့ကို အပြင်းအထန်တိုက်ခိုက်လာခဲ့ကြောင်း ဖော်ပြထား သည်။
ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်သွားခဲ့ပြီး အဆိုပါဒေသရှိ ဒေသခံ တိုင်းရင်းသားပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုရင်ဆိုင်ကြုံ တွေ့ခဲ့ရကာ နေထိုင်စားသောက်ရေးတို့ တွင် များစွာအခက်အခဲဖြစ်ပေါ်ခဲ့ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်မှုများနိမ့်ကျခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ KNU ၊ KNLA နှင့် PDF အကြမ်း ဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက် ပိတ်ဆို့ထားသည့် လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ သွားလာနိုင်ရေးအတွက် (၂၀၂၅) ခုနှစ် ဧပြီလ (၁၃) ရက်မှစ၍ တပ်မတော်စစ်ကြောင်းများက ကျုံဒိုး-ကော့ကရိတ်ကြားတွင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူ များကို ရဲရဲတက် ၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းခဲ့ရာ စစ်ဆင် ရေး ကာလ (၃) လကျော်အတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး (၇) ကြိမ်၊ ထိတွေ့ တိုက်ပွဲ (၈၅) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ ခေါင်းဆောင်ပိုင်းအချို့ ပြင်းထန်စွာဒဏ်ရာရရှိခြင်း အပါအဝင် ရန်သူထံမှ အလောင်း (၁၇) လောင်း၊ လက်နက် မျိုးစုံ (၃၀) လက်နှင့် ဆက်စပ်ပစ္စည်း များကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော် သား အချို့ထိခိုက်ကျဆုံးခဲ့ပြီး ဇူလိုင်လ (၂၄) ရက်တွင် ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ကာ ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်ကို တပ်မတော်က အပြီးတိုင် ရိုက်ချိုးနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖရိုဖရဲဖြင့်ဆုတ်ခွာထွက်ပြေးစဉ် ဆောင်ရွက်နေကြဖြစ်သည့် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကား လမ်းများပေါ်၌ သစ်ပင်သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ်ပိတ်ဆို့ခြင်း၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ကြားရှိ ညီညာသာ လင်း တံတားနှင့် (၅) တိုင် တံတားအပါအဝင် အခြားလမ်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင် ခဲ့ကြောင်း တွေ့ရှိ ရကြောင်း နစက၏ ထုတ်ပြန်ချက် တွင် ရေးသားထားသည်။
“ကျုံဒိုး - ကော့ကရိတ်လမ်းပိုင်းကို ရပြီးတဲ့နောက် သင်္ဃန်းညီနောင်ဘက်ကိုတော့ တိုက်ရလိမ့်မယ်။ ပြီးရင်တော့ မြဝတီအထိ လမ်း ကြောင်း ပြန်ဖွင့်နိုင်မှာပါ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်း မပွင့်သေး မီအချိန်က ကော့ကရိတ်ပြည်သူများအနေဖြင့် ကုန် ဈေးနှုန်းမြင့် တက်သည့်ဒဏ်ကို အလွန်အမင်း ခံစားခဲ့ရပြီး လက်ရှိလမ်းပြန်ပွင့်ပြီးနောက် ကုန်ဈေးနှုန်း တရိပ်ရိပ်ပြန်ကျ လာနေ ကြောင်း ကော့ကရိတ် ဒေသခံတစ်ဦးက ပြောသည်။
“အခုကတော့ ဈေးကြီးတဲ့ဘေးကနေ လွတ်သွားပြီပေါ့။ အရင်တုန်းက အရမ်းဒုက္ခရောက်တာ။ ဈေးတွေက ဥပမာ ပြောပြမယ်နော် ဓာတ်ဆီ တစ်လီတာကို လေးသောင်း၊ ကြက်သွန်နီ တစ်ပိဿာ ကိုလေးသောင်း၊ ကြက်သွန်ဖြူ တစ်ပိဿာကို တစ် သိန်းခွဲဖြစ်သွားတာ။ အဲဒါ လမ်းမပွင့်ခင် နောက် ဆုံးဈေးပါ}} ဟု ဒေသခံတစ်ဦးက ဆိုသည်။
မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ မဆက်ချိတ်နိုင်သေးသော်လည်း ကျုံဒိုးမြို့တွင် ကုန်ဈေးနှုန်း အလွန်အမင်း မမြင့်မားသောကြောင့် ယခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့မှ လာရောက် ဈေးဝယ်ယူနိုင်တော့ မည်ဖြစ်ရာ ဈေးပိုကျမည်ဟု ခန့်မှန်းကြောင်း ကျုံဒိုးမြို့ခံတစ်ဦးကဆိုသည်။
သင်္ဃန်းညီနောင်မြို့အထိ တပ်မတော်က ဆက်လက်တိုက်ခိုက်ပါက လမ်းပြန်ပွင့်မည်ဟု မျှော်လင့်ကြောင်း လည်း ၎င်းကဆိုသည်။
“ဖိဖိစီးစီးလုပ်မယ်ဆိုရင် သင်္ဃန်းညီနောင်ကို ရနိုင်မယ်ထင်ပါတယ်။ အဖွဲ့အစည်းက တပ်မတော်နဲ့ပူးပေါင်း မယ်ဆိုရင်ပေါ့။ သင်္ဃန်းညီ နောင်မှာက သူတို့ အင်အားက အဲဒီလောက်မရှိဘူး။ PDF အင်အားကလည်း အကောက် ကောက်တဲ့ သူလောက်ပဲ။ အရင်တုန်းက သင်္ဃန်းညီနောင်ကို တိုက်သလို အင်အားတော့မများတာမြင်ရတယ်” ဟု ၎င်းကဆိုသည်။ လက်နက်ကိုင်များအနေဖြင့် ယင်းလမ်းပိုင်းကိုပိတ်ကာ ရှောင်ကွင်းလမ်းများမှ ပိုက်ဆံရနေသော ကြောင့် အဆိုပါလမ်းပိုင်း အလုံးစုံ ပွင့်မည်ကို မလိုလားကြကြောင်းလည်း ဒေသခံများက ဆိုသည်။

Zawgyi Version:
က်ဳံဒိုး-ေကာ့ကရိတ္လမ္းပိုင္းကို ျပန္လည္ ဖြင့္လွစ္ႏိုင္ၿပီးေနာက္ ျမဝတီအထိ လမ္းျပန္ပြင့္ဖြယ္ရွိ
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၇

က်ဳံဒိုး-ေကာ့ကရိတ္လမ္းပိုင္းကို ျပန္လည္ဖြင့္လွစ္ႏိုင္ၿပီးေနာက္ ျမဝတီအထိ လမ္းတစ္ေလွ်ာက္ လမ္းေၾကာင္း ျပန္ပြင့္ဖြယ္ရွိေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
အာရွလမ္းမႀကီးေပၚရွိ အဓိက အခ်က္အခ်ာက်သည့္ ေကာ့ကရိတ္ၿမိဳ႕ႏွင့္ ဘားအံ-ေကာ့က ရိတ္-ျမဝတီ အာရွ လမ္းမႀကီးကို ထိန္းခ်ဳပ္ရန္၊ နယ္စပ္ကုန္စည္စီးဆင္းမႈႏွင့္ အစိုးရအုပ္ခ်ဳပ္မႈ ယႏၲရားမ်ား ရပ္တန႔္ေစရန္ ရည္႐ြယ္၍ KNU ၊ KNLA ႏွင့္ PDF အၾကမ္းဖက္ပူးေပါင္းအဖြဲ႕မ်ားသည္ ေကာ့ကရိတ္ၿမိဳ႕ႏွင့္ နယ္ေျမခံတပ္ဌာနခ်ဳပ္မ်ားကို အၿပီးအပိုင္ သိမ္းပိုက္ရန္အတြက္ (၂၀၂၄) ခုႏွစ္ ဧၿပီလဆန္းပိုင္းမွစကာ သာလြန္အင္အားမ်ားျဖင့္ ေကာ့ကရိတ္-သဃၤန္းညီ ေနာင္လမ္းေဟာင္းအတိုင္း ေကာ့ကရိတ္ၿမိဳ႕ ေျမာက္ဘက္ရွိ ေကာင္းမႈေက်း႐ြာ၊ ရန္ကုတ္ေက်း႐ြာႏွင့္ ေၾကာင္ရွာကုန္း ေက်း႐ြာတို႔မွ လည္းေကာင္း၊ ၿမိဳ႕ေတာင္ဘက္ လမ္းဖာ-အစြန္း- တမိုင္ကုန္းမွ လည္းေကာင္း၊ စစ္ေၾကာင္း ႏွစ္ေၾကာင္း ျဖင့္ ေကာ့ကရိတ္ၿမိဳ႕အတြင္းသို႔ ဝင္ေရာက္ႏိုင္ေရး ေဆာင္႐ြက္ခဲ့သည့္အျပင္ အေဝးမွေန၍ လက္နက္ ႀကီးမ်ားျဖင့္ ၿမိဳ႕တြင္းသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းမ်ား ေၾကာင့္ ပ်က္စီးမႈမ်ားျဖစ္ခဲ့ရကာ ျပည္သူမ်ားစြာ တိမ္းေရွာင္ခဲ့ရျခင္း ျဖစ္သည္။
ယင္းေနာက္ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ေကာ့ကရိတ္ၿမိဳ႕ႏွင့္ နယ္ေျမခံတပ္ရင္း ဌာနခ်ဳပ္မ်ား ရန္သူ႔ လက္သို႔ က်ေရာက္ျခင္းမရွိေစေရးအတြက္ ၿမိဳ႕တြင္း ခုခံစစ္မွ တန္ျပန္တိုက္စစ္ျဖင့္ တိုက္ခိုက္ခဲ့ရာ ဧၿပီလ (၁၉) ရက္မွ (၂၂) ရက္အထိ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္ေသာင္းက်န္း သူမ်ားသည္ အထိအခိုက္ အက်အဆုံးမ်ားစြာျဖင့္ ဖ႐ိုဖရဲ ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ ခ်က္အရ သိရ သည္။
အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ၎တို႔၏ စစ္ေရးရည္မွန္းခ်က္မ်ားကို ျပန္လည္ အေကာင္အထည္ ေဖာ္ရန္အတြက္ နယ္စပ္ကုန္သြယ္ ေရးလမ္းေၾကာင္းတြင္ အဓိကအခ်က္အခ်ာက်သည့္ ဘားအံ-က်ဳံဒိုး-ေကာ့ကရိတ္- ျမဝတီ အာရွလမ္းမ ႀကီးႏွင့္ က်ဳံဒိုးၿမိဳ႕ႏွင့္ ေကာ့ကရိတ္ၿမိဳ႕ကို အၿပီးအပိုင္ သိမ္းပိုက္ႏိုင္ေရးအတြက္ (၂၀၂၅) ခုႏွစ္ ဧၿပီလ (၁၃) ရက္မွစ၍ သာလြန္အင္အားမ်ားျဖင့္ လမ္းေၾကာင္း (၅) ေၾကာင္းျဖစ္သည့္ ေအာက္ဘိုတဲ- ရန္ကုတ္- ေကာ့ကရိတ္ လမ္းေၾကာင္း၊ ေအာက္ဘိုတဲ- ျမပတိုင္- အုန္းတပင္- အင္းႀကီး- က်ဳံဒိုး လမ္းေၾကာင္း၊ ဓိကလုံ-ေနာင္တမံ-တာဝါလဲ- ႏြားၿခံကုန္း-က်ဳံဒိုးလမ္းေၾကာင္း၊ ေတာင္ၾကာအင္း-ေျမာက္ၾကာအင္း ကိုးတိုင္- ငါးတိုင္ ေလးတိုင္ လမ္း ေၾကာင္း၊ စကၠဝက္-ေအာင္လႈိင္- တမိုင္ကုန္း- ေကာ့ကရိတ္ လမ္းေၾကာင္းမ်ားျဖင့္ ထပ္မံဝင္ေရာက္လာၿပီး က်ဳံဒိုး-ေကာ့ကရိတ္-ျမဝတီ အာရွလမ္းမႀကီး ကိုပိတ္ဆို႔ၿပီး က်ဳံဒိုးၿမိဳ႕ႏွင့္ ေကာ့ကရိတ္ၿမိဳ႕ တို႔ကို အျပင္းအထန္တိုက္ခိုက္လာခဲ့ေၾကာင္း ေဖာ္ျပထား သည္။
ထိုသို႔ ပိတ္ဆို႔တိုက္ခိုက္မႈမ်ားေၾကာင့္ ေဒသတြင္း ကုန္စည္စီးဆင္းမႈရပ္တန႔္သြားခဲ့ၿပီး အဆိုပါေဒသရွိ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားသည္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားကိုရင္ဆိုင္ႀကဳံ ေတြ႕ခဲ့ရကာ ေနထိုင္စားေသာက္ေရးတို႔ တြင္ မ်ားစြာအခက္အခဲျဖစ္ေပၚခဲ့ကာ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုး တက္မႈမ်ားနိမ့္က်ခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ထိုသို႔ KNU ၊ KNLA ႏွင့္ PDF အၾကမ္း ဖက္ပူးေပါင္းအဖြဲ႕မ်ား ေႏွာင့္ယွက္ ပိတ္ဆို႔ထားသည့္ လမ္းေၾကာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ေရးႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲ သြားလာႏိုင္ေရးအတြက္ (၂၀၂၅) ခုႏွစ္ ဧၿပီလ (၁၃) ရက္မွစ၍ တပ္မေတာ္စစ္ေၾကာင္းမ်ားက က်ဳံဒိုး-ေကာ့ကရိတ္ၾကားတြင္ အဖ်က္အေမွာင့္ လုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားကို ရဲရဲတက္ ၊ ရဲရဲတိုက္၊ ရဲရဲေခ်မႈန္းခဲ့ရာ စစ္ဆင္ ေရး ကာလ (၃) လေက်ာ္အတြင္း အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး (၇) ႀကိမ္၊ ထိေတြ႕ တိုက္ပြဲ (၈၅) ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ရန္သူ ေခါင္းေဆာင္ပိုင္းအခ်ိဳ႕ ျပင္းထန္စြာဒဏ္ရာရရွိျခင္း အပါအဝင္ ရန္သူထံမွ အေလာင္း (၁၇) ေလာင္း၊ လက္နက္ မ်ိဳးစုံ (၃၀) လက္ႏွင့္ ဆက္စပ္ပစၥည္း မ်ားကို သိမ္းပိုက္ရရွိခဲ့ၿပီး တပ္မေတာ္ သား အခ်ိဳ႕ထိခိုက္က်ဆုံးခဲ့ၿပီး ဇူလိုင္လ (၂၄) ရက္တြင္ က်ဳံဒိုး-ေကာ့ကရိတ္ လမ္းေၾကာင္းတစ္ေလွ်ာက္ကို ျပန္လည္ထိန္းခ်ဳပ္ဖြင့္လွစ္ႏိုင္ခဲ့ကာ ၎တို႔၏ စစ္ေရး ရည္မွန္းခ်က္ကို တပ္မေတာ္က အၿပီးတိုင္ ႐ိုက္ခ်ိဳးႏိုင္ခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ဖ႐ိုဖရဲျဖင့္ဆုတ္ခြာထြက္ေျပးစဥ္ ေဆာင္႐ြက္ေနၾကျဖစ္သည့္ အဖ်က္အေမွာင့္လုပ္ငန္းမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ လုပ္ေဆာင္ခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ ကား လမ္းမ်ားေပၚ၌ သစ္ပင္သစ္ကိုင္းမ်ားျဖင့္ ကန႔္လန႔္ျဖတ္ပိတ္ဆို႔ျခင္း၊ က်ဳံဒိုးၿမိဳ႕ႏွင့္ ေကာ့ကရိတ္ၿမိဳ႕ၾကားရွိ ညီညာသာ လင္း တံတားႏွင့္ (၅) တိုင္ တံတားအပါအဝင္ အျခားလမ္း၊ တံတားမ်ားကို မိုင္းခြဲဖ်က္ဆီးျခင္းမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း ေတြ႕ရွိ ရေၾကာင္း နစက၏ ထုတ္ျပန္ခ်က္ တြင္ ေရးသားထားသည္။
“က်ဳံဒိုး - ေကာ့ကရိတ္လမ္းပိုင္းကို ရၿပီးတဲ့ေနာက္ သဃၤန္းညီေနာင္ဘက္ကိုေတာ့ တိုက္ရလိမ့္မယ္။ ၿပီးရင္ေတာ့ ျမဝတီအထိ လမ္း ေၾကာင္း ျပန္ဖြင့္ႏိုင္မွာပါ” ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
က်ဳံဒိုး - ေကာ့ကရိတ္ လမ္းပိုင္း မပြင့္ေသး မီအခ်ိန္က ေကာ့ကရိတ္ျပည္သူမ်ားအေနျဖင့္ ကုန္ ေဈးႏႈန္းျမင့္ တက္သည့္ဒဏ္ကို အလြန္အမင္း ခံစားခဲ့ရၿပီး လက္ရွိလမ္းျပန္ပြင့္ၿပီးေနာက္ ကုန္ေဈးႏႈန္း တရိပ္ရိပ္ျပန္က် လာေန ေၾကာင္း ေကာ့ကရိတ္ ေဒသခံတစ္ဦးက ေျပာသည္။
“အခုကေတာ့ ေဈးႀကီးတဲ့ေဘးကေန လြတ္သြားၿပီေပါ့။ အရင္တုန္းက အရမ္းဒုကၡေရာက္တာ။ ေဈးေတြက ဥပမာ ေျပာျပမယ္ေနာ္ ဓာတ္ဆီ တစ္လီတာကို ေလးေသာင္း၊ ၾကက္သြန္နီ တစ္ပိႆာ ကိုေလးေသာင္း၊ ၾကက္သြန္ျဖဴ တစ္ပိႆာကို တစ္ သိန္းခြဲျဖစ္သြားတာ။ အဲဒါ လမ္းမပြင့္ခင္ ေနာက္ ဆုံးေဈးပါ}} ဟု ေဒသခံတစ္ဦးက ဆိုသည္။
ျမဝတီၿမိဳ႕ဘက္မွ ေကာ့ကရိတ္ၿမိဳ႕ဘက္သို႔ မဆက္ခ်ိတ္ႏိုင္ေသးေသာ္လည္း က်ဳံဒိုးၿမိဳ႕တြင္ ကုန္ေဈးႏႈန္း အလြန္အမင္း မျမင့္မားေသာေၾကာင့္ ယခုရက္ပိုင္းအတြင္း ေကာ့ကရိတ္ၿမိဳ႕မွ လာေရာက္ ေဈးဝယ္ယူႏိုင္ေတာ့ မည္ျဖစ္ရာ ေဈးပိုက်မည္ဟု ခန႔္မွန္းေၾကာင္း က်ဳံဒိုးၿမိဳ႕ခံတစ္ဦးကဆိုသည္။
သဃၤန္းညီေနာင္ၿမိဳ႕အထိ တပ္မေတာ္က ဆက္လက္တိုက္ခိုက္ပါက လမ္းျပန္ပြင့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း လည္း ၎ကဆိုသည္။
“ဖိဖိစီးစီးလုပ္မယ္ဆိုရင္ သဃၤန္းညီေနာင္ကို ရႏိုင္မယ္ထင္ပါတယ္။ အဖြဲ႕အစည္းက တပ္မေတာ္နဲ႔ပူးေပါင္း မယ္ဆိုရင္ေပါ့။ သဃၤန္းညီ ေနာင္မွာက သူတို႔ အင္အားက အဲဒီေလာက္မရွိဘူး။ PDF အင္အားကလည္း အေကာက္ ေကာက္တဲ့ သူေလာက္ပဲ။ အရင္တုန္းက သဃၤန္းညီေနာင္ကို တိုက္သလို အင္အားေတာ့မမ်ားတာျမင္ရတယ္” ဟု ၎ကဆိုသည္။ လက္နက္ကိုင္မ်ားအေနျဖင့္ ယင္းလမ္းပိုင္းကိုပိတ္ကာ ေရွာင္ကြင္းလမ္းမ်ားမွ ပိုက္ဆံရေနေသာ ေၾကာင့္ အဆိုပါလမ္းပိုင္း အလုံးစုံ ပြင့္မည္ကို မလိုလားၾကေၾကာင္းလည္း ေဒသခံမ်ားက ဆိုသည္။

Related news

© 2021. All rights reserved.