တောင်ကိုရီးယားမှာ ရွှေ့ပြောင်းအလုပ်သမားကို ပစ္စည်းသယ်တဲ့ forklift မှာ ကြိုးနဲ့ချည်နှောင် အပြစ်ပေးထားတဲ့ ဗီဒီယိုကြောင့် လူအများ ဒေါသထွက်

 2287

ရောင်နီ (NP News) - ဇူလိုင် ၂၇

တောင်ကိုရီးယားနိုင်ငံ၊ တောင်ဂျိုလာ ပြည်နယ်၊ နာဂျူ ရှိ အုတ်စက်ရုံတစ်ခုမှာ သီရိလင်္ကာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားအမျိုးသားတစ်ဦးကို လုပ်ငန်းခွင်သုံး ပစ္စည်းသယ်တဲ့ forklift မှာ ကြိုးနဲ့ ချည်နှောင်ကာ အပြစ်ပေး ထားတဲ့ဗီဒီယိုတစ်ခု ဇွန်လ ၂၄ ရက်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လူထုကို ဒေါသထွက်စေခဲ့ပါတယ်။
အဆိုပါဗီဒီယိုဟာ ဇူလိုင်လ အစောပိုင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး တောင်ဂျယ်လိုပြည်နယ်မှာ အခြေစိုက်ရွှေ့ပြောင်း အလုပ်သမားများ လူ့အခွင့်အရေးကွန်ရက်က ဇူလိုင် ၂၄ ရက်က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ရယ်မောသံတွေ ကြားရပြီး ဒီအဖြစ်အပျက်ကို ဘယ်သူကမှ ဝင်ရောက်စွက်ဖက် တားမြစ်မှုမရှိခဲ့ပါဘူး။ အဖွဲ့ရဲ့အဆို အရ၊ ဗီဒီယိုထဲမှာ လူတစ်ဦးက "မင်း တောင်းပန်ပါတယ်လို့ ပြောသင့်တယ်” လို့ အပြစ်ပေးခံနေရသူကို ကြိမ်းမောင်း နေတာကြားရတယ်လို့ ဆိုပါတယ်။
နစ်နာသူဟာ အသက် ၃၀ နှစ်အရွယ် သီရိလင်္ကာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး အဆိုပါဖြစ်ရပ်အပြီးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
"လူသားတစ်ယောက်အနေနဲ့ အလုပ်သမားရဲ့အခြေခံဂုဏ်သိက္ခာကို လုံးဝ လျစ်လျူမရှုသင့်ပါဘူး” "ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပါတယ်" "ကမ္ဘာ့ယဉ်ကျေးမှုအင်အားကြီးနိုင်ငံနဲ့ စံပြဒီမိုကရေစီနိုင်ငံအဖြစ် လူသိများတဲ့ နိုင်ငံတစ်ခုမှာ ဒီလိုဖြစ်ရပ်မျိုးဖြစ်ပွားခဲ့တာကို လက်ခံဖို့ ခက်ပါတယ်။ ဒါက ထိခိုက်လွယ်တဲ့ လူနည်းစုအတွက် သည်းမခံနိုင်တဲ့ လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်" လို့ အရပ်ဘက်အဖွဲ့မှ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ ဒီဖြစ်ရပ် အတွက် အပြည့်အဝ စုံစမ်းစစ်ဆေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံဖို့ အာဏာပိုင်တွေကို တိုက်တွန်းထား တယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ေ႐ႊ႕ေျပာင္းအလုပ္သမားကို ပစၥည္းသယ္တဲ့ forklift မွာ ႀကိဳးနဲ႔ခ်ည္ေႏွာင္ အျပစ္ေပးထားတဲ့ ဗီဒီယိုေၾကာင့္ လူအမ်ား ေဒါသထြက္
ေရာင္နီ (NP News) - ဇူလိုင္ ၂၇
ေတာင္ကိုရီးယားႏိုင္ငံ၊ ေတာင္ဂ်ိဳလာ ျပည္နယ္၊ နာဂ်ဴ ရွိ အုတ္စက္႐ုံတစ္ခုမွာ သီရိလကၤာႏိုင္ငံသား ေ႐ႊ႕ေျပာင္း အလုပ္သမားအမ်ိဳးသားတစ္ဦးကို လုပ္ငန္းခြင္သုံး ပစၥည္းသယ္တဲ့ forklift မွာ ႀကိဳးနဲ႔ ခ်ည္ေႏွာင္ကာ အျပစ္ေပး ထားတဲ့ဗီဒီယိုတစ္ခု ဇြန္လ ၂၄ ရက္က အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး လူထုကို ေဒါသထြက္ေစခဲ့ပါတယ္။
အဆိုပါဗီဒီယိုဟာ ဇူလိုင္လ အေစာပိုင္းက ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ေတာင္ဂ်ယ္လိုျပည္နယ္မွာ အေျခစိုက္ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား လူ႔အခြင့္အေရးကြန္ရက္က ဇူလိုင္ ၂၄ ရက္က ေဖာ္ထုတ္ခဲ့တာျဖစ္ပါတယ္။ ဗီဒီယိုထဲမွာ ရယ္ေမာသံေတြ ၾကားရၿပီး ဒီအျဖစ္အပ်က္ကို ဘယ္သူကမွ ဝင္ေရာက္စြက္ဖက္ တားျမစ္မႈမရွိခဲ့ပါဘူး။ အဖြဲ႕ရဲ႕အဆို အရ၊ ဗီဒီယိုထဲမွာ လူတစ္ဦးက "မင္း ေတာင္းပန္ပါတယ္လို႔ ေျပာသင့္တယ္” လို႔ အျပစ္ေပးခံေနရသူကို ႀကိမ္းေမာင္း ေနတာၾကားရတယ္လို႔ ဆိုပါတယ္။
နစ္နာသူဟာ အသက္ ၃၀ ႏွစ္အ႐ြယ္ သီရိလကၤာႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အဆိုပါျဖစ္ရပ္အၿပီးမွာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရပါတယ္။
"လူသားတစ္ေယာက္အေနနဲ႔ အလုပ္သမားရဲ႕အေျခခံဂုဏ္သိကၡာကို လုံးဝ လ်စ္လ်ဴမရႈသင့္ပါဘူး” "ဒါဟာ လူမဆန္တဲ့လုပ္ရပ္ျဖစ္ပါတယ္" "ကမာၻ႔ယဥ္ေက်းမႈအင္အားႀကီးႏိုင္ငံနဲ႔ စံျပဒီမိုကေရစီႏိုင္ငံအျဖစ္ လူသိမ်ားတဲ့ ႏိုင္ငံတစ္ခုမွာ ဒီလိုျဖစ္ရပ္မ်ိဳးျဖစ္ပြားခဲ့တာကို လက္ခံဖို႔ ခက္ပါတယ္။ ဒါက ထိခိုက္လြယ္တဲ့ လူနည္းစုအတြက္ သည္းမခံႏိုင္တဲ့ လုပ္ရပ္ျဖစ္ၿပီး လူ႔အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္တာ ျဖစ္ပါတယ္" လို႔ အရပ္ဘက္အဖြဲ႕မွ ဇူလိုင္ ၂၄ ရက္ နံနက္ပိုင္းက ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။ ဒီျဖစ္ရပ္ အတြက္ အျပည့္အဝ စုံစမ္းစစ္ေဆးဖို႔နဲ႔ ျပစ္မႈက်ဴးလြန္သူေတြကို တာဝန္ခံဖို႔ အာဏာပိုင္ေတြကို တိုက္တြန္းထား တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.