'Extraordinary Attorney Woo' ဇာတ်ကားကို အမေရိကန်ဗားရှင်း ပြန်ရိုက်မည်

138

ရောင်နီ (NP News) - ဇူလိုင် ၂၇
၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် တောင်ကိုရီးယားဒရာမာ 'Extraordinary Attorney Woo' ကို အမေရိကန်ဗားရှင်း ပြန်လည်ရိုက်ကူးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဇူလိုင်လ ၂၃ ရက်က US Entertainment မှ ဖော်ပြချက်အရ Netflix ဟာ နာမည်ကြီး ကိုရီးယားဒရာမာ 'Extraordinary Attorney Woo' ကို အင်္ဂလိပ်ဘာသာစကားနဲ့ ဗားရှင်းတစ်ခု ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အစီရင်ခံစာတွေအရ အဆိုပါ ဇာတ်ကားသစ်ကို 'Hart of Dixie' 'The Handmaid's Tale' နဲ့ 'CSI' ဇာတ်လမ်းတွေ ရေးသားခဲ့တဲ့ စာရေးဆရာ လိုင်လာဂါစတင် က ဇာတ်ညွှန်းရေးဆရာနဲ့ အမှုဆောင် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Netflix ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက် ပေးဖို့ ငြင်းဆိုထားပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လက ENA မှ ထုတ်လွှင့်ပြသခဲ့တဲ့ 'Extraordinary Attorney Woo' ဒရာမာကို ဉာဏ်ကြီးရှင် ရှေ့နေ ဝူယောင်းဝူအဖြစ် သရုပ်ဆောင် ပက်ခ်အွန်းဘင်က သရုပ်ဆောင်ထားပြီး 'Innocent Witness' ဇာတ်ကား ဇာတ်ညွှန်းရေးဆရာ မွန်းဂျီဝမ် က ရေးသားခဲ့ပါတယ်။ 'Extraordinary Attorney Woo' ဒရာမာဟာ ပထမအပိုင်း အတွက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၀.၉% နဲ့ စတင်ခဲ့ပေမယ့် နောက်ဆုံးအပိုင်းမှာ rating ၁၇.၅% အထိ မြင့်တက်ခဲ့ပြီး အဓိကသရုပ်ဆောင် ပက်ခ်အွန်းဘင်ဟာလည်း 59th Baeksang Arts Awards မှာ အမြင့်ဆုံးဆု ဖြစ်တဲ့ Grand Prize (Daesang) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒါအပြင် Extraordinary Attorney Woo ဟာ Netflix ရဲ့ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း ၁ဝ အင်္ဂလိပ် မဟုတ် သော တီဗီအမျိုးအစား)မှာ ခုနစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Zawgyi Version:
'Extraordinary Attorney Woo' ဇာတ္ကားကို အေမရိကန္ဗားရွင္း ျပန္႐ိုက္မည္
ေရာင္နီ (NP News) - ဇူလိုင္ ၂၇
၂၀၂၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ နာမည္ေက်ာ္ ေတာင္ကိုရီးယားဒရာမာ 'Extraordinary Attorney Woo' ကို အေမရိကန္ဗားရွင္း ျပန္လည္႐ိုက္ကူးေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
ဇူလိုင္လ ၂၃ ရက္က US Entertainment မွ ေဖာ္ျပခ်က္အရ Netflix ဟာ နာမည္ႀကီး ကိုရီးယားဒရာမာ 'Extraordinary Attorney Woo' ကို အဂၤလိပ္ဘာသာစကားနဲ႔ ဗားရွင္းတစ္ခု ႐ိုက္ကူးဖို႔ စီစဥ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အစီရင္ခံစာေတြအရ အဆိုပါ ဇာတ္ကားသစ္ကို 'Hart of Dixie' 'The Handmaid's Tale' နဲ႔ 'CSI' ဇာတ္လမ္းေတြ ေရးသားခဲ့တဲ့ စာေရးဆရာ လိုင္လာဂါစတင္ က ဇာတ္ၫႊန္းေရးဆရာနဲ႔ အမႈေဆာင္ ထုတ္လုပ္သူအျဖစ္ ေဆာင္႐ြက္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Netflix ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ ေပးဖို႔ ျငင္းဆိုထားပါတယ္။
၂၀၂၂ ခုႏွစ္ ဇြန္လက ENA မွ ထုတ္လႊင့္ျပသခဲ့တဲ့ 'Extraordinary Attorney Woo' ဒရာမာကို ဉာဏ္ႀကီးရွင္ ေရွ႕ေန ဝူေယာင္းဝူအျဖစ္ သ႐ုပ္ေဆာင္ ပက္ခ္အြန္းဘင္က သ႐ုပ္ေဆာင္ထားၿပီး 'Innocent Witness' ဇာတ္ကား ဇာတ္ၫႊန္းေရးဆရာ မြန္းဂ်ီဝမ္ က ေရးသားခဲ့ပါတယ္။ 'Extraordinary Attorney Woo' ဒရာမာဟာ ပထမအပိုင္း အတြက္ ၾကည့္ရႈသူ အဆင့္သတ္မွတ္ခ်က္ ၀.၉% နဲ႔ စတင္ခဲ့ေပမယ့္ ေနာက္ဆုံးအပိုင္းမွာ rating ၁၇.၅% အထိ ျမင့္တက္ခဲ့ၿပီး အဓိကသ႐ုပ္ေဆာင္ ပက္ခ္အြန္းဘင္ဟာလည္း 59th Baeksang Arts Awards မွာ အျမင့္ဆုံးဆု ျဖစ္တဲ့ Grand Prize (Daesang) ကို ဆြတ္ခူးရရွိခဲ့ပါတယ္။
ဒါအျပင္ Extraordinary Attorney Woo ဟာ Netflix ရဲ႕ကမာၻလုံးဆိုင္ရာ ထိပ္တန္း ၁ဝ အဂၤလိပ္ မဟုတ္ ေသာ တီဗီအမ်ိဳးအစား)မွာ ခုနစ္ပတ္ဆက္တိုက္ ထိပ္ဆုံးမွ ရပ္တည္ႏိုင္ခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။