ကမ္ဘောဒီးယားနဲ့တိုက်ပွဲတွေက စစ်ပွဲကြီးတစ်ခုဆီကို ဦးတည်သွားနိုင်တယ်လို့ ထိုင်းယာယီဝန်ကြီးချုပ် သတိပေး

584

Pika (NP News) - ဇူလိုင် ၂၇
ယခုသီတင်းပတ်အတွင်း အငြင်းပွားနယ်စပ်ဒေသမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာ စစ်ပွဲကြီး တစ်ခုဆီကို ဦးတည်သွားနိုင်တယ်လို့ ထိုင်းယာယီဝန်ကြီးချုပ်က သတိပေးပြောဆိုခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ပြင်သစ်ကိုလိုနီခေတ်တည်းက နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ ကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ထိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ဟာ အကြမ်းဖက်မှုတွေပေါ်ပေါက်လာစေမှုနဲ့ပတ်သက်ပြီး အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြ တယ်လို့လည်း သိရပါတယ်။
ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai က “လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခဟာ တိုက်ပွဲတွေဖြစ်ပွားတဲ့ အဆင့်မှာပဲရှိနေပေမယ့်လည်း စစ်ပွဲကြီးတစ်ခုဆီကို ဦးတည်သွားနိုင်တဲ့အန္တရာယ်တွေရှိနေပါတယ်။” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဇူလိုင်လ(၂၅)ရက်တုန်းက အငြင်းပွားနယ်စပ်ဒေသမှာ ထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတို့ကြား အပြန်အလှန်ပစ်ခတ် မှုတွေ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် အခြေအနေတွေပိုမိုဆိုးရွားလာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားရဲ့စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်ဖို့အတွက် F-16 တိုက်လေယာဉ်တွေ ဖြန့်ကျက်ချထားခဲ့ တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ကေမာၻဒီးယားနဲ႔တိုက္ပြဲေတြက စစ္ပြဲႀကီးတစ္ခုဆီကို ဦးတည္သြားႏိုင္တယ္လို႔ ထိုင္းယာယီဝန္ႀကီးခ်ဳပ္ သတိေပး
Pika (NP News) - ဇူလိုင္ ၂၇
ယခုသီတင္းပတ္အတြင္း အျငင္းပြားနယ္စပ္ေဒသမွာ ကေမာၻဒီးယားႏိုင္ငံနဲ႔ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြဟာ စစ္ပြဲႀကီး တစ္ခုဆီကို ဦးတည္သြားႏိုင္တယ္လို႔ ထိုင္းယာယီဝန္ႀကီးခ်ဳပ္က သတိေပးေျပာဆိုခဲ့ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ ျပင္သစ္ကိုလိုနီေခတ္တည္းက နယ္ေျမအျငင္းပြားမႈေတြ ျဖစ္ပြားလာခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ ေမလတုန္းကျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြအတြင္း ကေမာၻဒီးယားစစ္သားတစ္ဦး ေသဆုံးခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံ ၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ထိုင္း ႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔ ဟာ အၾကမ္းဖက္မႈေတြေပၚေပါက္လာေစမႈနဲ႔ပတ္သက္ၿပီး အျပန္အလွန္ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့ၾက တယ္လို႔လည္း သိရပါတယ္။
ထိုင္းယာယီဝန္ႀကီးခ်ဳပ္ Phumtham Wechayachai က “လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡဟာ တိုက္ပြဲေတြျဖစ္ပြားတဲ့ အဆင့္မွာပဲရွိေနေပမယ့္လည္း စစ္ပြဲႀကီးတစ္ခုဆီကို ဦးတည္သြားႏိုင္တဲ့အႏၲရာယ္ေတြရွိေနပါတယ္။” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ဇူလိုင္လ(၂၅)ရက္တုန္းက အျငင္းပြားနယ္စပ္ေဒသမွာ ထိုင္းနဲ႔ကေမာၻဒီးယားစစ္သားတို႔ၾကား အျပန္အလွန္ပစ္ခတ္ မႈေတြ ထပ္မံျဖစ္ပြားခဲ့ၿပီးေနာက္ အေျခအေနေတြပိုမိုဆိုး႐ြားလာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ထိုင္းႏိုင္ငံဟာ ကေမာၻဒီးယားရဲ႕စစ္ဘက္ဆိုင္ရာေနရာေတြကို တိုက္ခိုက္ဖို႔အတြက္ F-16 တိုက္ေလယာဥ္ေတြ ျဖန႔္က်က္ခ်ထားခဲ့ တယ္လို႔လည္း သိရပါတယ္။