စစ်ရေးနဲ့သိပ္ပံဆိုင်ရာလမ်းကြောင်းတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်ပြော

132

Pika (NP News) - ဇူလိုင် ၂၈
အီရန်နိုင်ငံဟာ ၎င်းရဲ့ စစ်ရေးနဲ့သိပ္ပံဆိုင်ရာလမ်းကြောင်းတွေကို ယခင်ကထက်ပိုမိုမြန်ဆန်တဲ့ အရှိန်အဟုန်တွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ (၁၂)ရက်ကြာစစ်ပွဲဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ အဆုံးသတ် သွားခဲ့ပေမယ့်လည်း အီရန်နိုင်ငံသားအများအပြားဟာ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုတွေဖြစ်ပွားလာ မလားဆိုတဲ့ စိုးရိမ်မှုတွေ၊ မသေချာမရေရာမှုတွေနဲ့ ရုန်းကန်နေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
(၁၂)ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း အစ္စရေးဟာ အီရန်ရဲ့အဓိကနျူကလီးယားစက်ရုံတွေနဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ထိပ်တန်းစစ်ဘက်အရာရှိတွေ၊ နျူကလီးယားသိပ္ပံပညာရှင်တွေနဲ့ အခြားလူရာချီ သေဆုံးခဲ့ပြီး အချို့လူနေရပ်ကွက် တွေ လုံးဝပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။
(၁၂)ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း အီရန်နဲ့ အစ္စရေးတို့ကြား သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုတွေနဲ့အတူ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်နဲ့ အဆုံးသတ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
စစ္ေရးနဲ႔သိပၸံဆိုင္ရာလမ္းေၾကာင္းေတြကို အရွိန္ျမႇင့္လုပ္ေဆာင္သြားမယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္ေျပာ
Pika (NP News) - ဇူလိုင္ ၂၈
အီရန္ႏိုင္ငံဟာ ၎ရဲ႕ စစ္ေရးနဲ႔သိပၸံဆိုင္ရာလမ္းေၾကာင္းေတြကို ယခင္ကထက္ပိုမိုျမန္ဆန္တဲ့ အရွိန္အဟုန္ေတြနဲ႔ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီက ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့လက အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့ (၁၂)ရက္ၾကာစစ္ပြဲဟာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္နဲ႔ အဆုံးသတ္ သြားခဲ့ေပမယ့္လည္း အီရန္ႏိုင္ငံသားအမ်ားအျပားဟာ ေနာက္ထပ္ ထိပ္တိုက္ရင္ဆိုင္ေတြ႕ဆုံမႈေတြျဖစ္ပြားလာ မလားဆိုတဲ့ စိုးရိမ္မႈေတြ၊ မေသခ်ာမေရရာမႈေတြနဲ႔ ႐ုန္းကန္ေနရဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။
(၁၂)ရက္ၾကာျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း အစၥေရးဟာ အီရန္ရဲ႕အဓိကန်ဴကလီးယားစက္႐ုံေတြနဲ႔ စစ္ဘက္ဆိုင္ရာ ေနရာေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕ ထိပ္တန္းစစ္ဘက္အရာရွိေတြ၊ န်ဴကလီးယားသိပၸံပညာရွင္ေတြနဲ႔ အျခားလူရာခ်ီ ေသဆုံးခဲ့ၿပီး အခ်ိဳ႕လူေနရပ္ကြက္ ေတြ လုံးဝပ်က္စီးသြားခဲ့တယ္လို႔လည္း သိရပါတယ္။
(၁၂)ရက္ၾကာျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း အီရန္နဲ႔ အစၥေရးတို႔ၾကား သမိုင္းတစ္ေလွ်ာက္ အျပင္းထန္ဆုံးတိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ေနာက္ပိုင္းမွာ အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈေတြနဲ႔အတူ အပစ္အခတ္ရပ္စဲေရး သေဘာတူညီ ခ်က္နဲ႔ အဆုံးသတ္သြားခဲ့တယ္လို႔လည္း သိရပါတယ္။