BGF မှ KNA အဖြစ်သို့ အသွင်ပြောင်းလဲရန် သေချာနေ

1823

Pearl (NP News)-ဇူလိုင် ၂၈
နယ်ခြားစောင့်တပ် (BGF) က ၎င်းတို့၏ အဖွဲ့ကို KNA (Karen National Army) အဖြစ် အသွင်းပြောင်းလဲဖွဲ့စည်းရန်သေချာနေကြောင်း BGF မှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က NP News သို့ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့အနေဖြင့် ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် နာမည်မပြောင်းရသေးသော်လည်း KNA ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်ကပြောသည်။
“BGF လစာ မစားရတဲ့အချိန်မှာကတည်းက ဖွဲ့စည်းပုံကလည်း KNAအနေနဲ့ပဲ သွားရတော့မှာ ပေါ့။ လက်ရှိ KNA ဖွဲ့စည်းပုံနဲ့ သွားနေတာကြာပြီ နာမည်ပဲ မပြောင်းသေးတာပေါ့။ လက်ရှိက KNA နဲ့ ပတ်သက်ပြီးတော့ အထက်ကနေ ကျွန်တော့်ကို တိတိကျကျ ညွှန်ကြားမှုမရှိတဲ့အတွက် ဖြေလို့မရဘူး။ KNA အဖြစ် အသွင်ပြောင်းရင် BGF က ရှိချင်လည်း ရှိမှာပေါ့။ မရှိချင်လည်း မရှိတော့ဘူးပေါ့။ တစ်ဦးတစ် ယောက်ရဲ့အမြင်ကိုပြောတာ” ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က NP News သို့ ပြောသည်။
ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတွင်းငြိမ်းချမ်း ရေးလုပ်ငန်းများဆောင်ရွက်ရန် KNA အဖြစ် အသွင် ပြောင်းလဲခြင်းဖြစ်ပြီး ထိုသို့ပြောင်းလဲဖွဲ့စည်းရန်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက် က ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ၌ ဆွေးနွေးခဲ့ကြကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြရန် အချက်အလက်များရှိကြောင်းလည်း သိရသည်။
“လစာ မယူခဲ့တာ ကြာပြီလေ။ မယူခဲ့တာ က ပုန်ကန်ဖို့မဟုတ်ဘူး။ ခွဲထွက်ဖို့မဟုတ်ဘူး။ ကျွန် တော်တို့က DKBA ဘဝက လာတဲ့ပုံစံမျိုးပဲ ။ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေ အတူတကွ လက်တွဲ ပြီးတော့သွားမယ်။ လက်ရှိ ဒီမှာရှိနေတဲ့ ကိစ္စတွေအကုန်လုံးက မူလ DKBA မှာရှိနေတဲ့ပုံစံ အတိုင်းပဲ လက်တွဲပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေ အေးချမ်းရေးတွေ လုပ်မယ်။ အဓိက ငြိမ်းချမ်းရေးကို ဦးတည် ပြီး တော့ ရည်ရွယ်ပြီးတော့ ပြောင်းတာ ပေါ့နော်။ နောက်ပြီးတော့ မရှင်းပြရတဲ့အချက်က မြိုင်ကြီးငူမှာ လူကြီးတွေ ဆွေးနွေးတယ်ဆိုတာကလည်း ခြေလှမ်းလေးတွေပေါ့။ ပထမခြေလှမ်း၊ ဒုတိယခြေလှမ်းလေး တွေ သွားနေတာပေါ့။ ရှေ့မှာလည်း အဆင့်တွေ အများကြီးရှိသေးတယ်ပေါ့။ တစ်ဖက်မှာလည်း နိုင်ငံ တော်ဘက်ကိုလည်း တင်ပြရမယ့်အပိုင်းတွေလည်း အစီအစဉ်တွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြော သည်။
လက်ရှိတွင် BGF မှ KNAအဖြစ် အသွင်ပြောင်းလဲရန် ဆုံးဖြတ်ထားပြီး မည်သည့် အချိန်ကာလ တွင် အသွင်ပြောင်းလဲမည်ဟု အတည် မပြုရသေးကြောင်းလည်း သိရသည်။
“လောလောဆယ်တော့ ဘယ်အချိန်မှာ အသွင်ပြောင်းမလဲဆိုတာ အတည်မပြုရသေးဘူး။ အထက်ကနေ ဒါကို တရားဝင်စေခိုင်းတာမရှိတော့ ဘယ်တော့ ပြောင်းမလဲဆိုတာ အတိအကျပေးလို့မရ ဘူး။ KNA ကို အသွင်ပြောင်းဖို့က တစ်ဦးတစ်ယောက်တည်းတော့ မဆုံးဖြတ်ဘူး။ အများနဲ့ပဲ ဆုံးဖြတ် တယ်” ဟု ၎င်းက ပြောသည်။
BGF အနေဖြင့် နည်းဗျူဟာ၊ မဟာဗျူဟာတွေ အဆင့်ဆင့်ရှိနေပြီး BGF မှ ပြောင်းလဲဖွဲ့စည်း သွားမည့် ကရင်အမျိုးသားတပ်မတော် (KNA) တွင် စစ်ဒေသ(၄)ခု၊ ဗျူဟာမှုး(၉)ဦး ၊ တပ်ရင်း(၆၀)ကျော် ရှိနေပြီဖြစ်ကြောင်း BGF တပ်ဖွဲ့ရဲ့စစ်ရေးချုပ် ဗိုလ်မှုးချုပ်စောကြာအင်းက ပြောဆိုခဲ့ဖူးသည်။

Zawgyi Version:
BGF မွ KNA အျဖစ္သို႔ အသြင္ေျပာင္းလဲရန္ ေသခ်ာေန
Pearl (NP News)-ဇူလိုင္ ၂၈
နယ္ျခားေစာင့္တပ္ (BGF) က ၎တို႔၏ အဖြဲ႕ကို KNA (Karen National Army) အျဖစ္ အသြင္းေျပာင္းလဲဖြဲ႕စည္းရန္ေသခ်ာေနေၾကာင္း BGF မွ တာဝန္ရွိသူ ဒုဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က NP News သို႔ ေျပာၾကားခ်က္အရ သိရသည္။
လက္ရွိတြင္ ကရင္နယ္ျခားေစာင့္တပ္ (BGF) အဖြဲ႕အေနျဖင့္ ကရင္အမ်ိဳးသားတပ္မေတာ္ (KNA) အျဖစ္ နာမည္မေျပာင္းရေသးေသာ္လည္း KNA ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္ေန ျခင္းျဖစ္ေၾကာင္း ဒုဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္ကေျပာသည္။
“BGF လစာ မစားရတဲ့အခ်ိန္မွာကတည္းက ဖြဲ႕စည္းပုံကလည္း KNAအေနနဲ႔ပဲ သြားရေတာ့မွာ ေပါ့။ လက္ရွိ KNA ဖြဲ႕စည္းပုံနဲ႔ သြားေနတာၾကာၿပီ နာမည္ပဲ မေျပာင္းေသးတာေပါ့။ လက္ရွိက KNA နဲ႔ ပတ္သက္ၿပီးေတာ့ အထက္ကေန ကြၽန္ေတာ့္ကို တိတိက်က် ၫႊန္ၾကားမႈမရွိတဲ့အတြက္ ေျဖလို႔မရဘူး။ KNA အျဖစ္ အသြင္ေျပာင္းရင္ BGF က ရွိခ်င္လည္း ရွိမွာေပါ့။ မရွိခ်င္လည္း မရွိေတာ့ဘူးေပါ့။ တစ္ဦးတစ္ ေယာက္ရဲ႕အျမင္ကိုေျပာတာ” ဟု ဒုဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က NP News သို႔ ေျပာသည္။
ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ေဒသတြင္းၿငိမ္းခ်မ္း ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ KNA အျဖစ္ အသြင္ ေျပာင္းလဲျခင္းျဖစ္ၿပီး ထိုသို႔ေျပာင္းလဲဖြဲ႕စည္းရန္ႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ဇူလိုင္လ (၂၀) ရက္ က ကရင္ျပည္နယ္ ၿမိဳင္ႀကီးငူေဒသ၌ ေဆြးေႏြးခဲ့ၾကကာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီထံ တင္ျပရန္ အခ်က္အလက္မ်ားရွိေၾကာင္းလည္း သိရသည္။
“လစာ မယူခဲ့တာ ၾကာၿပီေလ။ မယူခဲ့တာ က ပုန္ကန္ဖို႔မဟုတ္ဘူး။ ခြဲထြက္ဖို႔မဟုတ္ဘူး။ ကြၽန္ ေတာ္တို႔က DKBA ဘဝက လာတဲ့ပုံစံမ်ိဳးပဲ ။ ကြၽန္ေတာ္တို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြ အတူတကြ လက္တြဲ ၿပီးေတာ့သြားမယ္။ လက္ရွိ ဒီမွာရွိေနတဲ့ ကိစၥေတြအကုန္လုံးက မူလ DKBA မွာရွိေနတဲ့ပုံစံ အတိုင္းပဲ လက္တြဲၿပီးေတာ့ ေဒသဖြံ႕ၿဖိဳးေရးေတြ ေအးခ်မ္းေရးေတြ လုပ္မယ္။ အဓိက ၿငိမ္းခ်မ္းေရးကို ဦးတည္ ၿပီး ေတာ့ ရည္႐ြယ္ၿပီးေတာ့ ေျပာင္းတာ ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ မရွင္းျပရတဲ့အခ်က္က ၿမိဳင္ႀကီးငူမွာ လူႀကီးေတြ ေဆြးေႏြးတယ္ဆိုတာကလည္း ေျခလွမ္းေလးေတြေပါ့။ ပထမေျခလွမ္း၊ ဒုတိယေျခလွမ္းေလး ေတြ သြားေနတာေပါ့။ ေရွ႕မွာလည္း အဆင့္ေတြ အမ်ားႀကီးရွိေသးတယ္ေပါ့။ တစ္ဖက္မွာလည္း ႏိုင္ငံ ေတာ္ဘက္ကိုလည္း တင္ျပရမယ့္အပိုင္းေတြလည္း အစီအစဥ္ေတြရွိတယ္” ဟု ၎က ဆက္လက္ေျပာ သည္။
လက္ရွိတြင္ BGF မွ KNAအျဖစ္ အသြင္ေျပာင္းလဲရန္ ဆုံးျဖတ္ထားၿပီး မည္သည့္ အခ်ိန္ကာလ တြင္ အသြင္ေျပာင္းလဲမည္ဟု အတည္ မျပဳရေသးေၾကာင္းလည္း သိရသည္။
“ေလာေလာဆယ္ေတာ့ ဘယ္အခ်ိန္မွာ အသြင္ေျပာင္းမလဲဆိုတာ အတည္မျပဳရေသးဘူး။ အထက္ကေန ဒါကို တရားဝင္ေစခိုင္းတာမရွိေတာ့ ဘယ္ေတာ့ ေျပာင္းမလဲဆိုတာ အတိအက်ေပးလို႔မရ ဘူး။ KNA ကို အသြင္ေျပာင္းဖို႔က တစ္ဦးတစ္ေယာက္တည္းေတာ့ မဆုံးျဖတ္ဘူး။ အမ်ားနဲ႔ပဲ ဆုံးျဖတ္ တယ္” ဟု ၎က ေျပာသည္။
BGF အေနျဖင့္ နည္းဗ်ဴဟာ၊ မဟာဗ်ဴဟာေတြ အဆင့္ဆင့္ရွိေနၿပီး BGF မွ ေျပာင္းလဲဖြဲ႕စည္း သြားမည့္ ကရင္အမ်ိဳးသားတပ္မေတာ္ (KNA) တြင္ စစ္ေဒသ(၄)ခု၊ ဗ်ဴဟာမႈး(၉)ဦး ၊ တပ္ရင္း(၆၀)ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း BGF တပ္ဖြဲ႕ရဲ႕စစ္ေရးခ်ဳပ္ ဗိုလ္မႈးခ်ဳပ္ေစာၾကာအင္းက ေျပာဆိုခဲ့ဖူးသည္။