နောင်ချိုကို လက်လွှတ်လိုက်ရသည့် TNLA က ပြည်သူအပေါ် ရှုံးမဲ မဲနေ

1486

Pearl (NP News)-ဇူလိုင် ၂၈
နောင်ချိုကို လက်လွှတ်လိုက်ရသည့် TNLA က ပြည်သူအပေါ် ရှုံးမဲမဲနေကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
TNLA အဖွဲ့အနေဖြင့် နောင်ချိုမြို့ကို လက်လွှတ်ခဲ့ရသည့်အပြင် ကျောက်မဲမြို့နှင့် သီပေါ မြို့ရှိ TNLA အခြေချသည့်နေရာများသို့ တပ်မတော်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှု များပြုလုပ်ခဲ့သည့်အတွက် အထိနာခဲ့ ကြောင်းသိရသည်။
“လေကြောင်း တိုက်ခိုက်မှုအပိုင်းတွေလည်း ခပ်စိပ်စိပ်တွေ့လာရတယ်။ နောက်ပြီးတော့ သူတို့ တည်နေရာ ပြောင်းတာရွှေ့တာမျိုးလေးတွေလည်း ရှိပါတယ်။ သီပေါမှာလည်း လေကြောင်း တိုက်ခိုက်ခံ ရပြီးတဲ့နောက်မှာ သူတို့ရဲ့နေရာတွေ ထိတာများတော့ မဲလာကြတာပေါ့။ လူငယ်တွေ ဖမ်းတာတွေ ခပ် စိပ်စိပ်လုပ်လာတာတွေ့ရတယ်။ ဖုန်းတွေယူစစ်တယ်။ ဒေသခံတွေကို ပိုဖိလာတယ်။ လွန်ခဲ့တဲ့ရက်က ကျောက်မဲလမ်းခွ ဆီဆိုင်က လူငယ် (၁၀)ယောက်လောက်ကိုတော့ ခေါ်သွားတာ ရှိတယ်”ဟု ကျောက်မဲ ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ထိုသို့ TNLA အဖွဲ့က ရှုံးမဲမဲကာ ဒေသခံများအပေါ် ဖိနှိပ်မှုများ၊ မတရားဖမ်းဆီးမှုများ ပြုလုပ်နေ သောကြောင့် ဒေသခံများအနေဖြင့် လားရှိုး အပါအဝင် အခြားမြို့နယ်များသို့ပြောင်းရွှေ့နေထိုင်သူများရှိ လာကြောင်းလည်း သိရသည်။
ထို့ပြင် နောင်ချိုဒေသအပါအဝင် ကျောက်မဲ၊ သီပေါမြို့ဘက်မှ ဒေသခံများအနေဖြင့် တပ်မတော် အပေါ် ပိုမိုယုံကြည်လာကာ ထောက်ခံလာကြ ကြောင်းလည်း သိရသည်။
“နောင်ချိုဆိုတာလည်း တကယ့်တကယ်က သူတို့ကို ထောက်ခံတဲ့လူတွေနေတာလေ။ ဒါပေမဲ့ တကယ့်တကယ်ကြုံတွေတဲ့အခါမှာ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိတဲ့အခါမှာ အားလုံးဝမ်းသာ ပီတိနဲ့ပေါ့။ ဇာတ်တိုက်ထားတာ မဟုတ်ဘဲနဲ့ အောင်ပန်းနဲ့ကြိုကြတယ်။ ဒါကိုလည်း လိုင်းပေါ်မှာလည်း တွေ့ကြမှာပါ။ ဒီဘက်က ဒေသခံတွေက အဖြူအမည်းသဲကွဲပြီး တပ်မတော်ကို ထောက်ခံတဲ့အားလေး ပိုကောင်းလာတဲ့အနေအထားတစ်ခု ပုံရိပ်တစ်ခုကို မြင်လာရတယ်။ ကျောင်းတွေ ပြန်ဖွင့်မယ်ပြောတော့ ကျောင်းတွေ လာအပ်ကြ တယ်။ ဆေးရုံတွေလည်ပတ်နိုင်အောင် ဒေသခံတွေက ပူးပေါင်းပါဝင်ပြီးတော့ မြို့သန့်ရှင်းရေးတွေ ပူးပေါင်းပါဝင် လုပ်ဆောင်လာတာတွေ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
ေနာင္ခ်ိဳကို လက္လႊတ္လိုက္ရသည့္ TNLA က ျပည္သူအေပၚ ရႈံးမဲ မဲေန
Pearl (NP News)-ဇူလိုင္ ၂၈
ေနာင္ခ်ိဳကို လက္လႊတ္လိုက္ရသည့္ TNLA က ျပည္သူအေပၚ ရႈံးမဲမဲေနေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
TNLA အဖြဲ႕အေနျဖင့္ ေနာင္ခ်ိဳၿမိဳ႕ကို လက္လႊတ္ခဲ့ရသည့္အျပင္ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါ ၿမိဳ႕ရွိ TNLA အေျခခ်သည့္ေနရာမ်ားသို႔ တပ္မေတာ္က ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ေလေၾကာင္း တိုက္ခိုက္မႈ မ်ားျပဳလုပ္ခဲ့သည့္အတြက္ အထိနာခဲ့ ေၾကာင္းသိရသည္။
“ေလေၾကာင္း တိုက္ခိုက္မႈအပိုင္းေတြလည္း ခပ္စိပ္စိပ္ေတြ႕လာရတယ္။ ေနာက္ၿပီးေတာ့ သူတို႔ တည္ေနရာ ေျပာင္းတာေ႐ႊ႕တာမ်ိဳးေလးေတြလည္း ရွိပါတယ္။ သီေပါမွာလည္း ေလေၾကာင္း တိုက္ခိုက္ခံ ရၿပီးတဲ့ေနာက္မွာ သူတို႔ရဲ႕ေနရာေတြ ထိတာမ်ားေတာ့ မဲလာၾကတာေပါ့။ လူငယ္ေတြ ဖမ္းတာေတြ ခပ္ စိပ္စိပ္လုပ္လာတာေတြ႕ရတယ္။ ဖုန္းေတြယူစစ္တယ္။ ေဒသခံေတြကို ပိုဖိလာတယ္။ လြန္ခဲ့တဲ့ရက္က ေက်ာက္မဲလမ္းခြ ဆီဆိုင္က လူငယ္ (၁၀)ေယာက္ေလာက္ကိုေတာ့ ေခၚသြားတာ ရွိတယ္”ဟု ေက်ာက္မဲ ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ထိုသို႔ TNLA အဖြဲ႕က ရႈံးမဲမဲကာ ေဒသခံမ်ားအေပၚ ဖိႏွိပ္မႈမ်ား၊ မတရားဖမ္းဆီးမႈမ်ား ျပဳလုပ္ေန ေသာေၾကာင့္ ေဒသခံမ်ားအေနျဖင့္ လားရႈိး အပါအဝင္ အျခားၿမိဳ႕နယ္မ်ားသို႔ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ားရွိ လာေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေနာင္ခ်ိဳေဒသအပါအဝင္ ေက်ာက္မဲ၊ သီေပါၿမိဳ႕ဘက္မွ ေဒသခံမ်ားအေနျဖင့္ တပ္မေတာ္ အေပၚ ပိုမိုယုံၾကည္လာကာ ေထာက္ခံလာၾက ေၾကာင္းလည္း သိရသည္။
“ေနာင္ခ်ိဳဆိုတာလည္း တကယ့္တကယ္က သူတို႔ကို ေထာက္ခံတဲ့လူေတြေနတာေလ။ ဒါေပမဲ့ တကယ့္တကယ္ႀကဳံေတြတဲ့အခါမွာ တပ္မေတာ္ရဲ႕ သေဘာထားအမွန္ကို သိတဲ့အခါမွာ အားလုံးဝမ္းသာ ပီတိနဲ႔ေပါ့။ ဇာတ္တိုက္ထားတာ မဟုတ္ဘဲနဲ႔ ေအာင္ပန္းနဲ႔ႀကိဳၾကတယ္။ ဒါကိုလည္း လိုင္းေပၚမွာလည္း ေတြ႕ၾကမွာပါ။ ဒီဘက္က ေဒသခံေတြက အျဖဴအမည္းသဲကြဲၿပီး တပ္မေတာ္ကို ေထာက္ခံတဲ့အားေလး ပိုေကာင္းလာတဲ့အေနအထားတစ္ခု ပုံရိပ္တစ္ခုကို ျမင္လာရတယ္။ ေက်ာင္းေတြ ျပန္ဖြင့္မယ္ေျပာေတာ့ ေက်ာင္းေတြ လာအပ္ၾက တယ္။ ေဆး႐ုံေတြလည္ပတ္ႏိုင္ေအာင္ ေဒသခံေတြက ပူးေပါင္းပါဝင္ၿပီးေတာ့ ၿမိဳ႕သန႔္ရွင္းေရးေတြ ပူးေပါင္းပါဝင္ လုပ္ေဆာင္လာတာေတြ႕ရတယ္” ဟု ၎က ဆက္ေျပာသည္။