ဖားကန့်မြို့နယ်မှ ကျောက်စိမ်းထွက်ရှိရာနေရာ (၉) ခုအထိ တပ်မတော်ပြန်လည်ထိန်းချုပ်လာနိုင်

 725

သက်ပိုင် (NP News)-ဇူလိုင် ၂၈
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှ ကျောက်စိမ်းထွက်ရှိရာနေရာ (၉) ခုအထိ တပ်မတော် က ပြန်လည်ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း ဒေသခံ များထံမှသိရသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်ရှိ ကျောက် စိမ်းထွက်ရှိရာနေရာများဖြစ်သော မှော်စီစာ၊ ကံဆီး၊ မှော်ပုံ၊ ဆန်ခါ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ဗလခ၊ တောင်ပြိုနှင့် မှော်မောင်းလျှံ စသောနေရာ (၉) ခုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။
“လက်ရှိမှာ တပ်မတော်အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ တရားမဝင်တူးဖော်ရေး သမားတွေ မရှိအောင်လုပ်နေတာတွေရှိတယ်။လောလောဆယ်တော့ တိုက်ပွဲတွေနည်းနည်းဖြစ်တာ တွေ့ရပြီး လေယာဉ်ဝဲတာတွေတော့ရှိတယ်။ ဝှေ့ခါ ဘက်ကိုတော့ အင်းတော်ကြီးဘက်ကတက်မယ်လို့ ထင်တယ်။ အဲဒီဘက်မှာ သုံးပုံတစ်ပုံလောက်ပဲ ရသေးတယ်။ အခုတပ်မတော်က ထိန်းချုပ်ထားတဲ့ နေရာ တွေမှာ အရင်တုန်းက KIA နဲ့ပေါင်းပြီး ကျောက်တူးတဲ့သူတွေကတော့ အခုအကုန်နားထားကြရတယ် ” ဟု ၎င်းကဆိုသည်။
ယခင် KIA အရာရှိများနှင့် ၎င်းတို့နှင့် နီးစပ်သူများ ကျောက်စိမ်းတူးဖော်ခဲ့စဉ်က ရေမဆေး ကျောက်ရှာဖွေသူများကို ကျောက်ရှာဖွေခွင့်မပေးခြင်း၊ အနည်းငယ် ရှာဖွေခွင့်ပေးသော နေရာများမှရရှိ လာသောကျောက်ကို ရောင်းချပါက ရရှိငွေကို အချိုးကျ ပေးဆောင်ရခြင်းတို့ရှိခဲ့သော်လည်း လက်ရှိတွင် တပ်မတော်က ထိန်းချုပ်ပြီးနောက် တစ်ပိုင်တစ်နိုင်တူးဖော်သူများကို လွပ်လပ်စွာတူးဖော်ခွင့်ပေးထား ကြောင်း လုံးခင်းဒေသခံတစ်ဦးကပြောသည်။
“တူးချင်ရင်၊ ကျောက်ရှာချင်ရင် တူရွင်းတို့၊ ပေါက်ပြားတို့နဲ့ တစ်ပိုင်တစ်နိုင်တူးလို့ရတယ်။ အရင် က အနားတောင်ကပ်ခွင့်မရတဲ့ မြေစာပုံတွေမှာလည်း အခုရှာလို့ရနေပြီ။ ဘာပဲပြောပြော ရေမဆေး ကျောက် ရှာတဲ့သူတွေအတွက်ကတော့ ဝမ်းသာစရာပါပေါ့ဗျာ” ဟု ၎င်းကဆိုသည်။
ဖားကန့်ဒေသသို့ တပ်မတော်က မေလ နောက်ဆုံးပတ်တွင် ပြန်လည်စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ခေတ္တရပ်နားထားသော်လည်း KIA နှင့် PDF ပူးပေါင်းအဖွဲ့များက မကြာခဏ လာရောက်တိုက်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version:
ဖားကန႔္ၿမိဳ႕နယ္မွ ေက်ာက္စိမ္းထြက္ရွိရာေနရာ (၉) ခုအထိ တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္လာႏိုင္
သက္ပိုင္ (NP News)-ဇူလိုင္ ၂၈
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္အတြင္းမွ ေက်ာက္စိမ္းထြက္ရွိရာေနရာ (၉) ခုအထိ တပ္မေတာ္ က ျပန္လည္ထိန္းခ်ဳပ္လာႏိုင္ၿပီျဖစ္ေၾကာင္း ေဒသခံ မ်ားထံမွသိရသည္။
လက္ရွိတြင္ ဖားကန႔္ၿမိဳ႕နယ္ရွိ ေက်ာက္ စိမ္းထြက္ရွိရာေနရာမ်ားျဖစ္ေသာ ေမွာ္စီစာ၊ ကံဆီး၊ ေမွာ္ပုံ၊ ဆန္ခါ၊ ေမွာ္ဝမ္းႀကီး၊ ေမွာ္ဝမ္းေလး၊ ဗလခ၊ ေတာင္ၿပိဳႏွင့္ ေမွာ္ေမာင္းလွ်ံ စေသာေနရာ (၉) ခုကို ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေၾကာင္း ဖားကန႔္ေဒသခံ တစ္ဦးက ေျပာသည္။
“လက္ရွိမွာ တပ္မေတာ္အေနနဲ႔ သူတို႔ထိန္းခ်ဳပ္ထားတဲ့ေနရာေတြမွာ တရားမဝင္တူးေဖာ္ေရး သမားေတြ မရွိေအာင္လုပ္ေနတာေတြရွိတယ္။ေလာေလာဆယ္ေတာ့ တိုက္ပြဲေတြနည္းနည္းျဖစ္တာ ေတြ႕ရၿပီး ေလယာဥ္ဝဲတာေတြေတာ့ရွိတယ္။ ေဝွ႔ခါ ဘက္ကိုေတာ့ အင္းေတာ္ႀကီးဘက္ကတက္မယ္လို႔ ထင္တယ္။ အဲဒီဘက္မွာ သုံးပုံတစ္ပုံေလာက္ပဲ ရေသးတယ္။ အခုတပ္မေတာ္က ထိန္းခ်ဳပ္ထားတဲ့ ေနရာ ေတြမွာ အရင္တုန္းက KIA နဲ႔ေပါင္းၿပီး ေက်ာက္တူးတဲ့သူေတြကေတာ့ အခုအကုန္နားထားၾကရတယ္ ” ဟု ၎ကဆိုသည္။
ယခင္ KIA အရာရွိမ်ားႏွင့္ ၎တို႔ႏွင့္ နီးစပ္သူမ်ား ေက်ာက္စိမ္းတူးေဖာ္ခဲ့စဥ္က ေရမေဆး ေက်ာက္ရွာေဖြသူမ်ားကို ေက်ာက္ရွာေဖြခြင့္မေပးျခင္း၊ အနည္းငယ္ ရွာေဖြခြင့္ေပးေသာ ေနရာမ်ားမွရရွိ လာေသာေက်ာက္ကို ေရာင္းခ်ပါက ရရွိေငြကို အခ်ိဳးက် ေပးေဆာင္ရျခင္းတို႔ရွိခဲ့ေသာ္လည္း လက္ရွိတြင္ တပ္မေတာ္က ထိန္းခ်ဳပ္ၿပီးေနာက္ တစ္ပိုင္တစ္ႏိုင္တူးေဖာ္သူမ်ားကို လြပ္လပ္စြာတူးေဖာ္ခြင့္ေပးထား ေၾကာင္း လုံးခင္းေဒသခံတစ္ဦးကေျပာသည္။
“တူးခ်င္ရင္၊ ေက်ာက္ရွာခ်င္ရင္ တူ႐ြင္းတို႔၊ ေပါက္ျပားတို႔နဲ႔ တစ္ပိုင္တစ္ႏိုင္တူးလို႔ရတယ္။ အရင္ က အနားေတာင္ကပ္ခြင့္မရတဲ့ ေျမစာပုံေတြမွာလည္း အခုရွာလို႔ရေနၿပီ။ ဘာပဲေျပာေျပာ ေရမေဆး ေက်ာက္ ရွာတဲ့သူေတြအတြက္ကေတာ့ ဝမ္းသာစရာပါေပါ့ဗ်ာ” ဟု ၎ကဆိုသည္။
ဖားကန႔္ေဒသသို႔ တပ္မေတာ္က ေမလ ေနာက္ဆုံးပတ္တြင္ ျပန္လည္စတင္ဝင္ေရာက္ခဲ့ျခင္း ျဖစ္ၿပီး KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားႏွင့္ ထိေတြ႕ တိုက္ပြဲျဖစ္ပြားမႈအခ်ိဳ႕ရွိခဲ့ေၾကာင္းႏွင့္ လက္ရွိတြင္ နယ္ေျမရွင္းလင္းေရး လုပ္ငန္းမ်ား ေခတၱရပ္နားထားေသာ္လည္း KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက မၾကာခဏ လာေရာက္တိုက္မႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.