ဇူလိုင်လ (၂၂) ရက်မှ (၂၈) ရက်အတွင်း နောက်ဆုံးရ အပြောင်းအရွှေ့ နဲ့အလားအလာ

 736

ရဲထက် (NP News)
(၁) နီကိုးလက် ဂျက်ဆန်ကို ပေါင်သန်း (၈၀) ကနေ ပေါင်သန်း(၁၀ဝ)အထိ သတ်မှတ်ထားတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား နီကိုးလက် ဂျက်ဆန်ကို လိုချင်တဲ့ ပြောင်း ရွှေ့ကြေးသာပေးနိုင်ရင် ဘယ်အသင်းကိုမဆို ရောင်းချသွားမှာဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ထားပါ တယ်။ လက်ရှိမှာ နီကိုးလက်ဂျက်ဆန်ကို မန်ယူ ၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်အသင်းတွေက ခေါ် ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားမယ့် အနေအထားတစ် ရပ်မှာရှိနေပါတယ်။ နီကိုးလက်ဂျက်ဆန်ဟာ ချဲလ်ဆီးမှာ ဒီရာသီစွမ်းဆောင်ရည်အရကြည့်ရင် အားရ ကျေနပ်စရာမကောင်းခဲ့ဘဲ အဆုံးသတ်ပိုင်းတွေမှာ သေချာမှုမရှိတဲ့အပြင် မလိုအပ်ဘဲ ကစားပုံကြမ်းတမ်း မှုကြောင့် အရေးကြီးတဲ့ပွဲစဉ်တွေမှာ အနီကတ်ပြခံရလေ့ရှိတဲ့အနေအထားမှာ ချဲလ်ဆီးအသင်းက လီယန် ဒီလပ်နဲ့ ဂျာအိုပက်ထရိုတို့ကို ခေါ်ယူလိုက်ချိန်မှာတော့ ပွဲထွက်ကစားခွင့်ရဖို့ မသေချာတော့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဘက်က ၎င်းရဲ့ အပြောင်းအရွှေ့ကို အရေးတကြီးဆုံးဖြတ်မှာမဟုတ်ဘဲ ခေါ် ယူဖို့ ကမ်းလှမ်းလာတဲ့အသင်းတွေရဲ့ ပြောင်းရွှေ့ကြေးတွေအပေါ်မှာ မူတည်ပြီး လက်ခံစဉ်းစားသွားမယ် လို့ The Sun မှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် ချဲလ်ဆီးအသင်းဘက်က နီကိုးလက်ဂျက်ဆန်ကို အနိမ့်ဆုံး ပေါင်သန်း (၈၀)ကနေ ပေါင်းသန်း(၁၀ဝ)ကြား သတ်မှတ်ထားပြီး ဒီပြောင်းရွှေ့ကြေးအတိုင်း ပေးနိုင်တဲ့ အသင်းကိုသာ ဦးစားပေးသွားမယ်လို့သိရပါတယ်။ ဒါပေမဲ့ နီကိုးလက်ဂျက်ဆန်လို ကစားသမားမျိုးကို ပေါင်သန်း(၈၀)ကနေ ပေါင်သန်း(၁၀ဝ)ကြား ပေးချေဖို့ဆိုတာက အသင်းတိုင်းလက်တွန့်နိုင်တဲ့ ပြောင်း ရွှေ့ကြေးဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ကို ဆက်လက်စောင့်ကြည့်ရပါမယ်။

(၂) ကိုနာတေးလ်နဲ့ ဆလီဘာတို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမား ကိုနာတေးလ်နဲ့ အာ ဆင်နယ်အသင်းရဲ့ ‌နောက်တန်းခံစစ်မှူး ဆလီဘာတို့ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေ တယ် လို့ ပြင်သစ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ လီဗာပူးလ်အသင်းဘက်ကတော့ ကိုနာတေးလ် ကို လက်လွှတ်ခံမှာမဟုတ်သလို အသင်းမှာအရေးပါတဲ့ကစားသမားအဖြစ် ရှုမြင်ထားပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက် ဒရစ်အသင်းဘက်ကတော့ ကိုနာတေးလ်ကို လီဗာပူးလ်အသင်းဘက်က စာချုပ် သက်တမ်း မတိုးရသေးတဲ့ အနေအထားမှာ ဒီနှစ်နွေရာသီမှာ ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)နဲ့ ခေါ်ယူဖို့ ရှိသလို မရခဲ့ရင်တော့ လာမယ့် ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ရှိနေပါတယ်။ ကိုနာ တေးလ် ကိုယ်တိုင်ကလည်း လီဗာပူးလ် အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘဲ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်း ရွှေ့ဖို့ဆန္ဒရှိနေရာမှာ လီဗာပူးလ် အသင်းဘက်က ဒီကစားသမားကို လက်လွှတ်ရဖို့ရှိနေပါတယ်။ နောက် ထပ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အာဆင်နယ်အသင်းရဲ့ ‌နောက်တန်းခံစစ်မှူး ဆလီဘာ ကိုပါ ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ဆလီဘာရဲ့ စာချုပ်သက်တမ်းက (၂၀၂၇)ခုနှစ်အထိရှိနေတာကြောင့် ရီးရဲလ် ဘက်က အာဆင်နယ်အသင်းရဲ့ အနေအထားကို ဆက်လက်စောင့် ကြည့်သွားဖို့ရှိနေပြီး လာမယ့် ရာသီ မှာ အာဆင်နယ်အသင်းအနေနဲ့ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေဦးမယ်ဆိုရင် ရီးရဲလ်ဘက် က ဆလီဘာကို ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ကစားသမားတွေကို အောင်မြင်မှုနဲ့ ချုပ်ကိုင်ပြီး အရခေါ်ယူတတ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကိုနာတေးလ်နဲ့ ဆလီဘာကို အရခေါ်ယူသွားနိုင်မလား ဆိုတာကို စောင့် ကြည့်ရပါမယ်။

(၃) လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ လူးဝစ် ဒီယက်ဇ်

လီဗာပူးလ်အသင်း အူကိုအေကေဒီကေကိုခေါ်ယူဖို့ သေချာသလောက်ရှိသွားတဲ့အနေအထားမှာ အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား လူးဝစ် ဒီယက်ဇ်ကို ရောင်းထုတ်သွားဖို့ အခြေအနေတွေ ရှိနေ တယ်လို့ ESPN မှာ ဖော်ပြထားပါတယ်။ လူးဝစ် ဒီယက်ဇ်ကိုယ်တိုင်ကလည်း လီဗာပူးလ် အသင်းဘက် က တိုက်စစ် ကစားသမားကောင်းတွေကို ခေါ်ယူထားပြီးတဲ့နောက်ပိုင်းမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ စိတ်ပိုင်း ဖြတ်ထားတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ပထမအကြိမ် လူးဝစ် ဒီယက်ဇ်ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းဘက်ကပယ်ချထားခဲ့ပြီး လက်ရှိ အချိန် မှာတော့ ဒုတိယအကြိမ် ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေတယ်လို့လည်းသိရပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဘက်ကလည်း အသင်းရဲ့အဓိက ကစားသမား လီရိုင်းဆာနေး ထွက်ခွာဖို့ရှိနေတဲ့အနေအထားမှာ လူးဝစ်ဒီယက်ဇ်ကို အမှန် တကယ်လိုအပ်နေတာဖြစ်ပြီး လီဗာပူးလ်အသင်းဘက်ကတော့ ကစားသမား ကိုခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေး ထက်ကျော်လွန်တဲ့ ‌ငွေကြေးပမာဏတစ်ခုဖြစ်တဲ့ ယူရိုသန်း (၇၀) အ ထက်ကိုသာ ရယူချင်နေတာကြောင့် အနည်းငယ်ကြန့်ကြာနေပေမယ့် ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင် ဖို့ရှိနေပါတယ်။

(၄) အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အန်တိုနီကို ခေါ်ယူဖို့ရှိနေ

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အန်တိုနီကိုခေါ်ယူဖို့စောင့်ဆိုင်းနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက RB Leipzig အသင်းက Benjamin Sesko နဲ့ ချဲလ်ဆီးအသင်းက Nicolas Jackson တို့ကို ခေါ်ယူဖို့ရှိနေတဲ့အနေအထားမှာ ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ESPN မှာ ဖော်ပြထားပါတယ်။ အသက် (၂၅) နှစ် အရွယ် ဘရာဇီးလက်ရွေးစင်ကစားသမား အန်တိုနီဟာ ပြီးခဲ့ သည့်ရာသီမှာ မန်ယူအသင်းကနေ ရီးရဲလ် ဘက်တစ်အသင်းမှာ အငှားနဲ့သွားရောက်ကစားနေတာ လည်း ဖြစ်ပါတယ်။ အန်တိုနီကို အက်သလက်တီ ကိုအသင်းဘက်က ကမ်းလှမ်းမှုတွေလုပ်ဆောင်ခဲ့ ပေမယ့် ရီးရဲလ်ဘက်တစ်အသင်းကလည်း ပြီးခဲ့တဲ့ ရာသီက အန်တိုနီရဲ့ ခြေစွမ်းကောင်းမွန်မှုတွေကြောင့် အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့အနေအထားမှာ မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းဘက်က အန်တိုနီ ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်(၃၅)သန်းနဲ့အထက် လိုချင်နေပြီး ရီးရဲလ်ဘက်တစ်အသင်းဘက်ကတော့ ပေါင်သန်း(၃၅)ထက် ပိုပေးလိုခြင်းမရှိတာကြောင့် ဆွေးနွေးမှုတွေ ကြန့်ကြာနေချိန်မှာ အက်သလက်တီ ကိုအသင်းဘက်က ဒီအပြောင်းအရွှေ့ထဲမှာ ပါဝင် လာခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ရီးရဲလ်ဘက်တစ်အသင်းနဲ့ မန်ယူအသင်းဘက်က ဆွေးနွေးမှုတွေသာ မဖြစ်မြောက်ခဲ့ရင် အက်သလက်တီကိုအသင်းအနေနဲ့ မျှော်လင့်နိုင်ပြီး ဒီအပြောင်းအရွှေ့အတွက်‌စောင့် ကြည့်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Zawgyi Version:
ဇူလိုင္လ (၂၂) ရက္မွ (၂၈) ရက္အတြင္း ေနာက္ဆုံးရ အေျပာင္းအေ႐ႊ႕ နဲ႔အလားအလာ

ရဲထက္ (NP News)
(၁) နီကိုးလက္ ဂ်က္ဆန္ကို ေပါင္သန္း (၈၀) ကေန ေပါင္သန္း(၁၀ဝ)အထိ သတ္မွတ္ထားတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ႕ တိုက္စစ္ကစားသမား နီကိုးလက္ ဂ်က္ဆန္ကို လိုခ်င္တဲ့ ေျပာင္း ေ႐ႊ႕ေၾကးသာေပးႏိုင္ရင္ ဘယ္အသင္းကိုမဆို ေရာင္းခ်သြားမွာျဖစ္တယ္လို႔ တရားဝင္ ထုတ္ျပန္ထားပါ တယ္။ လက္ရွိမွာ နီကိုးလက္ဂ်က္ဆန္ကို မန္ယူ ၊ အက္စတြန္ဗီလာနဲ႔ နယူးကာဆယ္အသင္းေတြက ေခၚ ယူဖို႔ စိတ္ဝင္စားေနသလို အာဆင္နယ္အသင္းကလည္း ေခၚယူဖို႔စိတ္ဝင္စားမယ့္ အေနအထားတစ္ ရပ္မွာရွိေနပါတယ္။ နီကိုးလက္ဂ်က္ဆန္ဟာ ခ်ဲလ္ဆီးမွာ ဒီရာသီစြမ္းေဆာင္ရည္အရၾကည့္ရင္ အားရ ေက်နပ္စရာမေကာင္းခဲ့ဘဲ အဆုံးသတ္ပိုင္းေတြမွာ ေသခ်ာမႈမရွိတဲ့အျပင္ မလိုအပ္ဘဲ ကစားပုံၾကမ္းတမ္း မႈေၾကာင့္ အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ အနီကတ္ျပခံရေလ့ရွိတဲ့အေနအထားမွာ ခ်ဲလ္ဆီးအသင္းက လီယန္ ဒီလပ္နဲ႔ ဂ်ာအိုပက္ထ႐ိုတို႔ကို ေခၚယူလိုက္ခ်ိန္မွာေတာ့ ပြဲထြက္ကစားခြင့္ရဖို႔ မေသခ်ာေတာ့တာလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဘက္က ၎ရဲ႕ အေျပာင္းအေ႐ႊ႕ကို အေရးတႀကီးဆုံးျဖတ္မွာမဟုတ္ဘဲ ေခၚ ယူဖို႔ ကမ္းလွမ္းလာတဲ့အသင္းေတြရဲ႕ ေျပာင္းေ႐ႊ႕ေၾကးေတြအေပၚမွာ မူတည္ၿပီး လက္ခံစဥ္းစားသြားမယ္ လို႔ The Sun မွာ ေဖာ္ျပထားပါတယ္။ ဒါ့ျပင္ ခ်ဲလ္ဆီးအသင္းဘက္က နီကိုးလက္ဂ်က္ဆန္ကို အနိမ့္ဆုံး ေပါင္သန္း (၈၀)ကေန ေပါင္းသန္း(၁၀ဝ)ၾကား သတ္မွတ္ထားၿပီး ဒီေျပာင္းေ႐ႊ႕ေၾကးအတိုင္း ေပးႏိုင္တဲ့ အသင္းကိုသာ ဦးစားေပးသြားမယ္လို႔သိရပါတယ္။ ဒါေပမဲ့ နီကိုးလက္ဂ်က္ဆန္လို ကစားသမားမ်ိဳးကို ေပါင္သန္း(၈၀)ကေန ေပါင္သန္း(၁၀ဝ)ၾကား ေပးေခ်ဖို႔ဆိုတာက အသင္းတိုင္းလက္တြန႔္ႏိုင္တဲ့ ေျပာင္း ေ႐ႊ႕ေၾကးျဖစ္တာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ကို ဆက္လက္ေစာင့္ၾကည့္ရပါမယ္။

(၂) ကိုနာေတးလ္နဲ႔ ဆလီဘာတို႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံကစားသမား ကိုနာေတးလ္နဲ႔ အာ ဆင္နယ္အသင္းရဲ႕ ‌ေနာက္တန္းခံစစ္မႉး ဆလီဘာတို႔ကိုေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ လုပ္ေဆာင္ေန တယ္ လို႔ ျပင္သစ္သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ လီဗာပူးလ္အသင္းဘက္ကေတာ့ ကိုနာေတးလ္ ကို လက္လႊတ္ခံမွာမဟုတ္သလို အသင္းမွာအေရးပါတဲ့ကစားသမားအျဖစ္ ရႈျမင္ထားပါတယ္။ ဒါေပမဲ့ ရီးရဲလ္မက္ ဒရစ္အသင္းဘက္ကေတာ့ ကိုနာေတးလ္ကို လီဗာပူးလ္အသင္းဘက္က စာခ်ဳပ္ သက္တမ္း မတိုးရေသးတဲ့ အေနအထားမွာ ဒီႏွစ္ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း(၄၀)နဲ႔ ေခၚယူဖို႔ ရွိသလို မရခဲ့ရင္ေတာ့ လာမယ့္ ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားဖို႔ရွိေနပါတယ္။ ကိုနာ ေတးလ္ ကိုယ္တိုင္ကလည္း လီဗာပူးလ္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတိုးဘဲ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္း ေ႐ႊ႕ဖို႔ဆႏၵရွိေနရာမွာ လီဗာပူးလ္ အသင္းဘက္က ဒီကစားသမားကို လက္လႊတ္ရဖို႔ရွိေနပါတယ္။ ေနာက္ ထပ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းက အာဆင္နယ္အသင္းရဲ႕ ‌ေနာက္တန္းခံစစ္မႉး ဆလီဘာ ကိုပါ ေခၚယူဖို႔စိတ္ဝင္စားေနၿပီး ဆလီဘာရဲ႕ စာခ်ဳပ္သက္တမ္းက (၂၀၂၇)ခုႏွစ္အထိရွိေနတာေၾကာင့္ ရီးရဲလ္ ဘက္က အာဆင္နယ္အသင္းရဲ႕ အေနအထားကို ဆက္လက္ေစာင့္ ၾကည့္သြားဖို႔ရွိေနၿပီး လာမယ့္ ရာသီ မွာ အာဆင္နယ္အသင္းအေနနဲ႔ ဆုဖလားေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနဦးမယ္ဆိုရင္ ရီးရဲလ္ဘက္ က ဆလီဘာကို ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ေခၚယူဖို႔ လုပ္ေဆာင္သြားမယ္လို႔ ျပင္သစ္သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ကစားသမားေတြကို ေအာင္ျမင္မႈနဲ႔ ခ်ဳပ္ကိုင္ၿပီး အရေခၚယူတတ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ကိုနာေတးလ္နဲ႔ ဆလီဘာကို အရေခၚယူသြားႏိုင္မလား ဆိုတာကို ေစာင့္ ၾကည့္ရပါမယ္။

(၃) လီဗာပူးလ္အသင္းကေန ထြက္ခြာဖို႔ရွိေနတဲ့ လူးဝစ္ ဒီယက္ဇ္

လီဗာပူးလ္အသင္း အူကိုေအေကဒီေကကိုေခၚယူဖို႔ ေသခ်ာသေလာက္ရွိသြားတဲ့အေနအထားမွာ အသင္းရဲ႕ေတာင္ပံတိုက္စစ္ကစားသမား လူးဝစ္ ဒီယက္ဇ္ကို ေရာင္းထုတ္သြားဖို႔ အေျခအေနေတြ ရွိေန တယ္လို႔ ESPN မွာ ေဖာ္ျပထားပါတယ္။ လူးဝစ္ ဒီယက္ဇ္ကိုယ္တိုင္ကလည္း လီဗာပူးလ္ အသင္းဘက္ က တိုက္စစ္ ကစားသမားေကာင္းေတြကို ေခၚယူထားၿပီးတဲ့ေနာက္ပိုင္းမွာ လီဗာပူးလ္အသင္းကေန ထြက္ခြာဖို႔ စိတ္ပိုင္း ျဖတ္ထားတယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းက ပထမအႀကိမ္ လူးဝစ္ ဒီယက္ဇ္ကိုေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ လီဗာပူးလ္အသင္းဘက္ကပယ္ခ်ထားခဲ့ၿပီး လက္ရွိ အခ်ိန္ မွာေတာ့ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈေတြကို ေစာင့္ဆိုင္းေနတယ္လို႔လည္းသိရပါတယ္။ ဘိုင္ယန္ျမဴးနစ္ အသင္းဘက္ကလည္း အသင္းရဲ႕အဓိက ကစားသမား လီ႐ိုင္းဆာေနး ထြက္ခြာဖို႔ရွိေနတဲ့အေနအထားမွာ လူးဝစ္ဒီယက္ဇ္ကို အမွန္ တကယ္လိုအပ္ေနတာျဖစ္ၿပီး လီဗာပူးလ္အသင္းဘက္ကေတာ့ ကစားသမား ကိုေခၚယူခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကး ထက္ေက်ာ္လြန္တဲ့ ‌ေငြေၾကးပမာဏတစ္ခုျဖစ္တဲ့ ယူ႐ိုသန္း (၇၀) အ ထက္ကိုသာ ရယူခ်င္ေနတာေၾကာင့္ အနည္းငယ္ၾကန႔္ၾကာေနေပမယ့္ ဒီအေျပာင္းအေ႐ႊ႕က ျဖစ္လာႏိုင္ ဖို႔ရွိေနပါတယ္။

(၄) အက္သလက္တီကိုမက္ဒရစ္အသင္းဟာ အန္တိုနီကို ေခၚယူဖို႔ရွိေန

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ အန္တိုနီကိုေခၚယူဖို႔ေစာင့္ဆိုင္းေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္အသင္းက RB Leipzig အသင္းက Benjamin Sesko နဲ႔ ခ်ဲလ္ဆီးအသင္းက Nicolas Jackson တို႔ကို ေခၚယူဖို႔ရွိေနတဲ့အေနအထားမွာ ဒီအေျပာင္းအေ႐ႊ႕က ျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ ESPN မွာ ေဖာ္ျပထားပါတယ္။ အသက္ (၂၅) ႏွစ္ အ႐ြယ္ ဘရာဇီးလက္ေ႐ြးစင္ကစားသမား အန္တိုနီဟာ ၿပီးခဲ့ သည့္ရာသီမွာ မန္ယူအသင္းကေန ရီးရဲလ္ ဘက္တစ္အသင္းမွာ အငွားနဲ႔သြားေရာက္ကစားေနတာ လည္း ျဖစ္ပါတယ္။ အန္တိုနီကို အက္သလက္တီ ကိုအသင္းဘက္က ကမ္းလွမ္းမႈေတြလုပ္ေဆာင္ခဲ့ ေပမယ့္ ရီးရဲလ္ဘက္တစ္အသင္းကလည္း ၿပီးခဲ့တဲ့ ရာသီက အန္တိုနီရဲ႕ ေျခစြမ္းေကာင္းမြန္မႈေတြေၾကာင့္ အၿပီးသတ္ေခၚယူဖို႔ ဆႏၵရွိေနတဲ့အေနအထားမွာ မန္ယူအသင္းနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဒါေပမဲ့ မန္ယူအသင္းဘက္က အန္တိုနီ ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္(၃၅)သန္းနဲ႔အထက္ လိုခ်င္ေနၿပီး ရီးရဲလ္ဘက္တစ္အသင္းဘက္ကေတာ့ ေပါင္သန္း(၃၅)ထက္ ပိုေပးလိုျခင္းမရွိတာေၾကာင့္ ေဆြးေႏြးမႈေတြ ၾကန႔္ၾကာေနခ်ိန္မွာ အက္သလက္တီ ကိုအသင္းဘက္က ဒီအေျပာင္းအေ႐ႊ႕ထဲမွာ ပါဝင္ လာခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ ရီးရဲလ္ဘက္တစ္အသင္းနဲ႔ မန္ယူအသင္းဘက္က ေဆြးေႏြးမႈေတြသာ မျဖစ္ေျမာက္ခဲ့ရင္ အက္သလက္တီကိုအသင္းအေနနဲ႔ ေမွ်ာ္လင့္ႏိုင္ၿပီး ဒီအေျပာင္းအေ႐ႊ႕အတြက္‌ေစာင့္ ၾကည့္မႈေတြလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.