NLD အစိုးရလက်ထက်တွင် ပယ်ဖျက်ခဲ့သော ဆိပ်ကမ်းမြို့နယ်ကို ပြန်ဖွဲ့စည်းမည့်အပြင် လှိုင်သာယာအရှေ့ နှင့် အနောက်ကိုလည်း ပြန်ပေါင်းမည်

3565

သုတကျော် (NP News) - ဇူလိုင် ၂၈
NLD အစိုးရလက်ထက်တွင် ပယ်ဖျက်ခဲ့သော ဆိပ်ကမ်းမြို့နယ်ကို ပြန်ဖွဲ့စည်းမည့်အပြင် လှိုင်သာယာမြို့နယ် ကိုလည်း အရှေ့ပိုင်း နှင့် အနောက်ပိုင်းဟု မြို့နယ်နှစ်ခု ခွဲထားရာမှ ပြန်ပေါင်းမည်ဖြစ်ကြောင်း NP News က မေးမြန်းထားသောအချက်အလက်များ အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်ရှိ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ကာ ယင်းမြို့နယ်အတွင်းက မော်တင်ယာယီစျေးရပ်ကွက်ကို လမ်းမတော်မြို့နယ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းပြီး ဆိပ်ကမ်းမိသားစုရိပ်သာ၊ ရဲရိပ်သာ ရပ်ကွက်နှင့် ရေပိုင်နက် ၁၀၄ စတုရန်းမိုင်ကို ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းသို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် လှိုင်သာယာမြို့နယ်ကိုလည်း လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ယင်းနောက် ယခုအခါ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့ကိုပေါင်းကာ လှိုင်သာယာတစ်မြို့နယ်တည်း ပြန်လည်ဖွဲ့စည်းမည့်အပြင် ဆိပ်ကမ်းမြို့နယ်ကိုလည်း ယခင် အတိုင်း ပြန်လည်ထားရှိရန် စီစဥ်နေကြောင်း သိရသည်။

Zawgyi Version:
NLD အစိုးရလက္ထက္တြင္ ပယ္ဖ်က္ခဲ့ေသာ ဆိပ္ကမ္းၿမိဳ႕နယ္ကို ျပန္ဖြဲ႕စည္းမည့္အျပင္ လႈိင္သာယာအေရွ႕ ႏွင့္ အေနာက္ကိုလည္း ျပန္ေပါင္းမည္
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၈
NLD အစိုးရလက္ထက္တြင္ ပယ္ဖ်က္ခဲ့ေသာ ဆိပ္ကမ္းၿမိဳ႕နယ္ကို ျပန္ဖြဲ႕စည္းမည့္အျပင္ လႈိင္သာယာၿမိဳ႕နယ္ ကိုလည္း အေရွ႕ပိုင္း ႏွင့္ အေနာက္ပိုင္းဟု ၿမိဳ႕နယ္ႏွစ္ခု ခြဲထားရာမွ ျပန္ေပါင္းမည္ျဖစ္ေၾကာင္း NP News က ေမးျမန္းထားေသာအခ်က္အလက္မ်ား အရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္ဦးပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊အေနာက္ပိုင္းခ႐ိုင္ရွိ ဆိပ္ကမ္းၿမိဳ႕နယ္ကို ပယ္ဖ်က္ကာ ယင္းၿမိဳ႕နယ္အတြင္းက ေမာ္တင္ယာယီေစ်းရပ္ကြက္ကို လမ္းမေတာ္ၿမိဳ႕နယ္အတြင္းသို႔ ထည့္သြင္းဖြဲ႕စည္းၿပီး ဆိပ္ကမ္းမိသားစုရိပ္သာ၊ ရဲရိပ္သာ ရပ္ကြက္ႏွင့္ ေရပိုင္နက္ ၁၀၄ စတုရန္းမိုင္ကို ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္အတြင္းသို႔ ထည့္သြင္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လႈိင္သာယာၿမိဳ႕နယ္ကိုလည္း လႈိင္သာယာ(အေရွ႕ပိုင္း) ၿမိဳ႕နယ္ ႏွင့္ လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္ ဟု ျပင္ဆင္ဖြဲ႕စည္းခဲ့သည္။
ယင္းေနာက္ ယခုအခါ လႈိင္သာယာ(အေရွ႕ပိုင္း) ၿမိဳ႕နယ္ ႏွင့္ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္တို႔ကိုေပါင္းကာ လႈိင္သာယာတစ္ၿမိဳ႕နယ္တည္း ျပန္လည္ဖြဲ႕စည္းမည့္အျပင္ ဆိပ္ကမ္းၿမိဳ႕နယ္ကိုလည္း ယခင္ အတိုင္း ျပန္လည္ထားရွိရန္ စီစဥ္ေနေၾကာင္း သိရသည္။