တရုတ်-မြန်မာနယ်စပ်ရှိ စက်ရုံများတွင် မြန်မာ အလုပ်သမားများ လစာနည်းခြင်းနှင့် အလုပ်သမား အခွင့်အရေး ဆုံးရှုံးခြင်းများ ကြုံတွေ့နေရ

 341

သန့်ဇင် (NP News)-ဇူလိုင်၂၉
တရုတ်-မြန်မာနယ်စပ်ရှိ စက်ရုံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ် သမားများ လုပ်ခလစာနည်းပါးခြင်းနှင့် အလုပ်သမားအခွင့်အရေးဆုံးရှုံးခြင်းများ ကြုံတွေ့နေရကြောင်း သိရှိသူတစ်ဦးက NP News သို့ ဖွင့်ဟပြောဆိုထားသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်ခြမ်း၊ ရွှေလီမြို့ရှိ စက်ရုံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေ ကြသောအလုပ်သမားမှာ အထက်ပါအတိုင်း ကြုံတွေ့နေရကြောင်း သိရသည်။ “တရုတ်ပြည်မှာက ဒီလို တွေက အဆန်းမဟုတ်တော့ပါဘူး။ ဒီမှာကအခွင့်အရေးဆုံးရှုံးလို့ တိုင်ချင်ရင်တောင် တိုင်ချင်တိုင်းတိုင် လို့ မရဘူး။ တရုတ်က မြန်မာတွေကို စောင့်ကြည့်တဲ့အဖွဲ့သတ်သတ်ရှိတယ်။ သူတို့နိုင်ငံ မကောင်းပြော ရင် တစ်ခါတည်းလိုက်လာတာ။ မြန်မာပြည် ပြန်ပို့တယ်။ အထောက်အထားအပြည့်အစုံရှိတဲ့သူဆို လိုင်းပေါ်တင်ထားတာတွေဖျက်ပေးရတယ်။ အစ်မ သူငယ်ချင်းတစ်ယောက်ဖြစ်ဖူးတယ်။ လက်တွေ့မို့လို့ ပြောရဲတာ။ တရုတ်မကောင်းကြောင်း Facebook တွေ Viber တွေမှာပဲပြောရဲတာ။ Wechat မှာဆို မ ပြောရဲဘူး။ ကိုယ်ကသူတို့နဲ့ မကင်းနိုင်တော့ခံရတာပဲ” ဟု ရွှေလီမြို့တွင်နေထိုင်သူ မြန်မာအမျိုးသမီး တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ယူရီမေအထည်ချုပ်စက်ရုံတွင် မြန်မာ အလုပ်သမား (၅၀ဝ) ခန့် လုပ်ခလစာနည်းပါးခြင်းကြောင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းများဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“ကျွန်မအစတည်းကသိတယ်။ တစ်ရက်တည်းနဲ့ပြီးမယ်ထင်နေတာ။ ကျွန်မသူငယ်ချင်းအလုပ် ရုံကလူတွေလည်းပါတော့ ကျွန်မက သိနေတာပါ။ ဘာတာဝန်ယူမှုမှမရှိတဲ့ စက်ရုံတွေကများတယ်။ အဲဒီ မှာက လူ (၅၀ဝ) လောက်ရှိတယ်။ အခုက အလုပ်သမားတွေကို လစာရှင်းပေးမယ်ပြောပြီး မရှင်းပေး တာ။ စက်ရုံကတစ်ရုံပဲ။ အလုပ်သမားတွေကလစာတိုးပေးဖို့နဲ့ရက်မှန်ကြေးပေးဖို့ပြောတာ”ဟု အထက် ပါအမျိုးသမီးက ဆိုသည်။
လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းကို အလုပ်ရှင်ဘက်က ပြန်လည်ဖြေ ရှင်းပေးခြင်းမရှိခဲ့သောကြောင့် အဆိုပါ စက်ရုံမှ မြန်မာအလုပ်သမားများ နေရပ်ပြန်ရန် လုပ်ဆောင်ခဲ့ သော်လည်း ပြန်ခွင့်မပေးဘဲ ဆက်လက်အလုပ်လုပ်စေခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ စက်ရုံများထံ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများတွင် အချို့သည် လုပ်ခ လစာ တရုတ်ယွမ်(၁၃၀ဝ) မြန်မာငွေကျပ် (၈) သိန်း ခန့်သာ ရရှိကြပြီး အချိန်မှန်ကြေးနှင့် အချိန်ပိုကြေးသည်လည်း များစွာနည်းပါးကြောင်း အထက်ပါ သတင်းရင်း မြစ်က ဆိုသည်။ “သူတို့ဘက်က မတိုးပေးနိုင်လို့ အလုပ်သမားတွေက ပြန်မယ်ပြောတာ။ သူဌေးက လစာ မတိုးပေးလို့။ ခေါ်ပေးထားတဲ့ရုံးကလည်း ဘာမှမဖြေရှင်ပေးလို့တဲ့။ လစာကယွမ် (၁၃၀ဝ) ပဲရ တယ်။ လစာနဲ့ရက်မှန်ကြေးပေးဖို့၊ အချိန်ပိုကြေးပေးဖို့ပဲပြောကြတာ။ မြန်မာငွေနဲ့ဆို (၈)သိန်းလောက်ရ မယ်”ဟု ၎င်းကဆိုသည်။
တရုတ်နိုင်ငံရှိ စက်ရုံများအတွင်း သွား ရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား များ အတွက် ရွှေလီမြို့နှင့် ကျယ်ဂေါင်မြို့တို့တွင် မြန်မာအလုပ်သမားရုံးများရှိသော်လည်း တရုတ်စက်ရုံ လုပ် ငန်းရှင်များ၏ လွှမ်းမိုးမှုများကြောင့် မြန်မာအလုပ်သမားများအပေါ် ကာကွယ်ပေးနိုင်စွမ်း မရှိဖြစ်နေ ကြောင်းလည်း ၎င်းကဆိုသည်။

Zawgyi Version:
တ႐ုတ္-ျမန္မာနယ္စပ္ရွိ စက္႐ုံမ်ားတြင္ ျမန္မာ အလုပ္သမားမ်ား လစာနည္းျခင္းႏွင့္ အလုပ္သမား အခြင့္အေရး ဆုံးရႈံးျခင္းမ်ား ႀကဳံေတြ႕ေနရ
သန႔္ဇင္ (NP News)-ဇူလိုင္၂၉
တ႐ုတ္-ျမန္မာနယ္စပ္ရွိ စက္႐ုံမ်ားတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကေသာ ျမန္မာ အလုပ္ သမားမ်ား လုပ္ခလစာနည္းပါးျခင္းႏွင့္ အလုပ္သမားအခြင့္အေရးဆုံးရႈံးျခင္းမ်ား ႀကဳံေတြ႕ေနရေၾကာင္း သိရွိသူတစ္ဦးက NP News သို႔ ဖြင့္ဟေျပာဆိုထားသည္။
ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံဘက္ျခမ္း၊ ေ႐ႊလီၿမိဳ႕ရွိ စက္႐ုံမ်ားသို႔ သြားေရာက္ အလုပ္လုပ္ကိုင္ေန ၾကေသာအလုပ္သမားမွာ အထက္ပါအတိုင္း ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ “တ႐ုတ္ျပည္မွာက ဒီလို ေတြက အဆန္းမဟုတ္ေတာ့ပါဘူး။ ဒီမွာကအခြင့္အေရးဆုံးရႈံးလို႔ တိုင္ခ်င္ရင္ေတာင္ တိုင္ခ်င္တိုင္းတိုင္ လို႔ မရဘူး။ တ႐ုတ္က ျမန္မာေတြကို ေစာင့္ၾကည့္တဲ့အဖြဲ႕သတ္သတ္ရွိတယ္။ သူတို႔ႏိုင္ငံ မေကာင္းေျပာ ရင္ တစ္ခါတည္းလိုက္လာတာ။ ျမန္မာျပည္ ျပန္ပို႔တယ္။ အေထာက္အထားအျပည့္အစုံရွိတဲ့သူဆို လိုင္းေပၚတင္ထားတာေတြဖ်က္ေပးရတယ္။ အစ္မ သူငယ္ခ်င္းတစ္ေယာက္ျဖစ္ဖူးတယ္။ လက္ေတြ႕မို႔လို႔ ေျပာရဲတာ။ တ႐ုတ္မေကာင္းေၾကာင္း Facebook ေတြ Viber ေတြမွာပဲေျပာရဲတာ။ Wechat မွာဆို မ ေျပာရဲဘူး။ ကိုယ္ကသူတို႔နဲ႔ မကင္းႏိုင္ေတာ့ခံရတာပဲ” ဟု ေ႐ႊလီၿမိဳ႕တြင္ေနထိုင္သူ ျမန္မာအမ်ိဳးသမီး တစ္ဦးက ဆိုသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ရွိ ယူရီေမအထည္ခ်ဳပ္စက္႐ုံတြင္ ျမန္မာ အလုပ္သမား (၅၀ဝ) ခန႔္ လုပ္ခလစာနည္းပါးျခင္းေၾကာင့္ ကန႔္ကြက္ဆႏၵထုတ္ေဖာ္ျခင္းမ်ားျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။
“ကြၽန္မအစတည္းကသိတယ္။ တစ္ရက္တည္းနဲ႔ၿပီးမယ္ထင္ေနတာ။ ကြၽန္မသူငယ္ခ်င္းအလုပ္ ႐ုံကလူေတြလည္းပါေတာ့ ကြၽန္မက သိေနတာပါ။ ဘာတာဝန္ယူမႈမွမရွိတဲ့ စက္႐ုံေတြကမ်ားတယ္။ အဲဒီ မွာက လူ (၅၀ဝ) ေလာက္ရွိတယ္။ အခုက အလုပ္သမားေတြကို လစာရွင္းေပးမယ္ေျပာၿပီး မရွင္းေပး တာ။ စက္႐ုံကတစ္႐ုံပဲ။ အလုပ္သမားေတြကလစာတိုးေပးဖို႔နဲ႔ရက္မွန္ေၾကးေပးဖို႔ေျပာတာ”ဟု အထက္ ပါအမ်ိဳးသမီးက ဆိုသည္။
လုပ္ခလစာတိုးျမႇင့္ေပးရန္ ဆႏၵထုတ္ေဖာ္ေတာင္းဆိုျခင္းကို အလုပ္ရွင္ဘက္က ျပန္လည္ေျဖ ရွင္းေပးျခင္းမရွိခဲ့ေသာေၾကာင့္ အဆိုပါ စက္႐ုံမွ ျမန္မာအလုပ္သမားမ်ား ေနရပ္ျပန္ရန္ လုပ္ေဆာင္ခဲ့ ေသာ္လည္း ျပန္ခြင့္မေပးဘဲ ဆက္လက္အလုပ္လုပ္ေစခဲ့ေၾကာင္းလည္း ၎ကဆိုသည္။
တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕မွ စက္႐ုံမ်ားထံ သြားေရာက္အလုပ္လုပ္ကိုင္ေနေသာ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားတြင္ အခ်ိဳ႕သည္ လုပ္ခ လစာ တ႐ုတ္ယြမ္(၁၃၀ဝ) ျမန္မာေငြက်ပ္ (၈) သိန္း ခန႔္သာ ရရွိၾကၿပီး အခ်ိန္မွန္ေၾကးႏွင့္ အခ်ိန္ပိုေၾကးသည္လည္း မ်ားစြာနည္းပါးေၾကာင္း အထက္ပါ သတင္းရင္း ျမစ္က ဆိုသည္။ “သူတို႔ဘက္က မတိုးေပးႏိုင္လို႔ အလုပ္သမားေတြက ျပန္မယ္ေျပာတာ။ သူေဌးက လစာ မတိုးေပးလို႔။ ေခၚေပးထားတဲ့႐ုံးကလည္း ဘာမွမေျဖရွင္ေပးလို႔တဲ့။ လစာကယြမ္ (၁၃၀ဝ) ပဲရ တယ္။ လစာနဲ႔ရက္မွန္ေၾကးေပးဖို႔၊ အခ်ိန္ပိုေၾကးေပးဖို႔ပဲေျပာၾကတာ။ ျမန္မာေငြနဲ႔ဆို (၈)သိန္းေလာက္ရ မယ္”ဟု ၎ကဆိုသည္။
တ႐ုတ္ႏိုင္ငံရွိ စက္႐ုံမ်ားအတြင္း သြား ေရာက္အလုပ္လုပ္ကိုင္ေနေသာ ျမန္မာအလုပ္သမား မ်ား အတြက္ ေ႐ႊလီၿမိဳ႕ႏွင့္ က်ယ္ေဂါင္ၿမိဳ႕တို႔တြင္ ျမန္မာအလုပ္သမား႐ုံးမ်ားရွိေသာ္လည္း တ႐ုတ္စက္႐ုံ လုပ္ ငန္းရွင္မ်ား၏ လႊမ္းမိုးမႈမ်ားေၾကာင့္ ျမန္မာအလုပ္သမားမ်ားအေပၚ ကာကြယ္ေပးႏိုင္စြမ္း မရွိျဖစ္ေန ေၾကာင္းလည္း ၎ကဆိုသည္။

Related news

© 2021. All rights reserved.