Trump Media ကုမ္ပဏီက Bitcoin တွင် အမေရိကန်‌ဒေါ်လာ(၂)ဘီလျံရင်းနှီးမြှုပ်နှံထား

 236

Pika (NP News) - ဇူလိုင် ၂၉

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မီဒီယာနှင့်နည်းပညာကုမ္ပဏီသည် Bitcoin နှင့်ဆက်စပ် ပိုင်ဆိုင်မှုများတွင် အမေရိကန်‌‌‌ဒေါ်လာ(၂)ဘီလျံခန့် ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုက ဒေါ်နယ်ထရမ့် အစိုးရသည် ဒီဂျစ်တယ် ငွေကြေးဆီသို့ ဦးတည်သည့်လုပ်ရပ်များကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းကို အ‌လေးပေးဖော်ပြ ခြင်းမျိုးဖြစ် ကြောင်းလည်းသိရသည်။

ပြီးခဲ့သည့်လများအတွင်း ဒေါ်နယ်ထရမ့် မိသားစုသည် စွန့်ဦးတီထွင်မှုလုပ်ငန်းအသစ်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အများသူငါ ထောက်ခံအား ပေးမှုများမှတစ်ဆင့် ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။ Truth Social platform ၏နောက်ကွယ်ရှိကုမ္ပဏီဖြစ်သော Trump Media သည် ဝယ်ယူမှုတစ်ခုကိုထုတ်ပြန် ကြေညာခဲ့ပြီး နောက်ထပ်အရင်းအနှီးအမေရိကန်ဒေါ် လာသန်း(၃၀ဝ)ကို ရွေးချယ်စရာများ အခြေခံသော Bitcoin မဟာဗျူဟာတစ်ခုသို့ ခွဲဝေချထားပေးပြီ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ဈေးကွက်အခြေအနေများအ‌ပေါ်မူတည်ပြီး အဆိုပါရွေးချယ်စရာများကို ဒီဂျစ်တယ် ငွေကြေးအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း Trump Media ကပြောကြားခဲ့သည်။ အဆိုပါပိုင်ဆိုင်မှုများကို ဝင်ငွေများဖန်တီးရန်နှင့် နောက် ထပ် ဒီဂျစ်တယ်ငွေ ကြေးပိုင်ဆိုင်မှုများကိုရယူရန် အလားအလာများ အတွက် အသုံးပြုသွားနိုင်ကြောင်း Trump Media ၏စီအီးအိုနှင့်ဥက္ကဋ္ဌ Devin Nunes ကပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဒီဂျစ်တယ်ငွေကြေးသည် Trump Media ကုမ္ပဏီ၏ပိုင်ဆိုင်မှု အမေရိ ကန်ဒေါ်လာ(၃) ဘီလျံခန့်အနက် သုံးပုံနှစ်ပုံခန့်အထိ ရှိနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါဝယ်ယူမှုသည် ငွေကြေးဆိုင်ရာလိုက်လျောညီထွေဖြစ်မှုကို တိုးမြှင့်ရန်အတွက် ဒီဂျစ်တယ်ပိုင်ဆိုင်မှုများကို ဝယ်ယူခြင်းနှင့် ကိုင်ဆောင်ထားခြင်းတို့ပါဝင်သည့် Trump Media ၏ “Bitcoin treasury plan"၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
Trump Media ကုမၸဏီက Bitcoin တြင္ အေမရိကန္‌ေဒၚလာ(၂)ဘီလ်ံရင္းႏွီးျမႇဳပ္ႏွံထား
Pika (NP News) - ဇူလိုင္ ၂၉

အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ မီဒီယာႏွင့္နည္းပညာကုမၸဏီသည္ Bitcoin ႏွင့္ဆက္စပ္ ပိုင္ဆိုင္မႈမ်ားတြင္ အေမရိကန္‌‌‌ေဒၚလာ(၂)ဘီလ်ံခန႔္ ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္းသိရသည္။ အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈက ေဒၚနယ္ထရမ့္ အစိုးရသည္ ဒီဂ်စ္တယ္ ေငြေၾကးဆီသို႔ ဦးတည္သည့္လုပ္ရပ္မ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ေနျခင္းကို အ‌ေလးေပးေဖာ္ျပ ျခင္းမ်ိဳးျဖစ္ ေၾကာင္းလည္းသိရသည္။

ၿပီးခဲ့သည့္လမ်ားအတြင္း ေဒၚနယ္ထရမ့္ မိသားစုသည္ စြန႔္ဦးတီထြင္မႈလုပ္ငန္းအသစ္မ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ အမ်ားသူငါ ေထာက္ခံအား ေပးမႈမ်ားမွတစ္ဆင့္ ဒီဂ်စ္တယ္ေငြေၾကးလုပ္ငန္းႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အရွိန္ျမႇင့္ လုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။ Truth Social platform ၏ေနာက္ကြယ္ရွိကုမၸဏီျဖစ္ေသာ Trump Media သည္ ဝယ္ယူမႈတစ္ခုကိုထုတ္ျပန္ ေၾကညာခဲ့ၿပီး ေနာက္ထပ္အရင္းအႏွီးအေမရိကန္ေဒၚ လာသန္း(၃၀ဝ)ကို ေ႐ြးခ်ယ္စရာမ်ား အေျခခံေသာ Bitcoin မဟာဗ်ဴဟာတစ္ခုသို႔ ခြဲေဝခ်ထားေပးၿပီ ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ေဈးကြက္အေျခအေနမ်ားအ‌ေပၚမူတည္ၿပီး အဆိုပါေ႐ြးခ်ယ္စရာမ်ားကို ဒီဂ်စ္တယ္ ေငြေၾကးအျဖစ္သို႔ ေျပာင္းလဲႏိုင္ေၾကာင္း Trump Media ကေျပာၾကားခဲ့သည္။ အဆိုပါပိုင္ဆိုင္မႈမ်ားကို ဝင္ေငြမ်ားဖန္တီးရန္ႏွင့္ ေနာက္ ထပ္ ဒီဂ်စ္တယ္ေငြ ေၾကးပိုင္ဆိုင္မႈမ်ားကိုရယူရန္ အလားအလာမ်ား အတြက္ အသုံးျပဳသြားႏိုင္ေၾကာင္း Trump Media ၏စီအီးအိုႏွင့္ဥကၠ႒ Devin Nunes ကေျပာၾကားခဲ့သည္။ လက္ရွိအခ်ိန္တြင္ ဒီဂ်စ္တယ္ေငြေၾကးသည္ Trump Media ကုမၸဏီ၏ပိုင္ဆိုင္မႈ အေမရိ ကန္ေဒၚလာ(၃) ဘီလ်ံခန႔္အနက္ သုံးပုံႏွစ္ပုံခန႔္အထိ ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။ အဆိုပါဝယ္ယူမႈသည္ ေငြေၾကးဆိုင္ရာလိုက္ေလ်ာညီေထြျဖစ္မႈကို တိုးျမႇင့္ရန္အတြက္ ဒီဂ်စ္တယ္ပိုင္ဆိုင္မႈမ်ားကို ဝယ္ယူျခင္းႏွင့္ ကိုင္ေဆာင္ထားျခင္းတို႔ပါဝင္သည့္ Trump Media ၏ “Bitcoin treasury plan"၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.