နစက နှင့် TNLA တို့ ဩဂုတ်လလယ်တွင် ထပ်မံ တွေ့ဆုံရန်ရှိကြောင်း သတင်းထွက်ပေါ်နေ

781

သန့်ဇင် (NP News)-ဇူလိုင် ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် TNLA တို့ ဩဂုတ်လ (၂၀) ရက်တွင် ထပ်မံတွေ့ဆုံရန်ရှိ ကြောင်း သတင်းထွက်ပေါ်နေသည်ဟု NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရ သိရသည်။
“(၂၀)ရက်မှာ တွေ့မယ်လို့ ကျွန်တော်တို့ သိထားရတယ်။ ဒါပေမဲ့ အတည်ပြုလို့တော့မရသေး ဘူး။ အရင်တည်းက ဩဂုတ်လထဲတွေ့မယ် ပြောထားပြီး အခုကတော့ သတင်း ထပ်ထွက်တာလာပေါ့။ တွေ့ဖြစ်ဖို့များမယ်ထင်တယ်။ ကျန်တာတော့ ကျွန်တော်လည်း မပြောတတ်သေးဘူး” ဟု ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။
ယင်းဆွေးနွေးပွဲတွင် TNLA က နယ်မြေများကို ထပ်မံလက်လွှတ်ရန် ပြောကြားခံရ ဖွယ်ရှိနေ ကြောင်းလည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
“ကြားရတဲ့စကားတွေကတော့ ဩဂုတ် လထဲမှာ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ အနေအထားလေး တစ်ခုတော့ရှိတယ်။ ဒီဆွေးနွေးပွဲအပြီးမှာ TNLA ကတော့ ထိန်းချုပ်တဲ့နယ်မြေတွေ ထပ်ပြီးတော့ လက်လွှတ်ရဖွယ်ရှိနေတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင်လည်း တပ်မတော်က TNLA တို့ထိန်းချုပ်ထားရာ ကျောက်မဲနှင့် သီပေါမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိပြီး TNLA အနေဖြင့် ခံစစ်ဖြင့်သာ ခုခံနေကြောင်း ၎င်းက ဆို သည်။
“အခုဆိုရင်လည်း တပ်မတော်ရဲ့ထိုးစစ် တွေက ကျောက်မဲ၊ သီပေါကို ဆက်တိုက်ကိုသွားနေတာ ပေါ့နော်။ နောက်ပြီး TNLA က တပ်အင်အားတွေ လျှော့ချလာတာတွေ အရင်ကဆိုရင် ဝါးတားဂိတ်တွေ အမျာကြီး ရှိရာကနေ အခုဆိုရင် သိပ်မတွေ့ရတော့ဘူး။ အဲဒီမျိုးလေးတွေပေါ့။ မိုးကုတ်မှာတော့ တော်ရုံ တော့ မဆုတ်နိုင်ဘူး။ ဒါပေမဲ့ သပိတ်ကျင်းကို တပ်မတော်က ပြန်လည်ရရှိသွားတဲ့နောက်မှာ တစ်ချက် စဉ်းစားစရာတော့ရှိတယ်”ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် TNLA တို့သည် တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ပြီးခဲ့သည့် ဧပြီလ (၂၈)နှင့် (၂၉) ရက်တွင် တရုတ်ပြည်၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်တို့တက် ရောက်ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲအပြီး တပ်မတော်က ရှမ်း မြောက်ရှိ TNLA ထိန်းချုပ်ရာ ဒေသများကို ဖိအားပေး တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် ဇူလိုင်လ (၁၆)ရက်တွင် နောင်ချိုမြို့ကို အပြည့်အဝပြန်လည် သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
TNLA အဖွဲ့အနေဖြင့် နောင်ချိုမြို့ကို တပ်မတော်ထံပြန်လည်လက်လွှတ်ခဲ့ခြင်းသည် တပ်မတော် အပေါ် ပြည်သူလူထု၏ ထောက်ခံမှု အားကောင်းလာခြင်း၊ TNLA အပေါ် ပြည်လူထု၏ ထောက်ခံမှု ကျဆင်းခြင်းနှင့် တရုတ်၏ဖိအားများကြောင့်ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“ TNLA က ဖိအားများနေတယ်။ တရုတ်ရဲ့ဖိအားလည်းရှိတယ်။ နောက်ပြီး ပြည်သူလူထုရဲ့ ဖိအားလည်းရှိတယ်။ ပြည်သူလူထုဖိအား ဆိုတာက လူထုကမထောက်ခံတော့တဲ့အခါမှာ သူတို့ ကျဆုံး သွားတာ။ နောင်ချိုဆိုတာ တပ်မတော် ရဲ့တိုက်ခိုက်မှုပါသော်လည်းပဲ ပြည်သူလူထုရဲ့ သတင်းပေးမှု ပူးပေါင်းပါဝင်မှုတွေကြောင့် ပြန်လည်ရရှိသွားတာပေါ့။ တစ်နည်းအားဖြင့် တပ်မတော်ပေါ်မှာ လူထုရဲ့ ထောက်ခံမှု။ TNLA အပေါ် မှာ လူထုရဲ့ ယုံကြည်မှုကျဆင်းလာမှုက သိသာစေတာပေါ့။ နောင်မှာ လည်း ကျောက်မဲ၊ သီပေါ ဒီမြို့တွေ ပြန်လည်ရရှိနိုင်တော့မယ်ဆိုတဲ့ အနေအထားတစ်ခုကို တွေ့ရတယ်ပေါ့ နော်”ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် TNLA သည် ၎င်းတို့ထိန်းချုပ်ထားရာ ရှမ်းမြောက်ဒေသများတွင် လူမျိုးရေး အတ္တဆန်မှု နှင့် နိုင်ငံရေးလောဘကြီးမားသွားခြင်းကလည်း ၎င်းတို့အတွက် အဓိကကျရှုံးရခြင်းအကြောင်းအရင်း ဖြစ် ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

Zawgyi Version:
နစက ႏွင့္ TNLA တို႔ ဩဂုတ္လလယ္တြင္ ထပ္မံ ေတြ႕ဆုံရန္ရွိေၾကာင္း သတင္းထြက္ေပၚေန
သန႔္ဇင္ (NP News)-ဇူလိုင္ ၂၉
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ TNLA တို႔ ဩဂုတ္လ (၂၀) ရက္တြင္ ထပ္မံေတြ႕ဆုံရန္ရွိ ေၾကာင္း သတင္းထြက္ေပၚေနသည္ဟု NP News က ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရ သိရသည္။
“(၂၀)ရက္မွာ ေတြ႕မယ္လို႔ ကြၽန္ေတာ္တို႔ သိထားရတယ္။ ဒါေပမဲ့ အတည္ျပဳလို႔ေတာ့မရေသး ဘူး။ အရင္တည္းက ဩဂုတ္လထဲေတြ႕မယ္ ေျပာထားၿပီး အခုကေတာ့ သတင္း ထပ္ထြက္တာလာေပါ့။ ေတြ႕ျဖစ္ဖို႔မ်ားမယ္ထင္တယ္။ က်န္တာေတာ့ ကြၽန္ေတာ္လည္း မေျပာတတ္ေသးဘူး” ဟု ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူတစ္ဦးက ဆိုသည္။
ယင္းေဆြးေႏြးပြဲတြင္ TNLA က နယ္ေျမမ်ားကို ထပ္မံလက္လႊတ္ရန္ ေျပာၾကားခံရ ဖြယ္ရွိေန ေၾကာင္းလည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ သတင္းရင္းျမစ္တစ္ဦးကဆိုသည္။
“ၾကားရတဲ့စကားေတြကေတာ့ ဩဂုတ္ လထဲမွာ ေတြ႕ဆုံဖို႔ရွိတယ္ဆိုတဲ့ အေနအထားေလး တစ္ခုေတာ့ရွိတယ္။ ဒီေဆြးေႏြးပြဲအၿပီးမွာ TNLA ကေတာ့ ထိန္းခ်ဳပ္တဲ့နယ္ေျမေတြ ထပ္ၿပီးေတာ့ လက္လႊတ္ရဖြယ္ရွိေနတယ္”ဟု ၎ကဆိုသည္။
လက္ရွိတြင္လည္း တပ္မေတာ္က TNLA တို႔ထိန္းခ်ဳပ္ထားရာ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕တို႔ကို ဆက္လက္ထိုးစစ္ဆင္တိုက္ခိုက္ေနလ်က္ရွိၿပီး TNLA အေနျဖင့္ ခံစစ္ျဖင့္သာ ခုခံေနေၾကာင္း ၎က ဆို သည္။
“အခုဆိုရင္လည္း တပ္မေတာ္ရဲ႕ထိုးစစ္ ေတြက ေက်ာက္မဲ၊ သီေပါကို ဆက္တိုက္ကိုသြားေနတာ ေပါ့ေနာ္။ ေနာက္ၿပီး TNLA က တပ္အင္အားေတြ ေလွ်ာ့ခ်လာတာေတြ အရင္ကဆိုရင္ ဝါးတားဂိတ္ေတြ အမ်ာႀကီး ရွိရာကေန အခုဆိုရင္ သိပ္မေတြ႕ရေတာ့ဘူး။ အဲဒီမ်ိဳးေလးေတြေပါ့။ မိုးကုတ္မွာေတာ့ ေတာ္႐ုံ ေတာ့ မဆုတ္ႏိုင္ဘူး။ ဒါေပမဲ့ သပိတ္က်င္းကို တပ္မေတာ္က ျပန္လည္ရရွိသြားတဲ့ေနာက္မွာ တစ္ခ်က္ စဥ္းစားစရာေတာ့ရွိတယ္”ဟု ၎ကဆိုသည္။
တပ္မေတာ္ႏွင့္ TNLA တို႔သည္ တ႐ုတ္ႏိုင္ငံ၏ၾကားဝင္စီစဥ္မႈျဖင့္ ၿပီးခဲ့သည့္ ဧၿပီလ (၂၈)ႏွင့္ (၂၉) ရက္တြင္ တ႐ုတ္ျပည္၊ ကူမင္းၿမိဳ႕၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲသို႔ တပ္မေတာ္ဘက္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးကိုကိုဦး ဦးေဆာင္သည့္ကိုယ္စား လွယ္အဖြဲ႕ႏွင့္ TNLA မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တားဂ်ဳတ္ဂ်ား ဦးေဆာင္သည့္ ကိုယ္စားလွယ္တို႔တက္ ေရာက္ေဆြးေႏြးခဲ့ေသာ္လည္း ေဆြးေႏြးမႈ မေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
ယင္းေဆြးေႏြးပြဲအၿပီး တပ္မေတာ္က ရွမ္း ေျမာက္ရွိ TNLA ထိန္းခ်ဳပ္ရာ ေဒသမ်ားကို ဖိအားေပး တိုက္ခိုက္ခဲ့ရာ ၿပီးခဲ့သည့္ ဇူလိုင္လ (၁၆)ရက္တြင္ ေနာင္ခ်ိဳၿမိဳ႕ကို အျပည့္အဝျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ ေၾကာင္း သိရသည္။
TNLA အဖြဲ႕အေနျဖင့္ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္ထံျပန္လည္လက္လႊတ္ခဲ့ျခင္းသည္ တပ္မေတာ္ အေပၚ ျပည္သူလူထု၏ ေထာက္ခံမႈ အားေကာင္းလာျခင္း၊ TNLA အေပၚ ျပည္လူထု၏ ေထာက္ခံမႈ က်ဆင္းျခင္းႏွင့္ တ႐ုတ္၏ဖိအားမ်ားေၾကာင့္ျဖစ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“ TNLA က ဖိအားမ်ားေနတယ္။ တ႐ုတ္ရဲ႕ဖိအားလည္းရွိတယ္။ ေနာက္ၿပီး ျပည္သူလူထုရဲ႕ ဖိအားလည္းရွိတယ္။ ျပည္သူလူထုဖိအား ဆိုတာက လူထုကမေထာက္ခံေတာ့တဲ့အခါမွာ သူတို႔ က်ဆုံး သြားတာ။ ေနာင္ခ်ိဳဆိုတာ တပ္မေတာ္ ရဲ႕တိုက္ခိုက္မႈပါေသာ္လည္းပဲ ျပည္သူလူထုရဲ႕ သတင္းေပးမႈ ပူးေပါင္းပါဝင္မႈေတြေၾကာင့္ ျပန္လည္ရရွိသြားတာေပါ့။ တစ္နည္းအားျဖင့္ တပ္မေတာ္ေပၚမွာ လူထုရဲ႕ ေထာက္ခံမႈ။ TNLA အေပၚ မွာ လူထုရဲ႕ ယုံၾကည္မႈက်ဆင္းလာမႈက သိသာေစတာေပါ့။ ေနာင္မွာ လည္း ေက်ာက္မဲ၊ သီေပါ ဒီၿမိဳ႕ေတြ ျပန္လည္ရရွိႏိုင္ေတာ့မယ္ဆိုတဲ့ အေနအထားတစ္ခုကို ေတြ႕ရတယ္ေပါ့ ေနာ္”ဟု ၎က ဆက္ေျပာသည္။
ထို႔ျပင္ TNLA သည္ ၎တို႔ထိန္းခ်ဳပ္ထားရာ ရွမ္းေျမာက္ေဒသမ်ားတြင္ လူမ်ိဳးေရး အတၱဆန္မႈ ႏွင့္ ႏိုင္ငံေရးေလာဘႀကီးမားသြားျခင္းကလည္း ၎တို႔အတြက္ အဓိကက်ရႈံးရျခင္းအေၾကာင္းအရင္း ျဖစ္ ေၾကာင္း ၎က သုံးသပ္ေျပာၾကားသည္။