အသိုက်ပျက်သွားသည့်အပြင် အပူဆင့်နေရသော ထီးချိုင့်မြို့ခံများ

1860

သုတကျော် (NP News)-ဇူလိုင် ၂၉
ထီးချိုင့်မြို့ကို KIA နှင့် PDF ပူးပေါင်းအဖွဲ့က (၂၀၂၃) ခုနှစ်တွင် တစ်ကြိမ်၊ (၂၀၂၄) ခုနှစ်တွင် တစ် ကြိမ် တိုက်ခိုက်ခဲ့ဖူးသော်လည်း မြို့ကိုမရခဲ့ပါ။ သို့သော် မြို့ပျက်စီးသွားခဲ့သောကြောင့် မြို့ခံတို့မှာ ထီး ချိုင့်ကို စွန့်ခွာခဲ့ကြရသည်။ အများစုက မြို့အနီးအနား ကျေးရွာများတွင်ခိုလှုံခဲ့ကြကာ အချို့ကလည်း အရပ်တစ်ပါးအထိ ပြောင်းရွှေ့နေထိုင်နေကြရသည်။ မြို့အနီးကျန်ခဲ့သူများမှာ စစ်ဘေးရှောင်ရင်း ဝမ်း ရေးအတွက် ဖြေရှင်းရာတွင်NUG လက်အောက်ခံ ပသုံးလုံးတို့၏ ဖိနှိပ်မှုများနှင့် တစ်ဖန် ကြုံတွေ့ကြရ ပြန်သည်။ တိုက်ပွဲမရှိ၍ မြို့သို့ပြန်လိုလျှင်လည်း ခြိမ်းခြောက်ခံနေရ၏။ အဆိုပါအခြေအနေများနှင့် ပတ် သက်၍ ထီးချိုင့်မြို့မှ တိမ်းရှောင်လာခဲ့သော သတင်းရင်းမြစ်တစ်ဦးထံ NP News ဆက်သွယ် မေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ထီးချိုင့်မြို့နဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ကာလ တချို့က အစ်ကိုနဲ့ ကျွန်တော် အင်တာဗျူး လုပ်ခဲ့ကြပါတယ်။ အခု နောက်ဆုံးအခြေအနေက ဘယ်လို ရှိပါသလဲ။ ပြည်သူတွေမြို့ထဲ ပြန်ဝင်လို့ရပြီ လား ခင်ဗျာ။
ဖြေ - လူပြန်တော့ မဝင်သေးဘူးဗျ။ ဒါပေမဲ့ ဝင်ချင်ကြတယ်။ ပသုံးလုံးတွေက ဝင်ခွင့် မပေးဘူး။ ထီးချိုင့် ပသုံးလုံးပေါ့။
မေး - ဝင်မယ် ဆိုရင်ကော ဘယ်လို ခြိမ်းခြောက် ပါသလဲ။
ဖြေ - ဝင်မယ်ဆို မင်းတို့ ဝင်ရဲဝင်ကြည့်ပေါ့။ မင်းတို့ ဝင်လို့ရှိရင် အန္တရာယ် တာဝန်မယူဘူး မင်းတို့ကို တာဝန်မယူဘူးပေါ့။ တိုက်ပွဲ ဖြစ်လာရင်လည်း မင်းတို့ အသက်အန္တရာယ် တာဝန်မယူဘူး ပြောကြတာပေါ့။
မေး - ဆိုတော့ ပြန်မဝင်ခိုင်းဘူး ဆိုရင် မြို့ကနေ တိမ်းရှောင်ခဲ့ရတဲ့သူတွေမှာ ဘယ်လို အခက်အခဲတွေ ဖြစ်နေကြပါသလဲ။
ဖြေ - အခက်အခဲကတော့ အများကြီးပါပဲ။ အခက် အခဲကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပေမယ့် အများစုက တော့ စားဝတ်နေရေး အဆင်မပြေဘူးပေါ့ အစ်ကိုရာ။ စီးပွားရေးတွေ၊ အလုပ်အကိုင်တွေ ပစ်ထားခဲ့ပြီး ရပ်တည်နေကြရတော့ အဆင်မပြေကြဘူးပေါ့။ အဆင်မပြေတဲ့အတွက် ပြန်ဝင်ပြီး မဖြစ် ဖြစ်တဲ့နည်းနဲ့ လုပ်စားမယ်လို့ပဲ တွေးထားကြတာပေါ့။
မေး - ဆိုတော့ အခုက ထီးချိုင့်မြို့ကလူတွေက မြို့ပတ်ချာလည်က ရွာတွေမှာ နေကြတဲ့လို့ သိထားပါ တယ်။
ဖြေ - ကျွန်တော်တို့က ဘယ်လို ဖြစ်မလဲဆိုတော့ ထီးချိုင့်မြောက်ပြင်ဘက်ပေါ့။ မြောက်ပြင်ဘက် ဆိုတာ က မြစ်ကြီးနားဘက် သွားတဲ့လမ်းပေါ့။ အလယ်တောတို့၊ ပေါက်ကုန်းတို့၊ ရွှေလီတို့ အဲဒီ ကားလမ်း ဝဲယာ ရွာတွေပေါ့ခင်ဗျာ။ အဲဒီရွာမှာ တချို့ဆိုလည်း တတ်နိုင်သလောက် အိမ်လေးဆောက်ပြီး အရင်ရောင်းတဲ့ ဈေးလေးတွေ ပြန်ရောင်းနေကြတယ်။ တချို့ဆိုလည်း ဝင်းလေးတွေ ဝယ်၊ အရောင်းအဝယ် လေးတွေ ပြန်လုပ်ပေါ့။ အဲဒီလို မဟုတ်တဲ့ အခြေခံ လူတန်းစားတွေကတော့ အဆင်ပြေသလိုလေး နေထိုင်ပြီးတော့ လုပ်ကြရတာပေါ့။ မြောက်ပြင်ဘက်က ရွာတိုင်းမှာတော့ ပျံ့နေကြတာပေါ့။ ထီးချိုင့် မြို့မှာလိုမျိုး ဆိုင် ကြီးကန္နားကြီး ဖွင့်တာကတော့ ရွှေလီရှိမယ်၊ နောက်တစ်ခါ ထန်းကုန်း ဆိုတဲ့ရွာရှိမယ်။ ထန်းကုန်း က တော့ ကားလမ်းဟိုဘက်ထဲ ဝင်ရ တာပေါ့။ နောက် ကားလမ်းဘေးက အလယ်တောရှိ မယ်။ အဲဒီလို ရွာ တွေမှာ နေကြတာပါ။
မေး - ထပ်မေးချင်တာက ထီးချိုင့်မြို့ခံတွေက ဒီအခြေအနေမှာ ဘာလို့ မြို့ကို ပြန်ချင်တာလဲ။
ဖြေ - ပြန်ချင်တာကတော့ အစ်ကိုရာ အဆင်မပြေကြဘူး။ ဘာလို့လဲဆိုတော့ စစ်ဘေးရှောင် နေရပါ တယ်ဆိုမှပဲ ဒုက္ခသည်က ထပ်ဒုက္ခတွေ့နေ တာပေါ့။ ဘယ်လို ဒုက္ခတွေ့နေလဲဆိုတော့ သူတို့က လူတွေ က ဒုက္ခရောက်နေပါတယ်ဆိုမှ ရွာတွေမှာ နေရတာကလည်း ထီးချိုင့်သားဆိုရင် ဒလန်လိုလို၊ သတင်း ပေး လိုလိုနဲ့ ပသုံးလုံးဆိုတဲ့ကောင်တွေက မယုံကြဘူးခင်ဗျ။ မယုံကြတော့ ထီးချိုင့်က စစ်ဘေးရှောင် ဆိုရင် မျက်စိထောက်ဒေါက် ကြည့်ပြီး စစ်ဘေးရှောင်ဆိုရင် ဟိန်းလား ဟောက်လား၊ ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူး ပညာပြတာ။ သေနတ်ကိုင်ပြီးတော့ ဗိုလ်ကျ အနိုင်ကျကြတာပေါ့ ခင်ဗျာ။ နောက်တစ်ခါ ကျတော့လည်း ဈေးဆိုင်တွေလည်း ရောင်းတဲ့ဆိုင်တိုင်းကို လစဉ်ကြေးသဘော ပိုက်ဆံကောက်နေတာ။ ပိုဆိုးတာက ပိုက်ဆံသာ ကောက်တာ ပသုံး လုံးတွေက ဘာအလုပ်မှမလုပ်ကြဘူး။ ထွက်ပြေးတဲ့ စစ် ဘေးရှောင်တွေကို ဗိုလ်ကျပြီးရတဲ့ ပိုက်ဆံနဲ့ စီးပွားရေးတွေ လုပ်စားနေတော့ နောက်ဆုံးဟိုကလည်း မခံချင်ကြတော့ဘူးပေါ့ခင်ဗျာ။ ဒီကောင်တွေက စာလည်းမတတ်ဘူး စာမတတ်တော့ ပိုဆိုးတာပေါ့ဗျာ။ ဘာမှလည်း သူတို့က နားမလည်ကြဘူးလေ။ ထီးချိုင့်မြို့ပေါ်က စစ်ဘေးရှောင်တဲ့ သူတွေကတော့ အေး မင်းတို့တွေ ခေတ်ကောင်း ပလေ့စေဦးပေါ့ဗျာ တို့ ထီးချိုင့်မြို့ ပြန်ဖွင့်ရင် မြို့ပေါ် ဘီယာခေါ်တိုက်ပြီး လက်ပြန်ပါးရိုက်မယ်လို့တောင် ကြိတ်ပြီး ကြိမ်းတဲ့သူတွေရှိတယ်။ အရင်တုန်းက ရဲရဲတောက်တွေပေါ့ ခင်ဗျာ။ သူတို့ဆီက ဒီတကြိမ် အသံထွက်တာ အဆိုးဆုံးပဲ။ ဘယ်လို အဆိုးဆုံးလဲဆိုတော့ အစ်ကိုက လည်း အရင်တုန်းက ထောက်ပံ့ခဲ့တဲ့ ရဲရဲတောက်တွေ ကိုယ်တိုင်က ဒီကောင်တွေကို မကျေနပ်တော့ဘူး။ လာစမ်းပါစေ ကွာ စစ်သားတွေ၊ တပ်တွေလာစမ်းပါစေ ဒီကောင်တွေ ဘယ်မှာနေတယ်ဆိုတာ ပြောမှာ ဆိုတာအထိ စိတ်ကပိုင်းဖြတ်ထားကြပြီ ဘယ်လိုမှသည်းမခံနိုင်တော့ဘူး။
မေး - ပိုက်ဆံကောက်တာကကော ဘယ်လို ပုံစံကောက်ပါသလဲ။
ဖြေ - ကောက်တာက ဆိုင်အနေအထားနဲ့ရောင်းချတဲ့ပုံစံကို လိုက်ပြီးတော့ အနည်းဆုံး နှစ်သိန်းက စကောက်တာပါ။
မေး - အစ်ကိုတို့ ဒေသဘက်မှာ ပသုံးလုံးက အနိုင်ကျင့်တယ်ဆိုတော့ သူတို့ ရဲ့ ဒီမတိုင်ခင် အသက်မွေးမှု နဲ့ လာရာလမ်းကြောင်းကကော ဘယ်ကလာခဲ့ကြတာလဲ။
ဖြေ - သူတို့ကတော့ အရင်တုန်းက ထီးချိုင့်မှာ ဆန္ဒပြတုန်းက ဦးဆောင်ခဲ့တဲ့ကောင်တွေပေါ့။ ပြီးတော့ သူတို့နဲ့ ရင်းနှီးတဲ့ကောင်တွေပေါ့။ အဲဒီလို အဆင့်ဆင့်ဖွဲ့စည်းပြီး လက်သင့်ရာ စားတော်ခေါ်ထား တာပေါ့ ခင်ဗျာ။ သူတို့က အဓိက ဒီကောင်တွေကို ခိုင်းစားပြီး အမြတ်ကြီးယူတာပေါ့။ အဓိကတော့ သစ်တို့၊ အင်း လေလံတို့ လိုက်ကောက်တာပါ။ အစ်ကိုမေးတဲ့ သူတို့လာရာလမ်းကြောင်းကို ပြန်ကောက်ရမယ်ဆိုရင် အကြီးအကဲတွေကတော့ ထီးချိုင့်မြို့ပေါ်ကပါ။ အကြီးအကဲတွေကမှ လက်သင့်ရာ စားတော်ခေါ်ပြီးတော့ ပိုက်ဆံကောက်ခိုင်းထားတဲ့ဟာတွေကတော့ ရွာဘက်ကဟာတွေပါ အစ်ကိုရာ။ ဟိုတစ်နေ့ကတောင် အဲဒီမှာ ကျန်ခဲ့တဲ့သူက ပြောနေတာအလကားပါကွာ ဒီကောင်တွေ ဘိန်းစားတွေပါတဲ့။ ပသုံးလုံး ခေါင်း ဆောင်နေရာ ဘိန်းစားတွေ တင်ထားမှတော့ ဘာကောင်းတော့မှာလဲတဲ့။ အဲဒီမှာ ဘိန်းစား၊ ဖိုးသမားတွေ၊ စာမတတ် ပေမတတ် ကောင်တွေကို အဲဒီနေရာထားတော့ တို့တွေကို အနိုင်ကျင့်တာပဲရှိတယ်။ တို့ ဒုက္ခ သုက္ခတွေကို ဒီကောင်တွေ ဘာမှနားမလည်ဘူးတဲ့။ ခင်ဗျားတို့အဆင်ပြေလားလည်း မမေးကြဘူးပေါ့ အသံတွေက မျိုးစုံထွက်နေတာပါပဲ။
မေး - ဆိုတော့ မြို့ခံတွေထဲက အရင်သူတို့ကို အားပေးခဲ့တဲ့သူတွေတောင် တပ်မတော်ကိုလာစေ ချင်နေတယ်ဆိုတော့ မြို့ခံတွေက မြို့အရင်လို စည်ပင်သာယာဖို့ပဲ လိုလားကြတော့တယ်လို့ ပြောလို့ ရမလား ခင်ဗျ။
ဖြေ - ရတာပေါ့။ ဒီမြို့ကို ပြန်ဝင်ပြီး သူတို့ဘာသာ မြို့မှာ ကောင်းကောင်းမွန်မွန် ကြုံရာပေါ့ဗျာ အဲဒီလို လုပ်စားကြမယ်ဆိုတဲ့အတွေးပဲ တွေးတော့တယ်။ အမှန်တကယ်တော့ ဒီကောင်တွေကို မကျေနပ်ဘူး။ မင်းတို့လည်း ခေတ်ကောင်းရင်တော့ ကိုယ့်ဘဝ ကိုယ်တွေးတော့လို့ ကြိမ်းတာပေါ့ဗျာ။ လူဆိုတာက အတိုင်းအတာထက် လွန်လာတော့ မခံစားနိုင်ကြတော့ဘူးပေါ့။ သူတို့ကိုက တော်တော်ငြိုးနေကြတာ မင်းတို့ မိုးကောင်းတုန်း ရွာထားဦး ဆိုတာမျိုးပေါ့။ မင်းတို့ အလှည့်ကျ မညည်းနဲ့ ဆိုတာမျိုးပေါ့။ အခုက အစ်ကိုရာ ဘယ်လောက်အထိခံရလဲဆိုတော့ အရင်တုန်းက လက်လုပ်လက်စားပေါ့ဗျာ။ ဆေးလိုက် သုတ်တဲ့ကောင်တွေ၊ ဈေးရောင်းတဲ့ကောင်တွေက အခုပသုံးလုံးထဲမှာ ဆရာကြီးဖြစ်ပြီး အရမ်းချမ်းသာ သွားကြတာ။ အရမ်းချမ်းသာပြီးတော့ ဘယ်သူ့ကိုမှ လူမထင်တော့တာကိုလည်း မကျေနပ်ကြဘူး ပေါ့ဗျာ။
မေး - သူတို့ ချမ်းသာဖို့ ဘာစီးပွားတွေလုပ်နေကြတာ ကြားမိလဲ။
ဖြေ - ဒီဘက်ကို ကုန်ကားတွေ တက်တယ်၊ ဆီကား တွေတက်တယ်လေ။ ဂိတ်တွေ ဖွင့်ပြီးတော့ ကောက် ကြတယ်။ ကားပေါက်စတောင်မှ ကောက်တာ။ အင်း လေလံ အစုံပါပဲ။ သစ်နဲ့ပတ်သက်တာကအစ အဲဒီ လိုပေါ့။ သစ်ဆိုလည်း တစ်တန်ဆို ဘယ်လောက်သတ်မှတ်ထားတာရှိတယ်။ အဓိက စီးပွားရေးက ဆီ ကားတွေ၊ ဈေးရောင်းတဲ့သူတွေ၊ ကုန်ကားတွေပေါ့။ သူတို့ပြောတဲ့ အခွန်ပေါ့ဗျာ ပိုက်ဆံလိုက်တောင်း တာပေါ့။ အဲဒီဘက်က တရုတ်ပြည် ရွှေလီဘက်ကို နွားအကောင်လိုက် ပို့တာရှိတယ် အဲဒါဆိုလည်း တစ် ကောင် ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာရှိတယ်။ အဲဒါကလည်း နည်းနည်းပို့တာမဟုတ်ဘူး အ များကြီး ပို့ကြတာပေါ့ခင်ဗျာ။ ကျွန်းသစ်ဆိုရင် ဗန်းမော်ဘက်က ကုန်သည်တွေက တရားမဝင် လာဝယ် ပြီးတော့ တရုတ်ဘက်ကို မှောင်ခိုပို့တာလေ။ တစ်တန်းကို လေးသိန်း ငါးသိန်း ကောက်ပြီး ရပ်တည်နေ ကြတာ။ ပြီးတော့ မူးယစ်ဆေးဝါးတွေဘာတွေနဲ့လည်း ပတ်သက်မှုရှိနေတာပေါ့။
မေး - အရင်တုန်းကတော့ မြို့ကို သိမ်းဖို့ ကြိုးစားခဲ့တယ်ပေါ့လေ။ အခုကတော့ သူတို့ စီးပွားရေးမှာ ယစ်မူးသွားပြီလို့ ပြောလို့ရလား။
ဖြေ - စီးပွားရေးမှာ ယစ်မူးသွားတာကတော့ မပြောပါတော့နဲ့ ခင်ဗျာ။ စီးပွားရေးနဲ့ အာဏာပေါ့ သေနတ် ကလေး အားကိုးပြီးတော့ သေနတ်ကိုင်ရတဲ့အရသာကို သဘောကျသွားတာပေါ့ဗျာ။ ပြောလို့ ဆိုလို့ လည်း မလွယ်ဘူး။ သဘောတစ်ခုကဗျာ အစ်ကိုနဲ့သူတို့အရင်က ဘယ်လောက် ခင်ခဲ့ ခင်ခဲ့ အစ်ကိုက အဲဒီထဲကိုမဝင်ဘဲ အေးဆေးနေတယ်။ သူတို့က ဝင်သွားတယ်ဆိုရင် တစ်ချိန်ချိန် တစ်နေရာမှာ လုပ်ငန်း ကိစ္စပြန်တွေ့ရင် ခင်တာက မဆိုင်တော့ဘူး။ ပေးရမယ့်ဟာပေးဆိုပြီး ငွေတောင်းတာ။ အဲဒီတော့လည်း အေးပေါ့ကွာ မင်းတို့ ခေတ်တော့ လုပ်ထားကြဦးပေါ့ ဆိုပြီး ရင်နာရတာပေါ့ဗျာ။
မေး - အစ်ကိုတို့ ဒေသဘက်က ပသုံးလုံးတွေ မှာ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်တယ်လို့ကော ကြားမိ သေးလား။
ဖြေ - သူတို့ကြားမှာ လာဘ်ပေး လာဘ်ယူမှု ရှိလား၊ မရှိလားတော့ သူတို့ နဲ့ နီးစပ်ရာ နဲ့ပဲလုပ်နေတာပေါ့။ လာဘ်ပေးတယ် ဆိုတာထက် သူတို့ တောင်းတဲ့ငွေပေါ့။ အခွန်ကိုပေးလိုက်ရင် ရနေတာလေ။ သဘော တစ်ခုက အစ်ကိုက ကားဖြတ်ချင်တယ်၊ ထီးချိုင့်ကိုဖြတ်မယ်ဆို သူ့အပိုင်လိုက် အခွန်ပေးလိုက်ရင် ရနေ တာလေ။
မေး - သူတို့ကို လူထုထောက်ခံမှုက အခြေအနေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန် တစ်ခုခုကို ဥပမာပေးပြီး ပြောလို့ရမလား။
ဖြေ။ မန္တလေး - မြစ်ကြီးနားသွားတဲ့ လမ်းဘက်မှာ တောင်ခြေရွာတွေရှိတယ်။ ပသုံးလုံးအဖွဲ့က ရဲစခန်း လားမသိဘူး လာဆောက်တာ။ အစကတော့ ကြည့်နေသေးတာပေါ့။ နောက်တော့ ဒီကောင်တွေက လွန် လာတာ ရွာကလူတွေ ခေါ်ပြီးတော့ ပိုက်ဆံမပေးတော့ ရွာသားတွေက ဆောက်တဲ့ဟာတွေကို ခဲနဲ့ ဝိုင်း ထုတာ။ ဒါကိုသာ အစ်ကို တွက်ကြည့်လိုက်တော့ပေါ့။
မေး - ဆိုတော့ သူတို့ကတော့ အရပ်ဘက်အုပ်ချုပ်ရေးဖော်ဆောင်တယ်ဆိုတာပေါ့လေ။ အစ်ကိုတို့ ဒေသ မှာ သူတို့ အရပ်ဘက်အုပ်ချုပ်ရေးက မအောင်မြင်ဘူး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ကျရှုံးနေတယ်လို့ ပြောလို့ရလား။
ဖြေ - ကျရှုံးတယ်ဆိုတာထက် မအောင်မြင်တာပါ။ သူတို့ အောင်မြင်လို့ သူတို့ကို ကြိုက်လို့ လက်ခံနေ တာ မဟုတ်ဘူး။ မွေးရပ်မြေ မခွာချင်တဲ့သူတွေက အောင့်အည်းပြီး ဖြစ်သမျှအကြောင်း အကောင်းချည်း ပဲဆိုပြီးတော့ လုပ်ကိုင်နေရတာပဲ ရှိတာ။ သူတို့ကို ကြိုက်လို့ မဟုတ်ဘူး။ ထောက်ခံတာလည်း မဟုတ် ဘူး။ အရင်တုန်းကတော့ ဪသာ် ဒီကောင်တွေ လုပ်နေကြသေးတာပဲ ဆိုပြီး ပြောခဲ့တဲ့သူတွေက အခု အသံတောင် မကြားချင်တော့ဘူး ဖြစ်နေတာ။ တချို့ရွာတွေဆို ရွာလုံးကျွတ်ကို သူတို့အဝင်မခံတာ ရှိ တယ်။
မေး - ဆိုတော့ ပသုံးလုံးကို စိတ်ပျက်တယ် ပြောမလား စိတ်နာတယ်ပြောမလား။
ဖြေ - စိတ်ပျက်တာထက် စိတ်နာတာပေါ့ အစ်ကို။ သူတို့က အခုဟာက ဘယ်သူ့မျက်နှာမှ မထောက် တော့ဘူး ငွေမျက်နှာပဲ ကြည့်တော့တာ။ ဒီကောင်တွေ က ဒီလိုလားတို့၊ ဒီကောင်တွေကို ငါတို့ အားပေး ခဲ့တာ ဒီကောင်တွေက ဘာလဲပေါ့ အဲဒီသဘောဖြစ်နေတာ။ စိတ်နာလို့ တပ်ကို “လာခဲ့ပါ ဒီကောင်တွေ နေရာပြမယ်” ဆိုပြီး မျှော်လင့်နေကြတာ။
မေး - ဆိုတော့ ဒေသခံတွေက စစ်ကိုကြောက်တာ လား၊ ပသုံးလုံးရဲ့လုပ်ရပ်တွေကိုကြောက်ပြီး လက်မ ခံဖြစ်လာတာလား။ ဘယ်လိုထင်လဲ။
ဖြေ - သူတို့ကိုတော့မကြောက်ဘူးဗျ။ စစ်ကို ကြောက်လာကြတယ်။ တစ်ခုတော့ရှိတယ် ဒီကောင်တွေ လက်ထဲ သေနတ်ကိုင်ထားလို့ ကြောက်ကောင်းတော့ ကြောက်လိမ့်မယ် ဒါပေမဲ့ ဒီကောင်တွေလည်း ခေတ်ကောင်းရင် မင်းတို့ကိုယ့်ဘဝ ကိုယ်တွေးပေါ့ဗျာ ဆိုတာအများကြီး။ အားမတန်လို့ မာန်လျှော့နေ ကြရတာ။
မေး - ထီးချိုင့်မြို့က လူတွေက မြို့ပတ်ဝန်းကျင်အပြင် ဘယ်ဒေသကို အများဆုံးတိမ်းရှောင်ကြပါသလဲ။
ဖြေ - အများစုကတော့ မန္တလေးကို ဆင်းကြတာ များပါတယ်။ ဆင်းပြီးတော့ အရင်းအနှီးရှိတာလေးနဲ့ အထည်ရောင်း၊ ဈေးရောင်း၊ ကုန်ခြောက်ရောင်းပေါ့ဗျာ အဲဒါများပါတယ်။
မေး - ဒါကတော့ နောက်ဆုံးမေးခွန်းပါ။ အစ်ကိုတို့ဟာ အရင်က ကိုယ့်မြို့၊ ကိုယ့်အိမ်မှာ အေးအေး ဆေး ဆေးနေခဲ့ကြရတယ်။ စစ်လာပြီးတဲ့နောက် စွန့်ခဲ့ကြရတယ်။ မြို့မှာနေတုန်းက ခံစားချက်နဲ့ အခု ခံစား ချက် ဘာကွာသလဲ။ ဘာမျှော်လင့်လဲ။
ဖြေ - အစ်ကိုရာ ဘာကွာလဲဆိုတော့ တစ်ထောင့်တစ်ည ပုံပြင်လိုပဲ မဆုံးတော့ဘူး။ သူများရပ်၊ သူများရွာ ဆိုတော့ အစစအရာရာ လိုအပ်တာပဲ။ ငွေ ရေးကြေးရေးဆိုလည်း လိုအပ်တာပဲ။ ကျန်းမာရေး လည်း လို အပ်တာပဲ။ အရင်တုန်းက စီးပွားရေးတွေ ကောင်းတော့ ကိုယ့်မှာ ငွေမလည်လည်း ကျောထောက် နောက်ခံဆိုတာ ရှိကြတာပေါ့။ အခုကတော့ သူ့ကြည့်လည်း ဒုက္ခသည်၊ ကိုယ့်ကြည့်လည်း ဒုက္ခသည် ကွာတာပေါ့။ လူတွေမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုလည်း မရှိဘူး။ ထီးချိုင်မှာဆို ကိုယ့်ရပ်ကွက်မှာ ကိုယ့် အမျိုးအဆွေတွေနဲ့ နေရတယ်။ နောက်တစ်ခါ ဘာပဲ လုပ်ချင်လုပ်ချင် တိုင်ပင်ဖော် တိုင်ပင်ဖက်နဲ့ နေကြ တယ်။ သာရေး ဖြစ်ဖြစ် နာရေး ဖြစ်ဖြစ် ဝိုင်းဝန်းပြီး နေကြတယ်။ အခုကျတော့လည်း အသိုက်ပျက်သလို ဖြစ်သွားတာပေါ့။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတာ။ ပြီးတော့ တွေ့တဲ့သူနဲ့ အဆင်ပြေအောင် ပေါင်းပြီး ဒီလိုမျိုးနေကြရတာပေါ့။
ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
အသိုက္ပ်က္သြားသည့္အျပင္ အပူဆင့္ေနရေသာ ထီးခ်ိဳင့္ၿမိဳ႕ခံမ်ား
သုတေက်ာ္ (NP News)-ဇူလိုင္ ၂၉
ထီးခ်ိဳင့္ၿမိဳ႕ကို KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က (၂၀၂၃) ခုႏွစ္တြင္ တစ္ႀကိမ္၊ (၂၀၂၄) ခုႏွစ္တြင္ တစ္ ႀကိမ္ တိုက္ခိုက္ခဲ့ဖူးေသာ္လည္း ၿမိဳ႕ကိုမရခဲ့ပါ။ သို႔ေသာ္ ၿမိဳ႕ပ်က္စီးသြားခဲ့ေသာေၾကာင့္ ၿမိဳ႕ခံတို႔မွာ ထီး ခ်ိဳင့္ကို စြန႔္ခြာခဲ့ၾကရသည္။ အမ်ားစုက ၿမိဳ႕အနီးအနား ေက်း႐ြာမ်ားတြင္ခိုလႈံခဲ့ၾကကာ အခ်ိဳ႕ကလည္း အရပ္တစ္ပါးအထိ ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရသည္။ ၿမိဳ႕အနီးက်န္ခဲ့သူမ်ားမွာ စစ္ေဘးေရွာင္ရင္း ဝမ္း ေရးအတြက္ ေျဖရွင္းရာတြင္NUG လက္ေအာက္ခံ ပသုံးလုံးတို႔၏ ဖိႏွိပ္မႈမ်ားႏွင့္ တစ္ဖန္ ႀကဳံေတြ႕ၾကရ ျပန္သည္။ တိုက္ပြဲမရွိ၍ ၿမိဳ႕သို႔ျပန္လိုလွ်င္လည္း ၿခိမ္းေျခာက္ခံေနရ၏။ အဆိုပါအေျခအေနမ်ားႏွင့္ ပတ္ သက္၍ ထီးခ်ိဳင့္ၿမိဳ႕မွ တိမ္းေရွာင္လာခဲ့ေသာ သတင္းရင္းျမစ္တစ္ဦးထံ NP News ဆက္သြယ္ ေမးျမန္း ထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ထီးခ်ိဳင့္ၿမိဳ႕နဲ႔ ပတ္သက္လို႔ လြန္ခဲ့တဲ့ကာလ တခ်ိဳ႕က အစ္ကိုနဲ႔ ကြၽန္ေတာ္ အင္တာဗ်ဴး လုပ္ခဲ့ၾကပါတယ္။ အခု ေနာက္ဆုံးအေျခအေနက ဘယ္လို ရွိပါသလဲ။ ျပည္သူေတြၿမိဳ႕ထဲ ျပန္ဝင္လို႔ရၿပီ လား ခင္ဗ်ာ။
ေျဖ - လူျပန္ေတာ့ မဝင္ေသးဘူးဗ်။ ဒါေပမဲ့ ဝင္ခ်င္ၾကတယ္။ ပသုံးလုံးေတြက ဝင္ခြင့္ မေပးဘူး။ ထီးခ်ိဳင့္ ပသုံးလုံးေပါ့။
ေမး - ဝင္မယ္ ဆိုရင္ေကာ ဘယ္လို ၿခိမ္းေျခာက္ ပါသလဲ။
ေျဖ - ဝင္မယ္ဆို မင္းတို႔ ဝင္ရဲဝင္ၾကည့္ေပါ့။ မင္းတို႔ ဝင္လို႔ရွိရင္ အႏၲရာယ္ တာဝန္မယူဘူး မင္းတို႔ကို တာဝန္မယူဘူးေပါ့။ တိုက္ပြဲ ျဖစ္လာရင္လည္း မင္းတို႔ အသက္အႏၲရာယ္ တာဝန္မယူဘူး ေျပာၾကတာေပါ့။
ေမး - ဆိုေတာ့ ျပန္မဝင္ခိုင္းဘူး ဆိုရင္ ၿမိဳ႕ကေန တိမ္းေရွာင္ခဲ့ရတဲ့သူေတြမွာ ဘယ္လို အခက္အခဲေတြ ျဖစ္ေနၾကပါသလဲ။
ေျဖ - အခက္အခဲကေတာ့ အမ်ားႀကီးပါပဲ။ အခက္ အခဲကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္မတူေပမယ့္ အမ်ားစုက ေတာ့ စားဝတ္ေနေရး အဆင္မေျပဘူးေပါ့ အစ္ကိုရာ။ စီးပြားေရးေတြ၊ အလုပ္အကိုင္ေတြ ပစ္ထားခဲ့ၿပီး ရပ္တည္ေနၾကရေတာ့ အဆင္မေျပၾကဘူးေပါ့။ အဆင္မေျပတဲ့အတြက္ ျပန္ဝင္ၿပီး မျဖစ္ ျဖစ္တဲ့နည္းနဲ႔ လုပ္စားမယ္လို႔ပဲ ေတြးထားၾကတာေပါ့။
ေမး - ဆိုေတာ့ အခုက ထီးခ်ိဳင့္ၿမိဳ႕ကလူေတြက ၿမိဳ႕ပတ္ခ်ာလည္က ႐ြာေတြမွာ ေနၾကတဲ့လို႔ သိထားပါ တယ္။
ေျဖ - ကြၽန္ေတာ္တို႔က ဘယ္လို ျဖစ္မလဲဆိုေတာ့ ထီးခ်ိဳင့္ေျမာက္ျပင္ဘက္ေပါ့။ ေျမာက္ျပင္ဘက္ ဆိုတာ က ျမစ္ႀကီးနားဘက္ သြားတဲ့လမ္းေပါ့။ အလယ္ေတာတို႔၊ ေပါက္ကုန္းတို႔၊ ေ႐ႊလီတို႔ အဲဒီ ကားလမ္း ဝဲယာ ႐ြာေတြေပါ့ခင္ဗ်ာ။ အဲဒီ႐ြာမွာ တခ်ိဳ႕ဆိုလည္း တတ္ႏိုင္သေလာက္ အိမ္ေလးေဆာက္ၿပီး အရင္ေရာင္းတဲ့ ေဈးေလးေတြ ျပန္ေရာင္းေနၾကတယ္။ တခ်ိဳ႕ဆိုလည္း ဝင္းေလးေတြ ဝယ္၊ အေရာင္းအဝယ္ ေလးေတြ ျပန္လုပ္ေပါ့။ အဲဒီလို မဟုတ္တဲ့ အေျခခံ လူတန္းစားေတြကေတာ့ အဆင္ေျပသလိုေလး ေနထိုင္ၿပီးေတာ့ လုပ္ၾကရတာေပါ့။ ေျမာက္ျပင္ဘက္က ႐ြာတိုင္းမွာေတာ့ ပ်ံ႕ေနၾကတာေပါ့။ ထီးခ်ိဳင့္ ၿမိဳ႕မွာလိုမ်ိဳး ဆိုင္ ႀကီးကႏၷားႀကီး ဖြင့္တာကေတာ့ ေ႐ႊလီရွိမယ္၊ ေနာက္တစ္ခါ ထန္းကုန္း ဆိုတဲ့႐ြာရွိမယ္။ ထန္းကုန္း က ေတာ့ ကားလမ္းဟိုဘက္ထဲ ဝင္ရ တာေပါ့။ ေနာက္ ကားလမ္းေဘးက အလယ္ေတာရွိ မယ္။ အဲဒီလို ႐ြာ ေတြမွာ ေနၾကတာပါ။
ေမး - ထပ္ေမးခ်င္တာက ထီးခ်ိဳင့္ၿမိဳ႕ခံေတြက ဒီအေျခအေနမွာ ဘာလို႔ ၿမိဳ႕ကို ျပန္ခ်င္တာလဲ။
ေျဖ - ျပန္ခ်င္တာကေတာ့ အစ္ကိုရာ အဆင္မေျပၾကဘူး။ ဘာလို႔လဲဆိုေတာ့ စစ္ေဘးေရွာင္ ေနရပါ တယ္ဆိုမွပဲ ဒုကၡသည္က ထပ္ဒုကၡေတြ႕ေန တာေပါ့။ ဘယ္လို ဒုကၡေတြ႕ေနလဲဆိုေတာ့ သူတို႔က လူေတြ က ဒုကၡေရာက္ေနပါတယ္ဆိုမွ ႐ြာေတြမွာ ေနရတာကလည္း ထီးခ်ိဳင့္သားဆိုရင္ ဒလန္လိုလို၊ သတင္း ေပး လိုလိုနဲ႔ ပသုံးလုံးဆိုတဲ့ေကာင္ေတြက မယုံၾကဘူးခင္ဗ်။ မယုံၾကေတာ့ ထီးခ်ိဳင့္က စစ္ေဘးေရွာင္ ဆိုရင္ မ်က္စိေထာက္ေဒါက္ ၾကည့္ၿပီး စစ္ေဘးေရွာင္ဆိုရင္ ဟိန္းလား ေဟာက္လား၊ ဘာမလုပ္ရဘူး၊ ညာမလုပ္ရဘူး ပညာျပတာ။ ေသနတ္ကိုင္ၿပီးေတာ့ ဗိုလ္က် အႏိုင္က်ၾကတာေပါ့ ခင္ဗ်ာ။ ေနာက္တစ္ခါ က်ေတာ့လည္း ေဈးဆိုင္ေတြလည္း ေရာင္းတဲ့ဆိုင္တိုင္းကို လစဥ္ေၾကးသေဘာ ပိုက္ဆံေကာက္ေနတာ။ ပိုဆိုးတာက ပိုက္ဆံသာ ေကာက္တာ ပသုံး လုံးေတြက ဘာအလုပ္မွမလုပ္ၾကဘူး။ ထြက္ေျပးတဲ့ စစ္ ေဘးေရွာင္ေတြကို ဗိုလ္က်ၿပီးရတဲ့ ပိုက္ဆံနဲ႔ စီးပြားေရးေတြ လုပ္စားေနေတာ့ ေနာက္ဆုံးဟိုကလည္း မခံခ်င္ၾကေတာ့ဘူးေပါ့ခင္ဗ်ာ။ ဒီေကာင္ေတြက စာလည္းမတတ္ဘူး စာမတတ္ေတာ့ ပိုဆိုးတာေပါ့ဗ်ာ။ ဘာမွလည္း သူတို႔က နားမလည္ၾကဘူးေလ။ ထီးခ်ိဳင့္ၿမိဳ႕ေပၚက စစ္ေဘးေရွာင္တဲ့ သူေတြကေတာ့ ေအး မင္းတို႔ေတြ ေခတ္ေကာင္း ပေလ့ေစဦးေပါ့ဗ်ာ တို႔ ထီးခ်ိဳင့္ၿမိဳ႕ ျပန္ဖြင့္ရင္ ၿမိဳ႕ေပၚ ဘီယာေခၚတိုက္ၿပီး လက္ျပန္ပါး႐ိုက္မယ္လို႔ေတာင္ ႀကိတ္ၿပီး ႀကိမ္းတဲ့သူေတြရွိတယ္။ အရင္တုန္းက ရဲရဲေတာက္ေတြေပါ့ ခင္ဗ်ာ။ သူတို႔ဆီက ဒီတႀကိမ္ အသံထြက္တာ အဆိုးဆုံးပဲ။ ဘယ္လို အဆိုးဆုံးလဲဆိုေတာ့ အစ္ကိုက လည္း အရင္တုန္းက ေထာက္ပံ့ခဲ့တဲ့ ရဲရဲေတာက္ေတြ ကိုယ္တိုင္က ဒီေကာင္ေတြကို မေက်နပ္ေတာ့ဘူး။ လာစမ္းပါေစ ကြာ စစ္သားေတြ၊ တပ္ေတြလာစမ္းပါေစ ဒီေကာင္ေတြ ဘယ္မွာေနတယ္ဆိုတာ ေျပာမွာ ဆိုတာအထိ စိတ္ကပိုင္းျဖတ္ထားၾကၿပီ ဘယ္လိုမွသည္းမခံႏိုင္ေတာ့ဘူး။
ေမး - ပိုက္ဆံေကာက္တာကေကာ ဘယ္လို ပုံစံေကာက္ပါသလဲ။
ေျဖ - ေကာက္တာက ဆိုင္အေနအထားနဲ႔ေရာင္းခ်တဲ့ပုံစံကို လိုက္ၿပီးေတာ့ အနည္းဆုံး ႏွစ္သိန္းက စေကာက္တာပါ။
ေမး - အစ္ကိုတို႔ ေဒသဘက္မွာ ပသုံးလုံးက အႏိုင္က်င့္တယ္ဆိုေတာ့ သူတို႔ ရဲ႕ ဒီမတိုင္ခင္ အသက္ေမြးမႈ နဲ႔ လာရာလမ္းေၾကာင္းကေကာ ဘယ္ကလာခဲ့ၾကတာလဲ။
ေျဖ - သူတို႔ကေတာ့ အရင္တုန္းက ထီးခ်ိဳင့္မွာ ဆႏၵျပတုန္းက ဦးေဆာင္ခဲ့တဲ့ေကာင္ေတြေပါ့။ ၿပီးေတာ့ သူတို႔နဲ႔ ရင္းႏွီးတဲ့ေကာင္ေတြေပါ့။ အဲဒီလို အဆင့္ဆင့္ဖြဲ႕စည္းၿပီး လက္သင့္ရာ စားေတာ္ေခၚထား တာေပါ့ ခင္ဗ်ာ။ သူတို႔က အဓိက ဒီေကာင္ေတြကို ခိုင္းစားၿပီး အျမတ္ႀကီးယူတာေပါ့။ အဓိကေတာ့ သစ္တို႔၊ အင္း ေလလံတို႔ လိုက္ေကာက္တာပါ။ အစ္ကိုေမးတဲ့ သူတို႔လာရာလမ္းေၾကာင္းကို ျပန္ေကာက္ရမယ္ဆိုရင္ အႀကီးအကဲေတြကေတာ့ ထီးခ်ိဳင့္ၿမိဳ႕ေပၚကပါ။ အႀကီးအကဲေတြကမွ လက္သင့္ရာ စားေတာ္ေခၚၿပီးေတာ့ ပိုက္ဆံေကာက္ခိုင္းထားတဲ့ဟာေတြကေတာ့ ႐ြာဘက္ကဟာေတြပါ အစ္ကိုရာ။ ဟိုတစ္ေန႔ကေတာင္ အဲဒီမွာ က်န္ခဲ့တဲ့သူက ေျပာေနတာအလကားပါကြာ ဒီေကာင္ေတြ ဘိန္းစားေတြပါတဲ့။ ပသုံးလုံး ေခါင္း ေဆာင္ေနရာ ဘိန္းစားေတြ တင္ထားမွေတာ့ ဘာေကာင္းေတာ့မွာလဲတဲ့။ အဲဒီမွာ ဘိန္းစား၊ ဖိုးသမားေတြ၊ စာမတတ္ ေပမတတ္ ေကာင္ေတြကို အဲဒီေနရာထားေတာ့ တို႔ေတြကို အႏိုင္က်င့္တာပဲရွိတယ္။ တို႔ ဒုကၡ သုကၡေတြကို ဒီေကာင္ေတြ ဘာမွနားမလည္ဘူးတဲ့။ ခင္ဗ်ားတို႔အဆင္ေျပလားလည္း မေမးၾကဘူးေပါ့ အသံေတြက မ်ိဳးစုံထြက္ေနတာပါပဲ။
ေမး - ဆိုေတာ့ ၿမိဳ႕ခံေတြထဲက အရင္သူတို႔ကို အားေပးခဲ့တဲ့သူေတြေတာင္ တပ္မေတာ္ကိုလာေစ ခ်င္ေနတယ္ဆိုေတာ့ ၿမိဳ႕ခံေတြက ၿမိဳ႕အရင္လို စည္ပင္သာယာဖို႔ပဲ လိုလားၾကေတာ့တယ္လို႔ ေျပာလို႔ ရမလား ခင္ဗ်။
ေျဖ - ရတာေပါ့။ ဒီၿမိဳ႕ကို ျပန္ဝင္ၿပီး သူတို႔ဘာသာ ၿမိဳ႕မွာ ေကာင္းေကာင္းမြန္မြန္ ႀကဳံရာေပါ့ဗ်ာ အဲဒီလို လုပ္စားၾကမယ္ဆိုတဲ့အေတြးပဲ ေတြးေတာ့တယ္။ အမွန္တကယ္ေတာ့ ဒီေကာင္ေတြကို မေက်နပ္ဘူး။ မင္းတို႔လည္း ေခတ္ေကာင္းရင္ေတာ့ ကိုယ့္ဘဝ ကိုယ္ေတြးေတာ့လို႔ ႀကိမ္းတာေပါ့ဗ်ာ။ လူဆိုတာက အတိုင္းအတာထက္ လြန္လာေတာ့ မခံစားႏိုင္ၾကေတာ့ဘူးေပါ့။ သူတို႔ကိုက ေတာ္ေတာ္ၿငိဳးေနၾကတာ မင္းတို႔ မိုးေကာင္းတုန္း ႐ြာထားဦး ဆိုတာမ်ိဳးေပါ့။ မင္းတို႔ အလွည့္က် မညည္းနဲ႔ ဆိုတာမ်ိဳးေပါ့။ အခုက အစ္ကိုရာ ဘယ္ေလာက္အထိခံရလဲဆိုေတာ့ အရင္တုန္းက လက္လုပ္လက္စားေပါ့ဗ်ာ။ ေဆးလိုက္ သုတ္တဲ့ေကာင္ေတြ၊ ေဈးေရာင္းတဲ့ေကာင္ေတြက အခုပသုံးလုံးထဲမွာ ဆရာႀကီးျဖစ္ၿပီး အရမ္းခ်မ္းသာ သြားၾကတာ။ အရမ္းခ်မ္းသာၿပီးေတာ့ ဘယ္သူ႔ကိုမွ လူမထင္ေတာ့တာကိုလည္း မေက်နပ္ၾကဘူး ေပါ့ဗ်ာ။
ေမး - သူတို႔ ခ်မ္းသာဖို႔ ဘာစီးပြားေတြလုပ္ေနၾကတာ ၾကားမိလဲ။
ေျဖ - ဒီဘက္ကို ကုန္ကားေတြ တက္တယ္၊ ဆီကား ေတြတက္တယ္ေလ။ ဂိတ္ေတြ ဖြင့္ၿပီးေတာ့ ေကာက္ ၾကတယ္။ ကားေပါက္စေတာင္မွ ေကာက္တာ။ အင္း ေလလံ အစုံပါပဲ။ သစ္နဲ႔ပတ္သက္တာကအစ အဲဒီ လိုေပါ့။ သစ္ဆိုလည္း တစ္တန္ဆို ဘယ္ေလာက္သတ္မွတ္ထားတာရွိတယ္။ အဓိက စီးပြားေရးက ဆီ ကားေတြ၊ ေဈးေရာင္းတဲ့သူေတြ၊ ကုန္ကားေတြေပါ့။ သူတို႔ေျပာတဲ့ အခြန္ေပါ့ဗ်ာ ပိုက္ဆံလိုက္ေတာင္း တာေပါ့။ အဲဒီဘက္က တ႐ုတ္ျပည္ ေ႐ႊလီဘက္ကို ႏြားအေကာင္လိုက္ ပို႔တာရွိတယ္ အဲဒါဆိုလည္း တစ္ ေကာင္ ဘယ္ေလာက္ဆိုၿပီး သတ္မွတ္ထားတာရွိတယ္။ အဲဒါကလည္း နည္းနည္းပို႔တာမဟုတ္ဘူး အ မ်ားႀကီး ပို႔ၾကတာေပါ့ခင္ဗ်ာ။ ကြၽန္းသစ္ဆိုရင္ ဗန္းေမာ္ဘက္က ကုန္သည္ေတြက တရားမဝင္ လာဝယ္ ၿပီးေတာ့ တ႐ုတ္ဘက္ကို ေမွာင္ခိုပို႔တာေလ။ တစ္တန္းကို ေလးသိန္း ငါးသိန္း ေကာက္ၿပီး ရပ္တည္ေန ၾကတာ။ ၿပီးေတာ့ မူးယစ္ေဆးဝါးေတြဘာေတြနဲ႔လည္း ပတ္သက္မႈရွိေနတာေပါ့။
ေမး - အရင္တုန္းကေတာ့ ၿမိဳ႕ကို သိမ္းဖို႔ ႀကိဳးစားခဲ့တယ္ေပါ့ေလ။ အခုကေတာ့ သူတို႔ စီးပြားေရးမွာ ယစ္မူးသြားၿပီလို႔ ေျပာလို႔ရလား။
ေျဖ - စီးပြားေရးမွာ ယစ္မူးသြားတာကေတာ့ မေျပာပါေတာ့နဲ႔ ခင္ဗ်ာ။ စီးပြားေရးနဲ႔ အာဏာေပါ့ ေသနတ္ ကေလး အားကိုးၿပီးေတာ့ ေသနတ္ကိုင္ရတဲ့အရသာကို သေဘာက်သြားတာေပါ့ဗ်ာ။ ေျပာလို႔ ဆိုလို႔ လည္း မလြယ္ဘူး။ သေဘာတစ္ခုကဗ်ာ အစ္ကိုနဲ႔သူတို႔အရင္က ဘယ္ေလာက္ ခင္ခဲ့ ခင္ခဲ့ အစ္ကိုက အဲဒီထဲကိုမဝင္ဘဲ ေအးေဆးေနတယ္။ သူတို႔က ဝင္သြားတယ္ဆိုရင္ တစ္ခ်ိန္ခ်ိန္ တစ္ေနရာမွာ လုပ္ငန္း ကိစၥျပန္ေတြ႕ရင္ ခင္တာက မဆိုင္ေတာ့ဘူး။ ေပးရမယ့္ဟာေပးဆိုၿပီး ေငြေတာင္းတာ။ အဲဒီေတာ့လည္း ေအးေပါ့ကြာ မင္းတို႔ ေခတ္ေတာ့ လုပ္ထားၾကဦးေပါ့ ဆိုၿပီး ရင္နာရတာေပါ့ဗ်ာ။
ေမး - အစ္ကိုတို႔ ေဒသဘက္က ပသုံးလုံးေတြ မွာ လာဘ္ေပးလာဘ္ယူမႈေတြ ျဖစ္တယ္လို႔ေကာ ၾကားမိ ေသးလား။
ေျဖ - သူတို႔ၾကားမွာ လာဘ္ေပး လာဘ္ယူမႈ ရွိလား၊ မရွိလားေတာ့ သူတို႔ နဲ႔ နီးစပ္ရာ နဲ႔ပဲလုပ္ေနတာေပါ့။ လာဘ္ေပးတယ္ ဆိုတာထက္ သူတို႔ ေတာင္းတဲ့ေငြေပါ့။ အခြန္ကိုေပးလိုက္ရင္ ရေနတာေလ။ သေဘာ တစ္ခုက အစ္ကိုက ကားျဖတ္ခ်င္တယ္၊ ထီးခ်ိဳင့္ကိုျဖတ္မယ္ဆို သူ႔အပိုင္လိုက္ အခြန္ေပးလိုက္ရင္ ရေန တာေလ။
ေမး - သူတို႔ကို လူထုေထာက္ခံမႈက အေျခအေနနဲ႔ ပတ္သက္လို႔ ျဖစ္ရပ္မွန္ တစ္ခုခုကို ဥပမာေပးၿပီး ေျပာလို႔ရမလား။
ေျဖ။ မႏၲေလး - ျမစ္ႀကီးနားသြားတဲ့ လမ္းဘက္မွာ ေတာင္ေျခ႐ြာေတြရွိတယ္။ ပသုံးလုံးအဖြဲ႕က ရဲစခန္း လားမသိဘူး လာေဆာက္တာ။ အစကေတာ့ ၾကည့္ေနေသးတာေပါ့။ ေနာက္ေတာ့ ဒီေကာင္ေတြက လြန္ လာတာ ႐ြာကလူေတြ ေခၚၿပီးေတာ့ ပိုက္ဆံမေပးေတာ့ ႐ြာသားေတြက ေဆာက္တဲ့ဟာေတြကို ခဲနဲ႔ ဝိုင္း ထုတာ။ ဒါကိုသာ အစ္ကို တြက္ၾကည့္လိုက္ေတာ့ေပါ့။
ေမး - ဆိုေတာ့ သူတို႔ကေတာ့ အရပ္ဘက္အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္တယ္ဆိုတာေပါ့ေလ။ အစ္ကိုတို႔ ေဒသ မွာ သူတို႔ အရပ္ဘက္အုပ္ခ်ဳပ္ေရးက မေအာင္ျမင္ဘူး ဒါမွမဟုတ္ တစ္စိတ္တစ္ပိုင္း က်ရႈံးေနတယ္လို႔ ေျပာလို႔ရလား။
ေျဖ - က်ရႈံးတယ္ဆိုတာထက္ မေအာင္ျမင္တာပါ။ သူတို႔ ေအာင္ျမင္လို႔ သူတို႔ကို ႀကိဳက္လို႔ လက္ခံေန တာ မဟုတ္ဘူး။ ေမြးရပ္ေျမ မခြာခ်င္တဲ့သူေတြက ေအာင့္အည္းၿပီး ျဖစ္သမွ်အေၾကာင္း အေကာင္းခ်ည္း ပဲဆိုၿပီးေတာ့ လုပ္ကိုင္ေနရတာပဲ ရွိတာ။ သူတို႔ကို ႀကိဳက္လို႔ မဟုတ္ဘူး။ ေထာက္ခံတာလည္း မဟုတ္ ဘူး။ အရင္တုန္းကေတာ့ ဪသာ္ ဒီေကာင္ေတြ လုပ္ေနၾကေသးတာပဲ ဆိုၿပီး ေျပာခဲ့တဲ့သူေတြက အခု အသံေတာင္ မၾကားခ်င္ေတာ့ဘူး ျဖစ္ေနတာ။ တခ်ိဳ႕႐ြာေတြဆို ႐ြာလုံးကြၽတ္ကို သူတို႔အဝင္မခံတာ ရွိ တယ္။
ေမး - ဆိုေတာ့ ပသုံးလုံးကို စိတ္ပ်က္တယ္ ေျပာမလား စိတ္နာတယ္ေျပာမလား။
ေျဖ - စိတ္ပ်က္တာထက္ စိတ္နာတာေပါ့ အစ္ကို။ သူတို႔က အခုဟာက ဘယ္သူ႔မ်က္ႏွာမွ မေထာက္ ေတာ့ဘူး ေငြမ်က္ႏွာပဲ ၾကည့္ေတာ့တာ။ ဒီေကာင္ေတြ က ဒီလိုလားတို႔၊ ဒီေကာင္ေတြကို ငါတို႔ အားေပး ခဲ့တာ ဒီေကာင္ေတြက ဘာလဲေပါ့ အဲဒီသေဘာျဖစ္ေနတာ။ စိတ္နာလို႔ တပ္ကို “လာခဲ့ပါ ဒီေကာင္ေတြ ေနရာျပမယ္” ဆိုၿပီး ေမွ်ာ္လင့္ေနၾကတာ။
ေမး - ဆိုေတာ့ ေဒသခံေတြက စစ္ကိုေၾကာက္တာ လား၊ ပသုံးလုံးရဲ႕လုပ္ရပ္ေတြကိုေၾကာက္ၿပီး လက္မ ခံျဖစ္လာတာလား။ ဘယ္လိုထင္လဲ။
ေျဖ - သူတို႔ကိုေတာ့မေၾကာက္ဘူးဗ်။ စစ္ကို ေၾကာက္လာၾကတယ္။ တစ္ခုေတာ့ရွိတယ္ ဒီေကာင္ေတြ လက္ထဲ ေသနတ္ကိုင္ထားလို႔ ေၾကာက္ေကာင္းေတာ့ ေၾကာက္လိမ့္မယ္ ဒါေပမဲ့ ဒီေကာင္ေတြလည္း ေခတ္ေကာင္းရင္ မင္းတို႔ကိုယ့္ဘဝ ကိုယ္ေတြးေပါ့ဗ်ာ ဆိုတာအမ်ားႀကီး။ အားမတန္လို႔ မာန္ေလွ်ာ့ေန ၾကရတာ။
ေမး - ထီးခ်ိဳင့္ၿမိဳ႕က လူေတြက ၿမိဳ႕ပတ္ဝန္းက်င္အျပင္ ဘယ္ေဒသကို အမ်ားဆုံးတိမ္းေရွာင္ၾကပါသလဲ။
ေျဖ - အမ်ားစုကေတာ့ မႏၲေလးကို ဆင္းၾကတာ မ်ားပါတယ္။ ဆင္းၿပီးေတာ့ အရင္းအႏွီးရွိတာေလးနဲ႔ အထည္ေရာင္း၊ ေဈးေရာင္း၊ ကုန္ေျခာက္ေရာင္းေပါ့ဗ်ာ အဲဒါမ်ားပါတယ္။
ေမး - ဒါကေတာ့ ေနာက္ဆုံးေမးခြန္းပါ။ အစ္ကိုတို႔ဟာ အရင္က ကိုယ့္ၿမိဳ႕၊ ကိုယ့္အိမ္မွာ ေအးေအး ေဆး ေဆးေနခဲ့ၾကရတယ္။ စစ္လာၿပီးတဲ့ေနာက္ စြန႔္ခဲ့ၾကရတယ္။ ၿမိဳ႕မွာေနတုန္းက ခံစားခ်က္နဲ႔ အခု ခံစား ခ်က္ ဘာကြာသလဲ။ ဘာေမွ်ာ္လင့္လဲ။
ေျဖ - အစ္ကိုရာ ဘာကြာလဲဆိုေတာ့ တစ္ေထာင့္တစ္ည ပုံျပင္လိုပဲ မဆုံးေတာ့ဘူး။ သူမ်ားရပ္၊ သူမ်ား႐ြာ ဆိုေတာ့ အစစအရာရာ လိုအပ္တာပဲ။ ေငြ ေရးေၾကးေရးဆိုလည္း လိုအပ္တာပဲ။ က်န္းမာေရး လည္း လို အပ္တာပဲ။ အရင္တုန္းက စီးပြားေရးေတြ ေကာင္းေတာ့ ကိုယ့္မွာ ေငြမလည္လည္း ေက်ာေထာက္ ေနာက္ခံဆိုတာ ရွိၾကတာေပါ့။ အခုကေတာ့ သူ႔ၾကည့္လည္း ဒုကၡသည္၊ ကိုယ့္ၾကည့္လည္း ဒုကၡသည္ ကြာတာေပါ့။ လူေတြမွာ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈလည္း မရွိဘူး။ ထီးခ်ိဳင္မွာဆို ကိုယ့္ရပ္ကြက္မွာ ကိုယ့္ အမ်ိဳးအေဆြေတြနဲ႔ ေနရတယ္။ ေနာက္တစ္ခါ ဘာပဲ လုပ္ခ်င္လုပ္ခ်င္ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္နဲ႔ ေနၾက တယ္။ သာေရး ျဖစ္ျဖစ္ နာေရး ျဖစ္ျဖစ္ ဝိုင္းဝန္းၿပီး ေနၾကတယ္။ အခုက်ေတာ့လည္း အသိုက္ပ်က္သလို ျဖစ္သြားတာေပါ့။ အဓိကေတာ့ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈမရွိတာ။ ၿပီးေတာ့ ေတြ႕တဲ့သူနဲ႔ အဆင္ေျပေအာင္ ေပါင္းၿပီး ဒီလိုမ်ိဳးေနၾကရတာေပါ့။
ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။