တရုတ်မြို့တော်ဘေဂျင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံးလူ(၃၀)ဦးသေဆုံး

 784

Pika (NP News) - ဇူလိုင် ၃ဝ
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံးလူ(၃၀)ဦးသေဆုံးပြီး အခြားလူ (၈၀၀၀၀)ကျော်ကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ ယခုသီတင်းပတ်အတွင်း ဘေဂျင်းမြို့၊ Hebei၊ Jilin နဲ့ Shandong ပြည်နယ်တို့ အပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်းကို ပြင်းထန်တဲ့မိုးသက်မုန်တိုင်းတွေ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆင်ဟွာသတင်းအေဂျင်စီက “မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘေဂျင်းမြို့မှာ အနည်းဆုံးလူ(၃၀)ဦး သေဆုံးခဲ့ပါ တယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ဘေဂျင်းမြို့တစ်မြို့တည်းမှာတင် လူပေါင်း(၈၀၀၀၀)ကျော်ကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆင်ဟွာက ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။
ပြီးတော့ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားလာနိုင် တယ်လို့လည်း ဆင်ဟွာကရေးသားဖော်ပြထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ဘေဂျင်းမြို့ရဲ့ အရှေ့ မြောက်ဘက် Miyun ဆင်ခြေဖုံးရပ်ကွက်မှာ သေဆုံးသူအရေအတွက် အမြင့်ဆုံးရှိခဲ့တယ်လို့လည်း သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘေဂျင်းမြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ Fangshan ခရိုင်နဲ့ မြောက်ဘက် မှာရှိတဲ့ Huairou ခရိုင်တို့လည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆင်ဟွာက ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္ၿမိဳ႕ေတာ္ေဘဂ်င္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အနည္းဆုံးလူ(၃၀)ဦးေသဆုံး
Pika (NP News) - ဇူလိုင္ ၃ဝ
တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အနည္းဆုံးလူ(၃၀)ဦးေသဆုံးၿပီး အျခားလူ (၈၀၀၀၀)ေက်ာ္ကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ ယခုသီတင္းပတ္အတြင္း ေဘဂ်င္းၿမိဳ႕၊ Hebei၊ Jilin နဲ႔ Shandong ျပည္နယ္တို႔ အပါအဝင္ တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းကို ျပင္းထန္တဲ့မိုးသက္မုန္တိုင္းေတြ ဝင္ေရာက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဆင္ဟြာသတင္းေအဂ်င္စီက “မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေဘဂ်င္းၿမိဳ႕မွာ အနည္းဆုံးလူ(၃၀)ဦး ေသဆုံးခဲ့ပါ တယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ေဘဂ်င္းၿမိဳ႕တစ္ၿမိဳ႕တည္းမွာတင္ လူေပါင္း(၈၀၀၀၀)ေက်ာ္ကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ ဆင္ဟြာက ထပ္မံေရးသားေဖာ္ျပခဲ့ပါတယ္။
ၿပီးေတာ့ မိုးသည္းထန္စြာအဆက္မျပတ္႐ြာသြန္းမႈနဲ႔အတူ ႀကီးမားတဲ့ သဘာဝေဘးအႏၲရာယ္ေတြျဖစ္ပြားလာႏိုင္ တယ္လို႔လည္း ဆင္ဟြာကေရးသားေဖာ္ျပထားပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေဘဂ်င္းၿမိဳ႕ရဲ႕ အေရွ႕ ေျမာက္ဘက္ Miyun ဆင္ေျခဖုံးရပ္ကြက္မွာ ေသဆုံးသူအေရအတြက္ အျမင့္ဆုံးရွိခဲ့တယ္လို႔လည္း သိရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေဘဂ်င္းၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္မွာရွိတဲ့ Fangshan ခ႐ိုင္နဲ႔ ေျမာက္ဘက္ မွာရွိတဲ့ Huairou ခ႐ိုင္တို႔လည္း ဆိုးဆိုး႐ြား႐ြား ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ဆင္ဟြာက ေရးသားေဖာ္ျပခဲ့ပါတယ္။

Picture

Tha Lwin

30/07/2025 12:36

တရုတ်ပြည်သူအပေါင်းဘေးရန်ကင်းကွာကျမ္မာချမ်းသာကြပါစေ

Picture

Tha Lwin

03/08/2025 14:13

တရုပ်ပြည်သူတွေဘေးရန်ကင်းကြပါစေ

Related news

© 2021. All rights reserved.