ညောင်ဦး DENKO ဆီဆိုင်မှ မန်နေဂျာအပါဝင် ဝန်ထမ်း(၂)ဦးနှင့် ဆိုင်ရှိကား၊ဆိုင်ကယ်ပစ္စည်းများကို PDFအဖွဲ့ဖမ်းဆီးယူဆောင်

 3025

ချယ်ရီ (NP News) - ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ DENKO ဆီဆိုင်သို့ ဆီလာထည့်သော ကားနှင့်အတူ ဆိုင်ရှိဆိုင်ကယ်နှင့် ပိုက်ဆံများကို PDFအဖွဲ့က လုယက်ယူဆောင်ပြီး မန်နေဂျာအပါဝင် ဝန်ထမ်း(၂)ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ (၂၈)ရက်၊ ညနေ (၅) နာရီအချိန်ခန့်က ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီး၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ “DENKO” ဆီဆိုင်သို့ အင်အား(၆)ဦးပါဝင်သည့် PDF အဖွဲ့က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများ ထံမှ လက်ကိုင်ဖုန်းလေးလုံး၊ ရွှေနားကပ်နှစ်ရံ၊ ဆိုင်ကယ်နှစ်စီး၊ ဆီရောင်းချရငွေ (၅) သိန်းကျပ်နှင့် ဆီဖြည့်ရန်ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်၊ ဘုန်းတော်ကျေးရွာတွင်နေထိုင်သည့် အသက် (၃၈)နှစ်အရွယ်ရှိ ဦးစန်းယု၏ HONDA Fit အဖြူရောင် ကားတစ်စီးတို့ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆီဆိုင်ဝန်ထမ်းများအနက် အသက် (၄၀)အရွယ်ရှိ ဆီဆိုင်မန်နေဂျာ ဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်းနှင့် အသက် (၄၂)နှစ်အရွယ်ရှိ ဒုမန်နေဂျာ ဦးဆန်းလွင်ဦးတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်၍ ညောင်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ နယ်မြေရှင်းရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်နေစဉ် အဆိုပါစက်သုံးဆီဆိုင်၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ ကန်ပေါက်ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက်တွင် PDF အကြမ်းဖက်သမား (၄)ဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက် သမား(၂)ဦးကို MA-13 သေနတ်တစ်လက်၊ ၎င်းကျည် (၁၀) တောင့်၊ ကျည်အိမ်တစ်ခု၊ MA- 1 သေနတ်တစ်လက်၊ ၎င်းကျည် (၁၀) တောင့်နှင့် ကျည်အိမ်တစ်ခုတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီး ရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှ “DENKO” စက်သုံးဆီဆိုင်သို့ ဝင်ရောက်ဓားပြတိုက်လုယက်ကာ ဆီဆိုင်ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးခံရသူများအား ပြန်လည် ကယ်တင်နိုင်ရေးနှင့် အကြမ်းဖက်လုယက် ယူဆောင်သွားသည့် ပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version :
ေညာင္ဦး DENKO ဆီဆိုင္မွ မန္ေနဂ်ာအပါဝင္ ဝန္ထမ္း(၂)ဦးႏွင့္ ဆိုင္ရွိကား၊ဆိုင္ကယ္ပစၥည္းမ်ားကို PDFအဖြဲ႕ဖမ္းဆီးယူေဆာင္
ခ်ယ္ရီ (NP News) - ဇူလိုင္ ၃၀
မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕နယ္ရွိ DENKO ဆီဆိုင္သို႔ ဆီလာထည့္ေသာ ကားႏွင့္အတူ ဆိုင္ရွိဆိုင္ကယ္ႏွင့္ ပိုက္ဆံမ်ားကို PDFအဖြဲ႕က လုယက္ယူေဆာင္ၿပီး မန္ေနဂ်ာအပါဝင္ ဝန္ထမ္း(၂)ဦးကိုပါ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ဇူလိုင္လ (၂၈)ရက္၊ ညေန (၅) နာရီအခ်ိန္ခန႔္က ေညာင္ဦးၿမိဳ႕နယ္၊ ေတာင္ဘေက်း႐ြာအနီး၊ ေညာင္ဦး-ေက်ာက္ပန္းေတာင္း ကားလမ္းေဘးရွိ “DENKO” ဆီဆိုင္သို႔ အင္အား(၆)ဦးပါဝင္သည့္ PDF အဖြဲ႕က ဆိုင္ကယ္သုံးစီးျဖင့္ ေရာက္ရွိလာၿပီး ဆီဆိုင္ဝန္ထမ္းမ်ား ထံမွ လက္ကိုင္ဖုန္းေလးလုံး၊ ေ႐ႊနားကပ္ႏွစ္ရံ၊ ဆိုင္ကယ္ႏွစ္စီး၊ ဆီေရာင္းခ်ရေငြ (၅) သိန္းက်ပ္ႏွင့္ ဆီျဖည့္ရန္ေရာက္ရွိေနသည့္ ေညာင္ဦးၿမိဳ႕နယ္၊ ဘုန္းေတာ္ေက်း႐ြာတြင္ေနထိုင္သည့္ အသက္ (၃၈)ႏွစ္အ႐ြယ္ရွိ ဦးစန္းယု၏ HONDA Fit အျဖဴေရာင္ ကားတစ္စီးတို႔ကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဆီဆိုင္ဝန္ထမ္းမ်ားအနက္ အသက္ (၄၀)အ႐ြယ္ရွိ ဆီဆိုင္မန္ေနဂ်ာ ဦးဝင္းျမင့္ထြန္း(ခ)ဦးညီညီထြန္းႏွင့္ အသက္ (၄၂)ႏွစ္အ႐ြယ္ရွိ ဒုမန္ေနဂ်ာ ဦးဆန္းလြင္ဦးတို႔ႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္၍ ေညာင္တိုေက်း႐ြာဘက္သို႔ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သတင္းအရ နယ္ေျမရွင္းေရးလုပ္ငန္းမ်ား လိုက္လံေဆာင္႐ြက္ေနစဥ္ အဆိုပါစက္သုံးဆီဆိုင္၏ အေနာက္ေတာင္ဘက္ ငါးမိုင္ခန႔္အကြာ ကန္ေပါက္ေက်း႐ြာႏွင့္ ေက်ာက္ကန္ေက်း႐ြာၾကားအေရာက္တြင္ PDF အၾကမ္းဖက္သမား (၄)ဦးက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ရွင္းလင္းခဲ့ရာ PDF အၾကမ္းဖက္ သမား(၂)ဦးကို MA-13 ေသနတ္တစ္လက္၊ ၎က်ည္ (၁၀) ေတာင့္၊ က်ည္အိမ္တစ္ခု၊ MA- 1 ေသနတ္တစ္လက္၊ ၎က်ည္ (၁၀) ေတာင့္ႏွင့္ က်ည္အိမ္တစ္ခုတို႔ႏွင့္အတူ အေသပစ္ခတ္ဖမ္းဆီး ရမိခဲ့ၿပီး က်န္ႏွစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွ “DENKO” စက္သုံးဆီဆိုင္သို႔ ဝင္ေရာက္ဓားျပတိုက္လုယက္ကာ ဆီဆိုင္ဝန္ထမ္းႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိႏိုင္ေရးအတြက္ ေညာင္ဦးၿမိဳ႕မရဲစခန္း၌ (ပ)၆၂/၂၀၂၅၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(ခ) ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ထားရွိၿပီး ဖမ္းဆီးခံရသူမ်ားအား ျပန္လည္ ကယ္တင္ႏိုင္ေရးႏွင့္ အၾကမ္းဖက္လုယက္ ယူေဆာင္သြားသည့္ ပစၥည္းမ်ား ျပန္လည္သိမ္းဆည္းရရွိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.