ကျောက်ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရ

585

Pearl (NP News)-ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှု များကြောင့် အခြေခံပညာကျောင်းအချို့ ပိတ်ထားရကြောင်း ဒေသခံများထံ NP News က ဆက်သွယ် မေးမြန်းထားသည့်အချက်အလက်များရ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို PDF အဖွဲ့က ခြိမ်းခြောက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိရာ ယခုနောက်ပိုင်းတွင် ပညာရေးဝန်ထမ်းများကို ပိုမိုခြိမ်းခြောက်လာခဲ့ ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ခွက်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အဖွဲ့ဝင် (၁၅)ဦးခန့်ရောက်ရှိလာကာ ကျောင်းဆရာ ဆရာမ များ ကို ကျောင်းပိတ်ရန် ခြိမ်းခြောက်ပြောပြီးနောက် ကျောင်းခန်းတံခါးများနှင့် ကျောင်းခြံဝင်းတံခါးတို့ကို သော့ခတ်၍ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ PDF မွှေနိုင်တဲ့နေရာကတော့ ပညာ ရေးဝန်ထမ်းတွေကို ဖုန်းဆက်ပြီးခြိမ်းခြောက်တာတို့ လာ ပြီးပြောတာတို့ လုပ်တယ်။ တချို့ဆရာမတွေကျတော့လည်း ရှောင်တာပေါ့။ ကျောင်းမသွားရဲဘူး။ ဆရာ မတွေ မသင်နိုင်တော့ ကလေးတွေလည်း မသွားကြဘူး။ နဂလဲ၊ လျှော်တော၊ ကျောက်ခွက်ကတော့ ပုပ္ပားစောင်းပေါ့။ အဲဒီဘက်တွေက PDF နည်းနည်းလေး အလွယ်တကူဝင်နိုင်တဲ့နေရာတွေပေါ့။ အဲဒီ ဘက်တွေမှာ ခြိမ်းခြောက်တော့ ကျောင်းတွေ ပိတ်ထားရတာရှိတယ်။ ဆရာမဆိုတာ လက်ထဲ ဘာမှ ပါ တာမှ မဟုတ်တာ။ မြေဖြူနဲ့ ဘောပင်ပဲရှိတာ။ သူတို့လို လက်နက်မှမပါတာ။ အဲဒီတော့ ကြောက်တော့ ကျောင်းတွေပိတ်ထားရတာပေါ့” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ကျောင်းနေအရွယ်ကလေးများအနေဖြင့် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုဗစ် ရောဂါများကြောင့် ကျောင်းနားခဲ့ရပြီး (၂၀၂၁)ခုနှစ် အခင်းအကျင်းဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း ဝါဒ ဖြန့်စည်းရုံးမှုများကြောင့် ပညာရေး နှောင့်နှေးခဲ့ရကာ လက်ရှိတွင် ပုံမှန်အတိုင်း ကျောင်းပြန်တက်နေ ချိန်တွင် အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်ခြင်းခံခဲ့ရသည်။
ထို့ကြောင့် အဆိုပါဒေသရှိ ကျောင်းနေရွယ်ကလေးများအနေဖြင့် မိသားစုလိုက်နေရပ်စွန့်ခွာကာ အခြားမြို့နယ်များ၊ အခြားဒေသများရှိ ကျောင်းများသို့ပြောင်း၍ ပညာသင်ကြားနေသူများ ရှိသကဲ့သို့ ငွေ ကြေးအဆင်မှုများကြောင့် မိမိဒေသများတွင် နေထိုင်ကာ ပညာသင်ကြားခွင့်ဆုံးရှုံးနေသူများလည်း ရှိကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံက ကိုဗစ်နဲ့ ကိုစစ်နဲ့ ဆိုတော့ (၂) နှစ် လောက် အသက်ကြီးသွားတဲ့လူတွေ များတယ်လေ။ ကိုဗစ်တုန်းက ကျောင်းပိတ်လို့ တစ် နှစ်ကြီးသွားတယ်။ နောက်ထပ် ကိုစစ်ဖြစ်တယ်။ ကျောင်းမတက်ရဲအောင်လုပ်ထားတော့ တော်တော် များများက သူ့အသက်အရွယ်နဲ့ အတန်းနဲ့ကျ (၂)နှစ်လောက် အောက်တာပေါ့။ အခုကျတော့ ဘယ်သူပဲပြောပြော မဖြစ်မနေထားကြတယ်။ ထားတဲ့ အခါအခုလို ကျောင်းတွေ ပိတ်ခိုင်းတာတို့ ဘာတို့ကျ အကုန်လုံးက မကြိုက်ကြတော့ဘူး။ တချို့မိဘ တွေကတော့ ရေကြည်ရာမြက်နုရာ ရွှေ့တဲ့လူရှိတယ်။ တချို့ကျတော့လည်း မရွှေ့ပြောင်းနိုင်တဲ့အခါ ရွာမှာပဲ ပညာရေးဆက် မသင်နိုင်တဲ့ လူတွေလည်းရှိတယ်။ နဂိုတုန်းကဆိုရင် PDF ကို ကြိုက်တယ် ဆိုတဲ့လူတောင်မှ ဒါမျိုးတွေလက်မခံဘူးဆိုတာမျိုးတွေရှိလာကြတယ်။ သူတို့ဒဏ်တွေခံလာရတော့ သူတို့လုပ် ရပ်တွေကို ရှုတ်ချတဲ့လူ တော်တော်များလာတာ တွေ့ရတယ်” ဟု ၎င်းက ဆက်လက်ပြော သည်။
ဒေသခံအချို့အနေဖြင့် PDF အဖွဲ့များကို ယခင်က ထောက်ခံအားပေးခဲ့ကြသော်လည်း ယခုတွင် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်သည့်အတွက် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်း ရေး များဆောင်ရွက်ပေးရန် မျှော်လင့်နေကြကြောင်းလည်း သိရသည်။

Zawgyi Version:
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕၏ ၿခိမ္းေျခာက္မႈေၾကာင့္ စာသင္ေက်ာင္းအခ်ိဳ႕ ပိတ္ထားရ
Pearl (NP News)-ဇူလိုင္ ၃၀
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕၏ ၿခိမ္းေျခာက္မႈ မ်ားေၾကာင့္ အေျခခံပညာေက်ာင္းအခ်ိဳ႕ ပိတ္ထားရေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ ေမးျမန္းထားသည့္အခ်က္အလက္မ်ားရ သိရသည္။
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ရွိ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားကို PDF အဖြဲ႕က ၿခိမ္းေျခာက္မႈမ်ားကို မၾကာခဏ ျပဳလုပ္လ်က္ရွိရာ ယခုေနာက္ပိုင္းတြင္ ပညာေရးဝန္ထမ္းမ်ားကို ပိုမိုၿခိမ္းေျခာက္လာခဲ့ ေၾကာင္း သိရသည္။
ထို႔အတူ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေက်ာက္ခြက္ေက်း႐ြာရွိ အေျခခံပညာမူလတန္းေက်ာင္းသို႔ PDF အဖြဲ႕ဝင္ (၁၅)ဦးခန႔္ေရာက္ရွိလာကာ ေက်ာင္းဆရာ ဆရာမ မ်ား ကို ေက်ာင္းပိတ္ရန္ ၿခိမ္းေျခာက္ေျပာၿပီးေနာက္ ေက်ာင္းခန္းတံခါးမ်ားႏွင့္ ေက်ာင္းၿခံဝင္းတံခါးတို႔ကို ေသာ့ခတ္၍ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ PDF ေမႊႏိုင္တဲ့ေနရာကေတာ့ ပညာ ေရးဝန္ထမ္းေတြကို ဖုန္းဆက္ၿပီးၿခိမ္းေျခာက္တာတို႔ လာ ၿပီးေျပာတာတို႔ လုပ္တယ္။ တခ်ိဳ႕ဆရာမေတြက်ေတာ့လည္း ေရွာင္တာေပါ့။ ေက်ာင္းမသြားရဲဘူး။ ဆရာ မေတြ မသင္ႏိုင္ေတာ့ ကေလးေတြလည္း မသြားၾကဘူး။ နဂလဲ၊ ေလွ်ာ္ေတာ၊ ေက်ာက္ခြက္ကေတာ့ ပုပၸားေစာင္းေပါ့။ အဲဒီဘက္ေတြက PDF နည္းနည္းေလး အလြယ္တကူဝင္ႏိုင္တဲ့ေနရာေတြေပါ့။ အဲဒီ ဘက္ေတြမွာ ၿခိမ္းေျခာက္ေတာ့ ေက်ာင္းေတြ ပိတ္ထားရတာရွိတယ္။ ဆရာမဆိုတာ လက္ထဲ ဘာမွ ပါ တာမွ မဟုတ္တာ။ ေျမျဖဴနဲ႔ ေဘာပင္ပဲရွိတာ။ သူတို႔လို လက္နက္မွမပါတာ။ အဲဒီေတာ့ ေၾကာက္ေတာ့ ေက်ာင္းေတြပိတ္ထားရတာေပါ့” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ေက်ာင္းေနအ႐ြယ္ကေလးမ်ားအေနျဖင့္ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ ကိုဗစ္ ေရာဂါမ်ားေၾကာင့္ ေက်ာင္းနားခဲ့ရၿပီး (၂၀၂၁)ခုႏွစ္ အခင္းအက်င္းျဖစ္ပြားၿပီးေနာက္ပိုင္းတြင္လည္း ဝါဒ ျဖန႔္စည္း႐ုံးမႈမ်ားေၾကာင့္ ပညာေရး ေႏွာင့္ေႏွးခဲ့ရကာ လက္ရွိတြင္ ပုံမွန္အတိုင္း ေက်ာင္းျပန္တက္ေန ခ်ိန္တြင္ အၾကမ္းဖက္အဖြဲ႕၏ ၿခိမ္းေျခာက္ျခင္းခံခဲ့ရသည္။
ထို႔ေၾကာင့္ အဆိုပါေဒသရွိ ေက်ာင္းေန႐ြယ္ကေလးမ်ားအေနျဖင့္ မိသားစုလိုက္ေနရပ္စြန႔္ခြာကာ အျခားၿမိဳ႕နယ္မ်ား၊ အျခားေဒသမ်ားရွိ ေက်ာင္းမ်ားသို႔ေျပာင္း၍ ပညာသင္ၾကားေနသူမ်ား ရွိသကဲ့သို႔ ေငြ ေၾကးအဆင္မႈမ်ားေၾကာင့္ မိမိေဒသမ်ားတြင္ ေနထိုင္ကာ ပညာသင္ၾကားခြင့္ဆုံးရႈံးေနသူမ်ားလည္း ရွိေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ႏိုင္ငံက ကိုဗစ္နဲ႔ ကိုစစ္နဲ႔ ဆိုေတာ့ (၂) ႏွစ္ ေလာက္ အသက္ႀကီးသြားတဲ့လူေတြ မ်ားတယ္ေလ။ ကိုဗစ္တုန္းက ေက်ာင္းပိတ္လို႔ တစ္ ႏွစ္ႀကီးသြားတယ္။ ေနာက္ထပ္ ကိုစစ္ျဖစ္တယ္။ ေက်ာင္းမတက္ရဲေအာင္လုပ္ထားေတာ့ ေတာ္ေတာ္ မ်ားမ်ားက သူ႔အသက္အ႐ြယ္နဲ႔ အတန္းနဲ႔က် (၂)ႏွစ္ေလာက္ ေအာက္တာေပါ့။ အခုက်ေတာ့ ဘယ္သူပဲေျပာေျပာ မျဖစ္မေနထားၾကတယ္။ ထားတဲ့ အခါအခုလို ေက်ာင္းေတြ ပိတ္ခိုင္းတာတို႔ ဘာတို႔က် အကုန္လုံးက မႀကိဳက္ၾကေတာ့ဘူး။ တခ်ိဳ႕မိဘ ေတြကေတာ့ ေရၾကည္ရာျမက္ႏုရာ ေ႐ႊ႕တဲ့လူရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း မေ႐ႊ႕ေျပာင္းႏိုင္တဲ့အခါ ႐ြာမွာပဲ ပညာေရးဆက္ မသင္ႏိုင္တဲ့ လူေတြလည္းရွိတယ္။ နဂိုတုန္းကဆိုရင္ PDF ကို ႀကိဳက္တယ္ ဆိုတဲ့လူေတာင္မွ ဒါမ်ိဳးေတြလက္မခံဘူးဆိုတာမ်ိဳးေတြရွိလာၾကတယ္။ သူတို႔ဒဏ္ေတြခံလာရေတာ့ သူတို႔လုပ္ ရပ္ေတြကို ရႈတ္ခ်တဲ့လူ ေတာ္ေတာ္မ်ားလာတာ ေတြ႕ရတယ္” ဟု ၎က ဆက္လက္ေျပာ သည္။
ေဒသခံအခ်ိဳ႕အေနျဖင့္ PDF အဖြဲ႕မ်ားကို ယခင္က ေထာက္ခံအားေပးခဲ့ၾကေသာ္လည္း ယခုတြင္ ၎တို႔၏အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံႏိုင္သည့္အတြက္ တပ္မေတာ္အေနျဖင့္ နယ္ေျမရွင္းလင္း ေရး မ်ားေဆာင္႐ြက္ေပးရန္ ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း သိရသည္ ။