NLDအစိုးရလက်ထက်တွင် နိုင်ငံခြားသားအကြံပေးများ၏ ဩဇာခံဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း နစကဥက္ကဋ္ဌပြော

2487

သန့်ဇင်(NP News)-ဇူလိုင် ၃၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက်တွင် နိုင်ငံ၏ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံ ပေးများ၏ ဩဇာခံဆောင်ရွက် ခဲ့ခြင်း ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယမန်နေ့(ဇူလိုင်လ ၃၀ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင် ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် ဆောင်ရွက်ခဲ့ရာ တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှများစွာမျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှုအတွေ့ အကြုံအား နည်းမှုများ၊ ယခင်အစိုးရ၏လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များဖြစ် ပေါ်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့နောက် NLD အစိုးရ နိုင်ငံတော်တာဝန်စတင်တာဝန်ယူစဉ် ၂၀၁၅-၂၀၁၆ ခုနှစ် ကာလအတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများမရှိခြင်း၊ နိုင်ငံ၏ပကတိ အခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့နောက် လုပ်ဆောင်မှုအားနည်းချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အား နည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကြောင်း နစကဥက္ကဋ္ဌက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
NLDအစိုးရလက္ထက္တြင္ ႏိုင္ငံျခားသားအႀကံေပးမ်ား၏ ဩဇာခံေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံ့စီးပြားေရးက်ဆင္းခဲ့ေၾကာင္း နစကဥကၠ႒ေျပာ
သန႔္ဇင္(NP News)-ဇူလိုင္ ၃၀
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD) အစိုးရလက္ထက္တြင္ ႏိုင္ငံ၏ပကတိအေျခအေနႏွင့္ မကိုက္ညီသည့္ ႏိုင္ငံျခားသားအႀကံ ေပးမ်ား၏ ဩဇာခံေဆာင္႐ြက္ ခဲ့ျခင္း ေၾကာင့္ ႏိုင္ငံ့စီးပြားေရးက်ဆင္းခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ယမန္ေန႔(ဇူလိုင္လ ၃၀ရက္) နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ေရခဲေတာင္ ခန္းမ၌ က်င္းပျပဳလုပ္ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဂုဏ္ျပဳေတြ႕ဆုံပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
၂၀၁၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲတြင္ NLD ပါတီက အႏိုင္ရရွိခဲ့ၿပီး ဒီမိုကေရစီဒုတိယအစိုးရအျဖစ္ ေဆာင္႐ြက္ခဲ့ရာ တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ ၎တို႔အေပၚ ျပည္သူလူထုမွမ်ားစြာေမွ်ာ္လင့္ထားခဲ့ေသာ္လည္း စီမံခန႔္ခြဲမႈအေတြ႕ အႀကဳံအား နည္းမႈမ်ား၊ ယခင္အစိုးရ၏လုပ္ေဆာင္မႈမ်ားကို အတိုက္အခံေဆာင္႐ြက္မႈမ်ားေၾကာင့္ စီးပြားေရးအရ အားနည္းခ်က္မ်ားျဖစ္ ေပၚခဲ့ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ေနာက္ NLD အစိုးရ ႏိုင္ငံေတာ္တာဝန္စတင္တာဝန္ယူစဥ္ ၂၀၁၅-၂၀၁၆ ခုႏွစ္ ကာလအတြင္း ျပည္ပအကူအညီမ်ား မ်ားစြာရရွိခဲ့ ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ႏိုင္ငံ့စီးပြားေရး အားေကာင္းခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ စီမံခန႔္ခြဲမႈအားနည္းျခင္း၊ ျပည္ပႏိုင္ငံမ်ားမွ အေထာက္အပံ့မ်ားျဖင့္သာ စီးပြားေရးလည္ပတ္လ်က္ရွိၿပီး ျပည္တြင္းစီးပြားေရးအားေပးမႈမရွိျခင္း၊ ျပည္တြင္းကုန္ထုတ္လုပ္မႈမ်ားမရွိျခင္း၊ ႏိုင္ငံ၏ပကတိ အေျခအေနႏွင့္ မကိုက္ညီသည့္ ႏိုင္ငံျခားသားအႀကံေပးမ်ား၏ အႀကံဉာဏ္မ်ားအတိုင္း ဩဇာခံေဆာင္႐ြက္ခဲ့ျခင္းတို႔ေၾကာင့္ ႏိုင္ငံ့စီးပြားေရးက်ဆင္းခဲ့ေၾကာင္း နစကဥကၠ႒က ေျပာသည္။
ထို႔ေနာက္ လုပ္ေဆာင္မႈအားနည္းခ်က္မ်ား၊ စီမံခန႔္ခြဲမႈအားနည္းခ်က္မ်ားေၾကာင့္ ျပည္သူလူထုမွလည္း ၎တို႔အေပၚ အယုံအၾကည္အား နည္းလာသျဖင့္ ၎တို႔အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိႏိုင္ရန္ စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚခဲ့ၿပီး မဲမသမာမႈမ်ားကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ေၾကာင္း နစကဥကၠ႒က သုံးသပ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။