မိတ္ထီလာမြို့နယ်တွင် ပေါက်ကွဲစေတက်သောပစ္စည်းများတင်ဆောင်လာသည့်ကားတိမ်းမှောက်ကာ PDF (၅) ဦးသေဆုံး

2819

သက်ပိုင်(NP News) - ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ် ဇီးတော-ဒဟတ်သွား ကျေးရွာချင်းဆက်မြေသားလမ်းပေါ်တွင် ဇူလိုင်လ (၃၀) ရက်က ပေါက်ကွဲစေတက်သောပစ္စည်းများ တင်ဆောင်လာသည့် ကားတိမ်းမှောက် မှုကြောင့် PDF (၅) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအတွင်း ဒေသခံပြည်သူများအသွင်ဖြင့် စိမ့်ဝင်ဝင်ရောက်လာကာ ဌာနဆိုင်ရာ အဆောက် အဦးများ၊ ပြည်သူလူထု၏ တိုက်တာအိုးအိမ်များကို မိုင်းထောင်ဖောက်ခွဲခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လွယ်ကူစွာဝင်ထွက်သွားလာခြင်းများ မလုပ်ဆောင်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဆားတောင်ဘက်မှ ဇီးတောဘက်သို့ မောင်းနှင်လာသော Hiace ခဲရောင် (လိုင်စင်စိစစ်ဆဲ) မော်တော်ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် အစစ်ဆေးခံရန်ရပ်တန့်စေခဲ့ရာ အဆိုပါ မော်တော်ယာဉ်မှာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသွားစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပေါက်ကွဲ၍ မီးလောင်သွားသော မော်တော်ယာဉ် အနီးဝန်းကျင်သို့ သွားရောက်စစ်ဆေးရာ မော်တော်ယာဉ်အတွင်းမှ အမ်ဂျီ-၁ ပလတ်စတစ်လက်ပစ်ဗုံး ရိုက်မောင်းတံအစု အဝေးတစ်ခု၊ PDF လက်မောင်း တံဆိပ်၊ အနီရောင်မီးကြိုးခွေ တစ်ခွေနှင့် သေဆုံးနေသည့် PDF အမည်ခံအကြမ်းဖက်သမား အလောင်းငါးလောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို နေ့မအားညမနားဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုရန်မှ ကင်းဝေးစေရန်နှင့် ပြည်သူများအေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter Terrorism Operation) များကို ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Zawgyi Version:
မိတၳီလာၿမိဳ႕နယ္တြင္ ေပါက္ကြဲေစတက္ေသာပစၥည္းမ်ားတင္ေဆာင္လာသည့္ကားတိမ္းေမွာက္ကာ PDF (၅) ဦးေသဆုံး
သက္ပိုင္(NP News) - ဇူလိုင္ ၃၁
မႏၲေလးတိုင္းေဒသႀကီး ၊ မိတၳီလာၿမိဳ႕နယ္ ဇီးေတာ-ဒဟတ္သြား ေက်း႐ြာခ်င္းဆက္ေျမသားလမ္းေပၚတြင္ ဇူလိုင္လ (၃၀) ရက္က ေပါက္ကြဲေစတက္ေသာပစၥည္းမ်ား တင္ေဆာင္လာသည့္ ကားတိမ္းေမွာက္ မႈေၾကာင့္ PDF (၅) ဦးေသဆုံးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ အစိုးရအုပ္ခ်ဳပ္မႈယႏၲရားမ်ား ပ်က္ျပားေစရန္ရည္႐ြယ္၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕ရွိ ၿမိဳ႕၊ ႐ြာမ်ားအတြင္း ေဒသခံျပည္သူမ်ားအသြင္ျဖင့္ စိမ့္ဝင္ဝင္ေရာက္လာကာ ဌာနဆိုင္ရာ အေဆာက္ အဦးမ်ား၊ ျပည္သူလူထု၏ တိုက္တာအိုးအိမ္မ်ားကို မိုင္းေထာင္ေဖာက္ခြဲျခင္း၊ Drop Bomb ခ်တိုက္ခိုက္ျခင္း၊ အမ်ားျပည္သူသြားလာ အသုံးျပဳလ်က္ရွိသည့္ လမ္း၊ တံတားမ်ားအား မိုင္းေထာင္ေဖာက္ခြဲျခင္း စသည့္ အဖ်က္အေမွာင့္လုပ္ငန္းမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။
ထိုသို႔လုပ္ေဆာင္လ်က္ရွိသည့္ အၾကမ္းဖက္သမားမ်ားအား ၿမိဳ႕၊ ႐ြာ၊ ရပ္ကြက္မ်ားအတြင္း လြယ္ကူစြာဝင္ထြက္သြားလာျခင္းမ်ား မလုပ္ေဆာင္ႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရး လုပ္ငန္းစဥ္မ်ားကို သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ လိုအပ္သည့္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနစဥ္ ဆားေတာင္ဘက္မွ ဇီးေတာဘက္သို႔ ေမာင္းႏွင္လာေသာ Hiace ခဲေရာင္ (လိုင္စင္စိစစ္ဆဲ) ေမာ္ေတာ္ယာဥ္တစ္စီးအား မသကၤာဖြယ္ေတြ႕ရွိသျဖင့္ အစစ္ေဆးခံရန္ရပ္တန႔္ေစခဲ့ရာ အဆိုပါ ေမာ္ေတာ္ယာဥ္မွာ ရပ္တန႔္မႈမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသြားစဥ္ တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါေပါက္ကြဲ၍ မီးေလာင္သြားေသာ ေမာ္ေတာ္ယာဥ္ အနီးဝန္းက်င္သို႔ သြားေရာက္စစ္ေဆးရာ ေမာ္ေတာ္ယာဥ္အတြင္းမွ အမ္ဂ်ီ-၁ ပလတ္စတစ္လက္ပစ္ဗုံး ႐ိုက္ေမာင္းတံအစု အေဝးတစ္ခု၊ PDF လက္ေမာင္း တံဆိပ္၊ အနီေရာင္မီးႀကိဳးေခြ တစ္ေခြႏွင့္ ေသဆုံးေနသည့္ PDF အမည္ခံအၾကမ္းဖက္သမား အေလာင္းငါးေလာင္းတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္အေနျဖင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရန္အတြက္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို ေန႔မအားညမနားျဖင့္ ေဆာင္႐ြက္ေပးလ်က္ရွိၿပီး အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္မႈရန္မွ ကင္းေဝးေစရန္ႏွင့္ ျပည္သူမ်ားေအးခ်မ္းစြာ ေနထိုင္လုပ္ကိုင္ စားေသာက္ႏိုင္ရန္ အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕၌ အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး(Counter Terrorism Operation) မ်ားကို ျပည္သူလူထုႏွင့္အတူ ပူးေပါင္း၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။