စစ်ကိုင်း - မင်းကွန်း နာရီဝက်ခရီး သို့သော် အလှမ်းမနီး

 738

သုတကျော်(NP News)
ဧရာဝတီမြစ်ကိုမေးတင်ထားသော မင်းကွန်းမြို့သည် စစ်ကိုင်းမြို့မှ အရှေ့မြောက်ဘက် (၁၆)မိုင်ခန့် အကွာ တွင်တည်ရှိပြီး မန္တလေးမြို့မှ ရေကြောင်းခရီးဖြင့်ဆန်တက်လျှင်လည်း များစွာမဝေးလှပေ။ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၏ နယ်စပ်မြို့တစ်မြို့လည်းဖြစ်သည်။
ကမ္ဘာပေါ်တွင် လက်ရှိ တတိယအကြီးဆုံး ခေါင်းလောင်းဖြစ်သော မင်းကွန်းခေါင်းလောင်းတော်ကြီး၊ မြသိန်း တန်စေတီ၊ ဒေါ်ဦးဇွန်း၏ လူအိုရုံနှင့် ဘိုးတော်ဘုရားတည်ထားခဲ့သော မင်းကွန်းပုထိုးတော် ကြီးတို့မှာ မင်းကွန်းမြို့၏ အထင်ကရနေရာများဖြစ်ပြီး မင်းကွန်း၏သမိုင်းသည် တိုက်ပွဲများ၊ သွေးညှီနံ့များ ထက်ဆည်းလည်းသံများနှင့် တရား သံများ၊ သာဓုခေါ် သံများသာနေရာယူထားခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့သည်။
မင်းကွန်းသည် မြန်မာတို့၏ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းပုံ၊ သနားညှာတာတတ်ပုံအကြောင်းနှင့် မြန်မာတို့၏အလှူ အတန်းကို မီးမောင်းထိုးပြရာနေရာလည်း ဖြစ်သည်။ ဘိုးတော်ဘုရားခေါ် ဗဒုံမင်းတည်ထားသည့် မင်းကွန်းပုထိုး တော်ကြီးသာမက ပုထိုးတော်ကြီးနှင့်ဆက်စပ်နေသော စေတီတော်များကလည်း သမိုင်းတို့ကို ပြောပြနေကြသည်။
ယင်းသို့ဆက်စပ်နေသည့် စေတီတော်များအနက် တစ်ဆူဖြစ်သည့် တာဝတိံသာနတ်ပြည်ရှိ စုဠာမဏိစေတီ တော်ကိုရည်မှန်း၍ လှူဒါန်းတည် ဆောက်သော ဘကြီးတော်မင်းခေါ် စစ်ကိုင်းမင်း မင်းသားဘဝကတည်ထားခဲ့သည့် မြသိန်းတန်စေတီသည် လည်း ခရီးသွားများနှင့်ဘုရားဖူးသူများအကြား ကျော် ကြားလှသည်။
“ဘိုးတော်ဘုရားရဲ့ မင်းကွန်းပုထိုးတော် ကြီးပတ်ဝန်းကျင်မှာ သူချစ်ရတဲ့ မင်းသားကြီးတွေကို စေတီလေးဆူ တည်ခိုင်းတယ်ပြောတယ်။ ပုထိုးတော် ကြီးကိုဗဟိုပြုပြီးတော့ နဂါးဗိုလ်မင်းသားကြီးက နဂါးပတ်စေတီတည်တယ်။ အိမ်ရှေ့စံ ရွှေတောင်မင်းက ပါဒစက်တော်ရာစေတီပေါ့နော်။ နောက်ပြီးတော့ မိုး မိတ်မင်းသားကြီးကကျ မိုးမိတ်စေတီ တော်ပေါ့နော်။ မင်းကွန်းဆရာတော်ကြီး သီတင်းသုံးတဲ့ကုန်းမြေမှာ မိုးမိတ်စေတီကြီးရှိတယ်။ မြသိန်းတန်ဘုရားကျ တော့ မြေးတော် စစ်ကိုင်းမင်းပေါ့။ သူအချစ်ဆုံးမင်းသားကြီး တွေက သူ့ကိုပတ်လည်ရံပြီးတော့ စေတီတွေတည်ကြ တာပေါ့”ဟု မင်းကွန်း၏ သမိုင်းတစ်စိတ်တစ်ပိုင်းနှင့်ပတ်သက်၍ အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ် တင်စည်သူဟိန်း ကရှင်းပြသည်။
ထို့အတူ အခြား မင်းသွေး၊ မင်းမျိုးများ၏ အလှူအတန်းများနှင့် တိုင်းသူပြည်သားများ၏အလှူ တို့ကလည်း မင်းကွန်းကို ပို၍ နာမည်ကျော်စေသည်။
အလားတူ စစ်ကိုင်းမြို့သည်ကား မြန်မာ့သမိုင်းတွင် အုပ်ချုပ်ရေးဆိုင်ရာမြို့လည်းဖြစ်ဖူးသည့် အပြင် သာသနာ နှင့်ဆက်စပ်သော အဆောက်အအုံ၊ စေတီ၊ ပုထိုးများကြောင့်လည်း ကျော်ကြားသောမြို့ ဖြစ်သည်။ မြန်မာ့သမိုင်းတို့သည် စစ်ကိုင်းနှင့် ဆက် နွှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း သာသနာ၏ခံတပ်မြို့များအနက် တစ်မြို့လည်းဖြစ်သည်။
စစ်ကိုင်းချောင်သည် အေးချမ်းသာယာ သည်ဆိုသောဂုဏ်နှင့်ကျော်ကြားသည့်အပြင် ဒုတိယ ကမ္ဘာစစ်အတွင်း က စစ်ဘေးရှောင်ပြည်သူတို့မှာ စစ်ကိုင်းသို့သွားရောက်၍ မှီတင်းနေကြရသည်အထိ စစ်ကိုင်းသည် စစ်အပူသည်တို့အား ကိုးရာ အရပ် ဒေသဖြစ်ခဲ့သည်။
စစ်ကိုင်းနှင့် မင်းကွန်းကို ဆက်သွယ်ထားသည်ကား အကွာအဝေးအားဖြင့် (၁၃) မိုင် ကျော် ကျော်ခန့်သာရှိသည့် လမ်းကလေးတစ်ခုသာပင်။ ယင်းလမ်းသည် ဧရာဝတီမြစ်ကြောင်းဘေးအတိုင်း ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ပြီး ကားဖြင့်သွား မည်ဆိုလျှင် နာရီဝက်ခန့်ခရီးဖြင့်ရောက်နိုင်၏။
ယင်းလမ်းကိုဖြတ်သန်းကာ သမိုင်းတစ် လျှောက်တွင် အလှူရှင်တို့၊ ဘုရားဖူးတို့သွားလာခဲ့ကြသည်။ တစ်ဖန် ခေတ်ပြောင်းလာသောအခါ သုတေသနသမားများပါထပ်တိုးပြီး ယင်းလမ်းက အသုံးတော်ခံခဲ့သည်။ ရွာအချို့ကို ဖြတ် သန်းသွားသော လမ်းသည် လှည်းလမ်းအဖြစ်မှ ကတ္တရာလမ်းအဖြစ် အဆင့်ဆင့်တိုးတက်ကာ ပြည်သူတို့ကို လိုရာခရီး ပို့ဆောင်ပေးသည့်အပြင် လူမှု၊ စီးပွားဘဝသာမက ထူးထူးခြားခြားအဖြစ် သာသနာတော်နှင့် သမိုင်းအ မွေအနှစ်တို့ကို စောင့်ရှောက်ရန် တာဝန်ယူသောလမ်း ပိုင်းဖြစ်လာခဲ့သည်။
ယင်းသို့ အကျိုးပြုနေသော လမ်းပေါ်သို့ ငြိမ်းချမ်းမှုနှင့်သွေဖည်ကာ စစ်၏အရိပ်ထိုးလာခဲ့ သည်။ လမ်းပိုင်းသို့ လက်နက်ကိုင်များရောက်လာ သောအခါ လမ်းသည် တစ်စတစ်စ အကျည်းတန်လာ သည်။ ထိုမျှနှင့်မပြီးသေးပါ။ ယင်း လမ်းပေါ်သို့ ရောက်လာသော PDF တို့က လုံခြုံရေးအရဟု ဆိုကာ မောင်ပိုင်စီးလေသောအခါ ပြည်သူတို့မှာ စစ်ကိုင်းနှင့် မင်းကွန်းကိုပင်လမ်းမှ ဖြောင့်ဖြောင့် တန်းတန်း မသွားရဲနိုင်ကြရှာလေတော့။
တပ်မတော်က စစ်ကြောင်းထိုးလျှင် ယင်း နေရာမှ PDF တို့ ထွက်ပြေးသည်။ ထို့နောက် မရှိလျှင် ပြန်လာသည်။ ယင်းသို့ဖြင့် စစ်ကိုင်းနှင့် အဆက်ဖြတ်ကာ မင်းကွန်းကို ဝိုင်းရံထားရန် ကြံစည်လာကြသည်။ အချက်အချာ ကျသော မင်းကွန်းသည် PDF တို့အတွက် လိုချင်သော နေရာတစ်ခု ဖြစ်လာ နေသည်။
“ငါးလပိုင်း အထိကတော့ အေးချမ်းတယ်။ ခြောက်လပိုင်းစတဲ့ နောက်ပိုင်းမှာတော့ သွားလာ လှုပ်ရှားလို့မရဘူး ပြန်ဖြစ်သွားတာ။ မင်းကွန်းက သူတစ်ခုတည်း ကွက်ဖြတ်သလိုဖြစ်နေတာ။ မင်းကွန်းကို PDF ရသွားရင် မန္တလေးကို တောက်လျှောက် သွားလို့ရတယ်။ ရေလမ်းကနေဆိုရင် (၁၅) မိနစ်ပဲ။ အဲဒီနေရာရရင် မန္တလေးကို ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်လိမ့်မည်” ဟု ဒေသခံတစ်ဦး က ဆိုသည်။ ယင်းနေရာတွင် ရှိသော PDF များကား ပူးပေါင်းအဖွဲ့ ဟု ပြောရမည်ထင်သည်။ အဘယ့်ကြောင့်ဆိုသော MDY-PDF ၊ ဝက်လက် PDF၊ ရှိမ်းမကား PDF နှင့် ယူနီကွန်း ပြောက်ကျား အဖွဲ့တို့ ပူးပေါင်းရှိနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က အတိအကျဆိုသည်။ “သာမန်လူတွေကိုလည်း PDF တွေက စစ်ဆေးတာပဲ။ သွားလို့ရတယ်။ ဒါပေမဲ့ အာမခံ နိုင်တာမျိုးမရှိဘူး။ တပ်မတော် စစ်ကြောင်း လာရင် ဖြတ်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မင်း ကွန်းကိုသွားလို့ မရအောင်လုပ်ထားတာ” ဟု ယင်း ဒေသခံကပြောသည်။
အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြသော ပြည်သူတို့အနေဖြင့် သေနတ်ကိုင်ထားသော အာမခံချက်မရှိ သည့် လူအုပ်စုကို ယုံကြည်နိုင်ခြင်း မရှိပါ။ အစဉ်ဆက်ကပင် လက်နက်တို့နှင့် ခပ်ဝေးဝေးနေပြီး ဘာသာရေး အရိပ် အောက်တွင် မေတ္တာအဆုံးအမဖြင့် ကြီးပြင်းလာသော ဒေသခံတို့မှာ စိုးရိမ် စိတ်ကြီးမားကြသည်ဖြစ်သောကြောင့် ယင်းလမ်းကို မဖြစ်မနေမှသာ အသုံးပြုရန် ရွေးချယ်လာကြသည်။
“(၆) လပိုင်း (၂၇)ရက်မှာ သူတို့ ပြန်နေရာဝင်ယူထားတာ။ တပ်က စစ်ကြောင်းထိုး တုန်းက (၂) လပိုင်းနဲ့ (၃) လ ပိုင်းမှာ ခွာသွားတာ။ လက်ပံရွာမှာက ရွာသူ၊ ရွာသား မရှိတော့ဘူး အဲဒီမှာ သူတို့ အခြေပြုနေတယ်။ သူတို့ ဂိတ်ဖွင့်ပြီး လာတဲ့ ပြည်သူတွေကို စစ်ဆေးတယ်။ သူတို့လိုချင်တဲ့ ပစ္စည်းတွေဆို ယူတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ခိုတောင် ရွာက ပြည်သူတွေ နေအိမ်က ဆိုင်ကယ်တို့၊ ပိုက်ဆံတို့၊ ဖုန်းတို့၊ အိမ်ဆောက်ပစ္စည်းတို့ ယူကြတယ်” ဟု အခြား ဒေသခံတစ်ဦး က ဆိုသည်။
ဂိတ်တစ်ခုတည်းသာ ဖွင့်ထားသော်လည်း ယင်း PDF တို့ အနေဖြင့် အဖွဲ့ဝင်များကို ဖြန့်ကြက်သည်။ ထို့ပြင် ငါနှင့်မတူ၊ ငါ့ရန်သူဟု သဘောထားကာ သတ်ဖြတ်ခြင်းအချို့လည်း ရှိလာနေသည်။ ထို့ဘေးကလည်း ပြည်သူတို့ အတွက် ရင်တထိတ် ထိတ်အနေအထားကိုရောက်စေ၏။
လမ်းပိုင်းကို အသုံးပြုရခက်လာပြီးသည့်နောက် ပြည်သူတို့အနေဖြင့် စိုးရိမ်စိတ်ဖြင့် ပြင်ဆင် နေထိုင်လာကြ သည်။ အခန့်မသင့်လျှင် အိုးအိမ်တို့ကို စွန့်ခွာရနိုင်သည် မဟုတ်ပါလား။ အမှန်တကယ်လည်း ယင်းဒေသတွင် နေရပ် စွန့်ခွာရသူများ ရှိလာနေသည်။
လယ်ယာစိုက်ပျိုးသူများအတွက်လည်း အဆင်မပြေ သည့်အပြင် စိုးရိမ်ကြောင့်ကြစိတ်များ ဝင်နေကြရ၏။ ထို့ပြင် လမ်းပိုင်းမကောင်းခြင်း၏ နောက်ဆက်တွဲအဖြစ် ဒေသခံတို့၏ လူမှုစီးပွားဘဝကို ပြင်းပြင်း ထန်ထန် ရိုက်ခတ် သည်။ ကုန်ရောင်းရန် ခက်လာ၏။ အလုပ်အတွက် သွားလာရန်လုံခြုံမှုမရှိဟုခံစားလာ ကြရသည်။
PDF တို့ စစ်ဆေးလျှင် အမှားအယွင်း ဖြစ် မည်ကို စိုးရိမ်သူ ပမာဏ တိုးလာသည်။ စစ်ဆေးစဉ် တစ်စုံတစ်ရာ မှားယွင်းပြောကြားမိပါက အစိုးရ ဆိုလျှင် နားလည်သည်အထိ ရှင်းပြနိုင်သော်လည်း သူပုန် တို့တွင်ကား သေနတ် ပြောင်းဝတွင်သာ ဆုံးဖြတ်ချက်ကို တင်ထားသည်ဖြစ်ရာ အမှားအယွင်း မခံရဲကြ။ “လမ်းမှာစစ်ဆေးတယ်။ ဌာနဆိုင်ရာနဲ့ ပတ်သက်ထားတယ်ဆို PDF က ဖြောင် (သတ်) မှာပဲ” ဟု ယင်းဒေသခံကဆိုသည်။
ဒေသခံတို့အနေဖြင့် လမ်းမကြီးကို အသုံးပြုခြင်းထက် ရွာချင်းဆက်လမ်းများကို ပိုမိုအားထားလာသည်။ ယင်းလမ်းများကလည်း မိုးရာသီတွင် အကန့်အသတ်ရှိ၏။ သို့သော်ဒေသခံများ အတွက် ရွေးစရာ များများစားစား ရှိမနေပါ။
ယင်းလမ်းပိုင်းနှင့်အတူ ခရီးအဆုံးမြို့ ဖြစ်သော မင်းကွန်းမြို့မှ ဒေသခံတို့မှာ အကျပ်အတည်းကို ပိုမို ကြုံတွေ့ နေကြရသည်။ စစ်ကိုင်းမြို့သည်ကား အခြားထွက်ပေါက်များရှိသည့်အပြင် မန္တလေးမြို့နှင့်လည်း အဆက်အသွယ်များ သော ကြောင့် မခက်ခဲလှပါ။
“မင်းကွန်းက လူတွေကတော့ လက်ရှိလုပ်ကိုင်စားသောက်လို့ မရတော့ စစ်ဘေးရှောင်၊ ဟိုကလာလှူ၊ ဒီကလာလှူ၊ ဘုန်းကြီးတွေဆီကနေ မျှတပြီးစားနေရတာပဲ” ဟု အထက်ပါဒေသခံက ဆိုသည်။
ယခုကဲ့သို့ သွားလာမရခြင်းသည် သမိုင်း သုတေသနအတွက် ဆုံးရှုံးမှုများစွာရှိနေပြီး စစ် ကြောင့် ရှေးဟောင်း အဆောက်အအုံများထိခိုက်ပြီး ပျက်စီးပါက ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးသွား နိုင်ဖွယ်ရှိသည့်အပြင် ဧည့်သည် မလာသည့်အတွက် ဒေသခံများအကြား အခက်အခဲရှိနေကြောင်း သမိုင်း သုတေသီတစ်ဦးက ဆိုသည်။
“နယ်မြေ မငြိမ်းချမ်းတော့ ဧည့်သည် မသွားဘူး။ ဧည့်သည် မသွားတော့ မှီခိုနေရတဲ့ ဆိုင်တွေ၊ လက်ဆောင် ပစ္စည်း ဆိုင်တွေလည်း မရောင်း ရတဲ့ အခက်အခဲတွေလည်း အများကြီး ဖြစ်ပေါ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ယင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် စစ်ဘေးက ဒေသခံတို့၏ စီးပွားရေးအတွက် သာမက သမိုင်းဝင် နေရာများကိုပါ ခြိမ်းခြောက်လာနေသည်။ ပြီးခဲ့သည့် မန္တလေးငလျင်ကြီးတွင် မင်းကွန်း၌လည်း အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ရ၏။ ငလျင်အပြီး ကာလ အချို့အထိ အကူအညီပေးခွင့် ရခဲ့သော်လည်း လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ က ယင်းအပျက်အစီးများကို ပြန်လည် ပြုပြင်ရေးမှာ လည်း နှောင့်နှေးနေရသည်။
ငလျင်ကြောင့် ထိခိုက်ထားသည့် မင်းကွန်းမှ နာမည်ကျော် မြသိန်းတန်စေတီကို အမြန်ဆုံး ပြုပြင်ထိန်း သိမ်းမှုမလုပ်နိုင်ပါက မိုးများလျှင် မိုးရေများ စေတီ၏ အက်ကွဲကြောင်းများ အတွင်းသို့ ဝင်ရောက်ကာ ထပ်မံပျက်စီး နိုင်မည့် ဘေးလည်း ရှိနေသည့်အပြင် ယင်းစေတီကဲ့သို့ ငလျင်ဒဏ်သင့် ရှေးဟောင်း အဆောက်အအုံများစွာအတွက် စိန် ခေါ်မှု ကြီးမားနေသည်။
“ဘုရားဖူးတွေသွားတာတို့၊ သုတေသီတွေ သွားတယ်ဆိုရင်လည်း အနှောင့်အယှက်မပေးဘဲ ခွင့်ပြုပေးစေ ချင်တယ်။ သမိုင်းသုတေသီတွေသွား တာတို့၊ ဘုရားဖူး မပြတ်တာတို့ကတော့ ထိန်းသိမ်းပြီး သားဖြစ်တာပေါ့” ဟု အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ်တင်စည်သူဟိန်းက အကြံပြုသည်။
မင်းကွန်းမြို့သည် စစ်ပွဲကြောင့် မီးတောက် မထွက်ကောင်းသော မြန်မာတို့၏ သမိုင်းဝင် နေရာတစ်ခုဖြစ် ကြောင်းကား အထူးပြောရန်လိုမည်မထင်ပါ။ ငြိမ်းချမ်းမှုကို မြတ်နိုးသူတို့ မှီတင်းနေထိုင်ရာ အရပ်နှင့် သေနတ်သံ တို့ကား လားလားမျှမဆိုင်ဟု ဆိုရမည်ဖြစ်သည်။
သို့သော် စစ်ပွဲကား မင်းကွန်းကိုခြိမ်း ခြောက်နေလေပြီ။ ဆည်းလဲသံပျောက်ပြီး သေနတ် သံ ဖုံးလွှမ်းမည့် အရေးအား ဒေသကိုချစ်သူ မည်သူ မဆိုလိုလားမည်ဟု မထင်ပါ။

Zawgyi Version:
စစ္ကိုင္း - မင္းကြန္း နာရီဝက္ခရီး သို႔ေသာ္ အလွမ္းမနီး
သုတေက်ာ္(NP News)
ဧရာဝတီျမစ္ကိုေမးတင္ထားေသာ မင္းကြန္းၿမိဳ႕သည္ စစ္ကိုင္းၿမိဳ႕မွ အေရွ႕ေျမာက္ဘက္ (၁၆)မိုင္ခန႔္ အကြာ တြင္တည္ရွိၿပီး မႏၲေလးၿမိဳ႕မွ ေရေၾကာင္းခရီးျဖင့္ဆန္တက္လွ်င္လည္း မ်ားစြာမေဝးလွေပ။ စစ္ကိုင္းတိုင္း ေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီး၏ နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။
ကမာၻေပၚတြင္ လက္ရွိ တတိယအႀကီးဆုံး ေခါင္းေလာင္းျဖစ္ေသာ မင္းကြန္းေခါင္းေလာင္းေတာ္ႀကီး၊ ျမသိန္း တန္ေစတီ၊ ေဒၚဦးဇြန္း၏ လူအို႐ုံႏွင့္ ဘိုးေတာ္ဘုရားတည္ထားခဲ့ေသာ မင္းကြန္းပုထိုးေတာ္ ႀကီးတို႔မွာ မင္းကြန္းၿမိဳ႕၏ အထင္ကရေနရာမ်ားျဖစ္ၿပီး မင္းကြန္း၏သမိုင္းသည္ တိုက္ပြဲမ်ား၊ ေသြးညႇီနံ႔မ်ား ထက္ဆည္းလည္းသံမ်ားႏွင့္ တရား သံမ်ား၊ သာဓုေခၚ သံမ်ားသာေနရာယူထားခဲ့ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့သည္။
မင္းကြန္းသည္ ျမန္မာတို႔၏ ဗုဒၶဘာသာ ကိုင္းရႈိင္းပုံ၊ သနားညႇာတာတတ္ပုံအေၾကာင္းႏွင့္ ျမန္မာတို႔၏အလႉ အတန္းကို မီးေမာင္းထိုးျပရာေနရာလည္း ျဖစ္သည္။ ဘိုးေတာ္ဘုရားေခၚ ဗဒုံမင္းတည္ထားသည့္ မင္းကြန္းပုထိုး ေတာ္ႀကီးသာမက ပုထိုးေတာ္ႀကီးႏွင့္ဆက္စပ္ေနေသာ ေစတီေတာ္မ်ားကလည္း သမိုင္းတို႔ကို ေျပာျပေနၾကသည္။
ယင္းသို႔ဆက္စပ္ေနသည့္ ေစတီေတာ္မ်ားအနက္ တစ္ဆူျဖစ္သည့္ တာဝတႎသာနတ္ျပည္ရွိ စုဠာမဏိေစတီ ေတာ္ကိုရည္မွန္း၍ လႉဒါန္းတည္ ေဆာက္ေသာ ဘႀကီးေတာ္မင္းေခၚ စစ္ကိုင္းမင္း မင္းသားဘဝကတည္ထားခဲ့သည့္ ျမသိန္းတန္ေစတီသည္ လည္း ခရီးသြားမ်ားႏွင့္ဘုရားဖူးသူမ်ားအၾကား ေက်ာ္ ၾကားလွသည္။
“ဘိုးေတာ္ဘုရားရဲ႕ မင္းကြန္းပုထိုးေတာ္ ႀကီးပတ္ဝန္းက်င္မွာ သူခ်စ္ရတဲ့ မင္းသားႀကီးေတြကို ေစတီေလးဆူ တည္ခိုင္းတယ္ေျပာတယ္။ ပုထိုးေတာ္ ႀကီးကိုဗဟိုျပဳၿပီးေတာ့ နဂါးဗိုလ္မင္းသားႀကီးက နဂါးပတ္ေစတီတည္တယ္။ အိမ္ေရွ႕စံ ေ႐ႊေတာင္မင္းက ပါဒစက္ေတာ္ရာေစတီေပါ့ေနာ္။ ေနာက္ၿပီးေတာ့ မိုး မိတ္မင္းသားႀကီးကက် မိုးမိတ္ေစတီ ေတာ္ေပါ့ေနာ္။ မင္းကြန္းဆရာေတာ္ႀကီး သီတင္းသုံးတဲ့ကုန္းေျမမွာ မိုးမိတ္ေစတီႀကီးရွိတယ္။ ျမသိန္းတန္ဘုရားက် ေတာ့ ေျမးေတာ္ စစ္ကိုင္းမင္းေပါ့။ သူအခ်စ္ဆုံးမင္းသားႀကီး ေတြက သူ႔ကိုပတ္လည္ရံၿပီးေတာ့ ေစတီေတြတည္ၾက တာေပါ့”ဟု မင္းကြန္း၏ သမိုင္းတစ္စိတ္တစ္ပိုင္းႏွင့္ပတ္သက္၍ အႏြယ္ေတာ္တစ္ဦးျဖစ္သူ ကိုထိပ္ တင္စည္သူဟိန္း ကရွင္းျပသည္။
ထို႔အတူ အျခား မင္းေသြး၊ မင္းမ်ိဳးမ်ား၏ အလႉအတန္းမ်ားႏွင့္ တိုင္းသူျပည္သားမ်ား၏အလႉ တို႔ကလည္း မင္းကြန္းကို ပို၍ နာမည္ေက်ာ္ေစသည္။
အလားတူ စစ္ကိုင္းၿမိဳ႕သည္ကား ျမန္မာ့သမိုင္းတြင္ အုပ္ခ်ဳပ္ေရးဆိုင္ရာၿမိဳ႕လည္းျဖစ္ဖူးသည့္ အျပင္ သာသနာ ႏွင့္ဆက္စပ္ေသာ အေဆာက္အအုံ၊ ေစတီ၊ ပုထိုးမ်ားေၾကာင့္လည္း ေက်ာ္ၾကားေသာၿမိဳ႕ ျဖစ္သည္။ ျမန္မာ့သမိုင္းတို႔သည္ စစ္ကိုင္းႏွင့္ ဆက္ ႏႊယ္ခဲ့ၾကသည္။ ျမန္မာႏိုင္ငံအတြင္း သာသနာ၏ခံတပ္ၿမိဳ႕မ်ားအနက္ တစ္ၿမိဳ႕လည္းျဖစ္သည္။
စစ္ကိုင္းေခ်ာင္သည္ ေအးခ်မ္းသာယာ သည္ဆိုေသာဂုဏ္ႏွင့္ေက်ာ္ၾကားသည့္အျပင္ ဒုတိယ ကမာၻစစ္အတြင္း က စစ္ေဘးေရွာင္ျပည္သူတို႔မွာ စစ္ကိုင္းသို႔သြားေရာက္၍ မွီတင္းေနၾကရသည္အထိ စစ္ကိုင္းသည္ စစ္အပူသည္တို႔အား ကိုးရာ အရပ္ ေဒသျဖစ္ခဲ့သည္။
စစ္ကိုင္းႏွင့္ မင္းကြန္းကို ဆက္သြယ္ထားသည္ကား အကြာအေဝးအားျဖင့္ (၁၃) မိုင္ ေက်ာ္ ေက်ာ္ခန႔္သာရွိသည့္ လမ္းကေလးတစ္ခုသာပင္။ ယင္းလမ္းသည္ ဧရာဝတီျမစ္ေၾကာင္းေဘးအတိုင္း ျဖတ္သန္းေဖာက္လုပ္ထားျခင္းျဖစ္ၿပီး ကားျဖင့္သြား မည္ဆိုလွ်င္ နာရီဝက္ခန႔္ခရီးျဖင့္ေရာက္ႏိုင္၏။
ယင္းလမ္းကိုျဖတ္သန္းကာ သမိုင္းတစ္ ေလွ်ာက္တြင္ အလႉရွင္တို႔၊ ဘုရားဖူးတို႔သြားလာခဲ့ၾကသည္။ တစ္ဖန္ ေခတ္ေျပာင္းလာေသာအခါ သုေတသနသမားမ်ားပါထပ္တိုးၿပီး ယင္းလမ္းက အသုံးေတာ္ခံခဲ့သည္။ ႐ြာအခ်ိဳ႕ကို ျဖတ္ သန္းသြားေသာ လမ္းသည္ လွည္းလမ္းအျဖစ္မွ ကတၱရာလမ္းအျဖစ္ အဆင့္ဆင့္တိုးတက္ကာ ျပည္သူတို႔ကို လိုရာခရီး ပို႔ေဆာင္ေပးသည့္အျပင္ လူမႈ၊ စီးပြားဘဝသာမက ထူးထူးျခားျခားအျဖစ္ သာသနာေတာ္ႏွင့္ သမိုင္းအ ေမြအႏွစ္တို႔ကို ေစာင့္ေရွာက္ရန္ တာဝန္ယူေသာလမ္း ပိုင္းျဖစ္လာခဲ့သည္။
ယင္းသို႔ အက်ိဳးျပဳေနေသာ လမ္းေပၚသို႔ ၿငိမ္းခ်မ္းမႈႏွင့္ေသြဖည္ကာ စစ္၏အရိပ္ထိုးလာခဲ့ သည္။ လမ္းပိုင္းသို႔ လက္နက္ကိုင္မ်ားေရာက္လာ ေသာအခါ လမ္းသည္ တစ္စတစ္စ အက်ည္းတန္လာ သည္။ ထိုမွ်ႏွင့္မၿပီးေသးပါ။ ယင္း လမ္းေပၚသို႔ ေရာက္လာေသာ PDF တို႔က လုံၿခဳံေရးအရဟု ဆိုကာ ေမာင္ပိုင္စီးေလေသာအခါ ျပည္သူတို႔မွာ စစ္ကိုင္းႏွင့္ မင္းကြန္းကိုပင္လမ္းမွ ေျဖာင့္ေျဖာင့္ တန္းတန္း မသြားရဲႏိုင္ၾကရွာေလေတာ့။
တပ္မေတာ္က စစ္ေၾကာင္းထိုးလွ်င္ ယင္း ေနရာမွ PDF တို႔ ထြက္ေျပးသည္။ ထို႔ေနာက္ မရွိလွ်င္ ျပန္လာသည္။ ယင္းသို႔ျဖင့္ စစ္ကိုင္းႏွင့္ အဆက္ျဖတ္ကာ မင္းကြန္းကို ဝိုင္းရံထားရန္ ႀကံစည္လာၾကသည္။ အခ်က္အခ်ာ က်ေသာ မင္းကြန္းသည္ PDF တို႔အတြက္ လိုခ်င္ေသာ ေနရာတစ္ခု ျဖစ္လာ ေနသည္။
“ငါးလပိုင္း အထိကေတာ့ ေအးခ်မ္းတယ္။ ေျခာက္လပိုင္းစတဲ့ ေနာက္ပိုင္းမွာေတာ့ သြားလာ လႈပ္ရွားလို႔မရဘူး ျပန္ျဖစ္သြားတာ။ မင္းကြန္းက သူတစ္ခုတည္း ကြက္ျဖတ္သလိုျဖစ္ေနတာ။ မင္းကြန္းကို PDF ရသြားရင္ မႏၲေလးကို ေတာက္ေလွ်ာက္ သြားလို႔ရတယ္။ ေရလမ္းကေနဆိုရင္ (၁၅) မိနစ္ပဲ။ အဲဒီေနရာရရင္ မႏၲေလးကို ဝင္ခ်င္သလို ဝင္၊ ထြက္ခ်င္သလို ထြက္လိမ့္မည္” ဟု ေဒသခံတစ္ဦး က ဆိုသည္။ ယင္းေနရာတြင္ ရွိေသာ PDF မ်ားကား ပူးေပါင္းအဖြဲ႕ ဟု ေျပာရမည္ထင္သည္။ အဘယ့္ေၾကာင့္ဆိုေသာ MDY-PDF ၊ ဝက္လက္ PDF၊ ရွိမ္းမကား PDF ႏွင့္ ယူနီကြန္း ေျပာက္က်ား အဖြဲ႕တို႔ ပူးေပါင္းရွိေနျခင္းျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕က အတိအက်ဆိုသည္။ “သာမန္လူေတြကိုလည္း PDF ေတြက စစ္ေဆးတာပဲ။ သြားလို႔ရတယ္။ ဒါေပမဲ့ အာမခံ ႏိုင္တာမ်ိဳးမရွိဘူး။ တပ္မေတာ္ စစ္ေၾကာင္း လာရင္ ျဖတ္တိုက္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ မင္း ကြန္းကိုသြားလို႔ မရေအာင္လုပ္ထားတာ” ဟု ယင္း ေဒသခံကေျပာသည္။
ေအးခ်မ္းစြာ လုပ္ကိုင္စားေသာက္ေနၾကေသာ ျပည္သူတို႔အေနျဖင့္ ေသနတ္ကိုင္ထားေသာ အာမခံခ်က္မရွိ သည့္ လူအုပ္စုကို ယုံၾကည္ႏိုင္ျခင္း မရွိပါ။ အစဥ္ဆက္ကပင္ လက္နက္တို႔ႏွင့္ ခပ္ေဝးေဝးေနၿပီး ဘာသာေရး အရိပ္ ေအာက္တြင္ ေမတၱာအဆုံးအမျဖင့္ ႀကီးျပင္းလာေသာ ေဒသခံတို႔မွာ စိုးရိမ္ စိတ္ႀကီးမားၾကသည္ျဖစ္ေသာေၾကာင့္ ယင္းလမ္းကို မျဖစ္မေနမွသာ အသုံးျပဳရန္ ေ႐ြးခ်ယ္လာၾကသည္။
“(၆) လပိုင္း (၂၇)ရက္မွာ သူတို႔ ျပန္ေနရာဝင္ယူထားတာ။ တပ္က စစ္ေၾကာင္းထိုး တုန္းက (၂) လပိုင္းနဲ႔ (၃) လ ပိုင္းမွာ ခြာသြားတာ။ လက္ပံ႐ြာမွာက ႐ြာသူ၊ ႐ြာသား မရွိေတာ့ဘူး အဲဒီမွာ သူတို႔ အေျချပဳေနတယ္။ သူတို႔ ဂိတ္ဖြင့္ၿပီး လာတဲ့ ျပည္သူေတြကို စစ္ေဆးတယ္။ သူတို႔လိုခ်င္တဲ့ ပစၥည္းေတြဆို ယူတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ခိုေတာင္ ႐ြာက ျပည္သူေတြ ေနအိမ္က ဆိုင္ကယ္တို႔၊ ပိုက္ဆံတို႔၊ ဖုန္းတို႔၊ အိမ္ေဆာက္ပစၥည္းတို႔ ယူၾကတယ္” ဟု အျခား ေဒသခံတစ္ဦး က ဆိုသည္။
ဂိတ္တစ္ခုတည္းသာ ဖြင့္ထားေသာ္လည္း ယင္း PDF တို႔ အေနျဖင့္ အဖြဲ႕ဝင္မ်ားကို ျဖန႔္ၾကက္သည္။ ထို႔ျပင္ ငါႏွင့္မတူ၊ ငါ့ရန္သူဟု သေဘာထားကာ သတ္ျဖတ္ျခင္းအခ်ိဳ႕လည္း ရွိလာေနသည္။ ထို႔ေဘးကလည္း ျပည္သူတို႔ အတြက္ ရင္တထိတ္ ထိတ္အေနအထားကိုေရာက္ေစ၏။
လမ္းပိုင္းကို အသုံးျပဳရခက္လာၿပီးသည့္ေနာက္ ျပည္သူတို႔အေနျဖင့္ စိုးရိမ္စိတ္ျဖင့္ ျပင္ဆင္ ေနထိုင္လာၾက သည္။ အခန႔္မသင့္လွ်င္ အိုးအိမ္တို႔ကို စြန႔္ခြာရႏိုင္သည္ မဟုတ္ပါလား။ အမွန္တကယ္လည္း ယင္းေဒသတြင္ ေနရပ္ စြန႔္ခြာရသူမ်ား ရွိလာေနသည္။
လယ္ယာစိုက္ပ်ိဳးသူမ်ားအတြက္လည္း အဆင္မေျပ သည့္အျပင္ စိုးရိမ္ေၾကာင့္ၾကစိတ္မ်ား ဝင္ေနၾကရ၏။ ထို႔ျပင္ လမ္းပိုင္းမေကာင္းျခင္း၏ ေနာက္ဆက္တြဲအျဖစ္ ေဒသခံတို႔၏ လူမႈစီးပြားဘဝကို ျပင္းျပင္း ထန္ထန္ ႐ိုက္ခတ္ သည္။ ကုန္ေရာင္းရန္ ခက္လာ၏။ အလုပ္အတြက္ သြားလာရန္လုံၿခဳံမႈမရွိဟုခံစားလာ ၾကရသည္။
PDF တို႔ စစ္ေဆးလွ်င္ အမွားအယြင္း ျဖစ္ မည္ကို စိုးရိမ္သူ ပမာဏ တိုးလာသည္။ စစ္ေဆးစဥ္ တစ္စုံတစ္ရာ မွားယြင္းေျပာၾကားမိပါက အစိုးရ ဆိုလွ်င္ နားလည္သည္အထိ ရွင္းျပႏိုင္ေသာ္လည္း သူပုန္ တို႔တြင္ကား ေသနတ္ ေျပာင္းဝတြင္သာ ဆုံးျဖတ္ခ်က္ကို တင္ထားသည္ျဖစ္ရာ အမွားအယြင္း မခံရဲၾက။ “လမ္းမွာစစ္ေဆးတယ္။ ဌာနဆိုင္ရာနဲ႔ ပတ္သက္ထားတယ္ဆို PDF က ေျဖာင္ (သတ္) မွာပဲ” ဟု ယင္းေဒသခံကဆိုသည္။
ေဒသခံတို႔အေနျဖင့္ လမ္းမႀကီးကို အသုံးျပဳျခင္းထက္ ႐ြာခ်င္းဆက္လမ္းမ်ားကို ပိုမိုအားထားလာသည္။ ယင္းလမ္းမ်ားကလည္း မိုးရာသီတြင္ အကန႔္အသတ္ရွိ၏။ သို႔ေသာ္ေဒသခံမ်ား အတြက္ ေ႐ြးစရာ မ်ားမ်ားစားစား ရွိမေနပါ။
ယင္းလမ္းပိုင္းႏွင့္အတူ ခရီးအဆုံးၿမိဳ႕ ျဖစ္ေသာ မင္းကြန္းၿမိဳ႕မွ ေဒသခံတို႔မွာ အက်ပ္အတည္းကို ပိုမို ႀကဳံေတြ႕ ေနၾကရသည္။ စစ္ကိုင္းၿမိဳ႕သည္ကား အျခားထြက္ေပါက္မ်ားရွိသည့္အျပင္ မႏၲေလးၿမိဳ႕ႏွင့္လည္း အဆက္အသြယ္မ်ား ေသာ ေၾကာင့္ မခက္ခဲလွပါ။
“မင္းကြန္းက လူေတြကေတာ့ လက္ရွိလုပ္ကိုင္စားေသာက္လို႔ မရေတာ့ စစ္ေဘးေရွာင္၊ ဟိုကလာလႉ၊ ဒီကလာလႉ၊ ဘုန္းႀကီးေတြဆီကေန မွ်တၿပီးစားေနရတာပဲ” ဟု အထက္ပါေဒသခံက ဆိုသည္။
ယခုကဲ့သို႔ သြားလာမရျခင္းသည္ သမိုင္း သုေတသနအတြက္ ဆုံးရႈံးမႈမ်ားစြာရွိေနၿပီး စစ္ ေၾကာင့္ ေရွးေဟာင္း အေဆာက္အအုံမ်ားထိခိုက္ၿပီး ပ်က္စီးပါက ယဥ္ေက်းမႈအေမြအႏွစ္မ်ား ဆုံးရႈံးသြား ႏိုင္ဖြယ္ရွိသည့္အျပင္ ဧည့္သည္ မလာသည့္အတြက္ ေဒသခံမ်ားအၾကား အခက္အခဲရွိေနေၾကာင္း သမိုင္း သုေတသီတစ္ဦးက ဆိုသည္။
“နယ္ေျမ မၿငိမ္းခ်မ္းေတာ့ ဧည့္သည္ မသြားဘူး။ ဧည့္သည္ မသြားေတာ့ မွီခိုေနရတဲ့ ဆိုင္ေတြ၊ လက္ေဆာင္ ပစၥည္း ဆိုင္ေတြလည္း မေရာင္း ရတဲ့ အခက္အခဲေတြလည္း အမ်ားႀကီး ျဖစ္ေပၚတာေပါ့” ဟု ၎က ဆိုသည္။
ယင္း လမ္းပန္းဆက္သြယ္ေရး အခက္အခဲႏွင့္ စစ္ေဘးက ေဒသခံတို႔၏ စီးပြားေရးအတြက္ သာမက သမိုင္းဝင္ ေနရာမ်ားကိုပါ ၿခိမ္းေျခာက္လာေနသည္။ ၿပီးခဲ့သည့္ မႏၲေလးငလ်င္ႀကီးတြင္ မင္းကြန္း၌လည္း အပ်က္အစီးမ်ားစြာ ျဖစ္ေပၚခဲ့ရ၏။ ငလ်င္အၿပီး ကာလ အခ်ိဳ႕အထိ အကူအညီေပးခြင့္ ရခဲ့ေသာ္လည္း လက္ရွိတြင္ လမ္းပန္းဆက္သြယ္ေရး အခက္အခဲ က ယင္းအပ်က္အစီးမ်ားကို ျပန္လည္ ျပဳျပင္ေရးမွာ လည္း ေႏွာင့္ေႏွးေနရသည္။
ငလ်င္ေၾကာင့္ ထိခိုက္ထားသည့္ မင္းကြန္းမွ နာမည္ေက်ာ္ ျမသိန္းတန္ေစတီကို အျမန္ဆုံး ျပဳျပင္ထိန္း သိမ္းမႈမလုပ္ႏိုင္ပါက မိုးမ်ားလွ်င္ မိုးေရမ်ား ေစတီ၏ အက္ကြဲေၾကာင္းမ်ား အတြင္းသို႔ ဝင္ေရာက္ကာ ထပ္မံပ်က္စီး ႏိုင္မည့္ ေဘးလည္း ရွိေနသည့္အျပင္ ယင္းေစတီကဲ့သို႔ ငလ်င္ဒဏ္သင့္ ေရွးေဟာင္း အေဆာက္အအုံမ်ားစြာအတြက္ စိန္ ေခၚမႈ ႀကီးမားေနသည္။
“ဘုရားဖူးေတြသြားတာတို႔၊ သုေတသီေတြ သြားတယ္ဆိုရင္လည္း အေႏွာင့္အယွက္မေပးဘဲ ခြင့္ျပဳေပးေစ ခ်င္တယ္။ သမိုင္းသုေတသီေတြသြား တာတို႔၊ ဘုရားဖူး မျပတ္တာတို႔ကေတာ့ ထိန္းသိမ္းၿပီး သားျဖစ္တာေပါ့” ဟု အႏြယ္ေတာ္တစ္ဦးျဖစ္သူ ကိုထိပ္တင္စည္သူဟိန္းက အႀကံျပဳသည္။
မင္းကြန္းၿမိဳ႕သည္ စစ္ပြဲေၾကာင့္ မီးေတာက္ မထြက္ေကာင္းေသာ ျမန္မာတို႔၏ သမိုင္းဝင္ ေနရာတစ္ခုျဖစ္ ေၾကာင္းကား အထူးေျပာရန္လိုမည္မထင္ပါ။ ၿငိမ္းခ်မ္းမႈကို ျမတ္ႏိုးသူတို႔ မွီတင္းေနထိုင္ရာ အရပ္ႏွင့္ ေသနတ္သံ တို႔ကား လားလားမွ်မဆိုင္ဟု ဆိုရမည္ျဖစ္သည္။
သို႔ေသာ္ စစ္ပြဲကား မင္းကြန္းကိုၿခိမ္း ေျခာက္ေနေလၿပီ။ ဆည္းလဲသံေပ်ာက္ၿပီး ေသနတ္ သံ ဖုံးလႊမ္းမည့္ အေရးအား ေဒသကိုခ်စ္သူ မည္သူ မဆိုလိုလားမည္ဟု မထင္ပါ။

Picture

Tha Lwin

01/08/2025 09:28

အမြန်ငြိမ်းချမ်းနိုင်ကြပါစေ ဘာသာသာသနာအမွေ ရတနာမြေ

Related news

© 2021. All rights reserved.