DKBA ထံ မှ စီးပွားရေးအကွက်မြင်သူများက ရာထူးဝယ်ယူမှုများရှိနေ

1875

သုတကျော်(NP News)-ဇူလိုင်၃၁
DKBA ထံမှ စီးပွားရေးအကွက်မြင်သူများက ရာထူး ဝယ်ယူမှုများ ရှိနေပြီး မြဝတီပြန်ပေးမှုမှာ ယင်း၏ နောက် ဆက်တွဲ ဆိုးကျိုးဖြစ်ကြောင်း ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သိရှိသူ သတင်းရင်း မြစ်တစ်ဦးက NP News သို့ ပြော သည်။
ပြီးခဲ့သော ဇူလိုင်လ (၁၄) ရက်က မြဝတီမြို့၊ KMK အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို လက်နက်ကိုင်ထားသည့် လူတစ်စုက ပြန်ပေးဆွဲသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ဇူလိုင်လ (၁၅) ရက် ညတွင် BGF နှင့် တာဝန်ရှိသူများက ပိတ်ဆို့ပြီး ကျူးလွန် သူများကို ဖမ်းမိရေး ဆောင်ရွက်စဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးကို အသေမိခဲ့ရာ KDBA ဘက်တံဆိပ် အချို့၊ တပ်ဖွဲ့ဝင်ကတ် (၂) ကတ်၊ လက်နက်အချို့ ကိုပါ သိမ်းဆည်းရမိခဲ့သည်။
ယင်းဖြစ်စဉ်တွင် ပြန်ပေးဆွဲခံရသူကို ကယ်နိုင်ခဲ့သော်လည်း ပြန်ပေးမှုကို ခေါင်းဆောင်သူ ရဲထက် (ခေါ်) ကိုကိုရဲမြင့် နှင့် လူသုံးဆယ်ခန့် ပါနိုင်သော ၎င်း၏အဖွဲ့မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ DKBA ဘက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ၎င်းတို့ကို တပ်ဖွဲ့ဝင် မှန်ကန် ကြောင်း ကတ်ထုတ်ပေးထား သော်လည်း ယာယီသာဖြစ်ကြောင်းနှင့် ယင်းမှာ စီးပွားရေးလုပ်ရာတွင် အဆင်ပြေစေရန် ထုတ်ပေးထားခြင်း ဖြစ်သည်ဟု DKBA တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ဖမ်းမိရေး ဆောင်ရွက် ပေးမည်ဟု ဆိုထားသည်။
“ကျူးလွန်သူဟာ အရင်က ကားအရောင်း အဝယ်လုပ်တာပါ။ ပြီးတော့ ရန်ကုန်မှာ သုံးနှစ် လောက်နေပြီး ပြန်သွားတာ။ ပြီးတော့ DKBA ထဲ ဝင်တာ လပိုင်းလောက်ပဲ ရှိသေးတယ်။ သူတို့အဖွဲ့က လူသုံးဆယ်လောက် ရှိတယ်။ အရင် မြဝတီမှာ ဖြစ်ခဲ့တဲ့ ဓားပြတိုက်တာ၊ ငွေလွှဲလုပ်ငန်းတွေကို ရဲ အယောင်ဆောင်ပြီး ကျူးလွန်တာလည်း သူတို့ပဲ ဖြစ်နိုင်တယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ပြန်ပေးအဖွဲ့ ခေါင်းဆောင် ရဲထက် (ခေါ်) ကိုကိုရဲမြင့် မှာ လောင်းကစားကြောင့် အကြွေးများစွာ တင်နေသူ ဖြစ်ကြောင်းလည်း သိရကာ NP News က စုံစမ်းသိရှိရသော အချက်အလက်အရ ရဲထက်မှာ DKBA ၏ စီးပွားရေး တာဝန်ခံတစ်ဦးဟု သတင်းထွက်နေသော်လည်း အဆိုပါ အချက်ကို သီးသန့် အတည်ပြုနေဆဲ ဖြစ်သည်။ ‘ပိုက်ဆံရှိရင် သူတို့ (DKBA) ဆီမှာ ရာထူးရတယ်ဗျ။ စစ်သင်တန်းတောင် တက်စရာ မလိုဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆို သည်။ ရဲထက် (ခေါ်) ကိုကိုရဲမြင့် အနေဖြင့် ၎င်း၏ ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အထောက်အကူပြုရန် DKBA သို့ ၎င်း၏ အဖွဲ့ဝင်များအား ဝင်ခိုင်းထားခြင်းဖြစ်နိုင်ကြောင်း BGF မှ သတင်းရင်းမြစ်တစ်ဦးကလည်း NP News သို့ ပြော ကြားထားဖူးသည်။

Zawgyi Version:
DKBA ထံ မွ စီးပြားေရးအကြက္ျမင္သူမ်ားက ရာထူးဝယ္ယူမႈမ်ားရွိေန
သုတေက်ာ္(NP News)-ဇူလိုင္၃၁
DKBA ထံမွ စီးပြားေရးအကြက္ျမင္သူမ်ားက ရာထူး ဝယ္ယူမႈမ်ား ရွိေနၿပီး ျမဝတီျပန္ေပးမႈမွာ ယင္း၏ ေနာက္ ဆက္တြဲ ဆိုးက်ိဳးျဖစ္ေၾကာင္း ယင္းျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ သိရွိသူ သတင္းရင္း ျမစ္တစ္ဦးက NP News သို႔ ေျပာ သည္။
ၿပီးခဲ့ေသာ ဇူလိုင္လ (၁၄) ရက္က ျမဝတီၿမိဳ႕၊ KMK အိမ္ေဆာက္ပစၥည္းဆိုင္ပိုင္ရွင္ကို လက္နက္ကိုင္ထားသည့္ လူတစ္စုက ျပန္ေပးဆြဲသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ရာ ဇူလိုင္လ (၁၅) ရက္ ညတြင္ BGF ႏွင့္ တာဝန္ရွိသူမ်ားက ပိတ္ဆို႔ၿပီး က်ဴးလြန္ သူမ်ားကို ဖမ္းမိေရး ေဆာင္႐ြက္စဥ္ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ၿပီး တစ္ဦးကို အေသမိခဲ့ရာ KDBA ဘက္တံဆိပ္ အခ်ိဳ႕၊ တပ္ဖြဲ႕ဝင္ကတ္ (၂) ကတ္၊ လက္နက္အခ်ိဳ႕ ကိုပါ သိမ္းဆည္းရမိခဲ့သည္။
ယင္းျဖစ္စဥ္တြင္ ျပန္ေပးဆြဲခံရသူကို ကယ္ႏိုင္ခဲ့ေသာ္လည္း ျပန္ေပးမႈကို ေခါင္းေဆာင္သူ ရဲထက္ (ေခၚ) ကိုကိုရဲျမင့္ ႏွင့္ လူသုံးဆယ္ခန႔္ ပါႏိုင္ေသာ ၎၏အဖြဲ႕မွာ ထြက္ေျပး တိမ္းေရွာင္သြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ DKBA ဘက္က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ရာ ၎တို႔ကို တပ္ဖြဲ႕ဝင္ မွန္ကန္ ေၾကာင္း ကတ္ထုတ္ေပးထား ေသာ္လည္း ယာယီသာျဖစ္ေၾကာင္းႏွင့္ ယင္းမွာ စီးပြားေရးလုပ္ရာတြင္ အဆင္ေျပေစရန္ ထုတ္ေပးထားျခင္း ျဖစ္သည္ဟု DKBA တာဝန္ရွိသူမ်ားက ရွင္းလင္းေျပာၾကားခဲ့ၿပီး ဖမ္းမိေရး ေဆာင္႐ြက္ ေပးမည္ဟု ဆိုထားသည္။
“က်ဴးလြန္သူဟာ အရင္က ကားအေရာင္း အဝယ္လုပ္တာပါ။ ၿပီးေတာ့ ရန္ကုန္မွာ သုံးႏွစ္ ေလာက္ေနၿပီး ျပန္သြားတာ။ ၿပီးေတာ့ DKBA ထဲ ဝင္တာ လပိုင္းေလာက္ပဲ ရွိေသးတယ္။ သူတို႔အဖြဲ႕က လူသုံးဆယ္ေလာက္ ရွိတယ္။ အရင္ ျမဝတီမွာ ျဖစ္ခဲ့တဲ့ ဓားျပတိုက္တာ၊ ေငြလႊဲလုပ္ငန္းေတြကို ရဲ အေယာင္ေဆာင္ၿပီး က်ဴးလြန္တာလည္း သူတို႔ပဲ ျဖစ္ႏိုင္တယ္” ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
ျပန္ေပးအဖြဲ႕ ေခါင္းေဆာင္ ရဲထက္ (ေခၚ) ကိုကိုရဲျမင့္ မွာ ေလာင္းကစားေၾကာင့္ အေႂကြးမ်ားစြာ တင္ေနသူ ျဖစ္ေၾကာင္းလည္း သိရကာ NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္အရ ရဲထက္မွာ DKBA ၏ စီးပြားေရး တာဝန္ခံတစ္ဦးဟု သတင္းထြက္ေနေသာ္လည္း အဆိုပါ အခ်က္ကို သီးသန႔္ အတည္ျပဳေနဆဲ ျဖစ္သည္။ ‘ပိုက္ဆံရွိရင္ သူတို႔ (DKBA) ဆီမွာ ရာထူးရတယ္ဗ်။ စစ္သင္တန္းေတာင္ တက္စရာ မလိုဘူး” ဟု အထက္ပါ သတင္းရင္းျမစ္က ဆို သည္။ ရဲထက္ (ေခၚ) ကိုကိုရဲျမင့္ အေနျဖင့္ ၎၏ ရာဇဝတ္မႈမ်ား က်ဴးလြန္ရာတြင္ အေထာက္အကူျပဳရန္ DKBA သို႔ ၎၏ အဖြဲ႕ဝင္မ်ားအား ဝင္ခိုင္းထားျခင္းျဖစ္ႏိုင္ေၾကာင္း BGF မွ သတင္းရင္းျမစ္တစ္ဦးကလည္း NP News သို႔ ေျပာ ၾကားထားဖူးသည္။