ရွှေဆိုင်အားလုံး ငွေကြေးခဝါချမှုတိုက်ဖျက်‌ရေးသင်တန်းတက်ရောက်ထားရမည်

 1245

NP News ဇူလိုင် (၃၁) ရက်
နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေ အရ ရွှေဆိုင်တွေအားလုံး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်းတက်ရောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်တွေအသင်းကသိရသည်။
" နိုင်ငံတော်ရဲ့ ချမှတ်တဲ့ မူဝါဒထဲ မှာ ပါတဲ့ဆိုင်အားလုံးဟာ ငွေကြေးခဝါချမှု သင်တန်းတက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ထွက်လာပြီးဖြစ်လို့အသင်းအနေနဲ့ သင်တန်းတွေပို့ချပေးနေပါတယ်။ ပြီးခဲ့တဲ့ သင်တန်းမှာ လူ ၂၅၀ ပဲ ခေါ်နိုင်ပါတယ် ။ အားလုံး လျှောက်လွှာလာတင်တာ ၄၀၀ လောက်ရှိပါတယ် ။ ကျန်ရှိတာတွေကိုဆက်လက်ပြီး လစဉ်လစဉ်ဖွင့်ပေးမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်တွေအသင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။
ရွှေဆိုင်တွေ အနေနဲ့ ငွေကြေးခဝါချသင်တန်းတက်ပြီးသွားပါက ရောင်းဝယ်မှုပိုင်း ‌နေရာမှာ အမှားအယွင်းမရှိဘဲ လုပ်ဆောင်သွားနိုင်မည်ဟုသိရသည်။
ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ကို လာမည့် ဩဂုတ် ၁ ရက်မှာ သင်တန်း အမှတ်စဥ် ( ၂၄ ) အားဖွင့်လှစ်သွားရန်စီစဥ်ထားကြောင်းသိရသည်။
သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး ၊ တက်ရောက်လိုသူ ရွှေဆိုင်ပိုင်ရှင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ပန်းဘဲတန်းမြို့နယ် ၊ ရွှေဘုံသာအောက်လမ်းရှိ ၊ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်တွေအသင်း မှာ အခမဲ့လာရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်တွေအသင်းရုံးအနေနဲ့ ရွှေပညာရပ်တွေနှင့်ပတ်သက်သည့် ပန်းထိမ်ပညာ ၊အရောင်းအဝယ်ပညာ ၊ ကျောက်ပညာ ၊ အစရှိသောပညာမျိုးစုံကို အခမဲ့ အလှည့်ကျသင်တန်းတွေဖွင့်လှစ်ပို့ချပေးသွားမည်ဟုသိရသည်။

Zawgyi Version:
ေ႐ႊဆိုင္အားလုံး ေငြေၾကးခဝါခ်မႈတိုက္ဖ်က္‌ေရးသင္တန္းတက္ေရာက္ထားရမည္
NP News ဇူလိုင္ (၃၁) ရက္
ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ မူဝါဒေတြ အရ ေ႐ႊဆိုင္ေတြအားလုံး ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးသင္တန္းတက္ေရာက္ထားရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္ေတြအသင္းကသိရသည္။
" ႏိုင္ငံေတာ္ရဲ႕ ခ်မွတ္တဲ့ မူဝါဒထဲ မွာ ပါတဲ့ဆိုင္အားလုံးဟာ ေငြေၾကးခဝါခ်မႈ သင္တန္းတက္ရမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္ထြက္လာၿပီးျဖစ္လို႔အသင္းအေနနဲ႔ သင္တန္းေတြပို႔ခ်ေပးေနပါတယ္။ ၿပီးခဲ့တဲ့ သင္တန္းမွာ လူ ၂၅၀ ပဲ ေခၚႏိုင္ပါတယ္ ။ အားလုံး ေလွ်ာက္လႊာလာတင္တာ ၄၀၀ ေလာက္ရွိပါတယ္ ။ က်န္ရွိတာေတြကိုဆက္လက္ၿပီး လစဥ္လစဥ္ဖြင့္ေပးမွာပါ" ဟု ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္ေတြအသင္း တာဝန္ရွိသူတစ္ဦး ကေျပာသည္။
ေ႐ႊဆိုင္ေတြ အေနနဲ႔ ေငြေၾကးခဝါခ်သင္တန္းတက္ၿပီးသြားပါက ေရာင္းဝယ္မႈပိုင္း ‌ေနရာမွာ အမွားအယြင္းမရွိဘဲ လုပ္ေဆာင္သြားႏိုင္မည္ဟုသိရသည္။
ေငြေၾကးခဝါခ်မႈနဲ႔အၾကမ္းဖက္မႈကိုေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဆိုင္ရာ အသိပညာေပးသင္တန္း ကို လာမည့္ ဩဂုတ္ ၁ ရက္မွာ သင္တန္း အမွတ္စဥ္ ( ၂၄ ) အားဖြင့္လွစ္သြားရန္စီစဥ္ထားေၾကာင္းသိရသည္။
သင္တန္းကို အခမဲ့ ဖြင့္လွစ္သင္ၾကားေပးသြားမွာျဖစ္ၿပီး ၊ တက္ေရာက္လိုသူ ေ႐ႊဆိုင္ပိုင္ရွင္ေတြနဲ႔ ေ႐ႊလုပ္ငန္းရွင္ေတြအေနနဲ႔ ပန္းဘဲတန္းၿမိဳ႕နယ္ ၊ ေ႐ႊဘုံသာေအာက္လမ္းရွိ ၊ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္ေတြအသင္း မွာ အခမဲ့လာေရာက္ေလွ်ာက္ထားႏိုင္မည္ျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္ေတြအသင္း႐ုံးအေနနဲ႔ ေ႐ႊပညာရပ္ေတြႏွင့္ပတ္သက္သည့္ ပန္းထိမ္ပညာ ၊အေရာင္းအဝယ္ပညာ ၊ ေက်ာက္ပညာ ၊ အစရွိေသာပညာမ်ိဳးစုံကို အခမဲ့ အလွည့္က်သင္တန္းေတြဖြင့္လွစ္ပို႔ခ်ေပးသြားမည္ဟုသိရသည္။

Related news

© 2021. All rights reserved.