ဆံပင်တွင် ဂေါက်သီးတင်သည့်ဒေါက်အများဆုံးထားရှိမှု စံချိန်ကို ရရှိခဲ့သည့် အမေရိကန်အမျိုးသမီး

 594

Pika (NP News) - ဇူလိုင် ၃၁
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဂေါက်ရိုက်ခြင်းကိုနှစ်သက်သော အမျိုးသမီးတစ်ဦးသည် ဂေါက်သီးတင်သည့်ဒေါက်(၇၁၁)ခုကို ၎င်း၏ ဆံပင်တွင်ထိုးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၄၅)နှစ်အရွယ် အန်ညာဘန်းနက်ရှ်ဆိုသည့်အမျိုးသမီးသည် ၎င်း၏ဆံပင်တွင် ဂေါက်သီးတင် သည့် ဒေါက်အများဆုံးထားရှိနိုင်ခြင်းအတွက် ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ရန်အတွက် အန်ညာဘန်းနက်ရှ်၏ သူငယ်ချင်းဖြစ်သူက ကူညီပေးခဲ့ပြီး အချိန်(၄၅)မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ အန်ညာဘန်းနက်ရှ်က “ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်မှာ ပါဝင်ခွင့်ရဖို့က ကျွန်မရဲ့အိမ်မက်တစ်ခုပါ။ ဂေါက်ကွင်းကမ္ဘာမှာ တစ်စုံတစ်ခုကို ကျွန်မအမြဲတမ်း ဖန်တီးချင်ခဲ့တာ ပါ” ဟု ပြောခဲ့သည်။
ထို့ပြင် ဂင်းနစ်စံချိန်အများအပြားကို ချိုးဖျက်ထားသူ ဂျိုရယ်စထရာဆာ၏ စံချိန်များက ဆံပင်တွင် ဂေါက်သီး တင်သည့် ဒေါက်အများဆုံးထားရှိနိုင်မှု ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ၎င်းကိုတွန်းအားပေးလှုံ့ဆော်ခဲ့ ခြင်းဖြစ်ကြောင်း အန်ညာဘန်းနက်ရှ်က ထုတ်ပြန်ပြောကြားခဲ့သည်။ အန်ညာဘန်းနက်ရှ်က “ဂျိုရယ်စထရာဆာ ဟာ ဂင်းနစ်စံချိန် မှတ်တမ်းအများအပြားကို ချိုးဖျက်ထားတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့တွန်းအားပေးမှုတွေ၊ ဖန်တီးမှုတွေက ကျွန်မကိုတွန်းအားပေးခဲ့တာပါ” ဟု ထုတ်ပြန်ခဲ့သည်။

Zawgyi Version:
ဆံပင္တြင္ ေဂါက္သီးတင္သည့္ေဒါက္အမ်ားဆုံးထားရွိမႈ စံခ်ိန္ကို ရရွိခဲ့သည့္ အေမရိကန္အမ်ိဳးသမီး
Pika (NP News) - ဇူလိုင္ ၃၁
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေဂါက္႐ိုက္ျခင္းကိုႏွစ္သက္ေသာ အမ်ိဳးသမီးတစ္ဦးသည္ ေဂါက္သီးတင္သည့္ေဒါက္(၇၁၁)ခုကို ၎၏ ဆံပင္တြင္ထိုးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အသက္(၄၅)ႏွစ္အ႐ြယ္ အန္ညာဘန္းနက္ရွ္ဆိုသည့္အမ်ိဳးသမီးသည္ ၎၏ဆံပင္တြင္ ေဂါက္သီးတင္ သည့္ ေဒါက္အမ်ားဆုံးထားရွိႏိုင္ျခင္းအတြက္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ရန္အတြက္ အန္ညာဘန္းနက္ရွ္၏ သူငယ္ခ်င္းျဖစ္သူက ကူညီေပးခဲ့ၿပီး အခ်ိန္(၄၅)မိနစ္ခန႔္ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။ အန္ညာဘန္းနက္ရွ္က “ဂင္းနစ္စံခ်ိန္မွတ္တမ္းစာအုပ္မွာ ပါဝင္ခြင့္ရဖို႔က ကြၽန္မရဲ႕အိမ္မက္တစ္ခုပါ။ ေဂါက္ကြင္းကမာၻမွာ တစ္စုံတစ္ခုကို ကြၽန္မအၿမဲတမ္း ဖန္တီးခ်င္ခဲ့တာ ပါ” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ဂင္းနစ္စံခ်ိန္အမ်ားအျပားကို ခ်ိဳးဖ်က္ထားသူ ဂ်ိဳရယ္စထရာဆာ၏ စံခ်ိန္မ်ားက ဆံပင္တြင္ ေဂါက္သီး တင္သည့္ ေဒါက္အမ်ားဆုံးထားရွိႏိုင္မႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္အတြက္ ၎ကိုတြန္းအားေပးလႈံ႕ေဆာ္ခဲ့ ျခင္းျဖစ္ေၾကာင္း အန္ညာဘန္းနက္ရွ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ အန္ညာဘန္းနက္ရွ္က “ဂ်ိဳရယ္စထရာဆာ ဟာ ဂင္းနစ္စံခ်ိန္ မွတ္တမ္းအမ်ားအျပားကို ခ်ိဳးဖ်က္ထားတဲ့သူျဖစ္ပါတယ္။ သူ႔ရဲ႕တြန္းအားေပးမႈေတြ၊ ဖန္တီးမႈေတြက ကြၽန္မကိုတြန္းအားေပးခဲ့တာပါ” ဟု ထုတ္ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.