ရုရှားသို့ အမျိုးသမီးလုပ်သားများ ပထမဆုံးအကြိမ် စတင်စေလွှတ်နိုင်ရန် ဆောင်ရွက်နေ

1856

Pearl(NP News)-ဇူလိုင် ၃၁
ရုရှားသို့ အမျိုးသမီးလုပ်သားများ ပထမဆုံးအကြိမ် စတင်စေလွှတ်နိုင်ရန်ဆောင်ရွက်နေ ကြောင်း အလုပ်သမား ပို့ဆောင်ရေးအေဂျင်စီ တစ်ခုထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတွင် ရုရှားနိုင်ငံသို့ မြန်မာအမျိုးသားလုပ်သား (၅၄) ဦးကို Pilot Project အနေဖြင့် ပထမဆုံးအကြိမ်စေလွှတ်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီးလုပ်သား အယောက် (၂၀)ကျော်ကို အစိုးရနှင့် ပူးပေါင်း၍ ထပ်မံစေလွှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
“မိန်းကလေးတွေပို့ဖို့ အစီအစဉ်ဆွဲနေတယ်။ နိုင်ငံခြားကို ပို့တယ်ဆိုတာလေ ချက်ချင်းကြီး ပို့လို့မရဘူး။ (၃)၊ (၄) လလောက်အချိန်ယူရတာ။ မိန်းကလေးတွေကို ပို့ဖို့စီစဉ်တဲ့အတွက်ကြောင့် အခုလောလောဆယ်စာသင်နေတယ်။ ပြီးရင် သူတို့ကိုပို့ဖို့အတွက် ဆေးသုတ်သမားတွေကို ခေါ်နေတဲ့အတွက်ကြောင့် ဆေးသုတ်မယ့်လူတွေကို သင်ပေးတယ်။ အဲဒါပြီးရင် အင်တာဗျူးမယ်။ ပြီးရင် ဗီဇာအတွက်လုပ်ရမှာ Process က တစ်လခွဲလောက်ကြာမှာ။ ပြီးရင် ဝန်ကြီးဌာန ကိုလည်း အဆင့်ဆင့်တင်ရတာလည်း တစ်လခွဲလောက်ကြာတယ်။ အခုကမိန်းကလေးတွေ ပို့ဖို့အတွက်ကို စပြီးတော့ သင်တန်းပေးတာတွေ ဘာ တွေလုပ်တာပဲရှိတယ်။ အကုန်လုံး အစီအစဉ်ပြီးတယ် ဆိုရင်တောင် နောက်ထပ် (၄) ၊ (၅)လ လောက် နေရင်ထွက်ရမှာပါ။ အခုလောလောဆယ်ကတော့ (၂၀)၊ (၃၀) ဝန်းကျင်လောက်ပဲ ပို့နိုင်မယ်လို့ ထင်တယ်” ဟု အထက်ပါအလုပ်သမားပို့ဆောင် ရေးအေဂျင်စီ၏ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် ရုရှားသို့ စေလွှတ်ရန်လျာထားသည့် လုပ်သားများကို ဘာသာစကားသင်ကြားခြင်း နှင့် သက်ဆိုင်ရာ လုပ်ငန်းအတွက် သင်ကြားပေးခြင်းများ ဆောင်ရွက်နေပြီး အချိန် (၅) လဝန်းကျင်ခန့် ကြာမြင့်ပြီးမှသာ စေလွှတ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံမှ Special Economic Zone တွင် အမျိုးသမီးများအတွက် သီးသန့် Program တစ်ခုဆောင် ရွက်နေပြီး အဆိုပါ Program တွင် ပါဝင်နိုင်ရန် ကနဦးအနေဖြင့် အမျိုးသမီးလုပ်သား စေလွှတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“သူတို့နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် တဲ့ဇုန်တစ်ခုရှိတယ်။ Special Economic Zone မှာ သူတို့တွေက အမျိုးသမီးတွေအတွက်ကို သီးသန့် Program တစ်ခုလုပ်တယ်။ အဲဒီ Program လေးမှာ မြန်မာနိုင်ငံက အမျိုးသမီးမှ မဟုတ်ဘူး။ သူတို့ အကုန်သင်ပေးတယ်။ ရုရှားစာလည်းသင်ပေးတယ်။ အင်္ဂလိပ်စာလည်းသင်တယ်။ အလုပ်အကိုင်နဲ့ ပတ် သက်တာကိုလည်းသင်ပေးတယ်။ နိုင်ငံအသီးသီးက မိန်းကလေးတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးတာပေါ့။ အဲဒီ Program ကို ဝင်နိုင်ဖို့အတွက်ကိုလည်း ကြိုးစားတယ်။ အရင်ဦးဆုံး လုပ်ခလစာအများ ဆုံးနဲ့ စာသင်ရမယ့် Program မဟုတ်ဘဲနဲ့ အလုပ်ပဲ လုပ်ရမယ့်အလုပ်တစ်ခုကို အရင်ဆုံးဖော်ပြပေး လိုက်တာပါ။ နောက်ပိုင်း အသက်အရွယ်ငယ်ငယ် လေးတွေကို သူတို့ဆီမှာ ကောလိပ်ကိုပါ တက်လို့ရတဲ့ (၄) နှစ်တာ အမျိုးသမီး Program လေးက အင်မတန်ကောင်းတဲ့ အတွက်ကြောင့်မို့ ဒါလေးကို Join ဖို့ကြိုးစားရင်းနဲ့ အလုပ်ကို အရင်စပို့မယ်။ ဒီ Program ကို ဝင်မယ် ။ ဝင်ပြီးသွားရင် နောက်ပိုင်း ဆိုရင် On Job Training လိုမျိုးပေါ့။ လစာလည်းရ၊ စာလည်းသင်၊ ကောလိပ်လည်းတက် အကုန်အဆင် ပြေသွားစေတဲ့ Program လေးထဲ ဝင်ဖို့ လုပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရုရှားနိုင်ငံ၌ မြန်မာလုပ်သားများသည် လုပ်ခလစာအနေဖြင့် အနည်းဆုံး အခြေခံလစာ ဒေါ်လာ(၅၀ဝ)မှ ဒေါ်လာ(၂၅၀ဝ) အထိ ရရှိမည်ဖြစ်ပြီး ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတို့၌ လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။
“ရုရှားက လုပ်ခလစာ ဒေါ်လာ (၅၀ဝ) ကစပြီးတော့ အများကြီးရှိတယ်။ အခုလောလောဆယ် ဒီ Special Economic Zone ကတော့ သူတို့ခေါ်နိုင်တဲ့ဗီဇာနဲ့ ခေါ်တဲ့အတိုင်းအတာက လစာ အင်မတန်များတယ်လို့ပြောလို့ရ တယ်။ မြန်မာငွေနဲ့ဆိုရင် သူတို့ ဟိုဘက်မှာ ကုန်ကျတာတွေ ဘာတွေနဲ့ သိန်း (၁၀ဝ)လောက် ကျန်တယ်။ ဒေါ်လာ (၂၅၀ဝ) လောက်ရမယ်။ ဒါကတော့ အလုပ်နဲ့ သွားတာပေါ့နော်။ ခုနကလိုမျိုးကျောင်းလည်းတက်၊ စာလည်းသင် ၊ အလုပ်လည်းသင် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတဲ့ (၄) နှစ် Program မှာဆိုရင် သူတို့ ရဲ့ လုပ်ခလစာက ဒေါ်လာ (၈၀ဝ) လောက်က စရမယ်။ နေစရိတ် စားစရိတ် အကုန်အပြီးအစီးပေါ့နော်။ ပြီးတော့ (၆)လတစ်ကြိမ် Promotion နဲ့ တိုးတယ်။ တိုးရင်းနဲ့ (၄)နှစ်ပြည့်သွားရင် သူတို့ရဲ့ လစာက အလုပ်နဲ့သွားတဲ့လူတွေအတိုင်းပဲ (၂၅၀ဝ) ဝန်း ကျင်လောက် ရသွားလိမ့်မယ်” ဟု ၎င်းကပြောသည်။

Zawgyi Version:
႐ုရွားသို႔ အမ်ိဳးသမီးလုပ္သားမ်ား ပထမဆုံးအႀကိမ္ စတင္ေစလႊတ္ႏိုင္ရန္ ေဆာင္႐ြက္ေန
Pearl(NP News)-ဇူလိုင္ ၃၁
႐ုရွားသို႔ အမ်ိဳးသမီးလုပ္သားမ်ား ပထမဆုံးအႀကိမ္ စတင္ေစလႊတ္ႏိုင္ရန္ေဆာင္႐ြက္ေန ေၾကာင္း အလုပ္သမား ပို႔ေဆာင္ေရးေအဂ်င္စီ တစ္ခုထံမွ သိရသည္။
ၿပီးခဲ့သည့္ မတ္လႏွင့္ ဧၿပီလတြင္ ႐ုရွားႏိုင္ငံသို႔ ျမန္မာအမ်ိဳးသားလုပ္သား (၅၄) ဦးကို Pilot Project အေနျဖင့္ ပထမဆုံးအႀကိမ္ေစလႊတ္ခဲ့ၿပီး လက္ရွိတြင္ အမ်ိဳးသမီးလုပ္သား အေယာက္ (၂၀)ေက်ာ္ကို အစိုးရႏွင့္ ပူးေပါင္း၍ ထပ္မံေစလႊတ္ႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
“မိန္းကေလးေတြပို႔ဖို႔ အစီအစဥ္ဆြဲေနတယ္။ ႏိုင္ငံျခားကို ပို႔တယ္ဆိုတာေလ ခ်က္ခ်င္းႀကီး ပို႔လို႔မရဘူး။ (၃)၊ (၄) လေလာက္အခ်ိန္ယူရတာ။ မိန္းကေလးေတြကို ပို႔ဖို႔စီစဥ္တဲ့အတြက္ေၾကာင့္ အခုေလာေလာဆယ္စာသင္ေနတယ္။ ၿပီးရင္ သူတို႔ကိုပို႔ဖို႔အတြက္ ေဆးသုတ္သမားေတြကို ေခၚေနတဲ့အတြက္ေၾကာင့္ ေဆးသုတ္မယ့္လူေတြကို သင္ေပးတယ္။ အဲဒါၿပီးရင္ အင္တာဗ်ဴးမယ္။ ၿပီးရင္ ဗီဇာအတြက္လုပ္ရမွာ Process က တစ္လခြဲေလာက္ၾကာမွာ။ ၿပီးရင္ ဝန္ႀကီးဌာန ကိုလည္း အဆင့္ဆင့္တင္ရတာလည္း တစ္လခြဲေလာက္ၾကာတယ္။ အခုကမိန္းကေလးေတြ ပို႔ဖို႔အတြက္ကို စၿပီးေတာ့ သင္တန္းေပးတာေတြ ဘာ ေတြလုပ္တာပဲရွိတယ္။ အကုန္လုံး အစီအစဥ္ၿပီးတယ္ ဆိုရင္ေတာင္ ေနာက္ထပ္ (၄) ၊ (၅)လ ေလာက္ ေနရင္ထြက္ရမွာပါ။ အခုေလာေလာဆယ္ကေတာ့ (၂၀)၊ (၃၀) ဝန္းက်င္ေလာက္ပဲ ပို႔ႏိုင္မယ္လို႔ ထင္တယ္” ဟု အထက္ပါအလုပ္သမားပို႔ေဆာင္ ေရးေအဂ်င္စီ၏ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ႐ုရွားသို႔ ေစလႊတ္ရန္လ်ာထားသည့္ လုပ္သားမ်ားကို ဘာသာစကားသင္ၾကားျခင္း ႏွင့္ သက္ဆိုင္ရာ လုပ္ငန္းအတြက္ သင္ၾကားေပးျခင္းမ်ား ေဆာင္႐ြက္ေနၿပီး အခ်ိန္ (၅) လဝန္းက်င္ခန႔္ ၾကာျမင့္ၿပီးမွသာ ေစလႊတ္ႏိုင္မည္ ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံမွ Special Economic Zone တြင္ အမ်ိဳးသမီးမ်ားအတြက္ သီးသန႔္ Program တစ္ခုေဆာင္ ႐ြက္ေနၿပီး အဆိုပါ Program တြင္ ပါဝင္ႏိုင္ရန္ ကနဦးအေနျဖင့္ အမ်ိဳးသမီးလုပ္သား ေစလႊတ္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“သူတို႔ႏိုင္ငံမွာ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ တဲ့ဇုန္တစ္ခုရွိတယ္။ Special Economic Zone မွာ သူတို႔ေတြက အမ်ိဳးသမီးေတြအတြက္ကို သီးသန႔္ Program တစ္ခုလုပ္တယ္။ အဲဒီ Program ေလးမွာ ျမန္မာႏိုင္ငံက အမ်ိဳးသမီးမွ မဟုတ္ဘူး။ သူတို႔ အကုန္သင္ေပးတယ္။ ႐ုရွားစာလည္းသင္ေပးတယ္။ အဂၤလိပ္စာလည္းသင္တယ္။ အလုပ္အကိုင္နဲ႔ ပတ္ သက္တာကိုလည္းသင္ေပးတယ္။ ႏိုင္ငံအသီးသီးက မိန္းကေလးေတြ ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေပးတာေပါ့။ အဲဒီ Program ကို ဝင္ႏိုင္ဖို႔အတြက္ကိုလည္း ႀကိဳးစားတယ္။ အရင္ဦးဆုံး လုပ္ခလစာအမ်ား ဆုံးနဲ႔ စာသင္ရမယ့္ Program မဟုတ္ဘဲနဲ႔ အလုပ္ပဲ လုပ္ရမယ့္အလုပ္တစ္ခုကို အရင္ဆုံးေဖာ္ျပေပး လိုက္တာပါ။ ေနာက္ပိုင္း အသက္အ႐ြယ္ငယ္ငယ္ ေလးေတြကို သူတို႔ဆီမွာ ေကာလိပ္ကိုပါ တက္လို႔ရတဲ့ (၄) ႏွစ္တာ အမ်ိဳးသမီး Program ေလးက အင္မတန္ေကာင္းတဲ့ အတြက္ေၾကာင့္မို႔ ဒါေလးကို Join ဖို႔ႀကိဳးစားရင္းနဲ႔ အလုပ္ကို အရင္စပို႔မယ္။ ဒီ Program ကို ဝင္မယ္ ။ ဝင္ၿပီးသြားရင္ ေနာက္ပိုင္း ဆိုရင္ On Job Training လိုမ်ိဳးေပါ့။ လစာလည္းရ၊ စာလည္းသင္၊ ေကာလိပ္လည္းတက္ အကုန္အဆင္ ေျပသြားေစတဲ့ Program ေလးထဲ ဝင္ဖို႔ လုပ္ေနပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
႐ုရွားႏိုင္ငံ၌ ျမန္မာလုပ္သားမ်ားသည္ လုပ္ခလစာအေနျဖင့္ အနည္းဆုံး အေျခခံလစာ ေဒၚလာ(၅၀ဝ)မွ ေဒၚလာ(၂၅၀ဝ) အထိ ရရွိမည္ျဖစ္ၿပီး ႐ုရွားႏိုင္ငံရွိ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ အထည္ခ်ဳပ္လုပ္ငန္းတို႔၌ လုပ္ကိုင္ရမည္ ျဖစ္ေၾကာင္း သိရသည္။
“႐ုရွားက လုပ္ခလစာ ေဒၚလာ (၅၀ဝ) ကစၿပီးေတာ့ အမ်ားႀကီးရွိတယ္။ အခုေလာေလာဆယ္ ဒီ Special Economic Zone ကေတာ့ သူတို႔ေခၚႏိုင္တဲ့ဗီဇာနဲ႔ ေခၚတဲ့အတိုင္းအတာက လစာ အင္မတန္မ်ားတယ္လို႔ေျပာလို႔ရ တယ္။ ျမန္မာေငြနဲ႔ဆိုရင္ သူတို႔ ဟိုဘက္မွာ ကုန္က်တာေတြ ဘာေတြနဲ႔ သိန္း (၁၀ဝ)ေလာက္ က်န္တယ္။ ေဒၚလာ (၂၅၀ဝ) ေလာက္ရမယ္။ ဒါကေတာ့ အလုပ္နဲ႔ သြားတာေပါ့ေနာ္။ ခုနကလိုမ်ိဳးေက်ာင္းလည္းတက္၊ စာလည္းသင္ ၊ အလုပ္လည္းသင္ တစ္ဆင့္ၿပီးတစ္ဆင့္ တက္သြားတဲ့ (၄) ႏွစ္ Program မွာဆိုရင္ သူတို႔ ရဲ႕ လုပ္ခလစာက ေဒၚလာ (၈၀ဝ) ေလာက္က စရမယ္။ ေနစရိတ္ စားစရိတ္ အကုန္အၿပီးအစီးေပါ့ေနာ္။ ၿပီးေတာ့ (၆)လတစ္ႀကိမ္ Promotion နဲ႔ တိုးတယ္။ တိုးရင္းနဲ႔ (၄)ႏွစ္ျပည့္သြားရင္ သူတို႔ရဲ႕ လစာက အလုပ္နဲ႔သြားတဲ့လူေတြအတိုင္းပဲ (၂၅၀ဝ) ဝန္း က်င္ေလာက္ ရသြားလိမ့္မယ္” ဟု ၎ကေျပာသည္။