မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေကြေညာ

12207

သုတကျော် (NP News) - ဇူလိုင် ၃၁
မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၃၁ ရက်) ညပိုင်းတွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမြို့နယ်များတွင် ကချင်ပြည်နယ် မှ (၁) ဆွမ်ပရာဘွမ်မြို့နယ်၊ (၂) ရွှေကူမြို့နယ်၊ (၃) အင်ဂျန်းယန်မြို့နယ်၊(၄) ဆော့လော်မြို့နယ်၊ ကယားပြည်နယ် မှ (၁) ရှားတောမြို့နယ်၊ (၂) ဖားဆောင်းမြို့နယ်၊ (၃) မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ် မှ (၁)ကော့ကရိတ်မြို့နယ်၊ (၂) ကြာအင်းဆိပ်ကြီးမြို့နယ်၊ချင်းပြည်နယ် မှ (၁) ကန်ပက်လက်မြို့နယ်၊ (၂) ထန်တလန်မြို့နယ်၊ (၃) ပလက်ဝမြို့နယ်၊ (၄) တွန်းဇံမြို့နယ်၊ (၅) မင်းတပ်မြို့နယ်၊ (၆) မတူပီမြို့နယ်၊ (၇) ဖလမ်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မှ (၁) ထီးချိုင့်မြို့နယ်၊ (၂) ကောလင်းမြို့နယ်၊ (၃) ပင်လည်ဘူးမြို့နယ်၊ (၄) ခင်ဦးမြို့နယ်၊ (၅) ဝက်လက်မြို့နယ်၊ (၆) ကနီမြို့နယ်၊ (၇) ဒီပဲယင်းမြို့နယ်၊ (၈) ပုလဲမြို့နယ်၊ (၉) အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မှ (၁) ပေါက်မြို့နယ်၊(၂) မြိုင်မြို့နယ်၊(၃) ဆောမြို့နယ်၊(၄) ထီးလင်းမြို့နယ်၊(၅) ရေစကြိုမြို့နယ်တို့ ပါဝင်သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး မှ (၁) မိုးကုတ်မြို့နယ်၊ (၂) စဉ့်ကူးမြို့နယ်၊ (၃) ငါန်းဇွန်မြို့နယ်၊
ရခိုင်ပြည်နယ် မှ (၁) ရမ်းဗြဲမြို့နယ်၊ (၂) ပေါက်တောမြို့နယ်၊ (၃) ပုဏ္ဏားကျွန်းမြို့နယ်၊ (၄) ရသေ့တောင်မြို့နယ်၊ (၅) ဂွမြို့နယ်၊ (၆) မောင်တောမြို့နယ်၊ (၇) ဘူးသီးတောင်မြို့နယ်၊ (၈) ကျောက်တော်မြို့နယ်၊ (၉) မင်းပြားမြို့နယ်၊ (၁၀) မြေပုံမြို့နယ်၊ (၁၁) မြောက်ဦးမြို့နယ်၊ (၁၂) သံတွဲမြို့နယ်၊ (၁၃) အမ်းမြို့နယ်၊ (၁၄) တောင်ကုတ်မြို့နယ်၊ ရှမ်းပြည်နယ် မှ (၁) နမ္မတူမြို့နယ်၊ (၂) မဘိမ်းမြို့နယ်၊ (၃) ကွတ်ခိုင်မြို့နယ်၊ (၄) နမ့်ခမ်းမြို့နယ်၊ (၅) သိန္နီမြို့နယ်၊ (၆) ကွမ်းလုံမြို့နယ်၊ (၇) နမ့်ဆန်မြို့နယ်၊ (၈) မန်တုံမြို့နယ်၊ (၉) ဟိုပန်မြို့နယ်၊ (၁၀) လောက်ကိုင်မြို့နယ်၊ (၁၁) ကုန်းကြမ်းမြို့နယ်၊ (၁၂) မိုးမိတ်မြို့နယ်၊ (၁၃) ကျောက်မဲမြို့နယ်၊ (၁၄) သီပေါမြို့နယ်၊ (၁၅) မိုင်းလားမြို့နယ် တို့ ပါဝင်ကာ ဇူလိုင်လ ၃၁ ရက်မှ စကာ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်း သိရသည်။
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အဆိုပါမြို့ နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်း ပြုနိုင်မည် ဖြစ်သည်။

Zawgyi Version:
ၿမိဳ႕နယ္ေပါင္း ၆၃ ၿမိဳ႕နယ္ကို အေရးေပၚ အေျခအေနေၾကညာ
သုတေက်ာ္ (NP News) - ဇူလိုင္ ၃၁
ၿမိဳ႕နယ္ေပါင္း ၆၃ ၿမိဳ႕နယ္ကို အေရးေပၚအေျခအေနအျဖစ္ ယာယီသမၼတ (တာဝန္) ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ (ဇူလိုင္ ၃၁ ရက္) ညပိုင္းတြင္ လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့သည္။
လက္နက္ကိုင္အၾကမ္းဖက္ေသာင္းက်န္းမႈမ်ားခ်ဳပ္ၿငိမ္းေစရန္ႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးတို႔ကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ရန္ (၂၀၀၈ ခုႏွစ္)၊ ပုဒ္မ ၄၁၂(က) အရ အေရးေပၚအေျခအေနေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းၿမိဳ႕နယ္မ်ားတြင္ ကခ်င္ျပည္နယ္ မွ (၁) ဆြမ္ပရာဘြမ္ၿမိဳ႕နယ္၊ (၂) ေ႐ႊကူၿမိဳ႕နယ္၊ (၃) အင္ဂ်န္းယန္ၿမိဳ႕နယ္၊(၄) ေဆာ့ေလာ္ၿမိဳ႕နယ္၊ ကယားျပည္နယ္ မွ (၁) ရွားေတာၿမိဳ႕နယ္၊ (၂) ဖားေဆာင္းၿမိဳ႕နယ္၊ (၃) မယ္စဲ့ၿမိဳ႕နယ္၊ ကရင္ျပည္နယ္ မွ (၁)ေကာ့ကရိတ္ၿမိဳ႕နယ္၊ (၂) ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ခ်င္းျပည္နယ္ မွ (၁) ကန္ပက္လက္ၿမိဳ႕နယ္၊ (၂) ထန္တလန္ၿမိဳ႕နယ္၊ (၃) ပလက္ဝၿမိဳ႕နယ္၊ (၄) တြန္းဇံၿမိဳ႕နယ္၊ (၅) မင္းတပ္ၿမိဳ႕နယ္၊ (၆) မတူပီၿမိဳ႕နယ္၊ (၇) ဖလမ္းၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး မွ (၁) ထီးခ်ိဳင့္ၿမိဳ႕နယ္၊ (၂) ေကာလင္းၿမိဳ႕နယ္၊ (၃) ပင္လည္ဘူးၿမိဳ႕နယ္၊ (၄) ခင္ဦးၿမိဳ႕နယ္၊ (၅) ဝက္လက္ၿမိဳ႕နယ္၊ (၆) ကနီၿမိဳ႕နယ္၊ (၇) ဒီပဲယင္းၿမိဳ႕နယ္၊ (၈) ပုလဲၿမိဳ႕နယ္၊ (၉) အင္းေတာ္ၿမိဳ႕နယ္၊ မေကြးတိုင္းေဒသႀကီး မွ (၁) ေပါက္ၿမိဳ႕နယ္၊(၂) ၿမိဳင္ၿမိဳ႕နယ္၊(၃) ေဆာၿမိဳ႕နယ္၊(၄) ထီးလင္းၿမိဳ႕နယ္၊(၅) ေရစႀကိဳၿမိဳ႕နယ္တို႔ ပါဝင္သည္။
ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီး မွ (၁) မိုးကုတ္ၿမိဳ႕နယ္၊ (၂) စဥ့္ကူးၿမိဳ႕နယ္၊ (၃) ငါန္းဇြန္ၿမိဳ႕နယ္၊
ရခိုင္ျပည္နယ္ မွ (၁) ရမ္းၿဗဲၿမိဳ႕နယ္၊ (၂) ေပါက္ေတာၿမိဳ႕နယ္၊ (၃) ပုဏၰားကြၽန္းၿမိဳ႕နယ္၊ (၄) ရေသ့ေတာင္ၿမိဳ႕နယ္၊ (၅) ဂြၿမိဳ႕နယ္၊ (၆) ေမာင္ေတာၿမိဳ႕နယ္၊ (၇) ဘူးသီးေတာင္ၿမိဳ႕နယ္၊ (၈) ေက်ာက္ေတာ္ၿမိဳ႕နယ္၊ (၉) မင္းျပားၿမိဳ႕နယ္၊ (၁၀) ေျမပုံၿမိဳ႕နယ္၊ (၁၁) ေျမာက္ဦးၿမိဳ႕နယ္၊ (၁၂) သံတြဲၿမိဳ႕နယ္၊ (၁၃) အမ္းၿမိဳ႕နယ္၊ (၁၄) ေတာင္ကုတ္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ မွ (၁) နမၼတူၿမိဳ႕နယ္၊ (၂) မဘိမ္းၿမိဳ႕နယ္၊ (၃) ကြတ္ခိုင္ၿမိဳ႕နယ္၊ (၄) နမ့္ခမ္းၿမိဳ႕နယ္၊ (၅) သိႏၷီၿမိဳ႕နယ္၊ (၆) ကြမ္းလုံၿမိဳ႕နယ္၊ (၇) နမ့္ဆန္ၿမိဳ႕နယ္၊ (၈) မန္တုံၿမိဳ႕နယ္၊ (၉) ဟိုပန္ၿမိဳ႕နယ္၊ (၁၀) ေလာက္ကိုင္ၿမိဳ႕နယ္၊ (၁၁) ကုန္းၾကမ္းၿမိဳ႕နယ္၊ (၁၂) မိုးမိတ္ၿမိဳ႕နယ္၊ (၁၃) ေက်ာက္မဲၿမိဳ႕နယ္၊ (၁၄) သီေပါၿမိဳ႕နယ္၊ (၁၅) မိုင္းလားၿမိဳ႕နယ္ တို႔ ပါဝင္ကာ ဇူလိုင္လ ၃၁ ရက္မွ စကာ ရက္ေပါင္း (၉၀) အထိ အတည္ျဖစ္ေၾကာင္း သိရသည္။
အေရးေပၚအေျခအေနေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားတြင္ အုပ္ခ်ဳပ္ေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔သည္ မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိေစရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၃၊ ပုဒ္မခြဲ (ခ) အရ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္၍ အဆိုပါၿမိဳ႕ နယ္မ်ား၏ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရး တာဝန္မ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အပ္ႏွင္းလိုက္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ယင္းလုပ္ပိုင္ခြင့္ႏွင့္ တာဝန္မ်ားကို မိမိကိုယ္တိုင္ က်င့္သုံးေဆာင္႐ြက္ျခင္း သို႔မဟုတ္ သင့္ေလ်ာ္သည့္ စစ္ဘက္အာဏာပိုင္တစ္ဦးဦးကို က်င့္သုံး ေဆာင္႐ြက္ေစျခင္း ျပဳႏိုင္မည္ ျဖစ္သည္။