“အဘတို့ကန့်သတ်ထားတာ (၁၅)ယောက်တည်းမဟုတ်ဘူးလားလို့ပြန်ပြောချင်တယ်” ပြည်ပလုပ်သား အေဂျင်စီကဏ္ဍ

 4911

Pearl (NP News)
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့လုပ်သားစေလွှတ်ရာတွင် အသက် (၁၈ - ၃၅) နှစ်အတွင်းရှိ လုပ်သားစေလွှတ်ခြင်းကို ကန့်သတ်ထားသည်။ ထို့ပြင် ထိုင်းနိုင်ငံကဲ့သို့ လုပ်ခစာ နည်းပါး သော နိုင်ငံများသို့စေလွှတ်ရန် Demand တစ်စောင်လျှင် လုပ်သား (၅၀)အထိ ခွင့်ပြုပေးထားသော် လည်း အလုပ်သမားဥပဒေခိုင်မာသော ၊ လုပ်ခလစာများသော ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် Demand တစ်စောင်လျှင် လုပ်သား (၁၅) ဦးသာ ခွင့်ပြုပေးထားကြောင်း သိရသည်။ ဂျပန်နိုင်ငံမှအလုပ် ခေါ်စာများသည် အလုပ်ရှင် မတူညီမှု၊ လုပ်ငန်းအမျိုးအစားမတူညီမှု၊ လုပ်ခလစာမတူညီမှု၊ နေရာဒေသ မတူညီမှုများကြောင့် Demand တစ်စောင်ထဲ၌ အထက်ပါကဲ့သို့ လုပ်သားဦးရေ (၁၅)ဦးသာ သတ်မှတ် ထားခြင်းမှာ အခက် အခဲများစွာရှိနေကြောင်းလည်း သိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ကိုင်သူများနှင့် ကျော်နုတို့ဆွေးနွေးထားချက်များကို NP News က ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပြည်ပကိုအလုပ်သမားပို့တဲ့အေဂျင်စီတွေနဲ့ ပြည်ပထွက်မယ့်လုပ်သားတွေကြားမှာ အခု လက်ရှိ ကြုံတွေ့နေရတာတွေကို ဆွေးနွေးပေးပါဦး။
ဆွေးနွေးဖော်(၁) - အလုပ်သမားဝန်ကြီးဌာနမှာ ညွှန်ချုပ် (၄)ယောက်ရှိတယ်။ ကျွန်တော်တို့ဆီ စာ တစ် စောင်ဝင်လာတယ်။ ဆိုလိုရင်းက အေဂျင်စီလိုင် စင်သက်တမ်းတိုးတယ်ပေါ့။ သက်တမ်းတိုးရင် ဝန်ကြီး ဌာနကတော့ ကိုယ်တွေဆီကို အီးမေးလ်ပို့လိုက်တာ။ သက်တမ်းတိုးဖို့လာပါဆိုရင် စာချုပ်စာတမ်းအစုံအ လင်နဲ့ အမြန်ဆုံးလာဖို့ အီးမေးလ်ပို့လိုက်တယ်။ ကိုယ်သွားတင်တုန်းကလည်း လူကိုယ်တိုင်သွား တင်ရ တယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းက အေဂျင်စီလိုင်စင် သက်တမ်းတိုးဖို့ ဝန်ကြီးဌာနကစာပို့တယ်။ စာပို့လို့ ကိုယ်ကသွားရင် ပုံမှန်ဆို ဦးမောင်မောင်သန်းလက် ထက်မှာ (၃)ယောက်တွဲထိုင်ခုံ ရှေ့တစ်တန်း နောက် တစ်တန်း သူတို့လျာထားတယ်။ ထုံစံအတိုင်း ဝင်ခွင့်ပြုပါ၊ ထိုင်ခွင့်ပြုပါလို့ပြောပြီး ထိုင်ရလေ့ရှိတယ်။ တကယ်ဆို ညွှန်ချုပ်တွေရဲ့ထုံးစံက လုပ်ငန်းအဆင်ပြေ လား၊ ဘာတွေလိုအပ်လဲဆိုပြီး ပြောတာ။ အခု တစ်ခေါက်သွားတော့ ဘာတွေပြောလွှတ်လိုက်လဲဆိုတော့ အခုထိုင်းကို အယောက် (၅၀)၊ ဂျပန်ကို (၁၅) ယောက်။ ပိုက်ဆံရှာပေးနေတာ ကျွန်တော်တို့။ သူသည် ထိုင်းသံအမတ်ကြီးဖြစ်ခဲ့လို့လား။ ဖြစ်ခဲ့စဉ် ကလည်း အေဂျင်စီတွေနဲ့ သူ စည်းမကပ်ပါဘူး။ သူ စတက် လာတည်းက အေဂျင်စီတွေကို လုံးဝ ခါးခါး သီးသီး။ တွေ့လည်းအတွေ့မခံဘူး။ လိုရင်းပြောရရင် အခု တစ်ခေါက်သွားတာလည်း ညွှန်ချုပ်က ခင်ဗျား Demand တင်ထားသေးလားတဲ့။ ရှေ့မှာ (၁၈ - ၃၅) ဆိုပြီးတော့ မကန့်သတ်ခင်တုန်းက တင်ထားတာ လားတဲ့။ မတိုင်ခင်တုန်းကရော၊ အဲဒါပြီးမှရော တင် ထားပါတယ်ဆိုတော့ (၂၃- ၃၂) ကန့်သတ်တုန်းက တင်တာဆိုတော့ အဲဒါနဲ့လွတ်အောင် အင်တာဗျူးဖြေပြီးတင်ထားတာ။ အလုပ်သမားဝန်ကြီးဌာနကတော့ ပြန်မကျသေးပါဘူးဆိုတော့။ အခု ခင်ဗျားလုပ်သား တွေကောရှာနေ လားတဲ့။ လုပ်သားရှာတဲ့နေရာမှာ ခင်ဗျားတို့က လုပ်ငန်းပိုင်ရှင်သေးသေးလေးတွေကို သွားသွားပြီးတော့ မားကက်တင်းဆင်းရုံလောက်နဲ့မပြီးဘူး တဲ့။ ခင်ဗျားတို့လုပ်ရမှာ အလုပ်သမား အဖွဲ့ အစည်းဆိုတာရှိ တယ်တဲ့။ အဲဒါတွေမှာ ဟိုရက်ကပဲ Call ခေါ်လို့တဲ့ သူကိုယ်တိုင်တွေ့လိုက်တာတဲ့ လုပ်သား (၁၀ဝဝ)၊ (၁၅၀ဝ)လောက်လိုတယ်လို့ပြောတယ်တဲ့။ အဲဒါမျိုးနဲ့ချိတ်ပြီး ဘာလို့မပို့လဲတဲ့။ စိတ်ထဲက ပြန် ပြောချင် နေတာက ကန့်သတ်ထားတာ (၁၅)ယောက် မဟုတ်ဘူးလားလို့။ ကျွန်တော့်ကို (၁၀ဝဝ)တွေ (၁၅၀ဝ) တွေပြောနေတာ။ အဘတို့ကန့်သတ်ထားတာ (၁၅)ယောက်မဟုတ်ဘူးလားလို့ ပြောချင်တာ။ ဒါပေမဲ့ ဟုတ်ကဲ့ ကျွန်တော်တို့ ကြိုးစားပြီးရှာနေပါတယ်ကလွဲရင် ပြောစရာမရှိဘူး။ တကယ့်တကယ်က ကျွန် တော်တို့သည်လည်း အလုပ်သမားသမဂ္ဂအဖွဲ့ တွေနဲ့ပဲချိတ်ထားတာ။ လုပ်ငန်းရှင်နဲ့ တိုက်ရိုက်ချိတ်လို့ မရဘူး၊ ချိတ်ခွင့်မရှိဘူး။ ကျွန်တော်တို့က ကလေးတွေကိုရှာဖွေရတယ်။
ဂျပန်စာဖွင့်ထားတဲ့သင်တန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ခေါ်ရတယ်၊ မွေးထုတ်ရတယ်၊ ပြုစုရ တယ်။ အဲဒီလိုပဲ ဟိုဘက်မှာလည်း သူတို့နယ်မြေဒေသပေါ့ တိုကျိုဆို တိုကျို၊ အိုဆာကာဆို အိုဆာကာ။ အဲဒီမြို့ကြီးထဲက မြို့နယ်လေးတွေက အလုပ်သမားသမဂ္ဂတွေနဲ့ စက်ရုံဆိုစက်ရုံ၊ ဘိုးဘွားစောင့်ရှောက် တဲ့‌ ဂေဟာတွေ အကုန်လုံးချိတ်ပြီး မားကက်တင်းလိုက်ဆင်းရတယ်။ အလုပ်သမားလိုလား။ အဲဒီကနေ လိုအပ်တာတွေကို ကျွန်တော်တို့ချက်ချင်းပို့ရတယ်။ ပို့လိုက်တာကိုမှ သူတို့မှာ အကန့်အသတ်ရှိတယ်။ ဘာအကန့်အသတ်ရှိလဲဆိုရင် (၁၀)ယောက် (၁)ယောက် အချိုးရှိတယ်။ ဂျပန် (၁၀)ယောက်မှာ နိုင်ငံ ခြားသား(၁)‌ ယောက်ဆိုပြီး အချိုးရှိတယ်။ ဘာဖြစ်သေးလဲဆိုတော့ ဒီလုပ်သားတစ်ယောက်လာဖို့ အတွက် Insurance တင်ရတယ်။ ကြိုပြီးပြင်ဆင်ကြတယ်။ ဂျပန်လူမျိုးဆို တာ ဘာမဆိုကြိုလုပ်တယ်။ နောက်(၆)လမှာ လာမယ့်အတွက်ကို ဒီဘက်မှာ ကြိုပြင်ဆင်ထားတယ်။ အဲဒီအတွက် ကုန်ကျစရိတ် တွေက အများကြီး။ နိုင်ငံထဲကို ပြည်ဝင်ခွင့်ဆိုတဲ့ COE ကျဖို့အတွက်ကို သူတို့ရဲ့လုပ်ငန်းထဲက Insurance ပေါ့။ ဥပမာအားဖြင့် လုပ်သားတစ်ယောက်ကို ရမ်းခေါ်တာမျိုးမဟုတ်ဘဲ ဒီလုပ်သားအတွက် ဘယ်လောက်အဆင်ပြေအောင် လုပ်ထားပေးလဲဆိုတာကို Immigration က လာစစ်သေးတာ လုပ်ငန်းကို။ ဥပမာ အဆောင်စီစဉ်ထားလား။ အဆောင်နဲ့အလုပ်နဲ့ကို သွားဖို့လာဖို့ ကားစီစဉ်ပေး ထားလား။ နောက်ဆုံး အနည်းဆုံး စက်ဘီးစီစဉ်ပေးထားလား။ အိမ်မှာနေဖို့အတွက်ကို မွေ့ရာရှိလား၊ စောင်ရှိလားက အစပေါ့။ Heater ရှိလား Aircon ရှိလားပေါ့။ Aircon ကတော့ ဂျပန်မှာ လိုတဲ့နေရာလို တယ်။ တချို့နေရာတွေလိုတယ်။ ဒီနေရာမှာ လုပ်သားကို ဘယ်လောက်ထိလုပ်ပေးထားလဲ။ နောက် တစ်ခါ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လောက်လုပ်ထားလဲ အကုန်ကြည့်တာ။ နောက်တစ်ခုက အဲဒီ (၆)လမှာဝင်မယ့်လုပ်သားအတွက်သည် ရှေ့မှာ အဲဒီ အလုပ်ကို လုပ်နေတဲ့လူ ဥပမာ ဗီယက်နမ် လူမျိုး ပေါ့။ စီနီယာတစ်ယောက်ပေါ့။ အဲဒီနေ့မှာသူနားရင် နောက်တစ်ရက် မြန်မာလူမျိုး ရောက်ပေါ့။ အဲဒီ လောက်ထိ တိတိကျကျထွက်တာ။ အကုန်လုံးကို စနစ်တကျ ချိန် ကိုက်ပြင်ဆင်ထားတာ။ ကျွန်တော်တို့ ဘက်မှာကျတော့ လုပ်ချင်တာ၊ ဖြစ်ချင်တာကိုပဲ သူတို့က ဦးစားပေးပြီးလုပ်တယ်။ ကျန်တဲ့နောက်ဆက် တွဲဖြစ်လာမယ့်အရာတွေ မင်းတို့ဖြစ်ရင်မင်းတို့ခံဆိုတဲ့ အနေအထားမျိုးဖြစ်လာတော့ အခု နောက်ဆုံး ကျတော့ အဲဒီ ရဲ့အကျိုးဆက်က ဘာတွေဖြစ်လာလဲဆိုတော့ ကောင်းကောင်းမထွက်တာပေါ့။ OWIC ကတ်အတွက်ကိုလည်း မြောက်ဒဂုံ ပင်လုံမှာ ကျောင်းတက်ရ တယ်။ One Stop Service အနေနဲ့ ကတ်ပြားလုပ်ပေးတယ်။ ကတ်ပြားလုပ်ပြီးတော့ တစ်ခါတည်း ထုတ်ပေး လိုက်တာ။ ကျောင်းတက်တာ ဂျပန်အနေနဲ့ပဲပြောမယ်နော်။ တစ်ပတ်ကို (၄)ရက်တက်ရတယ်။ တစ်ရက်မှာ လူ (၂၀ဝ)နဲ့ (၂၅၀)ကြားမှာ ရှိတယ်။ ဆိုလိုတာက တစ်ပတ်အတွင်းကို လူ (၈၀ဝ)နဲ့ (၁၀ဝဝ) ကြားထွက်တယ်။ အခုဟာက တစ်ပတ် လုံးမှ လူ(၆၀)နဲ့(၁၃၀)ကြားပဲ ကျောင်းတက်ဖို့ချပေးတာ။ အရင်တုန်းက (၈၀ဝ)နဲ့ (၁၀ဝဝ)ကြား လောက် က အမြဲတမ်း အပတ်စဉ်ထွက်ဖို့အဆင်သင့်ဖြစ်နေတယ်။ အလယ်ကနေပြီးတော့ Demand တွေ တင် ထားတာတွေကျလာပြီဆိုရင် မြို့နယ်အလုပ်သမားရုံးမှာ စံစာချုပ်ဆိုတာချုပ်ရတယ်။ အင်တာဗျူးတစ်ခု လုပ်လိုက်ပြီဆိုရင် ဥပမာ ဘိုးဘွားစောင့်ရှောက်ဖို့အတွက် (၃)ယောက်ချ‌ပေးလိုက်ပြီဆိုရင် ဒီဘက်မှာ (၃) ဆဖြစ်တဲ့ (၉)ယောက်ထည့်ပေးရတယ်။ (၅)ယောက်ပေးရင် (၁၅)ယောက်ထည့်ပေးရတယ် ဂျပန် ဘက် ကို။ ဆို တော့ လူ(၁၅)ယောက်သည် ဒီအတိုင်းမရဘူး။ အချိန်အားဖြင့် (၈)လကနေ (၁)နှစ်အထိ ဂျပန်စာ ကို N 4 အထိ အောင်အောင်သင်ရတယ်။ အဲဒီကာလသည် (၈)လကနေ (၁)နှစ်အထိကြာတယ်။ ပြီးရင် ဘာနဲ့သွားမလဲဆိုတဲ့လမ်းကြောင်းရွေးရတယ်။ ဘိုး ဘွားစောင့်ရှောက်ဆိုရင် N 4 အောင်မှ ဘိုးဘွား စောင့်ရှောက်အထူးပြုအတွက် ထပ်သင်ရတယ်။ အဲဒါ အ နည်းဆုံး (၄)လလောက်ကြာတယ်။ အဲဒီတော့ ဘိုးဘွားစောင့်ရှောက်ကျွမ်းကျင်လုပ်သားတစ်ယောက် ဖြစ်ဖို့။ အဲဒါ Certificate မှာဖြစ်တာ။ ဘာတတ် လဲဆိုရင် ဘာမှမတတ်။ ဘာကြောင့်လဲဆိုရင် ဗမာတွေ ထုံးစံအတိုင်း ကျက်ပြီးဖြေတယ်။ သူ့မှာတော့ ဂျပန်စာ Level N4 Pass ဖြစ်တယ်။ အဲဒီ N 4 ကလည်း JLPT လို့ပြောတဲ့ အမြင့်ဆုံးအဆင့်စာမေးပွဲ ဖြေပြီးမှ။ အဲဒါကြောင့်လည်း မနက်အစောကြီးတွေ ပြေးလွှားပြီး ဖြေကြတာ။ အဲဒါအောင်မှ ကျွမ်းကျင် စာမေးပွဲဖြေလို့ ရမှာ။ အဲဒီတော့ (၁၆)လလောက် အတိုင်းအတာက ပိုက်ဆံရှိတဲ့လူတွေ တော်ရုံတန်ရုံ အလယ်အလတ် တန်းစားတွေဆိုရင် အဆင်ပြေတယ်။ နယ်ကနေလာ တဲ့လူတွေ၊ တချို့ဆိုရင် မိဘတွေ မရှိကြတော့ဘူး။ တချို့ဆို စစ်ရှောင်နေကြတဲ့လူတွေရှိတယ်။ တချို့ဆိုရင် ဒီကိုရောက်လာတယ်၊ အ ဆောင်နေကြတယ်။ မိဘရော တစ်မိသားစုလုံးရော ဘယ်ပြေးလို့ပြေးနေမှန်းမသိ အဆက်အသွယ် မရ ကြတော့ဘူး။ သေလား၊ ရှင်လားလည်းမသိ။ အဲဒီလိုလူမျိုးတွေ ဂျပန်သွားဖို့ အတွက်ကို ရင်းနှီးမြှုပ်နှံထား တဲ့အချိန်ကာလတွေ၊ ပိုက်ဆံတွေ နောက်တစ်ခုက ဒီလိုမျိုး သားသမီးတွေ ရန်ကုန်မြို့လို နေရာမှာ အဆောင်နဲ့နေပြီးတော့ စားစရိတ်သောက်စရိတ် သွားလာစရိတ်နဲ့ ပညာသင်ကြား စရိတ်အတွက်ကို သူ့မိဘတွေသည် ဒါတွေကို ပေါင်နှံရောင်းချပြီးတော့ ရင်းနှီးမြှုပ်နှံလာတာ။ ဟိုရောက်ရင်တော့ သူတို့ ဘဝပြောင်းလဲလာမှာ။ မရောက်ခင် စပ်ကြားမှာ ထားပါတော့ တခြားတစ်ခုခုကြောင့် စာဆက် မသင်နိုင် တဲ့ကလေးတွေလည်းရှိနိုင်သလို ခုနကပြောတဲ့ (၁၆)လလောက် ရင်းနှီးမြှုပ်နှံပြီး အင်တာဗျူးဝင်လိုက်လို့ တစ်ခုအောင်ရင်တော့ ပြီးပြီပေါ့။ အဲဒီလို (၁၆)လလောက်ရင်းနှီးပြီး အင်တာဗျူးအောင် သွားပြီးရင် ကျွမ်း ကျင်တစ်ယောက်အနေနဲ့ ဟိုအရင် တုန်းကတော့ ထွက်ဖို့ကို အနည်းဆုံး (၆)လလောက် ကြာတယ်။ အဲဒီ မှာ COE ကျလာဖို့ စောင့်တယ်။ သူ အင်တာဗျူးဖြေတယ်။ အောင်တယ်ဆိုရင် သူရဲ့ ဂျပန် ဘက်ခြမ်းကို လည်း သူရဲ့ Certificate တွေ၊ Passport တွေနဲ့တင် ဂျပန်ပြည်ဝင်ခွင့်ရလိုက်တာ။ ဒီဘက်မှာလည်း တစ် လက်စတည်း အလုပ်သမား ဝန်ကြီးဌာနကို Demand တင်တယ်။ ဂျပန်က မှန်းလို့ရတယ်။ (၂)လခွဲနဲ့ (၃)လ နေရင် COE ပြန်ကျ တယ်။ ဒီမှာက စပြီ။ တင်လိုက်ပြီးရင် အလုပ်သမား ဝန်ကြီးဌာနကလည်း ဒါတွေကို နည်းနည်းလေးတင်း ကြပ်ထားတာဖြစ်တဲ့အတွက် စာရွက်စာတမ်းတွေဆို အမှားလုံးဝမခံဘူး။ တင်တာက Email နဲ့တင်ရ တာ။ နာမည်စာလုံးပေါင်းမှားတာနဲ့၊ နောက်ဆုံးရက်စွဲ မှားတာက ချက်ချင်း အရေးတယူလုပ်ခိုင်းတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေလုပ်ရင်းနဲ့ပဲ Demand တစ်စောင်သည် (၄)လ၊ (၆)လ လောက်မှာ ပြန်ကျတယ်။ သေချာတာ ကတော့ ဘယ်လိုပဲဖြစ်နေပါစေ ဂျပန်ထက်တော့ ပိုကြာတာပေါ့။ အဲဒါကို အရင်ကတည်းက ဂျပန်တွေက Complaint တက်တယ်။ မင်းတို့ဆီကနေ လူ(၁)ယောက်ခေါ်ရင် (၆)လလောက်ကြာ တယ်။ ဗီယက်နမ်က လူတစ်ယောက်ခေါ်ရင် COE ကျပြီး (၃)ပတ်အတွင်းမှာရောက် တယ်။ COE ကျတာ (၂)လ ၊ (၃)လအတွင်း။ ကျပြီး (၃)ပတ်ကျော်ရင် အဲဒီလူက ဂျပန် ရောက်ပြီ။ မြန်မာ မှာက အဆင့်ဆင့်ကို ဖြတ်ပြီးမှ နောက်ဆုံးမှရောက်တာ။ ဒါတောင်မှ အရင်တုန်းက နေပြည်တော် ကို မတင်ခင်မှာ ရန်ကုန်မှာ ရှိတဲ့ MOEA ရုံးချုပ်ကနေပြီးတော့ ထောက်ခံစာသွားယူ။ (၈)မိုင် မှာရှိတဲ့ အလုပ် သမားရုံးမှာ ဦးစိုးနိုင်ရဲ့ လက်မှတ်ယူ။ ယူပြီးတော့မှ စုံသွားတော့မှတင်လို့ရတာ။ အခု အဲဒီအဆင့်ကျော် သွားလို့ (၄)လလောက် ဖြစ်သွားတာ။ အဲဒီ(၄)လလောက်မှာ Demand က ပြန်ကျလာပြီဆိုရင် ဒီကလေး ကိုခေါ်ပြီးတော့ အလုပ် သမားဝန်ကြီး ဌာနကဖွင့်ထားတဲ့ မြို့နယ်ရုံးမှာသွားပြီးတော့ ဒီကလေးရယ် အေဂျင်စီ ရုံးမှာရှိတဲ့တာဝန်ခံ ရယ်၊ ပြီးတော့ ဒီကလေးကို ဂျပန်ဘက်ခြမ်းကပေးထားတဲ့စာရွက်စာတမ်း တွေရယ် အလုပ်ရှင် အလုပ် သမားစာချုပ်ရယ်။ အဲဒီမှာ စာချုပ်ထဲမှာပါတဲ့ လစာကိုကြည့်တာ။ ဂျပန် ထုံးစံ အတိုင်းပဲပြောလိုက်မယ်။ ယန်း (၁၅)သောင်း၊ (၁၇)သောင်း။ ဂျပန်တွေက သောင်းနဲ့သုံးတာ။ အဲဒါ ကိုကြည့်ပြီးတော့ လစဉ် မိသားစုထံလွှဲငွေကို မှန်မှန် ကန်ကန်နဲ့ မိသားစုထံပြန်လွှဲပါမယ်ဆိုတဲ့အဆင့်ကို လုပ်ထားတာ။ တကယ်တော့ ဘာမှမရှိဘူး။ ဥပမာ ထားပါတော့ လုပ်သားကို မှန်မှန်ကန်ကန်နဲ့မပို့ဘဲ လိမ်ပို့မှာစိုးရိမ်တာထက်စာရင် သူတို့စိတ်ထဲမှာ စိတ် ပူတာက မိသားစုထက် လွှဲငွေ ဒီ(၂၅) ရာခိုင်နှုန်းကို မလွှဲမှာကြောက်လို့။ ပြီးတော့ လစာကို လိမ်တာတို့ဘာ တို့လုပ်မှာကြောက်လို့။ ဒီအလုပ်ရှင် အလုပ် သမား စာချုပ်ကြီးကိုယူပြီးတော့ မြို့နယ်မှူးနဲ့လုပ်သားနဲ့ အေဂျင်စီနဲ့ သဘောတူညီ‌ကြောင်း လက်မှတ် ထိုးရတယ်။ လက်မှတ်မထိုးခင် ဘာလုပ်ရလဲဆိုတော့ CB Bank မှာ ဒီကလေးရဲ့ မိသားစုဝင်သော်လည်း ကောင်း မောင်နှမသားချင်းသော်လည်းကောင်း သန်းခေါင်းစာ ရင်းထဲမှာပါတဲ့ တစ်ဦးဦးနဲ့ Joint Account ဖွင့်ပြီး မြို့နယ်အလုပ်သမားရုံးက ဦးစီးလက်မှတ်လိုတယ်။ အဲဒီလက်မှတ်ပါမှ သင်တန်း ကျောင်းတက်ရတာ။ သင်တန်းကျောင်းတက်ပြီးသွားရင် ကတ်ပြားလုပ်။ One Stop နဲ့ကတ်ပြားလုပ်ပြီး ထွက်ပြီဆိုရင် အရင်တုန်းကတော့ ပြည်ပထွက်ခွာခွင့်တင်စရာမလိုဘူး။ အခုတင်ရတယ်။ မင်္ဂလာဒုံ လေဆိပ်ကို အဖွဲ့ပေါင်း (၉)ဖွဲ့ရှိတယ်။ အဲဒီ (၉)ဖွဲ့ကို မနက်ဖြန်ကလေးထွက် မယ်ဆိုရင် လေယာဉ် လက်မှတ် အကုန်စာရွက်စာတမ်း အကုန်ပါရမယ်။ မနက်ဖြန်ထွက်မယ်ဆိုရင် ဒီနေ့လိုမျိုးမှာ အေဂျင်စီ သည် လေဆိပ်ကိုသွားပြီး ဌာနတစ်ခု ချင်းစီအလိုက်ကို စာရွက်အထုပ်လိုက်နဲ့ အဖွဲ့ (၉)ဖွဲ့ အတွက် စာရွက်စာတမ်း (၉)စုံကို တစ်ဖွဲ့စီးချင်လိုက်တင်ရတာ။ အခုချိန်ထိလည်း Email တို့ ဘာတို့နဲ့ အလုပ်လုပ် ရကောင်းမှန်း မသိသေးဘူး။ သိလည်း မလုပ်ဘူးလား မပြောတတ်ဘူး။ ဒီနေ့ ကိုယ်တွေ သွားတင်ထား တယ်မလား မနက်ဖြန်ကျရင် မင်းတို့ ဒါတွေ မတင်ထားဘူးလားဆိုပြီး ပြန်ရန်တွေ့ခံရတယ်။ မဟုတ်ပါ ဘူး မနေ့က လာတင်ထားပါတယ် သေချာရှာကြည့်ပါဦးဆိုမှ စာရွက်ပုံထဲမှာရှာပြီး ကိုယ့်စာရွက် ထွက် လာတယ်။ အဲဒါမျိုး ခဏခဏကြုံတယ်။ အဲဒီ လို အဖွဲ့(၉)ဖွဲ့ကို အစုံ(၉)စုံကိုအရင်ပို့ပြီးတော့မှ လေယာဉ် ကွင်းကိုလိုက်ပို့ရတာ။ ဒါအရင်တုန်းက။ ဟိုးစတဲ့အချိန်တည်းကနေ အခု ဇန်နဝါရီ(၃၀)မတိုင်ခင်အထိ။ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး (၁၈-၃၅)ပိတ်ထားတယ်။ အရင် မေလ (၁)ရက်တုန်းကတော့ ဘာ ထုတ်ပြန်လဲဆိုတော့ အသက် (၂၃- ၃၂) အတွင်း ဘာထူးခြားလဲဆိုတော့ အဲဒီတုန်း က ဦးမောင်မောင် သန်းတို့ ဝန်ကြီး ဦးမြင့်နောင်တို့ လက်ထက်တုန်းက။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ အဲဒီ ရှေ့မှာတုန်းက တင်ထားတဲ့ အသက်(၂၃- ၃၂)အ တွင်းယောကျာ်းလေးကို သူတို့ထုတ်ပြန်ထားတာမတိုင်ခင် အထိတင် ထားတဲ့ ယောကျာ်းလေးကို ခွင့်ပြု တယ်။ အဲဒီနေ့နောက်ပိုင်းတင်တဲ့လူကို ကန့်သတ်တာ။ အခုက အဲဒီ လိုမဟုတ်တော့ဘူး။ ဒီတစ်ခေါက်စာ ထုတ်လိုက်တဲ့နောက်ပိုင်း ရှေ့မှာ ဘယ်လိုပဲတင်ထား တင်ထား (၁၈-၃၅)အငြိ အကုန်ပိတ်။ ယောကျာ်း လေးကိုကန့်သတ်လိုက်ပေမယ့် မိန်းကလေးတွေကို ရှင်းရှင်း ပြောရရင် ယာယီရပ်ဆိုင်းထားတဲ့သဘော။ (၄)လလောက်ကြာသွားတယ်။ အဲဒီနောက်မှ ရှေ့ မှာတင် ထားတဲ့မိန်းကလေးတွေ တစ်ပတ်ကို သင် တန်းတက်ခွင့်အနေနဲ့ (၆၀)နဲ့(၁၃၀)ကြားကို ခွင့်ပြုတာ။ ဘာ တွေပိုလာလဲဆိုတော့ စံစာချုပ်ချုပ်ခွင့်ဆို တာကို မြို့နယ်အလုပ်သမားရုံးမှာတင်ရတယ်။ အဲဒီ မှာ စာချုပ်ချုပ်ပြီးမှ သင်တန်းကျောင်းတက်ခွင့်ရတာ။ အဲဒီကမှ ကတ်ပြားရမှ ပြည်ပထွက်ခွာခွင့်ထပ်တင်ရ တယ်။ ပြည်ပထွက်ခွာခွင့်ရပြီဆိုမှ အဲဒီမှာ သူတို့က ဘယ်တော့မှကျမလဲဆိုတာမသိဘူး။ အဲဒီ‌တော့ လေ ယာဉ်လက်မှတ်က ကြိုဝယ်ထားရင် ဆုံးမှာ။ အဲဒီ တော့ လူတွေက ဘိုကင်ပဲတင်လို့ရတယ်။ အဲဒီဘိုကင် အတွက်ကို Air Line တွေက ဘိုကင်စာရွက်အတု လုပ်။
မေး - အဲဒီမှာလည်း မားကက်ရှိနေတာပေါ့နော်။
ဆွေးနွေးဖော် - နေရာတိုင်းမှာ မားကက်ရှိနေတာ။ နေရာတိုင်းမှာဖြစ်နေတာ။ အဲဒီတော့ အဲဒီမှာ ဘိုကင် ရမှ ဘိုကင်နဲ့ ထွက်ခွာခွင့်ဆိုပြီးတင်။ ထွက်ခွာခွင့်ကျ တော့မှ တကယ်လေယာဉ်လက်မှတ်ဝယ်ရတယ်။ ဒါပေမဲ့ အရင်တုန်းက တစ်ပတ်ကို (၈၀ဝ)နဲ့ (၁၀ဝဝ) ကြားထွက်နေတာ။ လူ (၆၀) နဲ့ (၁၃၀) ကြားပဲ တက် ခွင့်ပေးတာ။ ပြန်ပြီးတော့ ပြည်ပထွက်ခွာခွင့်ကို ချပေး ဖို့ကျတော့ တစ်လလုံးနေမှ (၅၀)တို့၊ (၇၀) တို့ပဲချ ပေးတာ။ ချတော့ချပေးတယ်။ ဟိုးအရင်တုန်းက ကြာ နေတဲ့ဟာတွေ။ (၁၈-၃၅)နဲ့ပိတ်သွားပြီး (၄)လ လောက်ကြာနေတဲ့လူတွေပဲချပေးတာ။ အခုနောက် ပိုင်း ထွက်ခွာခွင့်ချပေးတာမရှိတော့ဘူး။
မေး - အဲဒါဆို JLPT ဆိုပြီး စာမေးပွဲဖြေနေတဲ့ ကလေးတွေက နည်းတာမဟုတ်ဘူး။ အဲဒီကလေး တွေရဲ့ အခွင့်အရေးကကော။
ဆွေးနွေးဖော် - ဆုံးရှုံးတာပေါ့။ အခု ဘာဖြစ်နေလဲ ဆိုတော့ ကျွန်တော်တို့နဲ့စာချုပ်ချုပ်ထားတဲ့ ဂျပန် သမဂ္ဂက ကုမ္ပဏီတွေရှိတယ်။ အဲဒီလိုချုပ်ထားတာ (၁၄)ခုဆို (၁၀)ခုလောက်က အလုပ်မလုပ်တော့ဘူး။ လူမှမပို့နိုင်တာ။ မပို့နိုင်တော့ ပို့နိုင်တဲ့နိုင်ငံတွေဘက် ကိုကူးကုန်တာ။ ရှေ့မှာလည်း ပိတ်မိတဲ့လူတွေက လည်းအများကြီးဆိုတော့။ အခုဆို ဘယ်နိုင်ငံတွေ ရောက်ကုန်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးတိုင်းပြည်ကို သွားကုန်ပြီ။ အရင် တုန်းက မွတ်စလင် လုံးဝမခေါ်ဘူး။ အခုသူ့နိုင်ငံ လုပ်သားလိုအပ်ချက် တအားများလာတဲ့အခါကျတော့ နောက်တစ်ခုက မွတ်စလင်မှာလည်း ပွင့်ပွင့် လင်းလင်းပြောရရင် အစွန်းရောက်နဲ့ အမျိုးသားတွေကိုသာ၊ အမျိုးသမီးတွေကိုကျတော့ အရှက် အကြောက်ပိုကြီးတယ်။ ငြိမ်ကုပ်ကုပ်လေးနဲ့အလုပ်လုပ်ကြတဲ့လူတွေ ရှိတယ်။ အဲဒီတော့ မိန်းကလေး တွေကျတော့ လက်ခံတယ်။ နောက်တစ်ခု အင်ဒိုနီးရှား။ အဲဒီနိုင်ငံတွေ ရောက်ကုန်ပြီ။ ကိုယ့်နိုင်ငံနဲ့ အလုပ်မလုပ်တော့တဲ့ ကုမ္ပဏီ (၁၀)ခုက အဲဒီဘက်မှာ လုပ်သားတွေသွား ရှာနေတယ်။ ဂျပန်မှာက လုပ်သားစပြီးထွန်းကားတာ တရုတ်တွေ။ တရုတ်လူမျိုးက (၁၀)နှစ်လောက် အလုပ်လုပ်ပြီးချိန်မှာ ရှင်းရှင်းပြောရရင် တိုးတက်တဲ့ နိုင်ငံအဖြစ်ပြောင်းသွားပြီ။ ပွင့်ပွင့်လင်းလင်း‌ပြောရရင် ကျွန်သွားမခံ တော့ဘူး။ အလုပ်သွားမလုပ်တော့ဘူး‌ ပေါ့။ အဲဒီနောက်ပိုင်းမှာ ဗီယက်နမ်ကိုကူးတယ်။ ဗီယက်နမ် ကလည်းအခုချိန်မှာ (၁၅)နှစ်လောက်ဖြစ် သွားပြီ။ ဘာဖြစ်လာလဲဆိုတော့ မျိုးဆက်က (၅)ဆက် လောက်ဖြစ်သွားပြီ။ မျိုးဆက် (၅)ဆက်ဆိုတာ ဂျပန်က ဗီဇာက(၃)နှစ်ပေးတယ်။ ဒါ ကျွမ်းကျင် မဟုတ် ဘူးနော်။ ရိုးရိုး Training လုပ်သားကိုပြောတာ။ ကျွမ်းကျင်ဆို (၅)နှစ်ရတယ်။ မျိုးဆက်က (၅) ဆက်လောက်ဖြစ်သွားတဲ့အခါကျတော့ သူတို့က သွားမယ့်လူကုန်သွားပြီ လုပ်သားကုန်သွားပြီ။ အဲဒီ တော့ ဗီယက်နမ်မှာ လုပ်သားမကုန်ခင် နောက်ဆုံးမျိုးဆက် မတိုင်ခင်တစ်ဆက်မှာ လွန်ခဲ့တဲ့ (၅) နှစ် လောက်မှာ မြန်မာပြည်ကို စပြီးစိတ်ဝင်စားတယ်။ လုပ်သားတွေ ခေါ်တယ်။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံမှာက အိုက်တိုးပဂေးစံနဲ့သွားခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့ အနှစ် (၂၀)လောက်ကတည်းကရှိခဲ့တဲ့ Trend ပေါ့။ ဒါပေမဲ့ အဲဒီခေတ်တုန်းကလည်း သိတဲ့အတိုင်းပဲ အေးဂျင့်ဆိုရင် လူပွဲစားလား လူရောင်းစားလား ဆိုတဲ့ မျက်လုံးနဲ့ အကြည့်ခံခဲ့ကြတာ။ လွန်ခဲ့တဲ့ (၅)နှစ်မှာ အဲဒီ Trend ကပြောင်းလာတာ။ အေဂျင်စီတွေ အကုန်လုံး အစိုးရဘက်ကလည်း ပံ့ပံ့ပိုးပိုးရှိလာတာတွေလည်း ပါတာပေါ့လေ။ နောက် ဂျပန်ဘက် ကလည်း စေတနာပါလာတယ်။ အဲဒီတော့ လွန်ခဲ့တဲ့ (၅)နှစ်လောက်က မြန်မာပြည်ကို လူစခေါ်တယ်။ မြန်မာလူမျိုးသည် ဘာသာရေးအခြေအနေအရ‌ရော ဂျပန်လည်း နဂိုတည်းက ဗုဒ္ဓဘာသာအခြေခံတယ်။
ဆွေးနွေးဖော် (၂) - မြန်မာတွေကို စခေါ်တဲ့အချိန်မှာ မြန်မာတွေက နာခံတတ်တယ်၊ ကြိုးစားတယ်။ ပြီးရင် သနားကြင်နာတတ်တယ်။ ဘိုးဘွားစောင့်ရှောက်လုပ်ငန်းတွေမှာ အရမ်းကို ကိုက်ညီမှုရှိတယ် ဆို တဲ့အမြင်မျိုးရှိတယ်။ အဲဒီတော့ မြန်မာတွေ စခေါ်တဲ့အချိန်မှာ မြန်မာတွေကလည်း အခွင့်အရေးဆို ပြီးတော့သွားတယ်။ နောက်ပြီး ကြိုးစားကြ တယ်။ အဲဒီတော့ မြန်မာကို တော်တော်လေးခေါ်ချင် ကြ တယ်။ ပြီးတော့ တရုတ်ကို သူတို့သိပ်ခေါ်လို့မရ တော့ဘူး။ ဗီယက်နမ်ကလည်း သိပ်မလာကြတော့ဘူး။ အဲဒီတော့ သူတို့ခေါ်လို့အဆင်ပြေတာ လာအိုရှိ တယ်၊ တောင်ကိုရီးယားရှိတယ်၊ မြန်မာရှိတယ်။ သူတို့ က လေ့လာရင်းနဲ့ နံပါတ်(၁) မြန်မာနိုင်ငံရဲ့ ပညာရေး အခြေခံ၊ မြန်မာပြည်မှာ ပညာတတ်နှုန်းများတယ်။ သဘောကောင်းတယ်၊ သနားကြင်နာတတ်တယ်။ ပြီးတော့ မိသားစုနဲ့အတူနေပြီးတော့ မိသားစုကို ကြင်ကြင်နာနာ နွေးနွေးထွေးထွေးဆက်ဆံတယ်။ အဲဒါကြောင့် မြန်မာတွေက ဘိုးဘွားစောင့်ရှောက်ရေး မှာ အရမ်းကိုက်ညီမှုရှိတယ်ဆိုတဲ့အတွေးမျိုးတွေ ဂျပန် မှာရှိတယ်။ တောက်လျှောက် မြန်မာပြည်ကိုခေါ် တယ်၊ များလာတယ်။ အဆင်မပြေတာကတော့ အ ချိန်တော်တော်စောင့်ရတာတစ်ခုပဲပေါ့နော်။ သူတို့ ရောက်လာဖို့ ကြိုပြင်ဆင်ရတယ်ဆိုတော့ သူတို့ ဘက်မှာ ထွက်မယ်ဟေ့ဆိုပြီးဖြစ်ရင် (၆)လကျော် (၁)နှစ်လောက်တည်းက လူရှာထားရတယ်။ လူရှာ ထားပြီးတော့ အဲဒီအစား ဒီလူကိုထည့်မယ်ဆိုတဲ့ပုံစံ မျိုးနဲ့ အင်တာဗျူးပြီးတော့ရွေးထားရတာ။ ရွေးထားပြီး တော့ အဲဒီလူထွက်မယ့်အချိန်နဲ့ Timing ကိုက်ပြီး တော့ နောက်တစ်ယောက်ကိုထည့်တယ်။ အဲဒီပုံစံမျိုး သွားတာ။ အရင်တုန်းကတော့ တော်တော်အဆင် ပြေတယ်။ သူ့ဟာနဲ့သူလည်ပတ်နေတာ။ အခုနောက်ပိုင်း အကန့်အသတ်တွေများလာပြီးတော့ အခု နောက်ဆုံး ကန့်သတ်ချက်က ရုတ်တရက်ကြီးကန့်သတ်ပြီးတော့ လက်ရှိလုပ်ငန်းတွေ အကုန်လုံးကို ရပ်ပစ်သလိုဖြစ် ပြီးတော့ သွားလို့မရတော့ဘူး။ အဲဒီတော့ အကုန်လုံးကို Cancel လုပ်သလိုမျိုး ဖြစ်သွား တာ။ ကလေးတွေ က မျှော်လင့်ချက်ကြီးနဲ့စောင့်နေတာ။ ပွင့်ပွင့်လင်း လင်းပြောရရင် အေဂျင်စီ Fees က တစ်စိတ်တစ်ပိုင်း အနေနဲ့သွင်းရတယ်။ ဟိုဘက်ဒီဘက်ကြည့်ပြီးတော့ သွင်းရတယ်။ တချို့ကျ တော့ ဂျပန်ဘက်က လူကိုခေါ် မယ်လို့ပြောပြီးသွားရင် ဒီလူအတွက်ကို ပြင်ဆင်ရပြီ။ ဒီလူက ရုတ်တရက်ကြီး မလုပ်တော့ဘူး‌ပြောလိုက်ရင် ကျွန်တော်တို့အေဂျင်စီတွေကပဲ ဖြေရှင်းရတယ်၊ တောင်းပန်ရတယ်။ ကတိမတည်ဘူးဆိုပြီးပြောတယ် ပေါ့နော်။ အဲဒီတော့ ဒီကလေးသည် လွယ်လွယ်ကူကူ နဲ့ ကြိုမထွက် အောင် အေဂျင်စီ Fees တွေ ကြိုယူရတယ်။ အဲဒီတော့ သူတို့သည် ဒီကြိုသွင်းငွေကို မရှိတဲ့ လူက ချေးငှားပေါင်းနှံပြီးသွင်းရတယ်။ ဟိုဘက် ရောက်ရင်တော့ လွယ်သွားပြီ။ တစ်လစာတောင်မရှိ ဘူး။ အဲဒီ တော့ အဲဒါကို ခေါင်းထဲတော့သိပ်မရှိကြ ဘူး။ အရင်တုန်းက Pressure သိပ်မရှိဘူး။ အဲဒါတွေ မျှော်လင့် ထားပြီး Process တွေအကုန်လုပ်ပြီးစောင့် နေတဲ့အချိန်မှာ ရုတ်တရက် အသက်တွေကိုကန့်သတ် လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ကတော့ ဂျပန်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောနေရတော့ တောက် လျှောက်သူတို့မေးတာ ပြောတာခံရတာပေါ့။ ပြဿနာရှာတဲ့လူကရှာ။
ဆွေးနွေးဖော် (၁) – Demand လာတဲ့ရက်နဲ့ အဲဒီ လုပ်သားရောက်တဲ့ရက်ကို အတိအကျသတ်မှတ်ထား တယ်။ ဒီဘက်ကတော့ (၁)ပတ်တိုး၊ (၁)ပတ်ဆုတ် ညှိညှိနှိုင်းနှိုင်းနဲ့ဆောင်ရွက်ထားတယ်။ အဲဒီလောက်ပဲ ခွာတာ။ အဲဒီရက်အတွင်း ခေါ်လို့ရနိုင်လားဆိုပြီး အာမခံချက်တောင်းတယ်။ အဲဒီတော့ သူတို့ အင်တာဗျူး ကိုအာမခံပြီး သွားဖြေလို့မရပြန်ဘူး။ အဲဒီလိုဖြစ်နေ တာ။ အခုဆိုရင် ဘယ်နေ့ဘယ်ရက်ဝင်ရမယ်ဆိုတာ ရေးထားတာကိုအများကြီး။ ရှေ့ကခေါ်ထားတဲ့လူတွေ တောင်မရောက်သေးဘူးဆိုပြီး ဖြစ်သွားရော။
(အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
“အဘတို႔ကန႔္သတ္ထားတာ (၁၅)ေယာက္တည္းမဟုတ္ဘူးလားလို႔ျပန္ေျပာခ်င္တယ္”
ျပည္ပလုပ္သား ေအဂ်င္စီက႑
Pearl (NP News)
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔လုပ္သားေစလႊတ္ရာတြင္ အသက္ (၁၈ - ၃၅) ႏွစ္အတြင္းရွိ လုပ္သားေစလႊတ္ျခင္းကို ကန႔္သတ္ထားသည္။ ထို႔ျပင္ ထိုင္းႏိုင္ငံကဲ့သို႔ လုပ္ခစာ နည္းပါး ေသာ ႏိုင္ငံမ်ားသို႔ေစလႊတ္ရန္ Demand တစ္ေစာင္လွ်င္ လုပ္သား (၅၀)အထိ ခြင့္ျပဳေပးထားေသာ္ လည္း အလုပ္သမားဥပေဒခိုင္မာေသာ ၊ လုပ္ခလစာမ်ားေသာ ဂ်ပန္ႏိုင္ငံသို႔ လုပ္သားေစလႊတ္ရာတြင္ Demand တစ္ေစာင္လွ်င္ လုပ္သား (၁၅) ဦးသာ ခြင့္ျပဳေပးထားေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံမွအလုပ္ ေခၚစာမ်ားသည္ အလုပ္ရွင္ မတူညီမႈ၊ လုပ္ငန္းအမ်ိဳးအစားမတူညီမႈ၊ လုပ္ခလစာမတူညီမႈ၊ ေနရာေဒသ မတူညီမႈမ်ားေၾကာင့္ Demand တစ္ေစာင္ထဲ၌ အထက္ပါကဲ့သို႔ လုပ္သားဦးေရ (၁၅)ဦးသာ သတ္မွတ္ ထားျခင္းမွာ အခက္ အခဲမ်ားစြာရွိေနေၾကာင္းလည္း သိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီလုပ္ကိုင္သူမ်ားႏွင့္ ေက်ာ္ႏုတို႔ေဆြးေႏြးထားခ်က္မ်ားကို NP News က ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ျပည္ပကိုအလုပ္သမားပို႔တဲ့ေအဂ်င္စီေတြနဲ႔ ျပည္ပထြက္မယ့္လုပ္သားေတြၾကားမွာ အခု လက္ရွိ ႀကဳံေတြ႕ေနရတာေတြကို ေဆြးေႏြးေပးပါဦး။
ေဆြးေႏြးေဖာ္(၁) - အလုပ္သမားဝန္ႀကီးဌာနမွာ ၫႊန္ခ်ဳပ္ (၄)ေယာက္ရွိတယ္။ ကြၽန္ေတာ္တို႔ဆီ စာ တစ္ ေစာင္ဝင္လာတယ္။ ဆိုလိုရင္းက ေအဂ်င္စီလိုင္ စင္သက္တမ္းတိုးတယ္ေပါ့။ သက္တမ္းတိုးရင္ ဝန္ႀကီး ဌာနကေတာ့ ကိုယ္ေတြဆီကို အီးေမးလ္ပို႔လိုက္တာ။ သက္တမ္းတိုးဖို႔လာပါဆိုရင္ စာခ်ဳပ္စာတမ္းအစုံအ လင္နဲ႔ အျမန္ဆုံးလာဖို႔ အီးေမးလ္ပို႔လိုက္တယ္။ ကိုယ္သြားတင္တုန္းကလည္း လူကိုယ္တိုင္သြား တင္ရ တယ္။ ၿပီးခဲ့တဲ့လပိုင္းတုန္းက ေအဂ်င္စီလိုင္စင္ သက္တမ္းတိုးဖို႔ ဝန္ႀကီးဌာနကစာပို႔တယ္။ စာပို႔လို႔ ကိုယ္ကသြားရင္ ပုံမွန္ဆို ဦးေမာင္ေမာင္သန္းလက္ ထက္မွာ (၃)ေယာက္တြဲထိုင္ခုံ ေရွ႕တစ္တန္း ေနာက္ တစ္တန္း သူတို႔လ်ာထားတယ္။ ထုံစံအတိုင္း ဝင္ခြင့္ျပဳပါ၊ ထိုင္ခြင့္ျပဳပါလို႔ေျပာၿပီး ထိုင္ရေလ့ရွိတယ္။ တကယ္ဆို ၫႊန္ခ်ဳပ္ေတြရဲ႕ထုံးစံက လုပ္ငန္းအဆင္ေျပ လား၊ ဘာေတြလိုအပ္လဲဆိုၿပီး ေျပာတာ။ အခု တစ္ေခါက္သြားေတာ့ ဘာေတြေျပာလႊတ္လိုက္လဲဆိုေတာ့ အခုထိုင္းကို အေယာက္ (၅၀)၊ ဂ်ပန္ကို (၁၅) ေယာက္။ ပိုက္ဆံရွာေပးေနတာ ကြၽန္ေတာ္တို႔။ သူသည္ ထိုင္းသံအမတ္ႀကီးျဖစ္ခဲ့လို႔လား။ ျဖစ္ခဲ့စဥ္ ကလည္း ေအဂ်င္စီေတြနဲ႔ သူ စည္းမကပ္ပါဘူး။ သူ စတက္ လာတည္းက ေအဂ်င္စီေတြကို လုံးဝ ခါးခါး သီးသီး။ ေတြ႕လည္းအေတြ႕မခံဘူး။ လိုရင္းေျပာရရင္ အခု တစ္ေခါက္သြားတာလည္း ၫႊန္ခ်ဳပ္က ခင္ဗ်ား Demand တင္ထားေသးလားတဲ့။ ေရွ႕မွာ (၁၈ - ၃၅) ဆိုၿပီးေတာ့ မကန႔္သတ္ခင္တုန္းက တင္ထားတာ လားတဲ့။ မတိုင္ခင္တုန္းကေရာ၊ အဲဒါၿပီးမွေရာ တင္ ထားပါတယ္ဆိုေတာ့ (၂၃- ၃၂) ကန႔္သတ္တုန္းက တင္တာဆိုေတာ့ အဲဒါနဲ႔လြတ္ေအာင္ အင္တာဗ်ဴးေျဖၿပီးတင္ထားတာ။ အလုပ္သမားဝန္ႀကီးဌာနကေတာ့ ျပန္မက်ေသးပါဘူးဆိုေတာ့။ အခု ခင္ဗ်ားလုပ္သား ေတြေကာရွာေန လားတဲ့။ လုပ္သားရွာတဲ့ေနရာမွာ ခင္ဗ်ားတို႔က လုပ္ငန္းပိုင္ရွင္ေသးေသးေလးေတြကို သြားသြားၿပီးေတာ့ မားကက္တင္းဆင္း႐ုံေလာက္နဲ႔မၿပီးဘူး တဲ့။ ခင္ဗ်ားတို႔လုပ္ရမွာ အလုပ္သမား အဖြဲ႕ အစည္းဆိုတာရွိ တယ္တဲ့။ အဲဒါေတြမွာ ဟိုရက္ကပဲ Call ေခၚလို႔တဲ့ သူကိုယ္တိုင္ေတြ႕လိုက္တာတဲ့ လုပ္သား (၁၀ဝဝ)၊ (၁၅၀ဝ)ေလာက္လိုတယ္လို႔ေျပာတယ္တဲ့။ အဲဒါမ်ိဳးနဲ႔ခ်ိတ္ၿပီး ဘာလို႔မပို႔လဲတဲ့။ စိတ္ထဲက ျပန္ ေျပာခ်င္ ေနတာက ကန႔္သတ္ထားတာ (၁၅)ေယာက္ မဟုတ္ဘူးလားလို႔။ ကြၽန္ေတာ့္ကို (၁၀ဝဝ)ေတြ (၁၅၀ဝ) ေတြေျပာေနတာ။ အဘတို႔ကန႔္သတ္ထားတာ (၁၅)ေယာက္မဟုတ္ဘူးလားလို႔ ေျပာခ်င္တာ။ ဒါေပမဲ့ ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ ႀကိဳးစားၿပီးရွာေနပါတယ္ကလြဲရင္ ေျပာစရာမရွိဘူး။ တကယ့္တကယ္က ကြၽန္ ေတာ္တို႔သည္လည္း အလုပ္သမားသမဂၢအဖြဲ႕ ေတြနဲ႔ပဲခ်ိတ္ထားတာ။ လုပ္ငန္းရွင္နဲ႔ တိုက္႐ိုက္ခ်ိတ္လို႔ မရဘူး၊ ခ်ိတ္ခြင့္မရွိဘူး။ ကြၽန္ေတာ္တို႔က ကေလးေတြကိုရွာေဖြရတယ္။
ဂ်ပန္စာဖြင့္ထားတဲ့သင္တန္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေခၚရတယ္၊ ေမြးထုတ္ရတယ္၊ ျပဳစုရ တယ္။ အဲဒီလိုပဲ ဟိုဘက္မွာလည္း သူတို႔နယ္ေျမေဒသေပါ့ တိုက်ိဳဆို တိုက်ိဳ၊ အိုဆာကာဆို အိုဆာကာ။ အဲဒီၿမိဳ႕ႀကီးထဲက ၿမိဳ႕နယ္ေလးေတြက အလုပ္သမားသမဂၢေတြနဲ႔ စက္႐ုံဆိုစက္႐ုံ၊ ဘိုးဘြားေစာင့္ေရွာက္ တဲ့‌ ေဂဟာေတြ အကုန္လုံးခ်ိတ္ၿပီး မားကက္တင္းလိုက္ဆင္းရတယ္။ အလုပ္သမားလိုလား။ အဲဒီကေန လိုအပ္တာေတြကို ကြၽန္ေတာ္တို႔ခ်က္ခ်င္းပို႔ရတယ္။ ပို႔လိုက္တာကိုမွ သူတို႔မွာ အကန႔္အသတ္ရွိတယ္။ ဘာအကန႔္အသတ္ရွိလဲဆိုရင္ (၁၀)ေယာက္ (၁)ေယာက္ အခ်ိဳးရွိတယ္။ ဂ်ပန္ (၁၀)ေယာက္မွာ ႏိုင္ငံ ျခားသား(၁)‌ ေယာက္ဆိုၿပီး အခ်ိဳးရွိတယ္။ ဘာျဖစ္ေသးလဲဆိုေတာ့ ဒီလုပ္သားတစ္ေယာက္လာဖို႔ အတြက္ Insurance တင္ရတယ္။ ႀကိဳၿပီးျပင္ဆင္ၾကတယ္။ ဂ်ပန္လူမ်ိဳးဆို တာ ဘာမဆိုႀကိဳလုပ္တယ္။ ေနာက္(၆)လမွာ လာမယ့္အတြက္ကို ဒီဘက္မွာ ႀကိဳျပင္ဆင္ထားတယ္။ အဲဒီအတြက္ ကုန္က်စရိတ္ ေတြက အမ်ားႀကီး။ ႏိုင္ငံထဲကို ျပည္ဝင္ခြင့္ဆိုတဲ့ COE က်ဖို႔အတြက္ကို သူတို႔ရဲ႕လုပ္ငန္းထဲက Insurance ေပါ့။ ဥပမာအားျဖင့္ လုပ္သားတစ္ေယာက္ကို ရမ္းေခၚတာမ်ိဳးမဟုတ္ဘဲ ဒီလုပ္သားအတြက္ ဘယ္ေလာက္အဆင္ေျပေအာင္ လုပ္ထားေပးလဲဆိုတာကို Immigration က လာစစ္ေသးတာ လုပ္ငန္းကို။ ဥပမာ အေဆာင္စီစဥ္ထားလား။ အေဆာင္နဲ႔အလုပ္နဲ႔ကို သြားဖို႔လာဖို႔ ကားစီစဥ္ေပး ထားလား။ ေနာက္ဆုံး အနည္းဆုံး စက္ဘီးစီစဥ္ေပးထားလား။ အိမ္မွာေနဖို႔အတြက္ကို ေမြ႕ရာရွိလား၊ ေစာင္ရွိလားက အစေပါ့။ Heater ရွိလား Aircon ရွိလားေပါ့။ Aircon ကေတာ့ ဂ်ပန္မွာ လိုတဲ့ေနရာလို တယ္။ တခ်ိဳ႕ေနရာေတြလိုတယ္။ ဒီေနရာမွာ လုပ္သားကို ဘယ္ေလာက္ထိလုပ္ေပးထားလဲ။ ေနာက္ တစ္ခါ က်န္းမာေရးေစာင့္ေရွာက္မႈ ဘယ္ေလာက္လုပ္ထားလဲ အကုန္ၾကည့္တာ။ ေနာက္တစ္ခုက အဲဒီ (၆)လမွာဝင္မယ့္လုပ္သားအတြက္သည္ ေရွ႕မွာ အဲဒီ အလုပ္ကို လုပ္ေနတဲ့လူ ဥပမာ ဗီယက္နမ္ လူမ်ိဳး ေပါ့။ စီနီယာတစ္ေယာက္ေပါ့။ အဲဒီေန႔မွာသူနားရင္ ေနာက္တစ္ရက္ ျမန္မာလူမ်ိဳး ေရာက္ေပါ့။ အဲဒီ ေလာက္ထိ တိတိက်က်ထြက္တာ။ အကုန္လုံးကို စနစ္တက် ခ်ိန္ ကိုက္ျပင္ဆင္ထားတာ။ ကြၽန္ေတာ္တို႔ ဘက္မွာက်ေတာ့ လုပ္ခ်င္တာ၊ ျဖစ္ခ်င္တာကိုပဲ သူတို႔က ဦးစားေပးၿပီးလုပ္တယ္။ က်န္တဲ့ေနာက္ဆက္ တြဲျဖစ္လာမယ့္အရာေတြ မင္းတို႔ျဖစ္ရင္မင္းတို႔ခံဆိုတဲ့ အေနအထားမ်ိဳးျဖစ္လာေတာ့ အခု ေနာက္ဆုံး က်ေတာ့ အဲဒီ ရဲ႕အက်ိဳးဆက္က ဘာေတြျဖစ္လာလဲဆိုေတာ့ ေကာင္းေကာင္းမထြက္တာေပါ့။ OWIC ကတ္အတြက္ကိုလည္း ေျမာက္ဒဂုံ ပင္လုံမွာ ေက်ာင္းတက္ရ တယ္။ One Stop Service အေနနဲ႔ ကတ္ျပားလုပ္ေပးတယ္။ ကတ္ျပားလုပ္ၿပီးေတာ့ တစ္ခါတည္း ထုတ္ေပး လိုက္တာ။ ေက်ာင္းတက္တာ ဂ်ပန္အေနနဲ႔ပဲေျပာမယ္ေနာ္။ တစ္ပတ္ကို (၄)ရက္တက္ရတယ္။ တစ္ရက္မွာ လူ (၂၀ဝ)နဲ႔ (၂၅၀)ၾကားမွာ ရွိတယ္။ ဆိုလိုတာက တစ္ပတ္အတြင္းကို လူ (၈၀ဝ)နဲ႔ (၁၀ဝဝ) ၾကားထြက္တယ္။ အခုဟာက တစ္ပတ္ လုံးမွ လူ(၆၀)နဲ႔(၁၃၀)ၾကားပဲ ေက်ာင္းတက္ဖို႔ခ်ေပးတာ။ အရင္တုန္းက (၈၀ဝ)နဲ႔ (၁၀ဝဝ)ၾကား ေလာက္ က အၿမဲတမ္း အပတ္စဥ္ထြက္ဖို႔အဆင္သင့္ျဖစ္ေနတယ္။ အလယ္ကေနၿပီးေတာ့ Demand ေတြ တင္ ထားတာေတြက်လာၿပီဆိုရင္ ၿမိဳ႕နယ္အလုပ္သမား႐ုံးမွာ စံစာခ်ဳပ္ဆိုတာခ်ဳပ္ရတယ္။ အင္တာဗ်ဴးတစ္ခု လုပ္လိုက္ၿပီဆိုရင္ ဥပမာ ဘိုးဘြားေစာင့္ေရွာက္ဖို႔အတြက္ (၃)ေယာက္ခ်‌ေပးလိုက္ၿပီဆိုရင္ ဒီဘက္မွာ (၃) ဆျဖစ္တဲ့ (၉)ေယာက္ထည့္ေပးရတယ္။ (၅)ေယာက္ေပးရင္ (၁၅)ေယာက္ထည့္ေပးရတယ္ ဂ်ပန္ ဘက္ ကို။ ဆို ေတာ့ လူ(၁၅)ေယာက္သည္ ဒီအတိုင္းမရဘူး။ အခ်ိန္အားျဖင့္ (၈)လကေန (၁)ႏွစ္အထိ ဂ်ပန္စာ ကို N 4 အထိ ေအာင္ေအာင္သင္ရတယ္။ အဲဒီကာလသည္ (၈)လကေန (၁)ႏွစ္အထိၾကာတယ္။ ၿပီးရင္ ဘာနဲ႔သြားမလဲဆိုတဲ့လမ္းေၾကာင္းေ႐ြးရတယ္။ ဘိုး ဘြားေစာင့္ေရွာက္ဆိုရင္ N 4 ေအာင္မွ ဘိုးဘြား ေစာင့္ေရွာက္အထူးျပဳအတြက္ ထပ္သင္ရတယ္။ အဲဒါ အ နည္းဆုံး (၄)လေလာက္ၾကာတယ္။ အဲဒီေတာ့ ဘိုးဘြားေစာင့္ေရွာက္ကြၽမ္းက်င္လုပ္သားတစ္ေယာက္ ျဖစ္ဖို႔။ အဲဒါ Certificate မွာျဖစ္တာ။ ဘာတတ္ လဲဆိုရင္ ဘာမွမတတ္။ ဘာေၾကာင့္လဲဆိုရင္ ဗမာေတြ ထုံးစံအတိုင္း က်က္ၿပီးေျဖတယ္။ သူ႔မွာေတာ့ ဂ်ပန္စာ Level N4 Pass ျဖစ္တယ္။ အဲဒီ N 4 ကလည္း JLPT လို႔ေျပာတဲ့ အျမင့္ဆုံးအဆင့္စာေမးပြဲ ေျဖၿပီးမွ။ အဲဒါေၾကာင့္လည္း မနက္အေစာႀကီးေတြ ေျပးလႊားၿပီး ေျဖၾကတာ။ အဲဒါေအာင္မွ ကြၽမ္းက်င္ စာေမးပြဲေျဖလို႔ ရမွာ။ အဲဒီေတာ့ (၁၆)လေလာက္ အတိုင္းအတာက ပိုက္ဆံရွိတဲ့လူေတြ ေတာ္႐ုံတန္႐ုံ အလယ္အလတ္ တန္းစားေတြဆိုရင္ အဆင္ေျပတယ္။ နယ္ကေနလာ တဲ့လူေတြ၊ တခ်ိဳ႕ဆိုရင္ မိဘေတြ မရွိၾကေတာ့ဘူး။ တခ်ိဳ႕ဆို စစ္ေရွာင္ေနၾကတဲ့လူေတြရွိတယ္။ တခ်ိဳ႕ဆိုရင္ ဒီကိုေရာက္လာတယ္၊ အ ေဆာင္ေနၾကတယ္။ မိဘေရာ တစ္မိသားစုလုံးေရာ ဘယ္ေျပးလို႔ေျပးေနမွန္းမသိ အဆက္အသြယ္ မရ ၾကေတာ့ဘူး။ ေသလား၊ ရွင္လားလည္းမသိ။ အဲဒီလိုလူမ်ိဳးေတြ ဂ်ပန္သြားဖို႔ အတြက္ကို ရင္းႏွီးျမႇဳပ္ႏွံထား တဲ့အခ်ိန္ကာလေတြ၊ ပိုက္ဆံေတြ ေနာက္တစ္ခုက ဒီလိုမ်ိဳး သားသမီးေတြ ရန္ကုန္ၿမိဳ႕လို ေနရာမွာ အေဆာင္နဲ႔ေနၿပီးေတာ့ စားစရိတ္ေသာက္စရိတ္ သြားလာစရိတ္နဲ႔ ပညာသင္ၾကား စရိတ္အတြက္ကို သူ႔မိဘေတြသည္ ဒါေတြကို ေပါင္ႏွံေရာင္းခ်ၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံလာတာ။ ဟိုေရာက္ရင္ေတာ့ သူတို႔ ဘဝေျပာင္းလဲလာမွာ။ မေရာက္ခင္ စပ္ၾကားမွာ ထားပါေတာ့ တျခားတစ္ခုခုေၾကာင့္ စာဆက္ မသင္ႏိုင္ တဲ့ကေလးေတြလည္းရွိႏိုင္သလို ခုနကေျပာတဲ့ (၁၆)လေလာက္ ရင္းႏွီးျမႇဳပ္ႏွံၿပီး အင္တာဗ်ဴးဝင္လိုက္လို႔ တစ္ခုေအာင္ရင္ေတာ့ ၿပီးၿပီေပါ့။ အဲဒီလို (၁၆)လေလာက္ရင္းႏွီးၿပီး အင္တာဗ်ဴးေအာင္ သြားၿပီးရင္ ကြၽမ္း က်င္တစ္ေယာက္အေနနဲ႔ ဟိုအရင္ တုန္းကေတာ့ ထြက္ဖို႔ကို အနည္းဆုံး (၆)လေလာက္ ၾကာတယ္။ အဲဒီ မွာ COE က်လာဖို႔ ေစာင့္တယ္။ သူ အင္တာဗ်ဴးေျဖတယ္။ ေအာင္တယ္ဆိုရင္ သူရဲ႕ ဂ်ပန္ ဘက္ျခမ္းကို လည္း သူရဲ႕ Certificate ေတြ၊ Passport ေတြနဲ႔တင္ ဂ်ပန္ျပည္ဝင္ခြင့္ရလိုက္တာ။ ဒီဘက္မွာလည္း တစ္ လက္စတည္း အလုပ္သမား ဝန္ႀကီးဌာနကို Demand တင္တယ္။ ဂ်ပန္က မွန္းလို႔ရတယ္။ (၂)လခြဲနဲ႔ (၃)လ ေနရင္ COE ျပန္က် တယ္။ ဒီမွာက စၿပီ။ တင္လိုက္ၿပီးရင္ အလုပ္သမား ဝန္ႀကီးဌာနကလည္း ဒါေတြကို နည္းနည္းေလးတင္း ၾကပ္ထားတာျဖစ္တဲ့အတြက္ စာ႐ြက္စာတမ္းေတြဆို အမွားလုံးဝမခံဘူး။ တင္တာက Email နဲ႔တင္ရ တာ။ နာမည္စာလုံးေပါင္းမွားတာနဲ႔၊ ေနာက္ဆုံးရက္စြဲ မွားတာက ခ်က္ခ်င္း အေရးတယူလုပ္ခိုင္းတယ္။ ဒါေပမဲ့ အဲဒါမ်ိဳးေတြလုပ္ရင္းနဲ႔ပဲ Demand တစ္ေစာင္သည္ (၄)လ၊ (၆)လ ေလာက္မွာ ျပန္က်တယ္။ ေသခ်ာတာ ကေတာ့ ဘယ္လိုပဲျဖစ္ေနပါေစ ဂ်ပန္ထက္ေတာ့ ပိုၾကာတာေပါ့။ အဲဒါကို အရင္ကတည္းက ဂ်ပန္ေတြက Complaint တက္တယ္။ မင္းတို႔ဆီကေန လူ(၁)ေယာက္ေခၚရင္ (၆)လေလာက္ၾကာ တယ္။ ဗီယက္နမ္က လူတစ္ေယာက္ေခၚရင္ COE က်ၿပီး (၃)ပတ္အတြင္းမွာေရာက္ တယ္။ COE က်တာ (၂)လ ၊ (၃)လအတြင္း။ က်ၿပီး (၃)ပတ္ေက်ာ္ရင္ အဲဒီလူက ဂ်ပန္ ေရာက္ၿပီ။ ျမန္မာ မွာက အဆင့္ဆင့္ကို ျဖတ္ၿပီးမွ ေနာက္ဆုံးမွေရာက္တာ။ ဒါေတာင္မွ အရင္တုန္းက ေနျပည္ေတာ္ ကို မတင္ခင္မွာ ရန္ကုန္မွာ ရွိတဲ့ MOEA ႐ုံးခ်ဳပ္ကေနၿပီးေတာ့ ေထာက္ခံစာသြားယူ။ (၈)မိုင္ မွာရွိတဲ့ အလုပ္ သမား႐ုံးမွာ ဦးစိုးႏိုင္ရဲ႕ လက္မွတ္ယူ။ ယူၿပီးေတာ့မွ စုံသြားေတာ့မွတင္လို႔ရတာ။ အခု အဲဒီအဆင့္ေက်ာ္ သြားလို႔ (၄)လေလာက္ ျဖစ္သြားတာ။ အဲဒီ(၄)လေလာက္မွာ Demand က ျပန္က်လာၿပီဆိုရင္ ဒီကေလး ကိုေခၚၿပီးေတာ့ အလုပ္ သမားဝန္ႀကီး ဌာနကဖြင့္ထားတဲ့ ၿမိဳ႕နယ္႐ုံးမွာသြားၿပီးေတာ့ ဒီကေလးရယ္ ေအဂ်င္စီ ႐ုံးမွာရွိတဲ့တာဝန္ခံ ရယ္၊ ၿပီးေတာ့ ဒီကေလးကို ဂ်ပန္ဘက္ျခမ္းကေပးထားတဲ့စာ႐ြက္စာတမ္း ေတြရယ္ အလုပ္ရွင္ အလုပ္ သမားစာခ်ဳပ္ရယ္။ အဲဒီမွာ စာခ်ဳပ္ထဲမွာပါတဲ့ လစာကိုၾကည့္တာ။ ဂ်ပန္ ထုံးစံ အတိုင္းပဲေျပာလိုက္မယ္။ ယန္း (၁၅)ေသာင္း၊ (၁၇)ေသာင္း။ ဂ်ပန္ေတြက ေသာင္းနဲ႔သုံးတာ။ အဲဒါ ကိုၾကည့္ၿပီးေတာ့ လစဥ္ မိသားစုထံလႊဲေငြကို မွန္မွန္ ကန္ကန္နဲ႔ မိသားစုထံျပန္လႊဲပါမယ္ဆိုတဲ့အဆင့္ကို လုပ္ထားတာ။ တကယ္ေတာ့ ဘာမွမရွိဘူး။ ဥပမာ ထားပါေတာ့ လုပ္သားကို မွန္မွန္ကန္ကန္နဲ႔မပို႔ဘဲ လိမ္ပို႔မွာစိုးရိမ္တာထက္စာရင္ သူတို႔စိတ္ထဲမွာ စိတ္ ပူတာက မိသားစုထက္ လႊဲေငြ ဒီ(၂၅) ရာခိုင္ႏႈန္းကို မလႊဲမွာေၾကာက္လို႔။ ၿပီးေတာ့ လစာကို လိမ္တာတို႔ဘာ တို႔လုပ္မွာေၾကာက္လို႔။ ဒီအလုပ္ရွင္ အလုပ္ သမား စာခ်ဳပ္ႀကီးကိုယူၿပီးေတာ့ ၿမိဳ႕နယ္မႉးနဲ႔လုပ္သားနဲ႔ ေအဂ်င္စီနဲ႔ သေဘာတူညီ‌ေၾကာင္း လက္မွတ္ ထိုးရတယ္။ လက္မွတ္မထိုးခင္ ဘာလုပ္ရလဲဆိုေတာ့ CB Bank မွာ ဒီကေလးရဲ႕ မိသားစုဝင္ေသာ္လည္း ေကာင္း ေမာင္ႏွမသားခ်င္းေသာ္လည္းေကာင္း သန္းေခါင္းစာ ရင္းထဲမွာပါတဲ့ တစ္ဦးဦးနဲ႔ Joint Account ဖြင့္ၿပီး ၿမိဳ႕နယ္အလုပ္သမား႐ုံးက ဦးစီးလက္မွတ္လိုတယ္။ အဲဒီလက္မွတ္ပါမွ သင္တန္း ေက်ာင္းတက္ရတာ။ သင္တန္းေက်ာင္းတက္ၿပီးသြားရင္ ကတ္ျပားလုပ္။ One Stop နဲ႔ကတ္ျပားလုပ္ၿပီး ထြက္ၿပီဆိုရင္ အရင္တုန္းကေတာ့ ျပည္ပထြက္ခြာခြင့္တင္စရာမလိုဘူး။ အခုတင္ရတယ္။ မဂၤလာဒုံ ေလဆိပ္ကို အဖြဲ႕ေပါင္း (၉)ဖြဲ႕ရွိတယ္။ အဲဒီ (၉)ဖြဲ႕ကို မနက္ျဖန္ကေလးထြက္ မယ္ဆိုရင္ ေလယာဥ္ လက္မွတ္ အကုန္စာ႐ြက္စာတမ္း အကုန္ပါရမယ္။ မနက္ျဖန္ထြက္မယ္ဆိုရင္ ဒီေန႔လိုမ်ိဳးမွာ ေအဂ်င္စီ သည္ ေလဆိပ္ကိုသြားၿပီး ဌာနတစ္ခု ခ်င္းစီအလိုက္ကို စာ႐ြက္အထုပ္လိုက္နဲ႔ အဖြဲ႕ (၉)ဖြဲ႕ အတြက္ စာ႐ြက္စာတမ္း (၉)စုံကို တစ္ဖြဲ႕စီးခ်င္လိုက္တင္ရတာ။ အခုခ်ိန္ထိလည္း Email တို႔ ဘာတို႔နဲ႔ အလုပ္လုပ္ ရေကာင္းမွန္း မသိေသးဘူး။ သိလည္း မလုပ္ဘူးလား မေျပာတတ္ဘူး။ ဒီေန႔ ကိုယ္ေတြ သြားတင္ထား တယ္မလား မနက္ျဖန္က်ရင္ မင္းတို႔ ဒါေတြ မတင္ထားဘူးလားဆိုၿပီး ျပန္ရန္ေတြ႕ခံရတယ္။ မဟုတ္ပါ ဘူး မေန႔က လာတင္ထားပါတယ္ ေသခ်ာရွာၾကည့္ပါဦးဆိုမွ စာ႐ြက္ပုံထဲမွာရွာၿပီး ကိုယ့္စာ႐ြက္ ထြက္ လာတယ္။ အဲဒါမ်ိဳး ခဏခဏႀကဳံတယ္။ အဲဒီ လို အဖြဲ႕(၉)ဖြဲ႕ကို အစုံ(၉)စုံကိုအရင္ပို႔ၿပီးေတာ့မွ ေလယာဥ္ ကြင္းကိုလိုက္ပို႔ရတာ။ ဒါအရင္တုန္းက။ ဟိုးစတဲ့အခ်ိန္တည္းကေန အခု ဇန္နဝါရီ(၃၀)မတိုင္ခင္အထိ။ အခုက်ေတာ့ အဲဒီလိုမဟုတ္ေတာ့ဘူး (၁၈-၃၅)ပိတ္ထားတယ္။ အရင္ ေမလ (၁)ရက္တုန္းကေတာ့ ဘာ ထုတ္ျပန္လဲဆိုေတာ့ အသက္ (၂၃- ၃၂) အတြင္း ဘာထူးျခားလဲဆိုေတာ့ အဲဒီတုန္း က ဦးေမာင္ေမာင္ သန္းတို႔ ဝန္ႀကီး ဦးျမင့္ေနာင္တို႔ လက္ထက္တုန္းက။ ဒါေပမဲ့ ဘာျဖစ္လဲဆိုေတာ့ အဲဒီ ေရွ႕မွာတုန္းက တင္ထားတဲ့ အသက္(၂၃- ၃၂)အ တြင္းေယာက်ာ္းေလးကို သူတို႔ထုတ္ျပန္ထားတာမတိုင္ခင္ အထိတင္ ထားတဲ့ ေယာက်ာ္းေလးကို ခြင့္ျပဳ တယ္။ အဲဒီေန႔ေနာက္ပိုင္းတင္တဲ့လူကို ကန႔္သတ္တာ။ အခုက အဲဒီ လိုမဟုတ္ေတာ့ဘူး။ ဒီတစ္ေခါက္စာ ထုတ္လိုက္တဲ့ေနာက္ပိုင္း ေရွ႕မွာ ဘယ္လိုပဲတင္ထား တင္ထား (၁၈-၃၅)အၿငိ အကုန္ပိတ္။ ေယာက်ာ္း ေလးကိုကန႔္သတ္လိုက္ေပမယ့္ မိန္းကေလးေတြကို ရွင္းရွင္း ေျပာရရင္ ယာယီရပ္ဆိုင္းထားတဲ့သေဘာ။ (၄)လေလာက္ၾကာသြားတယ္။ အဲဒီေနာက္မွ ေရွ႕ မွာတင္ ထားတဲ့မိန္းကေလးေတြ တစ္ပတ္ကို သင္ တန္းတက္ခြင့္အေနနဲ႔ (၆၀)နဲ႔(၁၃၀)ၾကားကို ခြင့္ျပဳတာ။ ဘာ ေတြပိုလာလဲဆိုေတာ့ စံစာခ်ဳပ္ခ်ဳပ္ခြင့္ဆို တာကို ၿမိဳ႕နယ္အလုပ္သမား႐ုံးမွာတင္ရတယ္။ အဲဒီ မွာ စာခ်ဳပ္ခ်ဳပ္ၿပီးမွ သင္တန္းေက်ာင္းတက္ခြင့္ရတာ။ အဲဒီကမွ ကတ္ျပားရမွ ျပည္ပထြက္ခြာခြင့္ထပ္တင္ရ တယ္။ ျပည္ပထြက္ခြာခြင့္ရၿပီဆိုမွ အဲဒီမွာ သူတို႔က ဘယ္ေတာ့မွက်မလဲဆိုတာမသိဘူး။ အဲဒီ‌ေတာ့ ေလ ယာဥ္လက္မွတ္က ႀကိဳဝယ္ထားရင္ ဆုံးမွာ။ အဲဒီ ေတာ့ လူေတြက ဘိုကင္ပဲတင္လို႔ရတယ္။ အဲဒီဘိုကင္ အတြက္ကို Air Line ေတြက ဘိုကင္စာ႐ြက္အတု လုပ္။
ေမး - အဲဒီမွာလည္း မားကက္ရွိေနတာေပါ့ေနာ္။
ေဆြးေႏြးေဖာ္ - ေနရာတိုင္းမွာ မားကက္ရွိေနတာ။ ေနရာတိုင္းမွာျဖစ္ေနတာ။ အဲဒီေတာ့ အဲဒီမွာ ဘိုကင္ ရမွ ဘိုကင္နဲ႔ ထြက္ခြာခြင့္ဆိုၿပီးတင္။ ထြက္ခြာခြင့္က် ေတာ့မွ တကယ္ေလယာဥ္လက္မွတ္ဝယ္ရတယ္။ ဒါေပမဲ့ အရင္တုန္းက တစ္ပတ္ကို (၈၀ဝ)နဲ႔ (၁၀ဝဝ) ၾကားထြက္ေနတာ။ လူ (၆၀) နဲ႔ (၁၃၀) ၾကားပဲ တက္ ခြင့္ေပးတာ။ ျပန္ၿပီးေတာ့ ျပည္ပထြက္ခြာခြင့္ကို ခ်ေပး ဖို႔က်ေတာ့ တစ္လလုံးေနမွ (၅၀)တို႔၊ (၇၀) တို႔ပဲခ် ေပးတာ။ ခ်ေတာ့ခ်ေပးတယ္။ ဟိုးအရင္တုန္းက ၾကာ ေနတဲ့ဟာေတြ။ (၁၈-၃၅)နဲ႔ပိတ္သြားၿပီး (၄)လ ေလာက္ၾကာေနတဲ့လူေတြပဲခ်ေပးတာ။ အခုေနာက္ ပိုင္း ထြက္ခြာခြင့္ခ်ေပးတာမရွိေတာ့ဘူး။
ေမး - အဲဒါဆို JLPT ဆိုၿပီး စာေမးပြဲေျဖေနတဲ့ ကေလးေတြက နည္းတာမဟုတ္ဘူး။ အဲဒီကေလး ေတြရဲ႕ အခြင့္အေရးကေကာ။
ေဆြးေႏြးေဖာ္ - ဆုံးရႈံးတာေပါ့။ အခု ဘာျဖစ္ေနလဲ ဆိုေတာ့ ကြၽန္ေတာ္တို႔နဲ႔စာခ်ဳပ္ခ်ဳပ္ထားတဲ့ ဂ်ပန္ သမဂၢက ကုမၸဏီေတြရွိတယ္။ အဲဒီလိုခ်ဳပ္ထားတာ (၁၄)ခုဆို (၁၀)ခုေလာက္က အလုပ္မလုပ္ေတာ့ဘူး။ လူမွမပို႔ႏိုင္တာ။ မပို႔ႏိုင္ေတာ့ ပို႔ႏိုင္တဲ့ႏိုင္ငံေတြဘက္ ကိုကူးကုန္တာ။ ေရွ႕မွာလည္း ပိတ္မိတဲ့လူေတြက လည္းအမ်ားႀကီးဆိုေတာ့။ အခုဆို ဘယ္ႏိုင္ငံေတြ ေရာက္ကုန္လဲဆိုေတာ့ ဘဂၤလားေဒ့ရွ္။ ကမာၻေပၚမွာ လူဦးေရအမ်ားဆုံးတိုင္းျပည္ကို သြားကုန္ၿပီ။ အရင္ တုန္းက မြတ္စလင္ လုံးဝမေခၚဘူး။ အခုသူ႔ႏိုင္ငံ လုပ္သားလိုအပ္ခ်က္ တအားမ်ားလာတဲ့အခါက်ေတာ့ ေနာက္တစ္ခုက မြတ္စလင္မွာလည္း ပြင့္ပြင့္ လင္းလင္းေျပာရရင္ အစြန္းေရာက္နဲ႔ အမ်ိဳးသားေတြကိုသာ၊ အမ်ိဳးသမီးေတြကိုက်ေတာ့ အရွက္ အေၾကာက္ပိုႀကီးတယ္။ ၿငိမ္ကုပ္ကုပ္ေလးနဲ႔အလုပ္လုပ္ၾကတဲ့လူေတြ ရွိတယ္။ အဲဒီေတာ့ မိန္းကေလး ေတြက်ေတာ့ လက္ခံတယ္။ ေနာက္တစ္ခု အင္ဒိုနီးရွား။ အဲဒီႏိုင္ငံေတြ ေရာက္ကုန္ၿပီ။ ကိုယ့္ႏိုင္ငံနဲ႔ အလုပ္မလုပ္ေတာ့တဲ့ ကုမၸဏီ (၁၀)ခုက အဲဒီဘက္မွာ လုပ္သားေတြသြား ရွာေနတယ္။ ဂ်ပန္မွာက လုပ္သားစၿပီးထြန္းကားတာ တ႐ုတ္ေတြ။ တ႐ုတ္လူမ်ိဳးက (၁၀)ႏွစ္ေလာက္ အလုပ္လုပ္ၿပီးခ်ိန္မွာ ရွင္းရွင္းေျပာရရင္ တိုးတက္တဲ့ ႏိုင္ငံအျဖစ္ေျပာင္းသြားၿပီ။ ပြင့္ပြင့္လင္းလင္း‌ေျပာရရင္ ကြၽန္သြားမခံ ေတာ့ဘူး။ အလုပ္သြားမလုပ္ေတာ့ဘူး‌ ေပါ့။ အဲဒီေနာက္ပိုင္းမွာ ဗီယက္နမ္ကိုကူးတယ္။ ဗီယက္နမ္ ကလည္းအခုခ်ိန္မွာ (၁၅)ႏွစ္ေလာက္ျဖစ္ သြားၿပီ။ ဘာျဖစ္လာလဲဆိုေတာ့ မ်ိဳးဆက္က (၅)ဆက္ ေလာက္ျဖစ္သြားၿပီ။ မ်ိဳးဆက္ (၅)ဆက္ဆိုတာ ဂ်ပန္က ဗီဇာက(၃)ႏွစ္ေပးတယ္။ ဒါ ကြၽမ္းက်င္ မဟုတ္ ဘူးေနာ္။ ႐ိုး႐ိုး Training လုပ္သားကိုေျပာတာ။ ကြၽမ္းက်င္ဆို (၅)ႏွစ္ရတယ္။ မ်ိဳးဆက္က (၅) ဆက္ေလာက္ျဖစ္သြားတဲ့အခါက်ေတာ့ သူတို႔က သြားမယ့္လူကုန္သြားၿပီ လုပ္သားကုန္သြားၿပီ။ အဲဒီ ေတာ့ ဗီယက္နမ္မွာ လုပ္သားမကုန္ခင္ ေနာက္ဆုံးမ်ိဳးဆက္ မတိုင္ခင္တစ္ဆက္မွာ လြန္ခဲ့တဲ့ (၅) ႏွစ္ ေလာက္မွာ ျမန္မာျပည္ကို စၿပီးစိတ္ဝင္စားတယ္။ လုပ္သားေတြ ေခၚတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာက အိုက္တိုးပေဂးစံနဲ႔သြားခဲ့တယ္ဆိုတာ လြန္ခဲ့တဲ့ အႏွစ္ (၂၀)ေလာက္ကတည္းကရွိခဲ့တဲ့ Trend ေပါ့။ ဒါေပမဲ့ အဲဒီေခတ္တုန္းကလည္း သိတဲ့အတိုင္းပဲ ေအးဂ်င့္ဆိုရင္ လူပြဲစားလား လူေရာင္းစားလား ဆိုတဲ့ မ်က္လုံးနဲ႔ အၾကည့္ခံခဲ့ၾကတာ။ လြန္ခဲ့တဲ့ (၅)ႏွစ္မွာ အဲဒီ Trend ကေျပာင္းလာတာ။ ေအဂ်င္စီေတြ အကုန္လုံး အစိုးရဘက္ကလည္း ပံ့ပံ့ပိုးပိုးရွိလာတာေတြလည္း ပါတာေပါ့ေလ။ ေနာက္ ဂ်ပန္ဘက္ ကလည္း ေစတနာပါလာတယ္။ အဲဒီေတာ့ လြန္ခဲ့တဲ့ (၅)ႏွစ္ေလာက္က ျမန္မာျပည္ကို လူစေခၚတယ္။ ျမန္မာလူမ်ိဳးသည္ ဘာသာေရးအေျခအေနအရ‌ေရာ ဂ်ပန္လည္း နဂိုတည္းက ဗုဒၶဘာသာအေျခခံတယ္။
ေဆြးေႏြးေဖာ္ (၂) - ျမန္မာေတြကို စေခၚတဲ့အခ်ိန္မွာ ျမန္မာေတြက နာခံတတ္တယ္၊ ႀကိဳးစားတယ္။ ၿပီးရင္ သနားၾကင္နာတတ္တယ္။ ဘိုးဘြားေစာင့္ေရွာက္လုပ္ငန္းေတြမွာ အရမ္းကို ကိုက္ညီမႈရွိတယ္ ဆို တဲ့အျမင္မ်ိဳးရွိတယ္။ အဲဒီေတာ့ ျမန္မာေတြ စေခၚတဲ့အခ်ိန္မွာ ျမန္မာေတြကလည္း အခြင့္အေရးဆို ၿပီးေတာ့သြားတယ္။ ေနာက္ၿပီး ႀကိဳးစားၾက တယ္။ အဲဒီေတာ့ ျမန္မာကို ေတာ္ေတာ္ေလးေခၚခ်င္ ၾက တယ္။ ၿပီးေတာ့ တ႐ုတ္ကို သူတို႔သိပ္ေခၚလို႔မရ ေတာ့ဘူး။ ဗီယက္နမ္ကလည္း သိပ္မလာၾကေတာ့ဘူး။ အဲဒီေတာ့ သူတို႔ေခၚလို႔အဆင္ေျပတာ လာအိုရွိ တယ္၊ ေတာင္ကိုရီးယားရွိတယ္၊ ျမန္မာရွိတယ္။ သူတို႔ က ေလ့လာရင္းနဲ႔ နံပါတ္(၁) ျမန္မာႏိုင္ငံရဲ႕ ပညာေရး အေျခခံ၊ ျမန္မာျပည္မွာ ပညာတတ္ႏႈန္းမ်ားတယ္။ သေဘာေကာင္းတယ္၊ သနားၾကင္နာတတ္တယ္။ ၿပီးေတာ့ မိသားစုနဲ႔အတူေနၿပီးေတာ့ မိသားစုကို ၾကင္ၾကင္နာနာ ေႏြးေႏြးေထြးေထြးဆက္ဆံတယ္။ အဲဒါေၾကာင့္ ျမန္မာေတြက ဘိုးဘြားေစာင့္ေရွာက္ေရး မွာ အရမ္းကိုက္ညီမႈရွိတယ္ဆိုတဲ့အေတြးမ်ိဳးေတြ ဂ်ပန္ မွာရွိတယ္။ ေတာက္ေလွ်ာက္ ျမန္မာျပည္ကိုေခၚ တယ္၊ မ်ားလာတယ္။ အဆင္မေျပတာကေတာ့ အ ခ်ိန္ေတာ္ေတာ္ေစာင့္ရတာတစ္ခုပဲေပါ့ေနာ္။ သူတို႔ ေရာက္လာဖို႔ ႀကိဳျပင္ဆင္ရတယ္ဆိုေတာ့ သူတို႔ ဘက္မွာ ထြက္မယ္ေဟ့ဆိုၿပီးျဖစ္ရင္ (၆)လေက်ာ္ (၁)ႏွစ္ေလာက္တည္းက လူရွာထားရတယ္။ လူရွာ ထားၿပီးေတာ့ အဲဒီအစား ဒီလူကိုထည့္မယ္ဆိုတဲ့ပုံစံ မ်ိဳးနဲ႔ အင္တာဗ်ဴးၿပီးေတာ့ေ႐ြးထားရတာ။ ေ႐ြးထားၿပီး ေတာ့ အဲဒီလူထြက္မယ့္အခ်ိန္နဲ႔ Timing ကိုက္ၿပီး ေတာ့ ေနာက္တစ္ေယာက္ကိုထည့္တယ္။ အဲဒီပုံစံမ်ိဳး သြားတာ။ အရင္တုန္းကေတာ့ ေတာ္ေတာ္အဆင္ ေျပတယ္။ သူ႔ဟာနဲ႔သူလည္ပတ္ေနတာ။ အခုေနာက္ပိုင္း အကန႔္အသတ္ေတြမ်ားလာၿပီးေတာ့ အခု ေနာက္ဆုံး ကန႔္သတ္ခ်က္က ႐ုတ္တရက္ႀကီးကန႔္သတ္ၿပီးေတာ့ လက္ရွိလုပ္ငန္းေတြ အကုန္လုံးကို ရပ္ပစ္သလိုျဖစ္ ၿပီးေတာ့ သြားလို႔မရေတာ့ဘူး။ အဲဒီေတာ့ အကုန္လုံးကို Cancel လုပ္သလိုမ်ိဳး ျဖစ္သြား တာ။ ကေလးေတြ က ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ေစာင့္ေနတာ။ ပြင့္ပြင့္လင္း လင္းေျပာရရင္ ေအဂ်င္စီ Fees က တစ္စိတ္တစ္ပိုင္း အေနနဲ႔သြင္းရတယ္။ ဟိုဘက္ဒီဘက္ၾကည့္ၿပီးေတာ့ သြင္းရတယ္။ တခ်ိဳ႕က် ေတာ့ ဂ်ပန္ဘက္က လူကိုေခၚ မယ္လို႔ေျပာၿပီးသြားရင္ ဒီလူအတြက္ကို ျပင္ဆင္ရၿပီ။ ဒီလူက ႐ုတ္တရက္ႀကီး မလုပ္ေတာ့ဘူး‌ေျပာလိုက္ရင္ ကြၽန္ေတာ္တို႔ေအဂ်င္စီေတြကပဲ ေျဖရွင္းရတယ္၊ ေတာင္းပန္ရတယ္။ ကတိမတည္ဘူးဆိုၿပီးေျပာတယ္ ေပါ့ေနာ္။ အဲဒီေတာ့ ဒီကေလးသည္ လြယ္လြယ္ကူကူ နဲ႔ ႀကိဳမထြက္ ေအာင္ ေအဂ်င္စီ Fees ေတြ ႀကိဳယူရတယ္။ အဲဒီေတာ့ သူတို႔သည္ ဒီႀကိဳသြင္းေငြကို မရွိတဲ့ လူက ေခ်းငွားေပါင္းႏွံၿပီးသြင္းရတယ္။ ဟိုဘက္ ေရာက္ရင္ေတာ့ လြယ္သြားၿပီ။ တစ္လစာေတာင္မရွိ ဘူး။ အဲဒီ ေတာ့ အဲဒါကို ေခါင္းထဲေတာ့သိပ္မရွိၾက ဘူး။ အရင္တုန္းက Pressure သိပ္မရွိဘူး။ အဲဒါေတြ ေမွ်ာ္လင့္ ထားၿပီး Process ေတြအကုန္လုပ္ၿပီးေစာင့္ ေနတဲ့အခ်ိန္မွာ ႐ုတ္တရက္ အသက္ေတြကိုကန႔္သတ္ လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ကေတာ့ ဂ်ပန္ေတြနဲ႔ တိုက္႐ိုက္ဆက္သြယ္ေျပာေနရေတာ့ ေတာက္ ေလွ်ာက္သူတို႔ေမးတာ ေျပာတာခံရတာေပါ့။ ျပႆနာရွာတဲ့လူကရွာ။
ေဆြးေႏြးေဖာ္ (၁) – Demand လာတဲ့ရက္နဲ႔ အဲဒီ လုပ္သားေရာက္တဲ့ရက္ကို အတိအက်သတ္မွတ္ထား တယ္။ ဒီဘက္ကေတာ့ (၁)ပတ္တိုး၊ (၁)ပတ္ဆုတ္ ညႇိညႇိႏႈိင္းႏႈိင္းနဲ႔ေဆာင္႐ြက္ထားတယ္။ အဲဒီေလာက္ပဲ ခြာတာ။ အဲဒီရက္အတြင္း ေခၚလို႔ရႏိုင္လားဆိုၿပီး အာမခံခ်က္ေတာင္းတယ္။ အဲဒီေတာ့ သူတို႔ အင္တာဗ်ဴး ကိုအာမခံၿပီး သြားေျဖလို႔မရျပန္ဘူး။ အဲဒီလိုျဖစ္ေန တာ။ အခုဆိုရင္ ဘယ္ေန႔ဘယ္ရက္ဝင္ရမယ္ဆိုတာ ေရးထားတာကိုအမ်ားႀကီး။ ေရွ႕ကေခၚထားတဲ့လူေတြ ေတာင္မေရာက္ေသးဘူးဆိုၿပီး ျဖစ္သြားေရာ။
(အပိုင္း(၂)ကို ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.