အမေရိကန်မှာ F-35 တိုက်လေယာဉ်တစ်စင်း ပျက်ကျ

406

Pika (NP News) - သြဂုတ် ၂
အမေရိကန်ရေတပ်ရဲ့ F-35 တိုက်လေယာဉ်တစ်စင်းဟာ ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းမှာ ပျက်ကျသွားခဲ့ တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း F-35 တိုက်လေယာဉ်ရဲ့လေယာဉ်မှူးဟာ ထိုင်ခုံနဲ့အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပြီး ပျက်ကျရာနေရာအနီးက ကွင်းပြင်တစ်ခုထဲမှာ လေထီးတစ်ခုနဲ့အတူ တွေ့ရှိခဲ့တယ်လို့ ဖရက်စနိုကောင်တီရဲအရာရှိရုံးက ပြောကြားခဲ့ပါတယ်။
F-35 တိုက်လေယာဉ်ဟာ ဖရက်စနိုမြို့အနောက်တောင်ဘက် (၆၄)ကီလိုမီတာအကွာမှာရှိတဲ့ ရေတပ်ဆိုင်ရာ လေတပ်အခြေစိုက်စခန်း Lemoore အနီးမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာ F-35 တိုက်လေယာဉ်ပျက်ကျရာနေရာကနေ မီးတောက်တွေနဲ့ မီးခိုးတွေ ထွက်ပေါ်နေပြီး အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီ F-35 တိုက်လေယာဉ်ကို လေယာဉ်မှူးတွေကို ပြင်ဆင်ပေးတဲ့ လေ့ကျင့်ရေးယူနစ် တစ်ခုအဖြစ် ဆောင်ရွက်တဲ့ ‘Rough Raiders’ က ပိုင်ဆိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ပျက်ကျမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္မွာ F-35 တိုက္ေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ၾသဂုတ္ ၂
အေမရိကန္ေရတပ္ရဲ႕ F-35 တိုက္ေလယာဥ္တစ္စင္းဟာ ကယ္လီဖိုးနီးယားျပည္နယ္အလယ္ပိုင္းမွာ ပ်က္က်သြားခဲ့ တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း F-35 တိုက္ေလယာဥ္ရဲ႕ေလယာဥ္မႉးဟာ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာ ကန္ထြက္ႏိုင္ခဲ့ၿပီး ပ်က္က်ရာေနရာအနီးက ကြင္းျပင္တစ္ခုထဲမွာ ေလထီးတစ္ခုနဲ႔အတူ ေတြ႕ရွိခဲ့တယ္လို႔ ဖရက္စႏိုေကာင္တီရဲအရာရွိ႐ုံးက ေျပာၾကားခဲ့ပါတယ္။
F-35 တိုက္ေလယာဥ္ဟာ ဖရက္စႏိုၿမိဳ႕အေနာက္ေတာင္ဘက္ (၆၄)ကီလိုမီတာအကြာမွာရွိတဲ့ ေရတပ္ဆိုင္ရာ ေလတပ္အေျခစိုက္စခန္း Lemoore အနီးမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္ေတြမွာ F-35 တိုက္ေလယာဥ္ပ်က္က်ရာေနရာကေန မီးေတာက္ေတြနဲ႔ မီးခိုးေတြ ထြက္ေပၚေနၿပီး အေရးေပၚဝန္ေဆာင္မႈအဖြဲ႕ေတြက အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီ F-35 တိုက္ေလယာဥ္ကို ေလယာဥ္မႉးေတြကို ျပင္ဆင္ေပးတဲ့ ေလ့က်င့္ေရးယူနစ္ တစ္ခုအျဖစ္ ေဆာင္႐ြက္တဲ့ ‘Rough Raiders’ က ပိုင္ဆိုင္တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ပ်က္က်မႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။