တက္ကသိုလ်ဝင်တန်းအောင်စာရင်း နှင့် အမှတ်စာရင်း ကွဲလွဲမှုအချို့ ရှိနေသည့်အပေါ် အွန်လိုင်းထက်တွင် လူပြောများနေ

 3328

Pearl (NP News) - သြဂုတ် ၂
တက္ကသိုလ်ဝင်တန်းအောင်စာရင်း နှင့် အမှတ်စာရင်း ကွဲလွဲမှုအချို့ ရှိနေသည့်အပေါ် အွန်လိုင်းထက်တွင် လူပြောများနေကြောင်း NP News က တွေ့မြင်ရသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်များကို ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့အပြီးတွင် အမှတ်စာရင်းများ စတင် ထုတ်ယူခွင့်ပေးနေရာ နေပြည်တော် စာစစ်ဌာန မှ အောင်မြင်သူ ကျောင်းသူ၊ ကျောင်းသာားအချို့ အမှတ်စာရင်း ထုတ်ယူရာတွင် မှားယွင်းမှုများ ရှိနေခြင်းဖြစ်ကြောင်း တွေ့ရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်း နာမည် ပါပြီးနောက် ကျောင်းသူ၊ ကျောင်းသားအချို့က အမှတ်စာရင်း သွားရောက်ထုတ်ယူရာတွင် သချင်္ာဘာသာ အမှတ်စာရင်းတွင် ကျရှုံးကြောင်း ပါရှိနေခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အမှတ်စာရင်း ထုတ်ပေးသည့်စနစ် ချို့ယွင်းမှုကြောင့် နေပြည်တော် စာစစ်ဌာနများ ၏ အမှတ်စာရင်းအချို့တွင် မှားယွင်းပါရှိသွားသည့် အတွက် ဇူလိုင်လ ၃ဝ ရက်၊ မွန်းလွဲ ၂ နာရီမတိုင်မီ ထုတ်ယူခဲ့သော အမှတ်စာရင်းစာရွက်ကို ယူဆောင်လာပြီး အမှတ်စာရင်းအမှန် ပြန်ထုတ်နိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။
ယင်းသို့ မှားယွင်းသည့်အပေါ် အွန်လိုင်းထက်တွင် ဝေဖန်မှုများ ရှိနေပြီး အမှတ်စာရင်း နှင့် ပတ်သက်၍ သေချာစွာ စိစစ်ပြီးမှ ဆောင်ရွက်စေလိုကြောင်း ရေးသားမှုများ ရှိနေသည်။
“Moderation မှာ အမှတ်ဖြည့်ဖို့ ကျန်တာလို့ ကျွန်မတော့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ချာမှာ ဖြစ်ကြတာ တွေ့ရတယ်။ ဒါပေမယ့် အခုလို မှားတာတော့ မဖြစ်စေချင်ဘူး” ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

Zawgyi Version:
တကၠသိုလ္ဝင္တန္းေအာင္စာရင္း ႏွင့္ အမွတ္စာရင္း ကြဲလြဲမႈအခ်ိဳ႕ ရွိေနသည့္အေပၚ အြန္လိုင္းထက္တြင္ လူေျပာမ်ားေန
Pearl (NP News) - ၾသဂုတ္ ၂
တကၠသိုလ္ဝင္တန္းေအာင္စာရင္း ႏွင့္ အမွတ္စာရင္း ကြဲလြဲမႈအခ်ိဳ႕ ရွိေနသည့္အေပၚ အြန္လိုင္းထက္တြင္ လူေျပာမ်ားေနေၾကာင္း NP News က ေတြ႕ျမင္ရသည္။
ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တကၠသိုလ္ဝင္တန္း စာေမးပြဲရလဒ္မ်ားကို ၿပီးခဲ့သည့္ ဇူလိုင္လ ၂၇ ရက္က ထုတ္ျပန္ေၾကညာခဲ့အၿပီးတြင္ အမွတ္စာရင္းမ်ား စတင္ ထုတ္ယူခြင့္ေပးေနရာ ေနျပည္ေတာ္ စာစစ္ဌာန မွ ေအာင္ျမင္သူ ေက်ာင္းသူ၊ ေက်ာင္းသာားအခ်ိဳ႕ အမွတ္စာရင္း ထုတ္ယူရာတြင္ မွားယြင္းမႈမ်ား ရွိေနျခင္းျဖစ္ေၾကာင္း ေတြ႕ရသည္။
တကၠသိုလ္ဝင္တန္းေအာင္ျမင္ေၾကာင္း နာမည္ ပါၿပီးေနာက္ ေက်ာင္းသူ၊ ေက်ာင္းသားအခ်ိဳ႕က အမွတ္စာရင္း သြားေရာက္ထုတ္ယူရာတြင္ သခ်ၤာဘာသာ အမွတ္စာရင္းတြင္ က်ရႈံးေၾကာင္း ပါရွိေနျခင္းျဖစ္သည္။
ယင္းကိစၥႏွင့္ပတ္သက္၍ အမွတ္စာရင္း ထုတ္ေပးသည့္စနစ္ ခ်ိဳ႕ယြင္းမႈေၾကာင့္ ေနျပည္ေတာ္ စာစစ္ဌာနမ်ား ၏ အမွတ္စာရင္းအခ်ိဳ႕တြင္ မွားယြင္းပါရွိသြားသည့္ အတြက္ ဇူလိုင္လ ၃ဝ ရက္၊ မြန္းလြဲ ၂ နာရီမတိုင္မီ ထုတ္ယူခဲ့ေသာ အမွတ္စာရင္းစာ႐ြက္ကို ယူေဆာင္လာၿပီး အမွတ္စာရင္းအမွန္ ျပန္ထုတ္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက အသိေပးထားသည္။
ယင္းသို႔ မွားယြင္းသည့္အေပၚ အြန္လိုင္းထက္တြင္ ေဝဖန္မႈမ်ား ရွိေနၿပီး အမွတ္စာရင္း ႏွင့္ ပတ္သက္၍ ေသခ်ာစြာ စိစစ္ၿပီးမွ ေဆာင္႐ြက္ေစလိုေၾကာင္း ေရးသားမႈမ်ား ရွိေနသည္။
“Moderation မွာ အမွတ္ျဖည့္ဖို႔ က်န္တာလို႔ ကြၽန္မေတာ့ ယူဆတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သခ်ၤာမွာ ျဖစ္ၾကတာ ေတြ႕ရတယ္။ ဒါေပမယ့္ အခုလို မွားတာေတာ့ မျဖစ္ေစခ်င္ဘူး” ဟု ပညာေရး ဝန္ထမ္းတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.