မန္တလေး မှ ရွှေနန်းသုခစိန်ရွှေရတနာဆိုင် ဓားပြတိုက်သူများအနက် ခေါင်းဆောင်နှင့် အခြားတစ်ဦးကို ရက်ပိုင်းအတွင်း ဖမ်းမိ

1464

သက်ပိုင် (NP News) - သြဂုတ် ၂
မန္တလေး မှ ရွှေနန်းသုခစိန်ရွှေရတနာ ဆိုင်ဓားပြတိုက်သူများအနက် ခေါင်းဆောင်နှင့် အခြားတစ်ဦးကို ရက်ပိုင်းအတွင်း ဖမ်းမိပြီဖြစ်ကြောင်း လုံခြုံရေတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၄ ရက်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ရွေနန်းသုခစိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်အတွင်းသို့ ကျား ၅ ဦး မ(၁)ဦး ပေါင်း(၆)ဦးခန့် က Mask ကိုယ်စီဖြင့် ရောက်ရှိလာပြီးပစ္စတိုသေနတ်ဖြင့် ၁ ချက်ဖောက်၍ ဆိုင်အတွင်း ဝင်ရောက်ကာ စိန်ထည်နှင့်ရွှေထည်ပစ္စည်းများအား ပီနံအိတ်အတွင်း ထည့်ခိုင်းကာ ဟွန်ဒါဖစ်အဖြူရောင် ၁ စီး၊ ဆိုင်ကယ် ၂ စီးတို့ဖြင့် ၃၉ လမ်းမှ ၆၈ လမ်းဘက်သို့ ပြန်ထွက်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ပစ္စတိုသေနတ်ဖြင့် (၄)ချက်ခန့် ပစ်ခတ်ခြင်း၊ ၎င်းတို့တွင် ပါရှိလာသည့် ဓားဖြင့် လုံခြုံရေးဝန်ထမ်းအား ခုတ်ခြင်းများပြုလုပ်ခဲ့သောကြောင့် လုံခြုံရေးဝန်ထမ်းနှစ်ဦး တွင် သေနတ်ဒဏ်ရာ နှင့် ဓားဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျူးလွန်သူများအား ဖမ်းမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ကားကို ဇူလိုင်လ ၂၅ ရက်က ပုသိမ်ကြီးမြို့နယ်ဇီးချိုကုန်းကွင်း ၁၀ ချောင်းဘေး ဝေါကြီးအနီးတွင် ပိုင်ရှင်မဲ့အဖြစ် ရပ်တန့်ထားကြောင်းတွေ့ရ ရာမှ စုံစမ်းဖော်ထုတ်ရာ ပွဲစားမှတဆင့် ဝယ်ယူသူကို ဖော်ထုတ်နိုင်ခဲ့သည့်အပြင် ၂၆ လမ်း နှင့် ၅၇ လမ်းထောင့်ရှိ Pan Yong စတိုးဆိုင်တွင် ငွေ ၁၀၀၀၀၀၀ ကျပ် Cash in လုပ်ထားကြောင်း သိရှိရမှုအပေါ် သွားရာက်စိစစ်ခဲ့ရာ မှ ကွင်းဆက်ထပ်မံရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဓါးပြခေါင်းဆောင် အောင်ခိုင်မင်း(ခ)မြင့်မြတ်မော်နှင့် ဓါးပြတိုက်ရာတွင်ပါဝင်သူ အောင်ကျော်သူတို့အား ပြစ်မှုကျုးလွန်ချိန်အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်(၁)လက်၊ ဓါးပြတိုက်ရာတွင်ရခဲ့သည့်ရွှေထည်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ဖြစ်စဥ်ကတော့ သူတို့ပြစ်မှုကျူးလွန်သွားတဲ့ ကားရယ်။ ဆိုင်ကယ်ရယ်၊ လမ်းကြောင်းရယ်ကိုကြည့်ပြီး ဟိုတယ်မှာလာတည်းတဲ့အခြေအနေကိုကြည့်ပြီး မှုခင်းရဲတပ်ဖွဲ့ရယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ် ပေါင်းပြီးဖော်ထုတ်ခဲ့တာပေါ့။ ၂၄ ရက်နေ့ မှာဖြစ်တယ်ဆို ရှစ်ရက်မြောက်နေ့မှာ ပေါ်တာပေါ့" ဟု လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဓားပြခေါင်းဆောင်သည် ပြစ်မှုကျူးလွန်ရန် သေချာစွာ စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၄င်းသည် လောင်းကစား လုပ်တတ်သူလည်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်နှင့် ပတ်သက်၍ ပါဝင်သူများကို ထပ်မံ ဖမ်းဆီးရမိရေးအတွက်လည်း တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်

Zawgyi Version:
မႏၲေလး မွ ေ႐ႊနန္းသုခစိန္ေ႐ႊရတနာဆိုင္ ဓားျပတိုက္သူမ်ားအနက္ ေခါင္းေဆာင္ႏွင့္ အျခားတစ္ဦးကို ရက္ပိုင္းအတြင္း ဖမ္းမိ
သက္ပိုင္ (NP News) - ၾသဂုတ္ ၂
မႏၲေလး မွ ေ႐ႊနန္းသုခစိန္ေ႐ႊရတနာ ဆိုင္ဓားျပတိုက္သူမ်ားအနက္ ေခါင္းေဆာင္ႏွင့္ အျခားတစ္ဦးကို ရက္ပိုင္းအတြင္း ဖမ္းမိၿပီျဖစ္ေၾကာင္း လုံၿခဳံေရတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၂၄ ရက္က မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာေအာင္ေျမ အေနာက္ရပ္ေ႐ြနန္းသုခစိန္ေ႐ႊရတနာ ေရာင္းဝယ္ေရးဆိုင္အတြင္းသို႔ က်ား ၅ ဦး မ(၁)ဦး ေပါင္း(၆)ဦးခန႔္ က Mask ကိုယ္စီျဖင့္ ေရာက္ရွိလာၿပီးပစၥတိုေသနတ္ျဖင့္ ၁ ခ်က္ေဖာက္၍ ဆိုင္အတြင္း ဝင္ေရာက္ကာ စိန္ထည္ႏွင့္ေ႐ႊထည္ပစၥည္းမ်ားအား ပီနံအိတ္အတြင္း ထည့္ခိုင္းကာ ဟြန္ဒါဖစ္အျဖဴေရာင္ ၁ စီး၊ ဆိုင္ကယ္ ၂ စီးတို႔ျဖင့္ ၃၉ လမ္းမွ ၆၈ လမ္းဘက္သို႔ ျပန္ထြက္ခဲ့ျခင္းျဖစ္သည္။
ယင္းေနာက္ ပစၥတိုေသနတ္ျဖင့္ (၄)ခ်က္ခန္႔ ပစ္ခတ္ျခင္း၊ ၎တို႔တြင္ ပါရွိလာသည့္ ဓားျဖင့္ လုံၿခဳံေရးဝန္ထမ္းအား ခုတ္ျခင္းမ်ားျပဳလုပ္ခဲ့ေသာေၾကာင့္ လုံၿခဳံေရးဝန္ထမ္းႏွစ္ဦး တြင္ ေသနတ္ဒဏ္ရာ ႏွင့္ ဓားဒဏ္ရာရခဲ့ေၾကာင္း သိရသည္။
က်ဴးလြန္သူမ်ားအား ဖမ္းမိေရးေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳေသာ ကားကို ဇူလိုင္လ ၂၅ ရက္က ပုသိမ္ႀကီးၿမိဳ႕နယ္ဇီးခ်ိဳကုန္းကြင္း ၁၀ ေခ်ာင္းေဘး ေဝါႀကီးအနီးတြင္ ပိုင္ရွင္မဲ့အျဖစ္ ရပ္တန္႔ထားေၾကာင္းေတြ႕ရ ရာမွ စုံစမ္းေဖာ္ထုတ္ရာ ပြဲစားမွတဆင့္ ဝယ္ယူသူကို ေဖာ္ထုတ္ႏိုင္ခဲ့သည့္အျပင္ ၂၆ လမ္း ႏွင့္ ၅၇ လမ္းေထာင့္ရွိ Pan Yong စတိုးဆိုင္တြင္ ေငြ ၁၀၀၀၀၀၀ က်ပ္ Cash in လုပ္ထားေၾကာင္း သိရွိရမႈအေပၚ သြားရာက္စိစစ္ခဲ့ရာ မွ ကြင္းဆက္ထပ္မံရရွိခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ဓါးျပေခါင္းေဆာင္ ေအာင္ခိုင္မင္း(ခ)ျမင့္ျမတ္ေမာ္ႏွင့္ ဓါးျပတိုက္ရာတြင္ပါဝင္သူ ေအာင္ေက်ာ္သူတို႔အား ျပစ္မႈက်ဳးလြန္ခ်ိန္အသုံးျပဳခဲ့သည့္ ပစၥတိုေသနတ္(၁)လက္၊ ဓါးျပတိုက္ရာတြင္ရခဲ့သည့္ေ႐ႊထည္ပစၥည္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
"ျဖစ္စဥ္ကေတာ့ သူတို႔ျပစ္မႈက်ဴးလြန္သြားတဲ့ ကားရယ္။ ဆိုင္ကယ္ရယ္၊ လမ္းေၾကာင္းရယ္ကိုၾကည့္ၿပီး ဟိုတယ္မွာလာတည္းတဲ့အေျခအေနကိုၾကည့္ၿပီး မႈခင္းရဲတပ္ဖြဲ႕ရယ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရယ္ ေပါင္းၿပီးေဖာ္ထုတ္ခဲ့တာေပါ့။ ၂၄ ရက္ေန႔ မွာျဖစ္တယ္ဆို ရွစ္ရက္ေျမာက္ေန႔မွာ ေပၚတာေပါ့" ဟု လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။
ဓားျပေခါင္းေဆာင္သည္ ျပစ္မႈက်ဴးလြန္ရန္ ေသခ်ာစြာ စီစဥ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ၄င္းသည္ ေလာင္းကစား လုပ္တတ္သူလည္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပါဝင္သူမ်ားကို ထပ္မံ ဖမ္းဆီးရမိေရးအတြက္လည္း တာဝန္ရွိသူမ်ားက ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။