တောင်ကိုရီးယားမှာ ခွေးလေးပူနေမှာစိုးလို့ ရေခဲသေတ္တာထဲ ထည့်ထားမိတဲ့ စားသောက်ဆိုင်ပိုင်ရှင် အတိုင်ခံရ

395

ရောင်နီ (NP News) - သြဂုတ် ၃
နေ့အပူချိန် စံချိန်တင်မြင့်တက်နေတဲ့ တောင်ကိုရီးယားမှာ အိမ်မွေးခွေးကို ပူနေမှာစိုးလို့ ရေခဲသေတ္တာထဲ ထည့်ပိတ်ထားမိတဲ့စားသောက်ဆိုင်ပိုင်ရှင်ဟာ တိရစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုနဲ့ ဇူလိုင် ၃၁ ရက်မှာ အတိုင်ခံလိုက် ရပါတယ်။
တောင်ကိုရီးယား၊ ဘူဆန်၊ ဂျောင်ဘူ ရဲစခန်းက ဇူလိုင်လ ၂၉ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ခွေးကို ရေခဲသေတ္တာထဲ ထည့်ထားတယ်ဆိုတဲ့ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ဖြစ်နိုင်ချေရှိတဲ့ တိုင်ကြားချက်ကို လက်ခံရရှိ ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ်မှာတော့ ရေခဲသေတ္တာအတွင်း အပူချိန်ဟာ အေးခဲခြင်းမရှိ အလွန်နိမ့်နေတာကြောင့် တိရစ္ဆာန်ကာကွယ်ရေးဥပဒေအား ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ ခွေးပိုင်ရှင် ဖြစ်သူကတော့ သူ့ရဲ့ခွေးလေးမှာ နှလုံးနဲ့ဆိုင်တဲ့ပြဿနာတွေရှိတာကြောင့် အပူချိန်မခံစားရအောင် ရေခဲသေတ္တာ ထဲ ထည့်ထားမိတယ်လို့ ဆိုပါတယ်။ အသက် ၆ဝ အရွယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်က သူမဟာ သမီးလေးလို ချစ်ရတဲ့ ကွတ်ကီးဆိုတဲ့ခွေးလေးမှာ နှလုံးရောဂါ ခံစားနေရပြီး အပူလွန်ကဲရင် အသက်သေဆုံးနိုင်တယ်လို့ ဆရာဝန် က ပြောခဲ့တာကြောင့် အပူလျော့အောင် ရေခဲသေတ္တာထဲ ထည့်ထားမိတယ်လို့ ဆိုပါတယ်။
အခု လောလောဆယ်မှာတော့ ပိုင်ရှင်ရဲ့ရှင်းပြချက်အရ ခွေးကို ညှင်းပမ်းနှိက်စက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ယူဆထားပြီး အိမ်မွေးတိရစ္ဆာန်ကို ရေခဲသေတ္တာထဲမှာ ထားဖို့ကတော့ သတိထားဖို့လိုအပ်ကြောင်း၊ ရေခဲသေတ္တာထဲ ထည့်ထားမယ့်အစား ခွေးတွေအတွက်ထုတ်လုပ်ထားတဲ့ အအေးဖြာ လို အသုံးအဆောင်ပစ္စည်းတွေ သုံးပေးသင့် ကြောင်း ဒေသခံတိရစ္ဆာန်အခွင့်အရေးအဖွဲ့ Live in Freedom and Equality ရဲ့ အကြီးအကဲ မစ္စတာဆမ်အင်ဆော့ က ပြောကြား အကြံပြုခဲ့ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ေခြးေလးပူေနမွာစိုးလို႔ ေရခဲေသတၱာထဲ ထည့္ထားမိတဲ့ စားေသာက္ဆိုင္ပိုင္ရွင္ အတိုင္ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၃
ေန႔အပူခ်ိန္ စံခ်ိန္တင္ျမင့္တက္ေနတဲ့ ေတာင္ကိုရီးယားမွာ အိမ္ေမြးေခြးကို ပူေနမွာစိုးလို႔ ေရခဲေသတၱာထဲ ထည့္ပိတ္ထားမိတဲ့စားေသာက္ဆိုင္ပိုင္ရွင္ဟာ တိရစာၦန္ညႇင္းပမ္းႏွိပ္စက္မႈနဲ႔ ဇူလိုင္ ၃၁ ရက္မွာ အတိုင္ခံလိုက္ ရပါတယ္။
ေတာင္ကိုရီးယား၊ ဘူဆန္၊ ေဂ်ာင္ဘူ ရဲစခန္းက ဇူလိုင္လ ၂၉ ရက္ေန႔ ည ၈ နာရီ ၁၀ မိနစ္ဝန္းက်င္မွာ ေခြးကို ေရခဲေသတၱာထဲ ထည့္ထားတယ္ဆိုတဲ့ တိရိစာၦန္ညႇင္းပန္းႏွိပ္စက္မႈ ျဖစ္ႏိုင္ေခ်ရွိတဲ့ တိုင္ၾကားခ်က္ကို လက္ခံရရွိ ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးစဥ္မွာေတာ့ ေရခဲေသတၱာအတြင္း အပူခ်ိန္ဟာ ေအးခဲျခင္းမရွိ အလြန္နိမ့္ေနတာေၾကာင့္ တိရစာၦန္ကာကြယ္ေရးဥပေဒအား ခ်ိဳးေဖာက္ခဲ့ျခင္း ရွိ၊ မရွိ စစ္ေဆးခဲ့ပါတယ္။ ေခြးပိုင္ရွင္ ျဖစ္သူကေတာ့ သူ႔ရဲ႕ေခြးေလးမွာ ႏွလုံးနဲ႔ဆိုင္တဲ့ျပႆနာေတြရွိတာေၾကာင့္ အပူခ်ိန္မခံစားရေအာင္ ေရခဲေသတၱာ ထဲ ထည့္ထားမိတယ္လို႔ ဆိုပါတယ္။ အသက္ ၆ဝ အ႐ြယ္ရွိ စားေသာက္ဆိုင္ပိုင္ရွင္က သူမဟာ သမီးေလးလို ခ်စ္ရတဲ့ ကြတ္ကီးဆိုတဲ့ေခြးေလးမွာ ႏွလုံးေရာဂါ ခံစားေနရၿပီး အပူလြန္ကဲရင္ အသက္ေသဆုံးႏိုင္တယ္လို႔ ဆရာဝန္ က ေျပာခဲ့တာေၾကာင့္ အပူေလ်ာ့ေအာင္ ေရခဲေသတၱာထဲ ထည့္ထားမိတယ္လို႔ ဆိုပါတယ္။
အခု ေလာေလာဆယ္မွာေတာ့ ပိုင္ရွင္ရဲ႕ရွင္းျပခ်က္အရ ေခြးကို ညႇင္းပမ္းႏွိက္စက္ဖို႔ ရည္႐ြယ္ခ်က္ မရွိဘူးလို႔ ယူဆထားၿပီး အိမ္ေမြးတိရစာၦန္ကို ေရခဲေသတၱာထဲမွာ ထားဖို႔ကေတာ့ သတိထားဖို႔လိုအပ္ေၾကာင္း၊ ေရခဲေသတၱာထဲ ထည့္ထားမယ့္အစား ေခြးေတြအတြက္ထုတ္လုပ္ထားတဲ့ အေအးျဖာ လို အသုံးအေဆာင္ပစၥည္းေတြ သုံးေပးသင့္ ေၾကာင္း ေဒသခံတိရစာၦန္အခြင့္အေရးအဖြဲ႕ Live in Freedom and Equality ရဲ႕ အႀကီးအကဲ မစၥတာဆမ္အင္ေဆာ့ က ေျပာၾကား အႀကံျပဳခဲ့ပါတယ္။