ထိပ်တန်းအနုပညာရှင်များနှင့်တွေ့ဆုံခြင်းသည် USDPပါတီ၏ မဟာဗျူဟာတစ်ခုဖြစ်နိုင်ဟုဆို

759

သန့်ဇင်(NP News)-ဩဂုတ် ၃
ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရုံးခွဲတွင် ထိပ်တန်းအနုပညာရှင်များစွာနှင့် USDPပါတီဥက္ကဋ္ဌဦးခင်ရီတို့ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ရက်၊ နံနက်ပိုင်းက တွေ့ဆုံခဲ့ပြီး USDPပါတီ၏ မဟာဗျူဟာတစ်ခုဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ဆိုသည်။
အဆိုပါတွေ့ဆုံပွဲကို မိတ်ဆွေများနှင့်တွေ့ဆုံပွဲဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ထုတ်ပြန်ထားကာ တွေ့ဆုံပွဲသို့ ထိပ်တန်းအနုပညာရှင်များဖြစ်သော ရန်အောင်၊ နေအောင်၊ မိုးဒီ၊ ငှက်ပျောကြော်၊ စိုးမြတ်သူဇာ၊ ဦးတိမ်ညွှန့်တို့ အပါအဝင် ဒါရိုက်တာနှင့် အနုပညာရှင်များ လာရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထိပ်တန်းအနုပညာရှင်များနှင့်တွေ့ဆုံခြင်းသည် USDPပါတီ၏ မဟာဗျူဟာတစ်ခုဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က သုံးသပ်ထားသည်။
“ကျွန်တော်တို့ကလည်း ရုံးဖွင့်တာတွေမပြီးသေးတော့ ကိုယ့်ကိစ္စကိုယ်ပြီးအောင်လုပ်နေတာပေါ့။ ဒါကလည်း USDPအနေနဲ့လည်း သူတို့ရဲ့ Strategyတစ်ခုဖြစ်မှာပေါ့လေ။ ဘာတွေဘယ်လိုလုပ်ကြမလဲမပြောတတ်ဘူးပေါ့။ ဒါနဲ့ သူလည်းလုပ်ခွင့်ရှိတာပေါ့လေ။ ကိုယ်လည်း လုပ်ချင်တာပေါ့။ ဟိုကလာမယ်ဆိုရင်ပေါ့လေ။ ကိုယ်လည်းလုပ်ခွင့်ရှိတာပေါ့။ ဒီအပေါ်မှာ အထူးတလည်တော့ မှတ်ချက်မပြုလိုပါဘူး”ဟု ဦးထက်အောင်ကျော်က NP Newsကိုပြောသည်။
တွေ့ဆုံပွဲတွင် USDPပါတီဖြစ်တည်လာမှုသမိုင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းများ အား မဲပေးရေးအပါအဝင် ကဏ္ဍအသီးသီးအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း USDPပါတီက ထုတ်ပြန်ထားသည်။
ယင်းတွေ့ဆုံပွဲသည် ရှိရင်းစွဲခင်မင်ရင်းနှီးမှုများအပေါ်မူတည်ကာ ပွင့်လင်းရင်းနှီးစွာ စကားပြောခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီက ၎င်း၏လူမှုကွန်ယက် Facebookစာမျက်နှာတွင် ရုပ်သံဖိုင်နှင့်တကွဖော်ထားကြောင်း သိရသည်။
“ဇူလိုင်လ ၃၁ရက်နေ့မနက်ပိုင်းမှာ ကျွန်တော်တို့ ဌာနချုပ် ရန်ကုန်ရုံးခွဲမှာ မတွေ့ကြမဆုံကြတာကြာပြီဖြစ်တဲ့ မြန်မာ့အနုပညာလုပ်ငန်း နယ်ပယ်အသီးသီးက မိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောဖြစ်ပါတယ်။ အတူတကွလည်း ထမင်းစားခဲ့ကြပါတယ်။ မိတ်ဆွေများနဲ့တွေ့ ဆုံခြင်းလို့ ဆိုရမှာပေါ့ဗျာ။ ခေါင်းစဉ်တွေမယ်မယ်ရရမရှိပေမယ့် ရှိရင်းစွဲခင်မင်ရင်းနှီးမှုတွေအပေါ်မူတည်ပြီး ပွင့်လင်းရင်းနှီးစွာ စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာဖွယ်ရာမနက်ခင်းတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ”ဟု ဦးခင်ရီက ဆိုသည်။

Zawgyi Version:
ထိပ္တန္းအႏုပညာရွင္မ်ားႏွင့္ေတြ႕ဆုံျခင္းသည္ USDPပါတီ၏ မဟာဗ်ဴဟာတစ္ခုျဖစ္ႏိုင္ဟုဆို
သန႔္ဇင္(NP News)-ဩဂုတ္ ၃
ရန္ကုန္ၿမိဳ႕ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္ ႐ုံးခြဲတြင္ ထိပ္တန္းအႏုပညာရွင္မ်ားစြာႏွင့္ USDPပါတီဥကၠ႒ဦးခင္ရီတို႔ ၿပီးခဲ့သည့္ ဇူလိုင္လ ၃၁ရက္၊ နံနက္ပိုင္းက ေတြ႕ဆုံခဲ့ၿပီး USDPပါတီ၏ မဟာဗ်ဴဟာတစ္ခုျဖစ္ႏိုင္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီ အင္အားစု ပါတီဒုတိယဥကၠ႒ ဦးထက္ေအာင္ေက်ာ္က ဆိုသည္။
အဆိုပါေတြ႕ဆုံပြဲကို မိတ္ေဆြမ်ားႏွင့္ေတြ႕ဆုံပြဲဟု ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)က ထုတ္ျပန္ထားကာ ေတြ႕ဆုံပြဲသို႔ ထိပ္တန္းအႏုပညာရွင္မ်ားျဖစ္ေသာ ရန္ေအာင္၊ ေနေအာင္၊ မိုးဒီ၊ ငွက္ေပ်ာေၾကာ္၊ စိုးျမတ္သူဇာ၊ ဦးတိမ္ၫႊန႔္တို႔ အပါအဝင္ ဒါ႐ိုက္တာႏွင့္ အႏုပညာရွင္မ်ား လာေရာက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထိပ္တန္းအႏုပညာရွင္မ်ားႏွင့္ေတြ႕ဆုံျခင္းသည္ USDPပါတီ၏ မဟာဗ်ဴဟာတစ္ခုျဖစ္ႏိုင္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီ အင္အားစု ပါတီဒုတိယဥကၠ႒ ဦးထက္ေအာင္ေက်ာ္က သုံးသပ္ထားသည္။
“ကြၽန္ေတာ္တို႔ကလည္း ႐ုံးဖြင့္တာေတြမၿပီးေသးေတာ့ ကိုယ့္ကိစၥကိုယ္ၿပီးေအာင္လုပ္ေနတာေပါ့။ ဒါကလည္း USDPအေနနဲ႔လည္း သူတို႔ရဲ႕ Strategyတစ္ခုျဖစ္မွာေပါ့ေလ။ ဘာေတြဘယ္လိုလုပ္ၾကမလဲမေျပာတက္ဘူးေပါ့။ ဒါနဲ႔ သူလည္းလုပ္ခြင့္ရွိတာေပါ့ေလ။ ကိုယ္လည္း လုပ္ခ်င္တာေပါ့။ ဟိုကလာမယ္ဆိုရင္ေပါ့ေလ။ ကိုယ္လည္းလုပ္ခြင့္ရွိတာေပါ့။ ဒီအေပၚမွာ အထူးတလည္ေတာ့ မွတ္ခ်က္မျပဳလိုပါဘူး”ဟု ဦးထက္ေအာင္ေက်ာ္က NP Newsကိုေျပာသည္။
ေတြ႕ဆုံပြဲတြင္ USDPပါတီျဖစ္တည္လာမႈသမိုင္း၊ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးႏွင့္ မိမိႀကိဳက္ႏွစ္သက္ရာ အဖြဲ႕အစည္းမ်ား အား မဲေပးေရးအပါအဝင္ က႑အသီးသီးအား အျပန္အလွန္ ေဆြးေႏြးခဲ့ေၾကာင္း USDPပါတီက ထုတ္ျပန္ထားသည္။
ယင္းေတြ႕ဆုံပြဲသည္ ရွိရင္းစြဲခင္မင္ရင္းႏွီးမႈမ်ားအေပၚမူတည္ကာ ပြင့္လင္းရင္းႏွီးစြာ စကားေျပာခဲ့ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ဖြံ႕ ၿဖိဳးေရးပါတီဥကၠ႒ဦးခင္ရီက ၎၏လူမႈကြန္ယက္ Facebookစာမ်က္ႏွာတြင္ ႐ုပ္သံဖိုင္ႏွင့္တကြေဖာ္ထားေၾကာင္း သိရသည္။
“ဇူလိုင္လ ၃၁ရက္ေန႔မနက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ဌာနခ်ဳပ္ ရန္ကုန္႐ုံးခြဲမွာ မေတြ႕ၾကမဆုံၾကတာၾကာၿပီျဖစ္တဲ့ ျမန္မာ့အႏုပညာလုပ္ငန္း နယ္ပယ္အသီးသီးက မိတ္ေဆြေတြနဲ႔ ေတြ႕ဆုံစကားေျပာျဖစ္ပါတယ္။ အတူတကြလည္း ထမင္းစားခဲ့ၾကပါတယ္။ မိတ္ေဆြမ်ားနဲ႔ေတြ႕ ဆုံျခင္းလို႔ ဆိုရမွာေပါ့ဗ်ာ။ ေခါင္းစဥ္ေတြမယ္မယ္ရရမရွိေပမယ့္ ရွိရင္းစြဲခင္မင္ရင္းႏွီးမႈေတြအေပၚမူတည္ၿပီး ပြင့္လင္းရင္းႏွီးစြာ စကားေတြအမ်ားႀကီးေျပာျဖစ္ခဲ့ပါတယ္။ ေပါ့ေပါ့ပါးပါးနဲ႔ စိတ္ခ်မ္းသာဖြယ္ရာမနက္ခင္းတစ္ခုကို ျဖတ္ေက်ာ္ႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ”ဟု ဦးခင္ရီက ဆိုသည္။