ဇူလိုင်လ(၂၉)ရက်မှ ဩဂုတ်လ (၄)ရက်အတွင်း နောက်ဆုံးရ အပြောင်းအရွှေ့ နဲ့ အလားအလာ

 1614

ရဲထက် (NP News)

(၁) စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒူနာရူးမားကို ခေါ်ယူဖို့ရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း

PSG အသင်းနဲ့အတူ အကောင်းဆုံးလက်စွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ အီတလီလက်ရွေးစင် ဂိုး သမား ဒူနာရူးမားကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေပြီး ကစားသမားရဲ့ စာချုပ်သက်တမ်းအခြေအနေကို စောင့်ကြည့်နေကြပါတယ်။ PSG အသင်းဟာ ဂိုးသမား ဒူနာရူးမား နေရာမှာ အခြားသောဂိုးသမားနဲ့ လူစားထိုးဖို့လုပ်ဆောင်နေရာမှာ စာချုပ်သက်တမ်းတိုးဖို့ လုပ် ဆောင် မှုတွေ အဆင်မပြေဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒူနာရူးမားဟာ ဒီနှစ်မှာ PSG အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး တကယ်လို့ အသင်းဘက်က လိုင်လီအသင်းက ဂိုးသမားခေါ်ယူခဲ့ရင် အသင်းကနေ သေချာ ပေါက်ထွက် ခွာဖို့ရှိနေတာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေအတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ ဒူနာရူးမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်း တွေကတော့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့အပြင် ချဲလ်ဆီးအသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေ ပြီး ကစားသမားရဲ့ အပြောင်းအရွှေ့ ကတော့ ပေါင်သန်း(၄၀)ကနေ ပေါင်သန်း(၅၀)ကြားမှာ ရှိနေတယ် လို့သိရပါတယ်။ ဒူနာရူးမားဟာ ပြီးခဲ့တဲ့ရာသီရဲ့ အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့အဆင့် ဂိုး သမားကောင်းတစ်ဦးဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲက ဘယ်အသင်းက ခေါ်ယူ သွားနိုင်မလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။

(၂) ဂျာရယ် ဟာတိုနဲ့ ဂျာဗီ ဆိုင်မွန်တို့ကို အပြီးသတ်ခေါ်ယူဖို့ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီရာသီအပြောင်းအ‌ရွှေ့ဈေးကွက်မှာ လူခေါ်ယူမှုတွေကို အကောင်းဆုံး လုပ်ဆောင်နေတဲ့အသင်းဖြစ်ပြီး လက်ရှိမှာလည်း အေဂျက်အသင်းက ဂျာရယ် ဟာတိုနဲ့ လိုက်ဇစ်အသင်း က ဂျာဗီဆိုင်မွန်တို့ကိုခေါ်ယူဖို့ ဆက်လက်လုပ်‌ဆောင်နေပါတယ်။ ဂျာရယ်ဟာတိုရဲ့ အပြောင်းအရွှေ့ မှာ တော့ အေဂျက်အသင်းနဲ့ ချဲလ်ဆီးအသင်းကြားမှာ ဆွေးနွေးမှုတွေလုပ်ဆောင်နေပြီး အေဂျက်အသင်း ဘက်က ယူရို (၉)သန်းအထိ ပိုလိုချင်နေတဲ့အနေအထားမှာ ချဲလ်ဆီးအသင်းဘက်က မပေးချင်တာ ကြောင့် အပြောင်းအရွှေ့ ကြန့်ကြာနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ကစားဖို့ ခေါင်းညိတ်ထားတာကြောင့် ဒီအပြောင်းအရွှေ့က အနှေးနဲ့အမြန် ဖြစ် မြောက်လာဖို့ရှိနေပါတယ်။ ဂျာဗီ ဆိုင်မွန်ရဲ့အပြောင်းအရွှေ့ကလည်း အလားတူပုံစံမျိုးဖြစ်ပြီး လိုက်ဇစ် အသင်းဘက်က လိုချင်တဲ့ ပေါင်သန်း (၇၀)နဲ့အထက်လိုချင်နေရာမှာ ချဲလ်ဆီးအသင်းဘက်က ပေါင်သန်း (၇၀)နဲ့သာ အပြီးဖြတ်လိုတာကြောင့် နှစ်သင်းကြားမှာ အပြောင်းအရွှေ့က ဖြစ်မလာသေးတာ ဖြစ်ပါ တယ်။ ဒါ့ပြင် ဂျာဗီဆိုင်မွန်ကိုယ်တိုင်ကလည်း ချဲလ်ဆီးအသင်းမှာ ပြိုင်ဆိုင်မှုတွေများလာနိုင် ပေမယ့် ပြောင်းရွှေ့ကစားချင်ကြောင်း ပြောဆိုထားတာကြောင့် ဒီအပြောင်းအရွှေ့ကလည်း ဖြစ်မြောက် လာဖို့ ရှိနေပါတယ်။ လက်ရှိမှာ ချဲလ်ဆီးအသင်းဟာ ဂျာအိုဖီးလစ်ကို ယူရိုသန်း(၅၀)နဲ့ ဆော်ဒီကလပ်အသင်း ကိုရောင်းချထားနိုင်ပြီး စတာလင်ရဲ့ အပြောင်းအရွှေ့ကိုလည်း လုပ်ဆောင်နေပါတယ်။

(၃) အီဆက်ခ်ကို လီဗာပူးလ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ရှိနေ

လီဗာပူးလ်အသင်းဟာ တောင်ပံကစားသမား လူးဝစ်ဒီယက်ကို ဘိုင်ယန်မြူးနစ်အသင်းထံ ယူရို (၇၅)သန်းနဲ့ ရောင်းချခဲ့ပြီးတဲ့နောက်မှာတော့ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး အီဆက်ခ်ကို စံချိန် တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ချဲလ်ဆီး အသင်းနည်းတူ ကစားသမားအများစုကိုခေါ်ယူအားဖြည့်ထားသလို လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ နယူးကာ ဆယ် အသင်းဘက်က အီဆက်ခ်ကို ရောင်းချဖို့လွယ်ကူမှာမဟုတ်တဲ့အနေအထားမှာ လီဗာပူးလ်အသင်း ဘက်က တော့ စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၂၀)နဲ့ စတင်ကမ်းလှမ်းသွားမယ်လို့ဆိုထားပြီး နယူး ကာဆယ်အသင်းနဲ့ တိုက်ရိုက်ဆွေးနွေးသွားဖို့ရှိနေပေမယ့် နယူးကာဆယ်အသင်းဘက်က လက်မ ခံခဲ့ရင်တော့ ဒီအပြောင်းအ‌ရွှေ့တန်ဖိုးက ဆက်လက်မြင့်တက်လာဖို့ရှိနေပါတယ်။ ဒါ့ပြင် လီဗာပူးလ် အသင်းဘက်က လိုအပ်လာရင် ပေါင်းသန်း(၁၈၀)အထိ ပေးချေဖို့လည်း အသင့်ပြင်ထားပြီး နှစ်သင်းကြား ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

(၄) ဂါဘရီရယ် ဂျေဆူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ

အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ပွဲထွက်ခွင့်တစ်နေရာရရှိဖို့ ရုန်းကန်နေရတဲ့ ဂါဘရီရယ် ဂျေဆူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းများစွာရှိလာနေပါတယ်။ ဒီအသင်းတွေ ကတော့ ဘာစီလိုနာ၊ အေစီမီလန်၊ အင်တာမီလန်အသင်းတို့ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ဖြစ်တဲ့ နယူး ကာဆယ်အသင်းနဲ့ စပါးစ်အသင်းတို့ပါဝင်လာတာကိုတွေ့ရပါတယ်။ အာဆင်နယ်အသင်း အနေနဲ့ ဂျေဆူးကို ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးအတိုင်းပြန်ရဖို့ထက် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းရှိလာတာကိုက ကျေနပ်စရာဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဂျေဆူးရဲ့ အသက် အရွယ် နဲ့ ခြေစွမ်းပိုင်းအရ အောက်ဈေးနဲ့သာ ရောင်းချရမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းမှာဆက်ရှိနေရင် ပေးချေနေရတဲ့ လစာပမာဏတွေကိုတော့ လျှော့ချလိုက်နိုင်မှာလည်းဖြစ်ပါတယ်။ အာဆင်နယ် အသင်း မှာ ပွဲထွက်ခွင့်ရဖို့ မသေချာတော့တဲ့ ဂျေဆူး အနေနဲ့လည်း အခြားသောကလပ်အသင်းတစ်ခုခုကို ပြောင်း ရွှေ့ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဒီရာသီ အပြောင်းအရွှေ့မပြီးဆုံးခင်မှာ ဒီအပြောင်းအရွှေ့ကို မြင်တွေ့ ရဖို့ရှိနေပါတယ်။

Zawgyi Version:
ဇူလိုင္လ(၂၉)ရက္မွ ဩဂုတ္လ (၄)ရက္အတြင္း ေနာက္ဆုံးရ အေျပာင္းအေ႐ႊ႕ နဲ႔ အလားအလာ
ရဲထက္ (NP News)

(၁) စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဒူနာ႐ူးမားကို ေခၚယူဖို႔ရွိေနတဲ့ ပရီးမီးယားလိဂ္ ကလပ္အသင္း

PSG အသင္းနဲ႔အတူ အေကာင္းဆုံးလက္စြမ္းေတြကို ပိုင္ဆိုင္ထားတဲ့ အီတလီလက္ေ႐ြးစင္ ဂိုး သမား ဒူနာ႐ူးမားကိုေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္အသင္းေတြက စိတ္ဝင္စားေနၿပီး ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းအေျခအေနကို ေစာင့္ၾကည့္ေနၾကပါတယ္။ PSG အသင္းဟာ ဂိုးသမား ဒူနာ႐ူးမား ေနရာမွာ အျခားေသာဂိုးသမားနဲ႔ လူစားထိုးဖို႔လုပ္ေဆာင္ေနရာမွာ စာခ်ဳပ္သက္တမ္းတိုးဖို႔ လုပ္ ေဆာင္ မႈေတြ အဆင္မေျပျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဒူနာ႐ူးမားဟာ ဒီႏွစ္မွာ PSG အသင္းနဲ႔စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး တကယ္လို႔ အသင္းဘက္က လိုင္လီအသင္းက ဂိုးသမားေခၚယူခဲ့ရင္ အသင္းကေန ေသခ်ာ ေပါက္ထြက္ ခြာဖို႔ရွိေနတာေၾကာင့္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအတြက္ အခြင့္အေရး တစ္ခုလည္း ျဖစ္လာႏိုင္ပါတယ္။ လက္ရွိမွာ ဒူနာ႐ူးမားကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကလပ္အသင္း ေတြကေတာ့ မန္စီးတီးအသင္းနဲ႔ မန္ယူအသင္းတို႔အျပင္ ခ်ဲလ္ဆီးအသင္းကလည္းေခၚယူဖို႔စိတ္ဝင္စားေန ၿပီး ကစားသမားရဲ႕ အေျပာင္းအေ႐ႊ႕ ကေတာ့ ေပါင္သန္း(၄၀)ကေန ေပါင္သန္း(၅၀)ၾကားမွာ ရွိေနတယ္ လို႔သိရပါတယ္။ ဒူနာ႐ူးမားဟာ ၿပီးခဲ့တဲ့ရာသီရဲ႕ အေကာင္းဆုံးဂိုးသမားတစ္ဦးျဖစ္ၿပီး ကမာၻ႔အဆင့္ ဂိုး သမားေကာင္းတစ္ဦးျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲက ဘယ္အသင္းက ေခၚယူ သြားႏိုင္မလဲဆိုတာက စိတ္ဝင္စားစရာေကာင္းေနပါတယ္။

(၂) ဂ်ာရယ္ ဟာတိုနဲ႔ ဂ်ာဗီ ဆိုင္မြန္တို႔ကို အၿပီးသတ္ေခၚယူဖို႔ရွိေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီအေျပာင္းအ‌ေ႐ႊ႕ေဈးကြက္မွာ လူေခၚယူမႈေတြကို အေကာင္းဆုံး လုပ္ေဆာင္ေနတဲ့အသင္းျဖစ္ၿပီး လက္ရွိမွာလည္း ေအဂ်က္အသင္းက ဂ်ာရယ္ ဟာတိုနဲ႔ လိုက္ဇစ္အသင္း က ဂ်ာဗီဆိုင္မြန္တို႔ကိုေခၚယူဖို႔ ဆက္လက္လုပ္‌ေဆာင္ေနပါတယ္။ ဂ်ာရယ္ဟာတိုရဲ႕ အေျပာင္းအေ႐ႊ႕ မွာ ေတာ့ ေအဂ်က္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းၾကားမွာ ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနၿပီး ေအဂ်က္အသင္း ဘက္က ယူ႐ို (၉)သန္းအထိ ပိုလိုခ်င္ေနတဲ့အေနအထားမွာ ခ်ဲလ္ဆီးအသင္းဘက္က မေပးခ်င္တာ ေၾကာင့္ အေျပာင္းအေ႐ႊ႕ ၾကန႔္ၾကာေနတာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ကစားသမားကိုယ္တိုင္က ခ်ဲလ္ဆီး အသင္းကို ေျပာင္းေ႐ႊ႕ကစားဖို႔ ေခါင္းညိတ္ထားတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က အေႏွးနဲ႔အျမန္ ျဖစ္ ေျမာက္လာဖို႔ရွိေနပါတယ္။ ဂ်ာဗီ ဆိုင္မြန္ရဲ႕အေျပာင္းအေ႐ႊ႕ကလည္း အလားတူပုံစံမ်ိဳးျဖစ္ၿပီး လိုက္ဇစ္ အသင္းဘက္က လိုခ်င္တဲ့ ေပါင္သန္း (၇၀)နဲ႔အထက္လိုခ်င္ေနရာမွာ ခ်ဲလ္ဆီးအသင္းဘက္က ေပါင္သန္း (၇၀)နဲ႔သာ အၿပီးျဖတ္လိုတာေၾကာင့္ ႏွစ္သင္းၾကားမွာ အေျပာင္းအေ႐ႊ႕က ျဖစ္မလာေသးတာ ျဖစ္ပါ တယ္။ ဒါ့ျပင္ ဂ်ာဗီဆိုင္မြန္ကိုယ္တိုင္ကလည္း ခ်ဲလ္ဆီးအသင္းမွာ ၿပိဳင္ဆိုင္မႈေတြမ်ားလာႏိုင္ ေပမယ့္ ေျပာင္းေ႐ႊ႕ကစားခ်င္ေၾကာင္း ေျပာဆိုထားတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ကလည္း ျဖစ္ေျမာက္ လာဖို႔ ရွိေနပါတယ္။ လက္ရွိမွာ ခ်ဲလ္ဆီးအသင္းဟာ ဂ်ာအိုဖီးလစ္ကို ယူ႐ိုသန္း(၅၀)နဲ႔ ေဆာ္ဒီကလပ္အသင္း ကိုေရာင္းခ်ထားႏိုင္ၿပီး စတာလင္ရဲ႕ အေျပာင္းအေ႐ႊ႕ကိုလည္း လုပ္ေဆာင္ေနပါတယ္။

(၃) အီဆက္ခ္ကို လီဗာပူးလ္အသင္းက စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ရွိေန

လီဗာပူးလ္အသင္းဟာ ေတာင္ပံကစားသမား လူးဝစ္ဒီယက္ကို ဘိုင္ယန္ျမဴးနစ္အသင္းထံ ယူ႐ို (၇၅)သန္းနဲ႔ ေရာင္းခ်ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ နယူးကာဆယ္အသင္းရဲ႕ တိုက္စစ္မႉး အီဆက္ခ္ကို စံခ်ိန္ တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ရွိေနတယ္လို႔ သိရပါတယ္။ လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ ခ်ဲလ္ဆီး အသင္းနည္းတူ ကစားသမားအမ်ားစုကိုေခၚယူအားျဖည့္ထားသလို လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ အေကာင္းဆုံးလုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ နယူးကာ ဆယ္ အသင္းဘက္က အီဆက္ခ္ကို ေရာင္းခ်ဖို႔လြယ္ကူမွာမဟုတ္တဲ့အေနအထားမွာ လီဗာပူးလ္အသင္း ဘက္က ေတာ့ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း (၁၂၀)နဲ႔ စတင္ကမ္းလွမ္းသြားမယ္လို႔ဆိုထားၿပီး နယူး ကာဆယ္အသင္းနဲ႔ တိုက္႐ိုက္ေဆြးေႏြးသြားဖို႔ရွိေနေပမယ့္ နယူးကာဆယ္အသင္းဘက္က လက္မ ခံခဲ့ရင္ေတာ့ ဒီအေျပာင္းအ‌ေ႐ႊ႕တန္ဖိုးက ဆက္လက္ျမင့္တက္လာဖို႔ရွိေနပါတယ္။ ဒါ့ျပင္ လီဗာပူးလ္ အသင္းဘက္က လိုအပ္လာရင္ ေပါင္းသန္း(၁၈၀)အထိ ေပးေခ်ဖို႔လည္း အသင့္ျပင္ထားၿပီး ႏွစ္သင္းၾကား ေဆြးေႏြးမႈေတြကို ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိေနပါတယ္။

(၄) ဂါဘရီရယ္ ေဂ်ဆူးကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြ

အာဆင္နယ္အသင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔အတူ ပြဲထြက္ခြင့္တစ္ေနရာရရွိဖို႔ ႐ုန္းကန္ေနရတဲ့ ဂါဘရီရယ္ ေဂ်ဆူးကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကလပ္အသင္းမ်ားစြာရွိလာေနပါတယ္။ ဒီအသင္းေတြ ကေတာ့ ဘာစီလိုနာ၊ ေအစီမီလန္၊ အင္တာမီလန္အသင္းတို႔ျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းေတြ ျဖစ္တဲ့ နယူး ကာဆယ္အသင္းနဲ႔ စပါးစ္အသင္းတို႔ပါဝင္လာတာကိုေတြ႕ရပါတယ္။ အာဆင္နယ္အသင္း အေနနဲ႔ ေဂ်ဆူးကို ေခၚယူစဥ္က ေျပာင္းေ႐ႊ႕ေၾကးအတိုင္းျပန္ရဖို႔ထက္ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကလပ္အသင္းရွိလာတာကိုက ေက်နပ္စရာျဖစ္တယ္လို႔လည္း ဆိုႏိုင္ပါတယ္။ ေဂ်ဆူးရဲ႕ အသက္ အ႐ြယ္ နဲ႔ ေျခစြမ္းပိုင္းအရ ေအာက္ေဈးနဲ႔သာ ေရာင္းခ်ရမွာျဖစ္ေပမယ့္ အာဆင္နယ္အသင္းမွာဆက္ရွိေနရင္ ေပးေခ်ေနရတဲ့ လစာပမာဏေတြကိုေတာ့ ေလွ်ာ့ခ်လိုက္ႏိုင္မွာလည္းျဖစ္ပါတယ္။ အာဆင္နယ္ အသင္း မွာ ပြဲထြက္ခြင့္ရဖို႔ မေသခ်ာေတာ့တဲ့ ေဂ်ဆူး အေနနဲ႔လည္း အျခားေသာကလပ္အသင္းတစ္ခုခုကို ေျပာင္း ေ႐ႊ႕ကစားဖို႔ ဆႏၵရွိေနတာေၾကာင့္ ဒီရာသီ အေျပာင္းအေ႐ႊ႕မၿပီးဆုံးခင္မွာ ဒီအေျပာင္းအေ႐ႊ႕ကို ျမင္ေတြ႕ ရဖို႔ရွိေနပါတယ္။

Related news

© 2021. All rights reserved.