ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏သား စစ်မှုထမ်းတွင်ပါဝင်လာသော်လည်း အနုပညာရှင်များကိုမတွေ့ရသေး

578

Pearl (NP News) - သြဂုတ် ၄
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏တွဲဖက်အမှုဆောင်ချုပ်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦး၏သား စစ်မှုထမ်း တွင် ပါဝင် လာသော်လည်း အနုပညာရှင်များကို မတွေ့ ရသေးကြောင်း အချက်အလက်များအရ သိရသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သားဖြစ်သူသည် ပြီးခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ် စဉ်(၁၃) သင်တန်းဆင်းပွဲတွင် ပါဝင်လာကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲကို ဇူလိုင်လ (၃၁)ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဗထူးတပ်မြို့၌ ကျင်းပ ခဲ့ပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီးဖြစ်သူတို့သည် သားဖြစ်သူ၏ သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ သည်ကိုတွေ့ရသည်။
ပြည်ပရောက်မီဒီယာများတွင် တပ်မတော် ထိပ်ပိုင်းအဆင့် အရာရှိကြီးများ၏သားများ ပြည်သူ့ စစ်မှုထမ်းတွင် ပါဝင်ခြင်းမရှိကြောင်း ဝေဖန်မှုများ ရှိနေသော်လည်း ယခုအခါ တပ်မတော်၏ထိပ်ပိုင်း အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦး ၏သားက ပြည်သူ့စစ်မှု ထမ်းအဖြစ် ပါဝင်လာခြင်း ဖြစ်သည်။
“ဒီဥပဒေမှာ ဘယ်သူ ဘယ်သူက မထမ်းဆောင်သင့်ဘူးဆိုတဲ့ ချို့ယွင်းချက်ရှိတဲ့လူတွေပါတယ်လေ။ အဲဒီချို့ယွင်းချက်ကလွဲလို့ ကျန်တာတွေ အားလုံးသည် ဥပဒေရဲ့အောက်မှာ အတူတူပဲဆိုတော့ အားလုံး သည် တူတူပဲ။ အနုပညာသမားသည်လည်း အတူတူပဲ။ တစ်ပြေးညီထမ်းဆောင်ဖို့တော့ သင့်တာပေါ့။ လူထုအနေနဲ့ ခံစားချက်က ဘာဖြစ်လဲဆိုတော့ တကယ့်ကို လူသိများထင်ရှားတဲ့လူတွေထဲမှာ ဒီလို အသက်အရွယ်ထဲမှာ ရှိနေပါလျက်နဲ့ စစ်မှုထမ်းတာ မတွေ့ဘူးဆိုတော့ အောက်ခြေနင်းပြားကိုပဲ လုပ်နေ တယ်ဆိုတဲ့ ခံစားချက်ဖြစ်နေတာပေါ့။ အခုဘာပဲ ဖြစ်ဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့သားပါလာတယ် ဆိုတာ တော်တော်ကို ကောင်းတယ်။ ရှေ့မှာတုန်းက တော်တော်ပြော တယ်လေ။ လူကြီးသားသမီးတွေ မပါဘူး။ ငါတို့ချည်းပဲ ဖြစ်နေတယ်ဆိုတာမျိုးတွေ ပြောတဲ့အသံတွေ မနည်းခဲ့ဘူး။ အခုတော့ ဒါလေးက အရွေ့လေး ဖြစ်တယ်လို့တွေ့ရတယ်” ဟု အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က NP News သို့ပြောသည်။ ရုပ်ရှင်သရုပ်ဆောင်များအနေ ဖြင့်လည်း ပြည်သူလူထုများ အတွက် ရှေ့ဆောင် နမူနာပြအဖြစ် စစ်မှုထမ်းဆောင်သင့်ကြောင်း အွန်လိုင်းထက် တွင် ပြောကြားခြင်းများ ရှိနေသည်။
“သူ့စိတ်နဲ့ သူပဲလေနော်။ မိမိကိုယ်ပိုင် စိတ်နဲ့ မိမိတို့ခံယူချက်နဲ့ဆိုတော့ တိုက်တွန်းလို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။ သူ့စိတ်နဲ့သူပေါ့နော်။ သူများကို သွားပြီးတော့ မင်းဝင်သင့်တယ်ကွ မဝင်သင့်ဘူးကွ၊ သွား ပြောလို့မရဘူး။ သူ့အခွင့်အရေးပေါ့လေ” ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးကြည်စိုးထွန်းက ပြော သည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၏သား စစ္မႈထမ္းတြင္ပါဝင္လာေသာ္လည္း အႏုပညာရွင္မ်ားကိုမေတြ႕ရေသး
Pearl (NP News) - ၾသဂုတ္ ၄
အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး၏တြဲဖက္အမႈေဆာင္ခ်ဳပ္ျဖစ္ၿပီး ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ အတြင္းေရးမႉးဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၏သား စစ္မႈထမ္း တြင္ ပါဝင္ လာေသာ္လည္း အႏုပညာရွင္မ်ားကို မေတြ႕ ရေသးေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၏သားျဖစ္သူသည္ ၿပီးခဲ့သည့္ ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္ စဥ္(၁၃) သင္တန္းဆင္းပြဲတြင္ ပါဝင္လာေၾကာင္း သိရသည္။
အဆိုပါသင္တန္းဆင္းပြဲကို ဇူလိုင္လ (၃၁)ရက္ေန႔က ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ဗထူးတပ္ၿမိဳ႕၌ က်င္းပ ခဲ့ၿပီး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ဇနီးျဖစ္သူတို႔သည္ သားျဖစ္သူ၏ သင္တန္းဆင္းပြဲသို႔ တက္ေရာက္ခဲ့ သည္ကိုေတြ႕ရသည္။
ျပည္ပေရာက္မီဒီယာမ်ားတြင္ တပ္မေတာ္ ထိပ္ပိုင္းအဆင့္ အရာရွိႀကီးမ်ား၏သားမ်ား ျပည္သူ႔ စစ္မႈထမ္းတြင္ ပါဝင္ျခင္းမရွိေၾကာင္း ေဝဖန္မႈမ်ား ရွိေနေသာ္လည္း ယခုအခါ တပ္မေတာ္၏ထိပ္ပိုင္း အဆင့္ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ၏သားက ျပည္သူ႔စစ္မႈ ထမ္းအျဖစ္ ပါဝင္လာျခင္း ျဖစ္သည္။
“ဒီဥပေဒမွာ ဘယ္သူ ဘယ္သူက မထမ္းေဆာင္သင့္ဘူးဆိုတဲ့ ခ်ိဳ႕ယြင္းခ်က္ရွိတဲ့လူေတြပါတယ္ေလ။ အဲဒီခ်ိဳ႕ယြင္းခ်က္ကလြဲလို႔ က်န္တာေတြ အားလုံးသည္ ဥပေဒရဲ႕ေအာက္မွာ အတူတူပဲဆိုေတာ့ အားလုံး သည္ တူတူပဲ။ အႏုပညာသမားသည္လည္း အတူတူပဲ။ တစ္ေျပးညီထမ္းေဆာင္ဖို႔ေတာ့ သင့္တာေပါ့။ လူထုအေနနဲ႔ ခံစားခ်က္က ဘာျဖစ္လဲဆိုေတာ့ တကယ့္ကို လူသိမ်ားထင္ရွားတဲ့လူေတြထဲမွာ ဒီလို အသက္အ႐ြယ္ထဲမွာ ရွိေနပါလ်က္နဲ႔ စစ္မႈထမ္းတာ မေတြ႕ဘူးဆိုေတာ့ ေအာက္ေျခနင္းျပားကိုပဲ လုပ္ေန တယ္ဆိုတဲ့ ခံစားခ်က္ျဖစ္ေနတာေပါ့။ အခုဘာပဲ ျဖစ္ျဖစ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးရဲ႕သားပါလာတယ္ ဆိုတာ ေတာ္ေတာ္ကို ေကာင္းတယ္။ ေရွ႕မွာတုန္းက ေတာ္ေတာ္ေျပာ တယ္ေလ။ လူႀကီးသားသမီးေတြ မပါဘူး။ ငါတို႔ခ်ည္းပဲ ျဖစ္ေနတယ္ဆိုတာမ်ိဳးေတြ ေျပာတဲ့အသံေတြ မနည္းခဲ့ဘူး။ အခုေတာ့ ဒါေလးက အေ႐ြ႕ေလး ျဖစ္တယ္လို႔ေတြ႕ရတယ္” ဟု အမ်ိဳး သားဒီမိုကေရစီအင္အားစုပါတီ (NDF) ဒုတိယ ဥကၠ႒ ဦးထက္ေအာင္ေက်ာ္က NP News သို႔ေျပာသည္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ားအေန ျဖင့္လည္း ျပည္သူလူထုမ်ား အတြက္ ေရွ႕ေဆာင္ နမူနာျပအျဖစ္ စစ္မႈထမ္းေဆာင္သင့္ေၾကာင္း အြန္လိုင္းထက္ တြင္ ေျပာၾကားျခင္းမ်ား ရွိေနသည္။
“သူ႔စိတ္နဲ႔ သူပဲေလေနာ္။ မိမိကိုယ္ပိုင္ စိတ္နဲ႔ မိမိတို႔ခံယူခ်က္နဲ႔ဆိုေတာ့ တိုက္တြန္းလို႔လည္း ရတဲ့ကိစၥ မဟုတ္ဘူး။ သူ႔စိတ္နဲ႔သူေပါ့ေနာ္။ သူမ်ားကို သြားၿပီးေတာ့ မင္းဝင္သင့္တယ္ကြ မဝင္သင့္ဘူးကြ၊ သြား ေျပာလို႔မရဘူး။ သူ႔အခြင့္အေရးေပါ့ေလ” ဟု ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ဦးၾကည္စိုးထြန္းက ေျပာ သည္။