BRICS က အခြားနိုင်ငံ၊ အဖွဲ့အစည်းများအပေါ် တိုက်ရိုက်ဆန့်ကျင်ခြင်းများ လုပ်မည်မဟုတ်ကြောင်း ရုရှားအစိုးရပြော

183

ဂျန်ဇက် (NP News) - သြဂုတ် ၄
BRICS အဖွဲ့အနေဖြင့် အခြားနိုင်ငံ၊ အဖွဲ့အစည်းများအပေါ် တိုက်ရိုက်ဆန့်ကျင်ခြင်းအပြင် ခြိမ်းခြောက်မှု များ ကိုလက်တုံ့ပြန်မည် မဟုတ်ကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆို ခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ် က ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က BRICS အဖွဲ့ကို ကုန်သွယ်ခွန်ကောက်ခံ မည်ဟု ခြိမ်းခြောက်လိုက်ပြီး နောက် ရုရှားအစိုးရဘက်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “BRICS အဖွဲ့ဟာ တခြား ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှာမဟုတ်ဘူး၊ ဒါ့ပြင် BRICS အဖွဲ့ဟာ တခြားနိုင်ငံတွေအပေါ် ဆန့်ကျင်တဲ့လုပ်ရပ် တွေ လည်းလုပ်ဆောင်မှာမဟုတ်ဘူး၊ တခြားနိုင်ငံတွေအပေါ်ဆန့်ကျင်တာတွေ၊ ခြိမ်းခြောက်မှုတွေကိုလက်တုံ့ ပြန်တာ တွေက BRICS အဖွဲ့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး၊ BRICS အဖွဲ့ကို အပြန်အလှန် အကျိုးစီးပွားတွေအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ဖန်တီးခဲ့တာပါ၊ BRICS အဖွဲ့ရဲ့ ရည်ရွယ်ချက်က တခြားဘယ်သူ့ ကိုမှဆန့်ကျင်တာမျိုး မပါဝင်ဘူး” ဟုပြောသည်။
BRICS အဖွဲ့ကို (၂၀၁၀)ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ တောင်အာဖရိက၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့ ပူးပေါင်းပါဝင်ခဲ့ပြီး ပြီးခဲ့သောနှစ်တွင် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ယူအေအီးနှင့် အင်ဒိုနီးရှား နိုင်ငံတို့ကို အဖွဲ့ဝင်နိုင်ငံ အသစ်များအဖြစ်လက်ခံခဲ့သည်။ BRICS အဖွဲ့၏ မိတ်ဖက် နိုင်ငံများထဲတွင် လည်း ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ မလေးရှား၊ ထိုင်း၊ ယူဂန္ဓာ၊ ဥဇဘက် ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဇက်စတန်နိုင်ငံတို့ ပူး ပေါင်းပါဝင်လျက်ရှိနေ ကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရောဗ့်က BRICS အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်ဒေါ်လာ အပေါ် မှီခိုနေရမှုများကိုလျှော့ချမည်ဖြစ်ကြောင်း ပြောဆိုထားဖူးသည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးတွင် ပြည်တွင်း ငွေကြေးများကို အဓိကထားသုံးစွဲရန် ရည်ရွယ်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
BRICS က အျခားႏိုင္ငံ၊ အဖြဲ႕အစည္းမ်ားအေပၚ တိုက္႐ိုက္ဆန႔္က်င္ျခင္းမ်ား လုပ္မည္မဟုတ္ေၾကာင္း ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၄
BRICS အဖြဲ႕အေနျဖင့္ အျခားႏိုင္ငံ၊ အဖြဲ႕အစည္းမ်ားအေပၚ တိုက္႐ိုက္ဆန႔္က်င္ျခင္းအျပင္ ၿခိမ္းေျခာက္မႈ မ်ား ကိုလက္တုံ႔ျပန္မည္ မဟုတ္ေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆို ခြင့္ရွိသူ ဒီမီထရီပက္ေကာ့ဗ္ က ေျပာသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က BRICS အဖြဲ႕ကို ကုန္သြယ္ခြန္ေကာက္ခံ မည္ဟု ၿခိမ္းေျခာက္လိုက္ၿပီး ေနာက္ ႐ုရွားအစိုးရဘက္က တုံ႔ျပန္လိုက္ျခင္းျဖစ္သည္။ ႐ုရွားအစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက “BRICS အဖြဲ႕ဟာ တျခား ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္မွာမဟုတ္ဘူး၊ ဒါ့ျပင္ BRICS အဖြဲ႕ဟာ တျခားႏိုင္ငံေတြအေပၚ ဆန႔္က်င္တဲ့လုပ္ရပ္ ေတြ လည္းလုပ္ေဆာင္မွာမဟုတ္ဘူး၊ တျခားႏိုင္ငံေတြအေပၚဆန႔္က်င္တာေတြ၊ ၿခိမ္းေျခာက္မႈေတြကိုလက္တုံ႔ ျပန္တာ ေတြက BRICS အဖြဲ႕ရဲ႕ ရည္႐ြယ္ခ်က္မဟုတ္ဘူး၊ BRICS အဖြဲ႕ကို အျပန္အလွန္ အက်ိဳးစီးပြားေတြအတြက္ ပူးေပါင္း ေဆာင္႐ြက္ဖို႔ ဖန္တီးခဲ့တာပါ၊ BRICS အဖြဲ႕ရဲ႕ ရည္႐ြယ္ခ်က္က တျခားဘယ္သူ႔ ကိုမွဆန႔္က်င္တာမ်ိဳး မပါဝင္ဘူး” ဟုေျပာသည္။
BRICS အဖြဲ႕ကို (၂၀၁၀)ျပည့္ႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ဘရာဇီး၊ ေတာင္အာဖရိက၊ တ႐ုတ္၊ အိႏၵိယ ႏိုင္ငံတို႔ ပူးေပါင္းပါဝင္ခဲ့ၿပီး ၿပီးခဲ့ေသာႏွစ္တြင္ အီရန္၊ အီဂ်စ္၊ အီသီယိုးပီးယား၊ ယူေအအီးႏွင့္ အင္ဒိုနီးရွား ႏိုင္ငံတို႔ကို အဖြဲ႕ဝင္ႏိုင္ငံ အသစ္မ်ားအျဖစ္လက္ခံခဲ့သည္။ BRICS အဖြဲ႕၏ မိတ္ဖက္ ႏိုင္ငံမ်ားထဲတြင္ လည္း ဘီလာ႐ုစ္၊ ဘိုလီးဗီးယား၊ က်ဴးဘား၊ မေလးရွား၊ ထိုင္း၊ ယူဂႏၶာ၊ ဥဇဘက္ ကစၥတန္၊ ႏိုင္ဂ်ီးရီးယား၊ ကာဇက္စတန္ႏိုင္ငံတို႔ ပူး ေပါင္းပါဝင္လ်က္ရွိေန ေၾကာင္း သိရသည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာဗ့္က BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ အေမရိကန္ေဒၚလာ အေပၚ မွီခိုေနရမႈမ်ားကိုေလွ်ာ့ခ်မည္ျဖစ္ေၾကာင္း ေျပာဆိုထားဖူးသည္။ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ကုန္သြယ္ေရးတြင္ ျပည္တြင္း ေငြေၾကးမ်ားကို အဓိကထားသုံးစြဲရန္ ရည္႐ြယ္ခဲ့ေၾကာင္းသိရသည္။