Billboard 200 ဇယားတွင် အဆင့်(၁၀)နေရာဖြင့်ပွဲဦးထွက်ခဲ့သည့် BTS အဖွဲ့၏ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်မှုအယ်လ်ဘမ်

 42

Pika (NP News) - သြဂုတ် ၄
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ ပထမဆုံး တိုက်ရိုက်ထုတ် လွှင့်မှုအယ်လ်ဘမ် Permission to Dance on Stage – Live သည် ဩဂုတ်လ(၂)ရက် ရက်စွဲဖြင့် Billboard 200 အယ်လ်ဘမ်ဇယားတွင် အဆင့် (၁၀) နေရာဖြင့်ပွဲဦးထွက်ခဲ့ကြောင်း Billboard ၏ တရားဝင် ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
ဇူလိုင်လ (၁၈) ရက်တွင်ထွက်ရှိခဲ့သော အဆိုပါတိုက်ရိုက်ထုတ်လွှင့်မှုအယ်လ်ဘမ်သည် မကြာသေးမီ နှစ်များအတွင်း သီချင်းသစ်မပါရှိဘဲ Billboard 200 ဇယားတွင် ထိပ်ဆုံးအဆင့်သို့ဝင် ရောက်နိုင်သည့် အယ်လ်ဘမ်အနည်းငယ်ထဲမှ တစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် BTS အဖွဲ့သည် Billboard 200 ဇယားတွင် နံပါတ်(၁)နေရာသို့ ရောက်ရှိခဲ့ သည့် အယ်လ်ဘမ်(၆)ခုအပါအဝင် အယ်လ်ဘမ်(၁၆)ခုအထိ အဆင့်ဝင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် BTS အဖွဲ့သည် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်နှင့် Metallica အဖွဲ့တို့ပြီးလျှင် တိုက်ရိုက် အယ်လ်ဘမ်ဖြင့် Billboard 200 ဇယားတွင် ထိပ်ဆုံးနေရာ(၁၀)ခုသို့ ဝင်ရောက်နိုင်ခဲ့သည့် တတိယ မြောက်အဖွဲ့ဖြစ်လာခဲ့ကြောင်းလည်းသိရ သည်။ အဆိုပါ အယ်လ်ဘမ်သည် BTS အဖွဲ့၏ ပထမဆုံး တိုက်ရိုက်ဖျော်ဖြေပွဲတစ်ခုဖြစ်ပြီး အယ်လ် ဘမ်ရောင်းချရမှု(၃၆၀ဝဝ)၊ ထုတ်လွှင့်မှု(၅၀ဝဝ)နှင့် ညီမျှ သော အယ်လ်ဘမ် (SEA) ယူနစ်နှင့် အပုဒ် ရေ(၂၀ဝဝ)နှင့်ညီမျှသောအယ်လ်ဘမ် (TEA) ယူနစ်များအထိ မြင့်တက်လာခဲ့ကြောင်း Billboard ၏ ဖော်ပြချက်များအရ သိရသည်။

Zawgyi Version:
Billboard 200 ဇယားတြင္ အဆင့္(၁၀)ေနရာျဖင့္ပြဲဦးထြက္ခဲ့သည့္ BTS အဖြဲ႕၏ ပထမဆုံး တိုက္႐ိုက္ ထုတ္လႊင့္မႈအယ္လ္ဘမ္
Pika (NP News) - ၾသဂုတ္ ၄
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ ပထမဆုံး တိုက္႐ိုက္ထုတ္ လႊင့္မႈအယ္လ္ဘမ္ Permission to Dance on Stage – Live သည္ ဩဂုတ္လ(၂)ရက္ ရက္စြဲျဖင့္ Billboard 200 အယ္လ္ဘမ္ဇယားတြင္ အဆင့္ (၁၀) ေနရာျဖင့္ပြဲဦးထြက္ခဲ့ေၾကာင္း Billboard ၏ တရားဝင္ ဝက္ဘ္ဆိုက္တြင္ေဖာ္ျပထားသည္။
ဇူလိုင္လ (၁၈) ရက္တြင္ထြက္ရွိခဲ့ေသာ အဆိုပါတိုက္႐ိုက္ထုတ္လႊင့္မႈအယ္လ္ဘမ္သည္ မၾကာေသးမီ ႏွစ္မ်ားအတြင္း သီခ်င္းသစ္မပါရွိဘဲ Billboard 200 ဇယားတြင္ ထိပ္ဆုံးအဆင့္သို႔ဝင္ ေရာက္ႏိုင္သည့္ အယ္လ္ဘမ္အနည္းငယ္ထဲမွ တစ္ခုျဖစ္ခဲ့ေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ BTS အဖြဲ႕သည္ Billboard 200 ဇယားတြင္ နံပါတ္(၁)ေနရာသို႔ ေရာက္ရွိခဲ့ သည့္ အယ္လ္ဘမ္(၆)ခုအပါအဝင္ အယ္လ္ဘမ္(၁၆)ခုအထိ အဆင့္ဝင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ BTS အဖြဲ႕သည္ ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္ဖ္ႏွင့္ Metallica အဖြဲ႕တို႔ၿပီးလွ်င္ တိုက္႐ိုက္ အယ္လ္ဘမ္ျဖင့္ Billboard 200 ဇယားတြင္ ထိပ္ဆုံးေနရာ(၁၀)ခုသို႔ ဝင္ေရာက္ႏိုင္ခဲ့သည့္ တတိယ ေျမာက္အဖြဲ႕ျဖစ္လာခဲ့ေၾကာင္းလည္းသိရ သည္။ အဆိုပါ အယ္လ္ဘမ္သည္ BTS အဖြဲ႕၏ ပထမဆုံး တိုက္႐ိုက္ေဖ်ာ္ေျဖပြဲတစ္ခုျဖစ္ၿပီး အယ္လ္ ဘမ္ေရာင္းခ်ရမႈ(၃၆၀ဝဝ)၊ ထုတ္လႊင့္မႈ(၅၀ဝဝ)ႏွင့္ ညီမွ် ေသာ အယ္လ္ဘမ္ (SEA) ယူနစ္ႏွင့္ အပုဒ္ ေရ(၂၀ဝဝ)ႏွင့္ညီမွ်ေသာအယ္လ္ဘမ္ (TEA) ယူနစ္မ်ားအထိ ျမင့္တက္လာခဲ့ေၾကာင္း Billboard ၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.