“မိဘ တို့၏ မေတ္တာတရားများနှင့် အနုပညာ”

372

အိဖြူ (NP News) - သြဂုတ် ၄
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “တက္ကသိုလ်ဝင်တန်း အောင် မြင်ခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့သားသမီးများ၊ မိခင်များကိုကိုယ်စားပြုထားတဲ့ “ဂုဏ်” ရုပ်ရှင် ဇာတ်ကား၊ ဩစတြေးလျရှိ ဂီတတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရရှိခဲ့တဲ့ ပန်းသွန်းခြယ်”စတဲ့ အနုပညာ ဆက်စပ် သတင်းများကို ဖော်ပြပေးသွားပါမယ်။
ပရိသတ်ပေးတဲ့ဂုဏ်ထူး(၆)ဘာသာရရှိခဲ့ကြောင်း သရုပ်ဆောင်ထူးခန့်ကျော်နဲ့အောင်ဇော်မင်းတို့ ပြန်ဖြေရှင်းခဲ့ရ
(၂၀၂၅)ခုနှစ် ဇူလိုင်လ(၂၇)ရက် (တနင်္ဂနွေနေ့)က (၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းထွက်ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်မြင်သူ (၄၈ ဒသမ ဝ၆) ရာခိုင်နှုန်းကျော်ရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများစာရင်းထဲမှာ ရုပ်ရှင်သရုပ်ဆောင် ထူးခန့်ကျော်နဲ့ မသန်း သန်းခိုင်တို့ရဲ့သမီးအကြီးဖြစ်သူ မျိုးသန္တာကျော်နဲ့ သရုပ် ဆောင်အောင်ဇော်မင်းရဲ့သမီး သွင်ဆန်း လရောင်တို့လည်း ပါဝင်ခဲ့ပါတယ်။
“ ကျွန်တော်ရဲ့အသည်းကျော်ပဲလှော်လေး တစ်ယောက်တော့ ဒီနှစ် Grade12 ကို နှစ်ချင်းပေါက် အောင်မြင်နိုင်ခဲ့လို့ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ အသည်းကျော် ပဲလှော်လေးကိုသင်ကြားပေးပါ သော ဆရာ/ဆရာမများအား သမီးလေးကိုယ်စား ဂါရဝပြုလိုက်ရသလို မင်္ဂလာညချမ်းလေးမှာ အမျိုး များအားလုံး သောကကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ”လို့ ရုပ်ရှင်သရုပ်ဆောင် ထူးခန့်ကျော်က ပြန် လည်ဝေမျှခဲ့ပါတယ်။
အလားတူ အောင်ဇော်မင်းကလည်း အနုပညာမီဒီယာတစ်ခုနဲ့အင်တာဗျူးဖြေဆိုရာမှာ “ကျွန် တော့်သမီးက ဂုဏ်ထူး(၆)ဘာသာနဲ့အောင်တာမဟုတ်ပါဘူး။ ကျွန်တော့်သမီးက ရိုးရိုးနှစ်ချင်းပေါက် အောင်မြင်တာပါ။ ကျွန်တော့်ကိုထိုးနှက်ချင်လို့ ပေ့ချ်အတုတွေက သတင်းအမှားတွေတင်နေကြတာပါ။ ဒီလိုကြီးတော့ စီးပွားမရှာစေချင်ပါဘူး”လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
(၂၀၂၃)ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅၀)ဦးရှိခဲ့ပြီး အောင်မြင်သူ (၁၀၉၈၅၁)ဦးရှိခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၆၇ ဒသမ ၈၇)ရာခိုင်နှုန်းဖြစ်ပြီး၊ (၂၀၂၄) ခုနှစ်မှာ ဝင်ရောက်ဖြေဆိုသူ (၁၂၈၈၂၀) ဦးရှိခဲ့ပြီး အောင်မြင်သူ (၇၄၅၉၂) ဦးရှိကာ အောင်ချက် (၅၇ ဒသမ ၉) ရာခိုင်နှုန်း၊ အခု (၂၀၂၅) ခုနှစ်မှာ အောင်ချက် (၄၈ ဒသမ ဝ၆) ရာခိုင်နှုန်းရရှိခဲ့တာကြောင့် ယခင်နှစ်တွေနဲ့နှိုင်းယှဉ်ပါက သိသိသာသာလျော့နည်းသွားခဲ့ပါတယ်။
ဇူလိုင်လ (၂၇)ရက်က တက္ကသိုလ်ဝင်စာမေးပွဲရလဒ်ထွက်ရှိချိန်မှာ အောင်မြင်သူတွေအတွက် ဝမ်းသာပီတိ ဖြစ်ခဲ့ရသလို ရှုံးနိမ့်သူတွေအတွက်လည်း စိတ်မကောင်း ဖြစ်ခဲ့ကြရကာ ကျောင်းသား ကျောင်းသူများအတွက် အားပေးချီးကျူးစကားသံများလည်း ဆိုရှယ်ပလက်ဖောင်းများထက် ပျံ့နှံ့ခဲ့ ကြပါတယ်။

မိခင်တို့ကို ဂုဏ်ပြုထားတဲ့ “ဂုဏ်” ရုပ်ရှင်
“ဂုဏ်” အမည်ရှိရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ(၂၉)ရက်က ပရီမီယံရှိုးပွဲပြသခဲ့ရာ ပရိသတ် စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ ပုံစံမတူ တွဲဖက်မြင်တွေ့ရလေ့မရှိတဲ့မင်းသမီးတွေကို တွေ့မြင်ခွင့်ရရှိခဲ့ ပြီး အမေများအဖွဲ့ဦးဆောင်သူ မင်းသမီးကြီး ဒေါ်နွဲ့နွဲ့စန်းအပါအဝင် အကယ်ဒမီ ခိုင်နှင်းဝေ၊ အကယ်ဒမီ အေးမြတ်သူ၊ ဝိုင်းစုခိုင်သိန်း၊ နော်ဖောအယ်ထား၊ ဝေလာရီ၊ ယမုံမြင့်မြတ်၊ ယွန်းရွှေရည်၊ ဧည့်သည်သရုပ်ဆောင် ဖြိုးငွေစိုးနှင့် အနုပညာရှင်ပေါင်းများစွာ အထူးပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်း အကယ်ဒမီမောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဇာတ်ညွှန်း ကိုကျော်၊ ဒါရိုက်တာ ကျော်ဇောလင်း (အတွေး ပုံရိပ်)တို့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
“ဂုဏ်” ဇာတ်ကားရဲ့ထူးခြားချက်က မင်းသားဦးစားပေးဇာတ်လမ်းမျိုးမဟုတ်ဘဲ မင်းသမီး(၇) လက်ကို မိတ်ကပ်မပါဘဲ သဘာဝ ဇာတ်ရုပ်အတိုင်းတွေ့မြင်ရမှာဖြစ်ပြီး မိခင်မေတ္တာကိုဖော်ကျူးထား တဲ့ အမျိုးသမီးထုအတွက် ဂုဏ်ပြုဇာတ်ကားဆိုရင်လည်းမမှားပါဘူး။ ပါဝင်ထားတဲ့ မင်းသမီးတွေ အနေ နဲ့ကလည်း အနုပညာကြေး အခမဲ့ဖြစ်ပြီး၊ အမေများအဖွဲ့အတွက် ရည်ရွယ်ရိုက်ကူးပေးတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဇာတ်ကားမှ ရရှိလာမယ့်အကျိုးအမြတ်ငွေတွေကို အမေများအဖွဲ့အတွက် ပဒေသာပင် စိုက်ထူလှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
“ဂုဏ်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုအတွက် ကျပ်ငွေ သိန်း (၁၃၀ဝ) ဝန်းကျင်ခန့်အသုံးပြုထား ကြောင်းသိရကာ ထုတ်လုပ်သူဘက်မှ ရရှိလာမယ့်အကျိုးအမြတ်တွေကို အမေများအဖွဲ့အတွက် ပြန် လည်အသုံးပြုသွားမှာဖြစ်တဲ့အတွက် မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ရုံအထိ လာရောက် အားပေးကြည့်ရှုပေးကြဖို့ကိုလည်း ပါဝင်ထားတဲ့အနုပညာရှင်တွေက ဖိတ်ခေါ်ထားကြပါတယ်။ “ဂုဏ်” ရုပ်ရှင်ဇာတ်ကားကို ဩဂုတ်လ (၁)ရက်ကစတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးတွေမှာ ပြသ လျက်ရှိပါတယ်။

ဩစတြေးလျနိုင်ငံရဲ့အကောင်းဆုံးဂီတတက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ခွင့်ရရှိခဲ့တဲ့ ပန်းသွန်းခြယ်
တေးသံရှင် ဂရေဟမ်ရဲ့သမီးငယ် ပန်းသွန်းခြယ်ကတော့ ဩစတြေးလျနိုင်ငံရှိ အကောင်းဆုံး ဂီတ တက္ကသိုလ်များထဲက တစ်ခုဖြစ်တဲ့ Western Australian Academy of Performing Arts မှာ Bachelor of Music အတန်းကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
အစ်မဖြစ်သူ အဆိုတော် ပန်းရောင်ခြယ်က “ကိုယ်လည်း အရမ်းတက်ဖူးချင်တာ။ အစ်မတစ် ယောက်အနေနဲ့ အရမ်းဂုဏ်ယူ၏”လို့ ညီမဖြစ်သူအတွက် ဂုဏ်ယူကြောင်းဖော်ပြထားတာပါ။ ဂရေ ဟမ်ရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့က ပညာရေးမှာထူးချွန်ကြပြီး ဂီတ အနုပညာပိုင်းကိုလည်း ပြည်ပနိုင်ငံတက္ကသိုလ်တွေမှာ အခြေခံမှစတင်ကာ လေ့လာသင်ယူနေကြသူ တွေဖြစ်ပါတယ်။ သမီးအကြီးဖြစ်သူ ပန်းရောင်ခြယ်က အဆိုပညာပိုင်းအပြင် တူရိယာတီးခတ်မှုနှင့် အတူ အကပညာရပ်ကိုပါ အခြေခံကစ သင်ယူနေသူဖြစ်ပါတယ်။ မင်းသမီးတစ်ဦးအဖြစ် ရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် သရုပ်ဆောင်ပိုင်းမှာတော့ လိုအပ်ချက် များစွာ ရှိသေးကြောင်း ထောက်ပြသူတချို့လည်း ရှိလို့နေပါတယ်။ ပန်းသွန်းခြယ်က “တက္ကသိုလ် ပြန်ဖွင့်ပြီး ပန်းသွန်း Audition ဝင်တာအောင်သွားပြီးနောက် ကိုယ်အရမ်းတက်ချင်ခဲ့တဲ့ ဩစတြေးလျ နိုင်ငံရဲ့အကောင်းဆုံး ဂီတတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ Western Australian Academy of Performing Arts မှာ Bachelor of Music ကို တက်ခွင့်ရတဲ့အတွက် အရမ်းပျော်ရပါတယ်” လို့ မိမိကိုယ်ကိုယ်ကို ဂုဏ်ယူမိကြောင်း ပြန်လည်မျှဝေခဲ့ကာ ချီးကျူးသူ အများအပြားရှိခဲ့ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“မိဘ တို႔၏ ေမတၱာတရားမ်ားႏွင့္ အႏုပညာ”
အိျဖဴ (NP News) - ၾသဂုတ္ ၄
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “တကၠသိုလ္ဝင္တန္း ေအာင္ ျမင္ခဲ့ၾကတဲ့ အႏုပညာရွင္တို႔ရဲ႕သားသမီးမ်ား၊ မိခင္မ်ားကိုကိုယ္စားျပဳထားတဲ့ “ဂုဏ္” ႐ုပ္ရွင္ ဇာတ္ကား၊ ဩစေၾတးလ်ရွိ ဂီတတကၠသိုလ္မွာ ေက်ာင္းတက္ခြင့္ရရွိခဲ့တဲ့ ပန္းသြန္းျခယ္”စတဲ့ အႏုပညာ ဆက္စပ္ သတင္းမ်ားကို ေဖာ္ျပေပးသြားပါမယ္။
ပရိသတ္ေပးတဲ့ဂုဏ္ထူး(၆)ဘာသာရရွိခဲ့ေၾကာင္း သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္နဲ႔ေအာင္ေဇာ္မင္းတို႔ ျပန္ေျဖရွင္းခဲ့ရ
(၂၀၂၅)ခုႏွစ္ ဇူလိုင္လ(၂၇)ရက္ (တနဂၤေႏြေန႔)က (၂၀၂၅)ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ စာရင္းထြက္ရွိခဲ့ရာ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ေအာင္ျမင္သူ (၄၈ ဒသမ ဝ၆) ရာခိုင္ႏႈန္းေက်ာ္ရရွိ ခဲ့ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ားစာရင္းထဲမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ထူးခန႔္ေက်ာ္နဲ႔ မသန္း သန္းခိုင္တို႔ရဲ႕သမီးအႀကီးျဖစ္သူ မ်ိဳးသႏၲာေက်ာ္နဲ႔ သ႐ုပ္ ေဆာင္ေအာင္ေဇာ္မင္းရဲ႕သမီး သြင္ဆန္း လေရာင္တို႔လည္း ပါဝင္ခဲ့ပါတယ္။
“ ကြၽန္ေတာ္ရဲ႕အသည္းေက်ာ္ပဲေလွာ္ေလး တစ္ေယာက္ေတာ့ ဒီႏွစ္ Grade12 ကို ႏွစ္ခ်င္းေပါက္ ေအာင္ျမင္ႏိုင္ခဲ့လို႔ အရမ္းဝမ္းသာပီတိျဖစ္ရပါတယ္။ အသည္းေက်ာ္ ပဲေလွာ္ေလးကိုသင္ၾကားေပးပါ ေသာ ဆရာ/ဆရာမမ်ားအား သမီးေလးကိုယ္စား ဂါရဝျပဳလိုက္ရသလို မဂၤလာညခ်မ္းေလးမွာ အမ်ိဳး မ်ားအားလုံး ေသာကကင္းစင္ ၿပဳံးေပ်ာ္႐ႊင္ႏိုင္ၾကပါေစ”လို႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ထူးခန႔္ေက်ာ္က ျပန္ လည္ေဝမွ်ခဲ့ပါတယ္။
အလားတူ ေအာင္ေဇာ္မင္းကလည္း အႏုပညာမီဒီယာတစ္ခုနဲ႔အင္တာဗ်ဴးေျဖဆိုရာမွာ “ကြၽန္ ေတာ့္သမီးက ဂုဏ္ထူး(၆)ဘာသာနဲ႔ေအာင္တာမဟုတ္ပါဘူး။ ကြၽန္ေတာ့္သမီးက ႐ိုး႐ိုးႏွစ္ခ်င္းေပါက္ ေအာင္ျမင္တာပါ။ ကြၽန္ေတာ့္ကိုထိုးႏွက္ခ်င္လို႔ ေပ့ခ်္အတုေတြက သတင္းအမွားေတြတင္ေနၾကတာပါ။ ဒီလိုႀကီးေတာ့ စီးပြားမရွာေစခ်င္ပါဘူး”လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
(၂၀၂၃)ခုႏွစ္က တကၠသိုလ္ဝင္စာေမးပြဲကိုဝင္ေရာက္ေျဖဆိုသူ စုစုေပါင္း(၁၆၁၈၅၀)ဦးရွိခဲ့ၿပီး ေအာင္ျမင္သူ (၁၀၉၈၅၁)ဦးရွိခဲ့ရာ ေအာင္ခ်က္ရာခိုင္ႏႈန္း (၆၇ ဒသမ ၈၇)ရာခိုင္ႏႈန္းျဖစ္ၿပီး၊ (၂၀၂၄) ခုႏွစ္မွာ ဝင္ေရာက္ေျဖဆိုသူ (၁၂၈၈၂၀) ဦးရွိခဲ့ၿပီး ေအာင္ျမင္သူ (၇၄၅၉၂) ဦးရွိကာ ေအာင္ခ်က္ (၅၇ ဒသမ ၉) ရာခိုင္ႏႈန္း၊ အခု (၂၀၂၅) ခုႏွစ္မွာ ေအာင္ခ်က္ (၄၈ ဒသမ ဝ၆) ရာခိုင္ႏႈန္းရရွိခဲ့တာေၾကာင့္ ယခင္ႏွစ္ေတြနဲ႔ႏႈိင္းယွဥ္ပါက သိသိသာသာေလ်ာ့နည္းသြားခဲ့ပါတယ္။
ဇူလိုင္လ (၂၇)ရက္က တကၠသိုလ္ဝင္စာေမးပြဲရလဒ္ထြက္ရွိခ်ိန္မွာ ေအာင္ျမင္သူေတြအတြက္ ဝမ္းသာပီတိ ျဖစ္ခဲ့ရသလို ရႈံးနိမ့္သူေတြအတြက္လည္း စိတ္မေကာင္း ျဖစ္ခဲ့ၾကရကာ ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ အားေပးခ်ီးက်ဴးစကားသံမ်ားလည္း ဆိုရွယ္ပလက္ေဖာင္းမ်ားထက္ ပ်ံ႕ႏွံ႔ခဲ့ ၾကပါတယ္။
မိခင္တို႔ကို ဂုဏ္ျပဳထားတဲ့ “ဂုဏ္” ႐ုပ္ရွင္
“ဂုဏ္” အမည္ရွိ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဇူလိုင္လ(၂၉)ရက္က ပရီမီယံရႈိးပြဲျပသခဲ့ရာ ပရိသတ္ စိတ္ဝင္စားမႈကိုရရွိခဲ့ပါတယ္။ ပုံစံမတူ တြဲဖက္ျမင္ေတြ႕ရေလ့မရွိတဲ့မင္းသမီးေတြကို ေတြ႕ျမင္ခြင့္ရရွိခဲ့ ၿပီး အေမမ်ားအဖြဲ႕ဦးေဆာင္သူ မင္းသမီးႀကီး ေဒၚႏြဲ႕ႏြဲ႕စန္းအပါအဝင္ အကယ္ဒမီ ခိုင္ႏွင္းေဝ၊ အကယ္ဒမီ ေအးျမတ္သူ၊ ဝိုင္းစုခိုင္သိန္း၊ ေနာ္ေဖာအယ္ထား၊ ေဝလာရီ၊ ယမုံျမင့္ျမတ္၊ ယြန္းေ႐ႊရည္၊ ဧည့္သည္သ႐ုပ္ေဆာင္ ၿဖိဳးေငြစိုးႏွင့္ အႏုပညာရွင္ေပါင္းမ်ားစြာ အထူးပါဝင္ သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္း အကယ္ဒမီေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)၊ ဇာတ္ၫႊန္း ကိုေက်ာ္၊ ဒါ႐ိုက္တာ ေက်ာ္ေဇာလင္း (အေတြး ပုံရိပ္)တို႔က ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။
“ဂုဏ္” ဇာတ္ကားရဲ႕ထူးျခားခ်က္က မင္းသားဦးစားေပးဇာတ္လမ္းမ်ိဳးမဟုတ္ဘဲ မင္းသမီး(၇) လက္ကို မိတ္ကပ္မပါဘဲ သဘာဝ ဇာတ္႐ုပ္အတိုင္းေတြ႕ျမင္ရမွာျဖစ္ၿပီး မိခင္ေမတၱာကိုေဖာ္က်ဴးထား တဲ့ အမ်ိဳးသမီးထုအတြက္ ဂုဏ္ျပဳဇာတ္ကားဆိုရင္လည္းမမွားပါဘူး။ ပါဝင္ထားတဲ့ မင္းသမီးေတြ အေန နဲ႔ကလည္း အႏုပညာေၾကး အခမဲ့ျဖစ္ၿပီး၊ အေမမ်ားအဖြဲ႕အတြက္ ရည္႐ြယ္႐ိုက္ကူးေပးတာျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါဇာတ္ကားမွ ရရွိလာမယ့္အက်ိဳးအျမတ္ေငြေတြကို အေမမ်ားအဖြဲ႕အတြက္ ပေဒသာပင္ စိုက္ထူလႉဒါန္းသြားမွာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။
“ဂုဏ္” ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးမႈအတြက္ က်ပ္ေငြ သိန္း (၁၃၀ဝ) ဝန္းက်င္ခန႔္အသုံးျပဳထား ေၾကာင္းသိရကာ ထုတ္လုပ္သူဘက္မွ ရရွိလာမယ့္အက်ိဳးအျမတ္ေတြကို အေမမ်ားအဖြဲ႕အတြက္ ျပန္ လည္အသုံးျပဳသြားမွာျဖစ္တဲ့အတြက္ ျမန္မာ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြအေနနဲ႔ ႐ုပ္ရွင္႐ုံအထိ လာေရာက္ အားေပးၾကည့္ရႈေပးၾကဖို႔ကိုလည္း ပါဝင္ထားတဲ့အႏုပညာရွင္ေတြက ဖိတ္ေခၚထားၾကပါတယ္။ “ဂုဏ္” ႐ုပ္ရွင္ဇာတ္ကားကို ဩဂုတ္လ (၁)ရက္ကစတင္ၿပီး ျမန္မာတစ္ႏိုင္ငံလုံးရွိ ႐ုပ္ရွင္႐ုံႀကီးေတြမွာ ျပသ လ်က္ရွိပါတယ္။
ဩစေၾတးလ်ႏိုင္ငံရဲ႕အေကာင္းဆုံးဂီတတကၠသိုလ္တစ္ခုမွာ ေက်ာင္းတက္ခြင့္ရရွိခဲ့တဲ့ ပန္းသြန္းျခယ္
ေတးသံရွင္ ဂေရဟမ္ရဲ႕သမီးငယ္ ပန္းသြန္းျခယ္ကေတာ့ ဩစေၾတးလ်ႏိုင္ငံရွိ အေကာင္းဆုံး ဂီတ တကၠသိုလ္မ်ားထဲက တစ္ခုျဖစ္တဲ့ Western Australian Academy of Performing Arts မွာ Bachelor of Music အတန္းကို တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။
အစ္မျဖစ္သူ အဆိုေတာ္ ပန္းေရာင္ျခယ္က “ကိုယ္လည္း အရမ္းတက္ဖူးခ်င္တာ။ အစ္မတစ္ ေယာက္အေနနဲ႔ အရမ္းဂုဏ္ယူ၏”လို႔ ညီမျဖစ္သူအတြက္ ဂုဏ္ယူေၾကာင္းေဖာ္ျပထားတာပါ။ ဂေရ ဟမ္ရဲ႕သမီးႏွစ္ေယာက္ျဖစ္တဲ့ ပန္းေရာင္ျခယ္နဲ႔ ပန္းသြန္းျခယ္တို႔က ပညာေရးမွာထူးခြၽန္ၾကၿပီး ဂီတ အႏုပညာပိုင္းကိုလည္း ျပည္ပႏိုင္ငံတကၠသိုလ္ေတြမွာ အေျခခံမွစတင္ကာ ေလ့လာသင္ယူေနၾကသူ ေတြျဖစ္ပါတယ္။ သမီးအႀကီးျဖစ္သူ ပန္းေရာင္ျခယ္က အဆိုပညာပိုင္းအျပင္ တူရိယာတီးခတ္မႈႏွင့္ အတူ အကပညာရပ္ကိုပါ အေျခခံကစ သင္ယူေနသူျဖစ္ပါတယ္။ မင္းသမီးတစ္ဦးအျဖစ္ ႐ုပ္ရွင္ ဇာတ္ကား၊ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေပမယ့္ သ႐ုပ္ေဆာင္ပိုင္းမွာေတာ့ လိုအပ္ခ်က္ မ်ားစြာ ရွိေသးေၾကာင္း ေထာက္ျပသူတခ်ိဳ႕လည္း ရွိလို႔ေနပါတယ္။ ပန္းသြန္းျခယ္က “တကၠသိုလ္ ျပန္ဖြင့္ၿပီး ပန္းသြန္း Audition ဝင္တာေအာင္သြားၿပီးေနာက္ ကိုယ္အရမ္းတက္ခ်င္ခဲ့တဲ့ ဩစေၾတးလ် ႏိုင္ငံရဲ႕အေကာင္းဆုံး ဂီတတကၠသိုလ္ေတြထဲကတစ္ခုျဖစ္တဲ့ Western Australian Academy of Performing Arts မွာ Bachelor of Music ကို တက္ခြင့္ရတဲ့အတြက္ အရမ္းေပ်ာ္ရပါတယ္” လို႔ မိမိကိုယ္ကိုယ္ကို ဂုဏ္ယူမိေၾကာင္း ျပန္လည္မွ်ေဝခဲ့ကာ ခ်ီးက်ဴးသူ အမ်ားအျပားရွိခဲ့ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။