Yangon Galacticosအသင်းက ကမ္ဘာ့ချန်ပီယံဆုရယူကာ မြန်မာ E Sports လောကတွင် သမိုင်းသစ်စိုက်ထူ

 767

သန့်ဇင်(NP News)-ဩဂုတ် ၄

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယတ်မြို့တွင်ကျင်းပခဲ့သော 2025 PUBG MOBILE WORLD CUPပြိုင်ပွဲတွင် Yangon Galacticos အသင်း ကမ္ဘာ့ချန်ပီယံဖြစ်ကာ မြန်မာ E Sportsလောကတွင် သမိုင်းသစ်စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ Grand Finalပွဲစဉ်များအား ဩဂုတ်လ ၁ရက်မှ ၃ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး Yangon Galacticos က အကောင်းဆုံးလက်စွမ်းများပြ၍ chicken(၅)ပွဲထိရယူကာ ကမ္ဘာ့ချန်ပီယံဆုဖလားကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။

"𝐖𝐞 𝐎𝐰𝐧 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝 🏆 မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း (၄,၀၀၀) ကျော်အကွာအဝေး၊ ဆော်ဒီနိုင်ငံ Riyadh မြို့မှာကျင်းပတဲ့ PMWC 2025 ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ PMWC 2025 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် အကောင်းဆုံးရယူနိုင်ခဲ့ပါပြီ။ ဒီချန်ပီယံဆုဟာ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ပထမဆုံး Esports ကမ္ဘာ့ဖလားဖြစ်တဲ့ World Champion Title ကို ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင်အသစ်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ PMWC 2025 ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော်တို့ YG PUBGM အသင်းကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းဖော်ပြဖို စာလုံးတွေလောက်ငမနေပါဘူး”ဟု Yangon Galacticosအသင်းက ၎င်းတို့၏ လူမှုကွန်ယက် Facebookစာမျက်နှာတွင် ဖော်ပြရေးသားထားသည်။

ကမ္ဘာ့ချန်ပီယံဖြစ်သည့် Yangon Galacticosအသင်းသည် ဆုကြေးငွေဒေါ်လာ (၅၄၇၀၀၀)ရရှိခဲ့ပြီး Weibo Gaming Esports အသင်းက ဒုတိယ၊ Alpha Gamingအသင်းက တတိယရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိ စင်္ကာပူနိုင်ငံ၌ကျင်းပခဲ့သော M2 World Championship ၏ Grand Final ပွဲကြီးတွင်လည်း မြန်မာကိုယ်စားပြု Burmese Ghouls အသင်းက 1st Runner Up ဆုရယူနိုင်ခဲ့ဖူးသည်။

လက်ရှိတွင် Burmese Ghouls၏ သမိုင်းမှတ်တမ်းကို Yangon Galacticosအသင်းက ကျော်လွန်ကာ ကမ္ဘာ့ချန်ပီယံအဖြစ် မြန်မာE Sportsလောကတွင် သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။

Zawgyi Version:
Yangon Galacticosအသင္းက ကမာၻ႔ခ်န္ပီယံဆုရယူကာ ျမန္မာ E Sports ေလာကတြင္ သမိုင္းသစ္စိုက္ထူ
သန႔္ဇင္(NP News)-ဩဂုတ္ ၄

ေဆာ္ဒီအာေရးဘီးယားႏိုင္ငံ၊ ရီယတ္ၿမိဳ႕တြင္က်င္းပခဲ့ေသာ 2025 PUBG MOBILE WORLD CUPၿပိဳင္ပြဲတြင္ Yangon Galacticos အသင္း ကမာၻ႔ခ်န္ပီယံျဖစ္ကာ ျမန္မာ E Sportsေလာကတြင္ သမိုင္းသစ္စိုက္ထူႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲ၏ Grand Finalပြဲစဥ္မ်ားအား ဩဂုတ္လ ၁ရက္မွ ၃ရက္အထိ က်င္းပခဲ့ျခင္းျဖစ္ၿပီး Yangon Galacticos က အေကာင္းဆုံးလက္စြမ္းမ်ားျပ၍ chicken(၅)ပြဲထိရယူကာ ကမာၻ႔ခ်န္ပီယံဆုဖလားကို ထိုက္ထိုက္တန္တန္ရရွိခဲ့ျခင္းျဖစ္သည္။

"𝐖𝐞 𝐎𝐰𝐧 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝 🏆 ျမန္မာႏိုင္ငံနဲ႔ မိုင္ေပါင္း (၄,၀၀၀) ေက်ာ္အကြာအေဝး၊ ေဆာ္ဒီႏိုင္ငံ Riyadh ၿမိဳ႕မွာက်င္းပတဲ့ PMWC 2025 ၿပိဳင္ပြဲမွာေတာ့ ကြၽန္ေတာ္တို႔ YG PUBGM အသင္းအေနနဲ႔ ကမာၻ႔စင္ျမင့္ေပၚမွာ PMWC 2025 ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံဆုကို ထိုက္ထိုက္တန္တန္ အေကာင္းဆုံးရယူႏိုင္ခဲ့ပါၿပီ။ ဒီခ်န္ပီယံဆုဟာ ကြၽန္ေတာ္တို႔ YG PUBGM အသင္းအေနနဲ႔ ပထမဆုံး Esports ကမာၻ႔ဖလားျဖစ္တဲ့ World Champion Title ကို ရယူႏိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆုံးနဲ႔ တစ္သင္းတည္းေသာအသင္းအျဖစ္ မွတ္တိုင္အသစ္ကို ေရးထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။ PMWC 2025 ခရီးစဥ္တစ္ေလွ်ာက္လုံး ကြၽန္ေတာ္တို႔ YG PUBGM အသင္းကို အစဥ္အၿမဲအားေပးေနၾကတဲ့ ပရိတ္သတ္ေတြကို ေက်းဇူးတင္ေၾကာင္းေဖာ္ျပဖို စာလုံးေတြေလာက္ငမေနပါဘူး”ဟု Yangon Galacticosအသင္းက ၎တို႔၏ လူမႈကြန္ယက္ Facebookစာမ်က္ႏွာတြင္ ေဖာ္ျပေရးသားထားသည္။

ကမာၻ႔ခ်န္ပီယံျဖစ္သည့္ Yangon Galacticosအသင္းသည္ ဆုေၾကးေငြေဒၚလာ (၅၄၇၀၀၀)ရရွိခဲ့ၿပီး Weibo Gaming Esports အသင္းက ဒုတိယ၊ Alpha Gamingအသင္းက တတိယရရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလ ၁၈ ရက္မွ ၂၄ ရက္ထိ စကၤာပူႏိုင္ငံ၌က်င္းပခဲ့ေသာ M2 World Championship ၏ Grand Final ပြဲႀကီးတြင္လည္း ျမန္မာကိုယ္စားျပဳ Burmese Ghouls အသင္းက 1st Runner Up ဆုရယူႏိုင္ခဲ့ဖူးသည္။

လက္ရွိတြင္ Burmese Ghouls၏ သမိုင္းမွတ္တမ္းကို Yangon Galacticosအသင္းက ေက်ာ္လြန္ကာ ကမာၻ႔ခ်န္ပီယံအျဖစ္ ျမန္မာE Sportsေလာကတြင္ သမိုင္းသစ္စိုက္ထူႏိုင္ခဲ့ၿပီျဖစ္သည္။

Related news

© 2021. All rights reserved.