၀က်လက်တွင် ပသုံးလုံးအဖွဲ့များက ဂိတ်(၁၀ဝ) ကျော် ဖွင့်ကာ အဆမတန် ငွေကြေးကောက်ခံနေ

1800

သန့်ဇင် (NP News)-ဩဂုတ် ၄
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့များက ဂိတ်ပေါင်း (၁၀ဝ) ဝန်းကျင်ဖွင့်ကာ စီးပွားရေးဆန်စွာ အဆမတန်ငွေကြေးကောက်ခံနေကြောင်း ဒေသခံ များထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
NUG လက်အောက်ခံ ပကဖ၊ ပအဖနှင့် ပလဖ အဖွဲ့များ၏ ငွေကြေးကောက်ခံသည့် ဂိတ်များ သည် ရွှေဘို-ဝက်လက်လမ်းပေါ်တွင် ဂိတ်ပေါင်း (၃၀) ကျော်ရှိပြီး ဝက်လက်တစ်မြို့နယ်လုံးတွင်မူ ဂိတ်ပေါင်း ရာနှင့်ချီရှိနေကြောင်း သိရသည်။ “ဝက် လက်တစ်မြို့နယ်လုံးဆို ဂိတ်(၁၀ဝ)ကျော်တောင် ရှိလိမ့်မယ်။ အဲဒီမှာ ရွှေဘိုဝက်လက်လမ်းမှာဆို ဂိတ်ပေါင်း (၃၀) ကျော်ရှိတယ်။ အကုန်လုံးက တား ပြီးကောက်တာ။ ကောက်ရင်လည်း သူတို့မှာရှိတဲ့ NUG Pay နဲ့ကောက်တာ။ တော်တော်ကို ဆိုးတာပါ။ ဓားပြတိုက် နေတာကျနေတာပဲ။ အရင်တုန်းကလည်း ရွှေဘိုအထွက် ဈေးတောနဲ့ အောင်ချမ်းသာရွာ အထွက်မှာ ဆန်ကားပါ အတင်းယူတာ။ သွားဖို့ လာ ဖို့တောင် တော်တော်အခက်အခဲဖြစ်တယ်”ဟု ဒေသ ခံ တစ်ဦးက ဆိုသည်။
ထိုသို့ ငွေကြေးကောက်ခံရာတွင် ကားတစ်စီးလျှင် ငွေကျပ်(၂)သိန်းမှ (၁၅)သိန်းအထိ ကောက် ခံမှုများရှိနေကြောင်းလည်း အထက်ပါ ဒေသခံက ဆိုသည်။ “တစ်စီးကို တချို့ဆို (၂) သိန်း၊ (၂) သိန်း ခွဲ အဲဒီကနေ တချို့နေရာတွေဆိုရင် (၁၅)သိန်းအထိ တောင်ရှိတယ်။ ပထမ ဂိတ်ကနေ ဘောက်ချာ ဖြတ် ပေးလိုက်တာ။ အဲဒီဘောက်ချာကိုယူသွားပြီးပြရင် နောက်ဂိတ်တွေမပေးရဘူး။ သွားရလာရတာ တော် တော်ဒုက္ခရောက်တယ်။ အဲဒီလိုဆိုတော့ ရွှေဘို ရောက်ရင် ကုန်ဈေးနှုန်းက တက်သွားပြီ”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ရွှေဘိုမြို့နယ်သို့ ဝင်ရောက်သည့် ကုန်ကားများအနေဖြင့် အခက်ခဲများစွာဖြစ်ပေါ် နေပြီး လက်ရှိတွင် ဆေးဝါးများရှားပါးကာ ကုန်ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း ၎င်းကဆက် ပြောသည်။
“ဆေးတွေတောင်မှ ဝယ်လို့ မလွယ်တော့ဘူး။ လူသုံးကုန်တွေလည်း ဝယ်ဖို့မလွယ်ဘူး။ ကုန်ကား တွေက ဒီလောက်အကောက်အခွန်တွေ များနေတာ ဘယ်လိုလာချင်တော့မလဲဗျာ။ ဒေသတွင်း သီးနှံ တွေဝယ်တဲ့ ပွဲစားတွေတောင် တော်တော် ဒုက္ခရောက်ကြတယ်။ ပွဲစားတွေဆိုရင် တစ်လဘယ် လောက် ပေးရမယ်ဆိုပြီး ကောက်တာ။ ဆန်စက်တွေ ဆိုရင် သိန်း (၁၀ဝ)၊ သိန်း (၅၀) အဲဒီလိုကောက်တာ။ အဲဒါ တစ်လကို အဲဒီလောက်ကောက်တာ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ ဂိတ်ပေါင်းများစွာဖွင့်ကာ ငွေကြေး အဆမတန်ကောက်ခံခြင်းကို ဒေသခံများအနေဖြင့် ကန့်ကွက်မှုများရှိနေသော်လည်း ပသုံးလုံး အဖွဲ့များမှာမူ နဂိုတိုင်းပင်ငွေကြေးကောက်ခံကာ ချမ်းသာနေ ကြောင်း ၎င်းကဆိုသည်။
“သူတို့တွေက တိုက်တွေနဲ့ ကားတွေနဲ့ဖြစ်ကုန်ပြီဗျ။ အရင်က ဆိုင်ကယ်တောင်မစီးနိုင်တဲ့ ကောင်တွေက မစီးဖူးတဲ့လူတွေက အခုဆို အဲဒီလိုတွေလုပ်ပြီး ဆိုင်ကယ်အကောင်းစားတွေ စီးကုန်ပြီ။ အရင်က ကြက်ခိုးပြီး ငါးနှိုက်စားတဲ့ကောင်တွေက ချမ်းသာသွားကြပြီ။ ပြည်သူတွေကတော့ ကျပ်တည်း နေရတာ။ သူတို့ကတော့ အဲဒီဂိတ်တွေနဲ့ တော်တော် စီးပွားဖြစ်နေတာ”ဟု ၎င်းကပြောသည်။ ပသုံးလုံး အဖွဲ့များအနေဖြင့် ဂိတ်များဖွင့်ကာ ငွေးကြေး အဆမတန်ကောက်ခံမှုများကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်ကလည်း ဝက်လက်မြို့နယ်၊ ရေ လည်မော်ကျေးရွာတွင် ဒေသခံများစွာ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့များသည် (၂၀၂၁) ခု နှစ်က စတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခင်းအကျင်း နှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး တပ်မတော်ကိုတိုက်ခိုက်ကာ ဒေသတွင်း ရွှေလုပ်ကွက်၊ ရေနံ၊ သစ်တော နှင့် အခြားသော တရားမဝင် စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေလျက်ရှိကာ လက်ရှိအချိန်ထိလည်း ဂိတ်များဖွင့်ကာ စီးပွားရေးဆန်စွာ ငွေကြေးများ ကောက် ခံနေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version:
၀က္လက္တြင္ ပသုံးလုံးအဖြဲ႕မ်ားက ဂိတ္(၁၀ဝ) ေက်ာ္ ဖြင့္ကာ အဆမတန္ ေငြေၾကးေကာက္ခံေန
သန႔္ဇင္ (NP News)-ဩဂုတ္ ၄
စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္အတြင္းရွိ NUG လက္ေအာက္ခံ ပသုံးလုံးအဖြဲ႕မ်ားက ဂိတ္ေပါင္း (၁၀ဝ) ဝန္းက်င္ဖြင့္ကာ စီးပြားေရးဆန္စြာ အဆမတန္ေငြေၾကးေကာက္ခံေနေၾကာင္း ေဒသခံ မ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
NUG လက္ေအာက္ခံ ပကဖ၊ ပအဖႏွင့္ ပလဖ အဖြဲ႕မ်ား၏ ေငြေၾကးေကာက္ခံသည့္ ဂိတ္မ်ား သည္ ေ႐ႊဘို-ဝက္လက္လမ္းေပၚတြင္ ဂိတ္ေပါင္း (၃၀) ေက်ာ္ရွိၿပီး ဝက္လက္တစ္ၿမိဳ႕နယ္လုံးတြင္မူ ဂိတ္ေပါင္း ရာႏွင့္ခ်ီရွိေနေၾကာင္း သိရသည္။ “ဝက္ လက္တစ္ၿမိဳ႕နယ္လုံးဆို ဂိတ္(၁၀ဝ)ေက်ာ္ေတာင္ ရွိလိမ့္မယ္။ အဲဒီမွာ ေ႐ႊဘိုဝက္လက္လမ္းမွာဆို ဂိတ္ေပါင္း (၃၀) ေက်ာ္ရွိတယ္။ အကုန္လုံးက တား ၿပီးေကာက္တာ။ ေကာက္ရင္လည္း သူတို႔မွာရွိတဲ့ NUG Pay နဲ႔ေကာက္တာ။ ေတာ္ေတာ္ကို ဆိုးတာပါ။ ဓားျပတိုက္ ေနတာက်ေနတာပဲ။ အရင္တုန္းကလည္း ေ႐ႊဘိုအထြက္ ေဈးေတာနဲ႔ ေအာင္ခ်မ္းသာ႐ြာ အထြက္မွာ ဆန္ကားပါ အတင္းယူတာ။ သြားဖို႔ လာ ဖို႔ေတာင္ ေတာ္ေတာ္အခက္အခဲျဖစ္တယ္”ဟု ေဒသ ခံ တစ္ဦးက ဆိုသည္။
ထိုသို႔ ေငြေၾကးေကာက္ခံရာတြင္ ကားတစ္စီးလွ်င္ ေငြက်ပ္(၂)သိန္းမွ (၁၅)သိန္းအထိ ေကာက္ ခံမႈမ်ားရွိေနေၾကာင္းလည္း အထက္ပါ ေဒသခံက ဆိုသည္။ “တစ္စီးကို တခ်ိဳ႕ဆို (၂) သိန္း၊ (၂) သိန္း ခြဲ အဲဒီကေန တခ်ိဳ႕ေနရာေတြဆိုရင္ (၁၅)သိန္းအထိ ေတာင္ရွိတယ္။ ပထမ ဂိတ္ကေန ေဘာက္ခ်ာ ျဖတ္ ေပးလိုက္တာ။ အဲဒီေဘာက္ခ်ာကိုယူသြားၿပီးျပရင္ ေနာက္ဂိတ္ေတြမေပးရဘူး။ သြားရလာရတာ ေတာ္ ေတာ္ဒုကၡေရာက္တယ္။ အဲဒီလိုဆိုေတာ့ ေ႐ႊဘို ေရာက္ရင္ ကုန္ေဈးႏႈန္းက တက္သြားၿပီ”ဟု ၎က ဆိုသည္။
ထို႔ေၾကာင့္ ေ႐ႊဘိုၿမိဳ႕နယ္သို႔ ဝင္ေရာက္သည့္ ကုန္ကားမ်ားအေနျဖင့္ အခက္ခဲမ်ားစြာျဖစ္ေပၚ ေနၿပီး လက္ရွိတြင္ ေဆးဝါးမ်ားရွားပါးကာ ကုန္ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေနေၾကာင္း ၎ကဆက္ ေျပာသည္။
“ေဆးေတြေတာင္မွ ဝယ္လို႔ မလြယ္ေတာ့ဘူး။ လူသုံးကုန္ေတြလည္း ဝယ္ဖို႔မလြယ္ဘူး။ ကုန္ကား ေတြက ဒီေလာက္အေကာက္အခြန္ေတြ မ်ားေနတာ ဘယ္လိုလာခ်င္ေတာ့မလဲဗ်ာ။ ေဒသတြင္း သီးႏွံ ေတြဝယ္တဲ့ ပြဲစားေတြေတာင္ ေတာ္ေတာ္ ဒုကၡေရာက္ၾကတယ္။ ပြဲစားေတြဆိုရင္ တစ္လဘယ္ ေလာက္ ေပးရမယ္ဆိုၿပီး ေကာက္တာ။ ဆန္စက္ေတြ ဆိုရင္ သိန္း (၁၀ဝ)၊ သိန္း (၅၀) အဲဒီလိုေကာက္တာ။ အဲဒါ တစ္လကို အဲဒီေလာက္ေကာက္တာ”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
ထိုသို႔ ဂိတ္ေပါင္းမ်ားစြာဖြင့္ကာ ေငြေၾကး အဆမတန္ေကာက္ခံျခင္းကို ေဒသခံမ်ားအေနျဖင့္ ကန႔္ကြက္မႈမ်ားရွိေနေသာ္လည္း ပသုံးလုံး အဖြဲ႕မ်ားမွာမူ နဂိုတိုင္းပင္ေငြေၾကးေကာက္ခံကာ ခ်မ္းသာေန ေၾကာင္း ၎ကဆိုသည္။
“သူတို႔ေတြက တိုက္ေတြနဲ႔ ကားေတြနဲ႔ျဖစ္ကုန္ၿပီဗ်။ အရင္က ဆိုင္ကယ္ေတာင္မစီးႏိုင္တဲ့ ေကာင္ေတြက မစီးဖူးတဲ့လူေတြက အခုဆို အဲဒီလိုေတြလုပ္ၿပီး ဆိုင္ကယ္အေကာင္းစားေတြ စီးကုန္ၿပီ။ အရင္က ၾကက္ခိုးၿပီး ငါးႏႈိက္စားတဲ့ေကာင္ေတြက ခ်မ္းသာသြားၾကၿပီ။ ျပည္သူေတြကေတာ့ က်ပ္တည္း ေနရတာ။ သူတို႔ကေတာ့ အဲဒီဂိတ္ေတြနဲ႔ ေတာ္ေတာ္ စီးပြားျဖစ္ေနတာ”ဟု ၎ကေျပာသည္။ ပသုံးလုံး အဖြဲ႕မ်ားအေနျဖင့္ ဂိတ္မ်ားဖြင့္ကာ ေငြးေၾကး အဆမတန္ေကာက္ခံမႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ဇူလိုင္လ (၂၇) ရက္ကလည္း ဝက္လက္ၿမိဳ႕နယ္၊ ေရ လည္ေမာ္ေက်း႐ြာတြင္ ေဒသခံမ်ားစြာ ဆႏၵထုတ္ေဖာ္ ခဲ့ၾကေၾကာင္း သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ NUG လက္ေအာက္ခံ ပသုံးလုံးအဖြဲ႕မ်ားသည္ (၂၀၂၁) ခု ႏွစ္က စတင္ျဖစ္ပြားခဲ့သည့္ ႏိုင္ငံေရးအခင္းအက်င္း ႏွင့္အတူ ေပၚေပါက္လာခဲ့ၿပီး တပ္မေတာ္ကိုတိုက္ခိုက္ကာ ေဒသတြင္း ေ႐ႊလုပ္ကြက္၊ ေရနံ၊ သစ္ေတာ ႏွင့္ အျခားေသာ တရားမဝင္ စီးပြားေရးလုပ္ငန္းမ်ားကိုလည္း လုပ္ကိုင္ေနလ်က္ရွိကာ လက္ရွိအခ်ိန္ထိလည္း ဂိတ္မ်ားဖြင့္ကာ စီးပြားေရးဆန္စြာ ေငြေၾကးမ်ား ေကာက္ ခံေနဆဲျဖစ္ေၾကာင္း သိရသည္။