ဟံသာဝတီမြို့ဟောင်းနှင့် ကမ္ဘောဇသာဒီနန်းတော်၏ကျုံးကို တစ်ဆက်တည်းအဖြစ် ဆောင်ရွက်ရန် နိုင်ငံတော်အကြီးကဲ မှာကြား

252

ချယ်ရီ (NP News) - ဩဂုတ် ၄
ဟံသာဝတီမြို့ဟောင်းနှင့် ကမ္ဘောဇသာဒီနန်းတော်၏ကျုံးကို တစ်ဆက်တည်းအဖြစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (ဩဂုတ်လ ၃ ရက်)က ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးသို့ သွားရောက်စဉ်အတွင်း ပြောကြားသည်။
ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားရှိသည့် ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ သမိုင်းကြောင်းအထောက်အထားများသည် ငွေကြေးဖြင့်တန်ဖိုးဖြတ်၍ မရနိုင်သည့် အဖိုးတန်အမွေအနှစ်များပင်ဖြစ်သောကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစိတ်စနစ်တကျဖြင့် တန်ဖိုးထားလက်ဆင့်ကမ်းထိန်းသိမ်းသွားကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ဓာတ်ပုံနှင့်ပန်းချီများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုနှင့် ဓာတ်ပုံအရည်အသွေး ကောင်းမွန်မှုရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ပြီး ရှေးမြန်မာမင်းတို့လက်ထက် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ၊ အနုသုခုမပညာရပ်များ၊ ဘုရင့်နန်းတော်ကြီးများ၏ ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားမှုများနှင့် ဩဇာတိက္ကမကြီးမားကျယ်ပြန့်ခဲ့မှုများကို ပုံပေါ်အောင် ခင်းကျင်းပြသထိန်းသိမ်းသွားရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် ရွှေနန်းတော်ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ထိန်းသိမ်း ဆောင်ရွက်နေရမည်ဖြစ်ပြီး ဟံသာဝတီမြို့တော် ဟောင်းနေရာအား ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကာ ဟံသာဝတီ မြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်းတော်၏ ကျုံးကိုလည်း တစ်ဆက်တစ်စပ်တည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားသည်။

Zawgyi Version:
ဟံသာဝတီၿမိဳ႕ေဟာင္းႏွင့္ ကေမာၻဇသာဒီနန္းေတာ္၏က်ဳံးကို တစ္ဆက္တည္းအျဖစ္ ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္အႀကီးကဲ မွာၾကား
ခ်ယ္ရီ (NP News) - ဩဂုတ္ ၄
ဟံသာဝတီၿမိဳ႕ေဟာင္းႏွင့္ ကေမာၻဇသာဒီနန္းေတာ္၏က်ဳံးကို တစ္ဆက္တည္းအျဖစ္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔ (ဩဂုတ္လ ၃ ရက္)က ပဲခူးၿမိဳ႕ရွိ ကေမာၻဇသာဒီေ႐ႊနန္းေတာ္ႀကီးသို႔ သြားေရာက္စဥ္အတြင္း ေျပာၾကားသည္။
ကေမာၻဇသာဒီေ႐ႊနန္းေတာ္ႀကီးအတြင္း ခင္းက်င္းျပသထားရွိသည့္ ေရွးေဟာင္းကြၽန္းလုံးတိုင္ႀကီးမ်ား၊ ေရွးဘုရင္မ်ားအသုံးျပဳခဲ့သည့္ အသုံးအေဆာင္ပစၥည္းမ်ား ျပသထားရွိမႈ၊ သမိုင္းေၾကာင္းအေထာက္အထားမ်ားသည္ ေငြေၾကးျဖင့္တန္ဖိုးျဖတ္၍ မရႏိုင္သည့္ အဖိုးတန္အေမြအႏွစ္မ်ားပင္ျဖစ္ေသာေၾကာင့္ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အေသးစိတ္စနစ္တက်ျဖင့္ တန္ဖိုးထားလက္ဆင့္ကမ္းထိန္းသိမ္းသြားၾကရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ ဓာတ္ပုံႏွင့္ပန္းခ်ီမ်ားကိုလည္း ေခတ္မီနည္းပညာမ်ားအသုံးျပဳ၍ ၾကည္လင္ျပတ္သားမႈႏွင့္ ဓာတ္ပုံအရည္အေသြး ေကာင္းမြန္မႈရွိေအာင္ ေဆာင္႐ြက္သြားရန္လိုအပ္ၿပီး ေရွးျမန္မာမင္းတို႔လက္ထက္ ျမန္မာႏိုင္ငံေတာ္၏ အမ်ိဳးဘာသာ၊ သာသနာႏွင့္ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းစဥ္လာ၊ အႏုသုခုမပညာရပ္မ်ား၊ ဘုရင့္နန္းေတာ္ႀကီးမ်ား၏ ႀကီးက်ယ္ခမ္းနားစြာ တည္ေဆာက္ထားမႈမ်ားႏွင့္ ဩဇာတိကၠမႀကီးမားက်ယ္ျပန႔္ခဲ့မႈမ်ားကို ပုံေပၚေအာင္ ခင္းက်င္းျပသထိန္းသိမ္းသြားရန္လိုအပ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ေ႐ႊနန္းေတာ္ႀကီးအတြင္း သန႔္ရွင္းသာယာလွပေစေရး အၿမဲမျပတ္ထိန္းသိမ္း ေဆာင္႐ြက္ေနရမည္ျဖစ္ၿပီး ဟံသာဝတီၿမိဳ႕ေတာ္ ေဟာင္းေနရာအား ျပန္လည္ေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ေရးလုပ္ငန္းမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ကာ ဟံသာဝတီ ၿမိဳ႕ေဟာင္း၊ ကေမာၻဇသာဒီနန္းေတာ္၏ က်ဳံးကိုလည္း တစ္ဆက္တစ္စပ္တည္းျဖစ္ေအာင္ ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က လမ္းၫႊန္မွာၾကားသည္။